“တစ်နှစ်တိတိစောင့်ခဲ့မိပါသည်……..သို့သော်”

1အပွင့်တွေဝေနေတဲ့သူမ
1အပွင့်တွေဝေနေတဲ့သူမ

“တစ်နှစ်တိတိစောင့်ခဲ့မိပါသည်……..သို့သော်”

ကျနော်သူမကို တွေ့ရဘို့

ရက်နဲ့တွက်ရင် ၃၆၅

နာရီနဲ့ဆိုရင် X ၆၀

မိနစ်နဲ့ဆိုရင် ဆပွား

စက္ကန့်နဲ့ပြန်တွက်ရင် အများ အများကြီးပေါ့။

 

မနှစ်ကဒီရာသီ

ခရီးသွားရင်းနဲ့

ခပ်လှမ်းလှမ်း လမ်းဘေးတစ်နေရာမှာ

ပန်းလေးတွေဝေနေတဲ့သူမကို

အဝေးကအမှတ်မထင်

လှမ်းမြင်မိတာကအစ

နေ့စဉ်နဲ့အမျှ သတိရလို့နေမိသပေါ့ဗျာ။

 

အဲဒီနားကိုရောက်တိုင်းသူနဲ့များ

ပြန်ဆုံအုံးမလားလို့

မျှော်လင့်ချက်တွေနဲ့ငေးအကြည့်

ဘေးကပါလာတဲ့အကြောင်းသိနေသူက

“သူက တစ်နှစ်မှတစ်ခေါက်ဘဲ ရောက်တာဗျ”လို့

ဆိုအလာ ရှက်ရှက်နဲ့ရီနေလိုက်ရပါတယ်။

 

စက္ကန့်များ မိနစ်များ

နာရီများရက်များ ဆိုတာ တားလို့လဲမရ

သူ့ဘာသူ အလိုလိုသွားနေတာကိုးဗျ။

တစ်နှစ်ဆိုတဲ့ကာလအတိ

ပြည့်ပြိဆိုတာနဲ့

သူမနဲ့ဆုံဘူးတဲ့နေရာကို

ကျနော်အရောက်……………………………..

မနှစ်ကနဲ့မတူ ပျိုမျစ်ခြင်းကင်း

အိုမင်းနေတဲ့သူ့အဆင်း

မြင်မြင်ခြင်းဘဲ ကျနော့်မှာ

ဘာလွမ်းလို့လွမ်း ရမှန်းမသိ

ဖြစ်မိပါတော့တယ်။

2အဆုပ်ဆုပ်ပွင့်ချက်ကရက်စက်
2အဆုပ်ဆုပ်ပွင့်ချက်ကရက်စက်

 

 

မနှစ်တုံးက ဒီအချိန်ပေါ်တော်မူဘုရားကနေအပြန်လမ်းပေါ်မှာ

ပလိပ်မြို့မရောက်ခင် လမ်းအရှေ့ဘက်မှာ အရွက်တစ်ရွက်မှမရှိဘဲ

အပွင့်တွေ့ချည်းဘဲရှိနေတဲ့ပေါက်ပန်းပင်လေးကိုလှမ်းတွေ့လိုက်ရပါတယ်။

ကျနော်က ဆင်းပြီးဓါတ်ပုံရိုက်ချင်ပေမယ့် ့

ပါလာတဲ့အဖော်တွေက ကားရပ်ဘို့သဘောမတူကြပါဘူး။

ဒီအပင်လေးက လမ်းမကနေ အတော်လေးလှမ်းပါတယ်။

လမ်းဆင်းလျောက်မယ်ဆိုရင်အတော်လေးသွားရမှာပါ။

3နီနီလွင်လွင်
3နီနီလွင်လွင်

နေကလဲမွန်းတည့်နေဆိုတော့ အတော်လေးပူတဲ့အပြင်ဒီနားမှာ နားခိုစရာ အရိပ်ရတဲ့အပင်လဲတစ်ပင်မှ မရှိတော့

ဘယ်သူမှကားရပ်ပြီး မစောင့်ချင်ကြပါဘူး။

ထမင်းလဲမစားရသေးတာလဲပါပါတယ်။

ဒါနဲ့ဘဲအဝေးကလှမ်းငေးပြီးပြန်လာခဲ့ရပါတယ်။

ဖြစ်ချင်တော့ နောက်ရက်မှာ မန်းလေးနဲ့အလှမ်းဝေးတဲ့နေရာကိုခရီးထွက်ရတော့

ဒီအပင်နားကိုထပ်မရောက်ဖြစ်။

နောက်တစ်နှစ် ပေါက်ပန်းပွင့်ရင် သွားဖြစ်အောင်သွားမယ်လို့စိတ်ဆုံဖြတ်ထားလိုက်ပါတယ်။

ဒါနဲ့ဘဲ ပေါက်ပန်းပွင့်တဲ့ရာသီရောက်တော့ အဲဒီအပင်လေးရှိရာကိုအပြေးအလွားသွားခဲ့ပါတယ်။

