“ see you ´´ လို့သာ အော် လိုက်ချင်ပါရဲ့

 

အခုတလော

အလုပ်တွေကလည်း မအား၊

 

ဒီကြားထဲ

အရှုပ်တွေကလည်း အများသား၊

 

သို့သော်လည်း

ရတဲ့အချိန်လေး ခဏတော့

ရွာထဲအပြေးလေး လည်လိုက်သပေါ့၊

 

ဒါပေမယ့်

လူကမအား စိတ်က ဗျာများမို့

ပိုစ့်ရေးဖို့ကျတော့ ထွက်မလာတဲ့ဥာဏ်

တုံးလိုက်တဲ့ ဦးနှောက်

အားမရတဲ့ ကိုယ့်ကို

တာ တာ့ ပြလို့သာ နေရတော့မယ်ထင့်

လက်မှိုင်ချကာတာ ဖြေရမှာမို့

အပေါင်းအသင်း သူငယ်ချင်းတို့ရေ

“ see you ´´ လို့သာ အော် လိုက်ချင်ပါရဲ့ ………… ။

 

 

ဖတ်ရှု့သူများကျေးဇူးနော်။

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..