နက်ရှိုင်းသော အတွေးအခေါ်

zaw winFebruary 21, 20131min521

– ငါ့သားလေး ငါ့သမီးလေး
ကြိုးစားထား ကြိုးစားမှအောင်မြင်မယ်
စိတ်ပါလည်းလုပ် စိတ်မပါလည်းလုပ်
မိဘစိတ်ချမ်းသာဖို့ ဖြစ်စေချင်တာဖြစ်ဖို့
ကိုယ်ဆန္ဒမပါ ကြိုးစားလုပ်
ဒါမှငါ့သမီးလေး ငါ့သားလေး
လူတကာရှေ့ မော်ကြွားပေး
ကြီးလာတော့ ကိုယ်လုပ်ချင်တာကိုယ်လုပ်

– ငါ့တပည့်လေး ကြိုးစားပေး
ငါဖြစ်စေချင်တာအကုန်လုပ်
အောင်မြင်စေဖို့ ကြိုးစားလုပ်
စိတ်ပါလည်းလုပ် စိတ်မပါလည်းလုပ်
ဒါမှငါ့တပည့်လေး သိပ်ဟုတ်
လူတကာရှေ့ မော်ကြွားဖို့လုပ်
အောင်မြင်လာတော့ ကိုယ်လုပ်ချင်တာကိုယ်လုပ်

– အကြီးအကဲက လက်အောက်ငယ်သားအပေါ်
ငါခိုင်းတာအကုန်လုပ်
ဘာတွေညာတွေ လာမပြောနဲ့
မှားမှားမှန်မှန် အကုန်လုပ်
ငါလည်းလူကြီးဖြစ်လာတော့
ငါထင်တာ ငါလုပ်ချင်တာ အကုန်လုပ်

– နက်နက်ရှိုင်းရှိုင်းတွေးကြပါ
တဖက်သားရဲ့စိတ်ကူးနဲ့ ဖြစ်ချင်တာတွေမပါ
လွဲချော်မှုပေါင်းများစွာ
ခင်ဗျားတို့ပြင်ကြပါ။

မင်းသုတ
21-2-2013
01း15 AM

One comment

  • MaMa

    February 23, 2013 at 8:55 pm

    ငယ်ငယ်ကတည်းက ပုံသွင်းခံထားရပြီး
    ဦးဏှောက်အရည်ပျော်နေလို့
    ဘာမှ နက်နက်ရှိုင်းရှိုင်း မတွေးတတ်၊ မတွေးချင်တော့ဘူး။ :eee:

Leave a Reply