ဒါပေမယ့်အရောက်နောက်ကျခဲ့ပါတယ်။

မနှစ်က ကုန်းခေါင်ခေါင်မှာ တစ်ပင်လုံးအပွင့်တွေဝေနေတဲ့အပင်လေးနံဘေးမှာ

ဧကတစ်ရာ စိုက်ခင်းလေးလုပ်ထားတော့ သင်္ဘောပင်တွေကပါတ်လည်ဝိုင်း။

မြေပြင်မှာလဲ ကြွေထားလိုက်တဲ့အပွင့်တွေကအများကြီး။

နောက်မနှစ်ကလိုအပွင့်တွေချည်းဝေမနေဘဲ အရွက်တွေက ကျိုးတို့ကျဲတဲ၊

လွမ်းဘဲလွမ်းမိပါတော့တယ်ဗျာ။

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

22-2-2013

 

 

 

26 comments

  • ဗုံဗုံ

    February 24, 2013 at 10:00 am

    စိတ်မကောင်းဖြစ်ပြီး လွမ်းမနေပါနဲ့ ဖေပေါက်ကြီးရယ် အခုလည်းလှပါတယ် ပေါက်ပွင့်က တော်တော်လှတာဘဲ ငယ်ငယ်တုန်းကဆို ပေါက်ပန်းပွင့်ရင် ပန်းတွေကုံးပြီး ခေါင်းမှာပန်ပြီးတော့ အရူးမလုပ်တမ်းကစားကြတာပျော်စရာကောင်းတယ် ဖေပေါက်ရော အဲ့လိုမျိုးဆော့ဖူးလား ငယ်ငယ်တုန်းက ပြောတာပါ :mrgreen:

  • မဟာရာဇာ အံစာတုံး

    February 24, 2013 at 10:13 am

    စောင့်ရကျိုး နပ်ခဲ့ဘူးပေါ့နော် …
    ဟဲ … ဟဲ … ဒါလေး ဖတ်ပီး ..
    ဖေပေါက်ဂျီး တို့များ ငယ်ငယ်က
    ရီးဇားစာ နဲ့ အလွမ်းဖွဲ့ တွေ ရေးတဲ့နေရာမှာ
    ချရာကျခဲ့မယ် ထင်မိတွားဘာဒယ် …

  • ဦးကြောင်ကြီး

    February 24, 2013 at 11:46 am

    အသစ်စောင့်
    မနှစ်ထောင့်
    ကလစ်ဖြောင့်
    ပုရစ်ကြောင့်..။

  • ပုရစ် က ကမ်းကြီးကိုမောင်ပေပို့ပေးတာ
    ကလစ်ဆိုတာက မန်းလေးမှာမောင်ပေစီးတဲ့ဆိုင်ကယ်
    မနှစ်ဆိုတာ ကျုပ်တို့လမ်းဒေါင့်ကအကြော်သည်
    အသစ်ဆိုတာကတော့ မာမီ တွေ ပါစပ်က မချတဲ့ စကားလုံး
    ကဲ မောင်မောင်ကြောင် ဘာပြောမတုံး

  • ဒီပေါက်ပန်းပင်ကို ရိုက်ချင်တာ တစ်နှစ်စောင့်ရတယ်။
    တကယ်လဲစောင့်ရကျိုးနပ်ပါတယ်.။
    အမုန်းရို်က်လိုက်ရတာဗျာ။

  • Mr. MarGa

    February 24, 2013 at 5:05 pm

    တို့ လေးပေါက်ကတော့လေ
    အချစ် အတော် ကြီးတာကိုး
    ဒီခေတ်ကြီးမှာ တစ်နှစ်စောင့်တယ်ဆိုတာ ရှားသွားပြီဗျ
    သုံးလလောက်ဆိုရင်တောင် သိပ် စိတ်က မရှည်ချင်တော့ဘူး
    လေးပေါက်ကတော့ စောင့်ရကျိုး နပ်တယ် ပြောရမှာပေါ့လေ :mrgreen:

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    February 24, 2013 at 10:17 pm

    ခံစားတတ်ပါပေ့ ဘကြီးပေါက်ရယ်……
    တစ်နှစ်ကြီးများတောင် စောင့်ခဲ့ရတယ်ဆိုပါလား…….
    စိတ်ရှည်စွာဖြင့် စောင့်စားမှုလေးအတွက်တော့ လေးစားပါ၏….
    ပုံလေးကတော့ လှတယ်လို့ဆိုရမှာပါ… သို့ပေမယ့် ကျုပ်မျက်စိထဲမှာ
    ကြောင်ကြောင်ကြားကြား မျက်စိနှောက်လှတဲ့အတွက် ဒီထဲမှာပဲ ခံစားသွားလိုက်ပါ၏…..

