အလင်းနဲ့ အလင်း ထပ်တူကျတဲ့ နံနက်ခင်းထဲ..

အပုပ်ရောင် ပေါ် အဖြူလိမ်းလို့ 

အညစ်အကြေးတစ်ချို့ က ပန်းဝင်ဖို့ ကြိုးစားနေကြ…

 

အုန်းသီးထဲ ဘယ်သူရေထည့်သလဲ..

ငါသိဖို့ မကြိုးစားခဲ့ဖူးဘူး..

အုန်းသီးထဲလည်း ရေဆိုတာမျိုးမတွေ့ ခဲ့ဖူးဘူး..

 

တစ်ထစ်ချ အပိုင်တွက်ချက်၇အောင်

ဘ၀ကသင်္ချာ ပုစ္ဆာမှ မဟုတ်တာ..

သူငယ်တန်းလောက် အဆင့်နဲ့ လောကထဲမှာ

ရှင်သန်ဖို့  ငါ မတွေးခဲ့ဖူးဘူး..

 

အတွေးသက်သက်ပါပဲ..

လက်တွေ့  အကောင်အထည်ဖော် ဖို့ 

တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး..

စဉ်းစားဖို့ လဲ မရဲဘူး..

 

လက်ညိုးထိုးရာ ရေဖြစ်စေ.

လေထဲ လွှင့် မယ့် ငါ့ လက်ထဲ..

နူးညံ့ခြင်းတွေ ပါဝင်ပါစေ..

 

မလှပခြင်းတွေကို မိုးထားတဲ့..

ငါ့အိမ်ထဲ မင်းတို့ ကို အလည် ခေါ်ပါမယ်..

မနူးညံ့ခြင်းတွေ နဲ့  ဧည့်ခံပါမယ်..

သေချာပါတယ်..

ခင်ဗျားတို့  ကျုပ်ကို နောက်တစ်ခါ ထပ်လာဦးမယ်လို့ တော့..

ပြောမှာ မဟုတ်ဘူး…

 

( ကျွန်တော့်ရဲ့ အတွေးတွေကို နည်းနည်းလောက် ချပြခြင်းတွေပါ..

ကဗျာ မဟုတ်ပါ.. အတွေးတွေ ဆိုတာ ကို သတိပြုပေးပါ..)

 

About မောင်တင့် တယ်

မောင်တင့် တယ် has written 20 post in this Website..

စကားများသည်. သဘောကောင်းသည်. နည်းနည်းပေါသည်. သူများနားမလည်သောစာများရေးတတ်သည်. သူများနားမလည်သည်ကိုလည်း တလွဲတွေးထင်နားလည်တတ်သည်