အတွေး

အလင်းနဲ ့အလင်း ထပ်တူကျတဲ့ နံနက်ခင်းထဲ..

အပုပ်ရောင် ပေါ် အဖြူလိမ်းလို ့

အညစ်အကြေးတစ်ချို  ့ က ပန်းဝင်ဖို ့ကြိုးစားနေကြ…

 

အုန်းသီးထဲ ဘယ်သူရေထည့်သလဲ..

ငါသိဖို ့မကြိုးစားခဲ့ဖူးဘူး..

အုန်းသီးထဲလည်း ရေဆိုတာမျိုးမတွေ ့ခဲ့ဖူးဘူး..

 

တစ်ထစ်ချ အပိုင်တွက်ချက်ရအောင်

ဘဝကသချင်္ာ ပုစ္ဆာမှ မဟုတ်တာ..

သူငယ်တန်းလောက် အဆင့်နဲ ့လောကထဲမှာ

ရှင်သန်ဖို ့ ငါ မတွေးခဲ့ဖူးဘူး..

 

အတွေးသက်သက်ပါပဲ..

လက်တွေ ့ အကောင်အထည်ဖော် ဖို ့

တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး..

စဉ်းစားဖို ့လဲ မရဲဘူး..

 

လက်ညိုးထိုးရာ ရေဖြစ်စေ.

လေထဲ လွှင့် မယ့် ငါ့ လက်ထဲ..

နူးညံ့ခြင်းတွေ ပါဝင်ပါစေ..

 

မလှပခြင်းတွေကို မိုးထားတဲ့..

ငါ့အိမ်ထဲ မင်းတို ့ကို အလည် ခေါ်ပါမယ်..

မနူးညံ့ခြင်းတွေ နဲ ့ ဧည့်ခံပါမယ်..

သေချာပါတယ်..

ခင်ဗျားတို ့ ကျုပ်ကို နောက်တစ်ခါ ထပ်လာဦးမယ်လို ့တော့..

ပြောမှာ မဟုတ်ဘူး…

 

( ကျွန်တော့်ရဲ့ အတွေးတွေကို နည်းနည်းလောက် ချပြခြင်းတွေပါ..

ကဗျာ မဟုတ်ပါ.. အတွေးတွေ ဆိုတာ ကို သတိပြုပေးပါ..)

 

4 comments

  • မဟာရာဇာ အံစာတုံး

    February 21, 2013 at 10:10 pm

    နင့်ဆီ အလည်လာဖို့ တွေးထားတာ ..
    လာတော့ဘူးကွာ …
    နင်က ဧည့်ဝတ်ကျေမယ့်ပုံ မပေါ်ဘူး … :mrgreen:

    • မောင်တင့် တယ်

      February 22, 2013 at 9:20 am

      အဲ မဟုတ်ရပါဘူးဗျာ…အပြင်မှာတော့ ဘောကောင်းပါတယ်ဗျ.. အဲ မှားလို ့.. သဘောကောင်းတယ်လို ့ဂျောတာ

  • ခင်ခ

    February 22, 2013 at 10:21 am

    ( မလှပခြင်းတွေကို မိုးထားတဲ့..
    ငါ့အိမ်ထဲ မင်းတို ့ကို အလည် ခေါ်ပါမယ်..
    မနူးညံ့ခြင်းတွေ နဲ ့ ဧည့်ခံပါမယ်..)

    ရွာထဲလမ်းလျှောက်လို့ မောင်ရင့်အိမ်ဘက်ရောက်ဖြစ်ရင်
    ဝင်ရောက်ခါ မောင်ရင်အိမ်ကို အလည်ဝင်ပါ့မယ်။
    ဒါပေမယ့် ဆောင်းလာတဲ့ ဆိုင်ကယ်ဦးထုပ်လေးတော့ မချွတ်ပရစေနဲ့နော်။
    ဧည့်ခံမယ့် မနူးညံ့ခြင်းတွေကို ကြောက်လွန်လွန်းလို့ပါ။

Leave a Reply