  • ဒီပေါက်ပန်းပွင့်အရောင်ကိုက လုံးဝ ခရေဇီကာလာဆိုတော့ ကြောင်ကြားကြားဖြစ်နေမှာပေါ့
    ကိုကိုယိုးဒယားရေ

  • aye.kk

    February 25, 2013 at 6:25 am

    ပေါက်ပွင့်တွေကလှပါတယ်
    ကိုပေါက်ရိုက်ချက်ကြောင့်ပိုပြီးလှသွားတယ်။။

  • ခိုင်ဇာ

    February 25, 2013 at 9:24 am

    လေးပေါက်။
    အနော့ကို တွေ့ဖို့လည်း တစ်နှစ်လောက် စောင့်ပေးပါနော်။ :mrgreen:

    • လောက်လောက်ပေး ခါးကုန်းကုန်း
      မတေပါနဲ့အုံး
      နောင်နှစ်ခါ လာမယ်ဆိုတဲ့
      ခိုင်ဇာစောင့်ပါအုံးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • မနှစ်ကနဲ့မတူ ပျိုမျစ်ခြင်းကင်း
    အိုမင်းနေတဲ့သူ့အဆင်း
    မြင်မြင်ခြင်းဘဲ ကျနော့်မှာ
    ဘာလွမ်းလို့လွမ်း ရမှန်းမသိ

    ကြိုက်တယ် လေးပေါက်ရဲ့…။ မျက်စိပသာဒဖြစ်အောင် ဓါတ်ပုံလေးတွေနဲ့ ဝေဝေဆာဆာလေး တင်သွားတဲ့အတွက် ထိတယ် မိတယ်ဗျာ..။ လေးပေါက်က ပေါက်ပန်းတွေကို ခရေဇီဖြစ်တယ်ဆိုရင် လေးပေါက်ရဲ့ အိမ်က မဒီကရောဗျာ….။ မေးကြည့်တာနော်…။ မဖြေလဲ စိတ်မဆိုးဘူးဗျ..။

  • မောင် ပေ

    February 25, 2013 at 8:27 pm

    ပေါက်ပန်း
    မျောက်ကန်း
    အခြောက်နမ်း
    လျှောက်စမ်း
    ဂေါက်လမ်း

  • uncle gyi

    February 25, 2013 at 10:44 pm

    သခွက်နဲ့ပေါက်မမှားဖို့တော့လိုတယ်နော်ကိုပေါက်ရေ

  • ပို့စ်အဟောင်းလေးမြင်လို့ဝင် ဖတ် ကြည့် မှ 2014 မှာပေါက်ပန်း ပင် မ ရို်က်လိုက်ရ တာ သတိရတယ်

    2014မှာ ပိေ တာက် ရော ပေါက် ရော မရိုက် လိုက်ရပါ

  • kyeemite

    June 11, 2014 at 1:53 pm

    ကျုပ်လည်းခုမှမန့်မယ်…ပေါက်ပန်း ကို ကိုပေါက်ကြိုက်တာသဘာဝကျပါတယ်…ခိခိ
    တကယ်လည်းလှပါပေ့…ပေါက်ပင်ဘာကြောင့်ကိုင်း…ဆိုတာဒီအပင်လားဗျ

  • Novy

    June 12, 2014 at 11:35 am

    ရိုးသားစွာဝန်ခံရရင်ဖြင့် ပေါက်ပင်နဲ့ ပေါက်ပန်းကို အခုမှမြင်ဘူးတာပါ
    ပေါက်ပန်းဖြူနဲ့ကောတူလားဟင်

    ပေါက်ပင်ဘာလို့ကိုင်းရတယ်
    လေးပေါက်ရိုက်ဖို့ကိုင်းရတယ်
    လေးပေါက်ဘာကြောင့်ရိုက်ရတယ်
    နံမည်ချင်းတူလို့ရိုက်ရတယ်
    နံမည်ချင်းဘာကြောင့်တူရတယ်
    ————————
    ————————–

    လေးပေါက်ဆက်ရေးလိုက်တော့နော် 😛

  • alinsett (gazette)

    June 12, 2014 at 1:22 pm

    သိပ် လှတဲ့ သူမ
    သူမရဲ့အလှကို
    လေးပေါက် ထုတ်ပြတတ်လေခြင်း

Leave a Reply