“ see you ´´ လို့သာ အော် လိုက်ချင်ပါရဲ့

ခင္ခFebruary 22, 20131min19223

“ see you ´´ လို့သာ အော် လိုက်ချင်ပါရဲ့

 

အခုတလော

အလုပ်တွေကလည်း မအား၊

 

ဒီကြားထဲ

အရှုပ်တွေကလည်း အများသား၊

 

သို့သော်လည်း

ရတဲ့အချိန်လေး ခဏတော့

ရွာထဲအပြေးလေး လည်လိုက်သပေါ့၊

 

ဒါပေမယ့်

လူကမအား စိတ်က ဗျာများမို့

ပိုစ့်ရေးဖို့ကျတော့ ထွက်မလာတဲ့ဉာဏ်

တုံးလိုက်တဲ့ ဦးနှောက်

အားမရတဲ့ ကိုယ့်ကို

တာ တာ့ ပြလို့သာ နေရတော့မယ်ထင့်

လက်မှိုင်ချကာတာ ဖြေရမှာမို့

အပေါင်းအသင်း သူငယ်ချင်းတို့ရေ

“ see you ´´ လို့သာ အော် လိုက်ချင်ပါရဲ့ ………… ။

 

 

ဖတ်ရှု့သူများကျေးဇူးနော်။

ခင်ခ။

23 comments

  • ခိုင်ဇာ

    February 22, 2013 at 2:57 pm

    တောက်!
    ကိုခ တို့များကွာ!!။
    ပို့(စ) ရေးဖို့ အလုပ်မအား၊ ဗျာများတဲ့ကြားက See You လေး ပြောဖို့ကို…..
    ကျန်း!!!
    ကဗျာတစ်ပုဒ် စာတစ်ပုဒ် ဖြစ်လာပါရောလား။ :mrgreen:

    အားကျပါတယ် ကိုကြီးခ ရယ်။
    အနော်တို့ ဉာဏ်တုံးပြီဆိုရင် ဘာဆိုဘာမှ ထွက်မလာတာဗျ။

    :byae:

    • ခင်ခ

      February 22, 2013 at 3:24 pm

      ဦးဆုံးလာရောက်မန့်သူလေး မခိုင်ဇာရေ ကျေးဇူးပါဗျာ။
      မန်း ပြန်လာဖြစ်မယ်ဆို ပြောပါနော် တွေ့ချင်မိပါရဲ့ see you!

  • လူကလေး

    February 22, 2013 at 3:25 pm

    ဒါ ဉာဏ်တုံးတာတဲ့လား .. ခခ.. ရယ်. .

    တို့ကတော့ see you ဆို see you ပဲဗျား.. ဘာမှကို မတွန့်တက်တာ.. :mrgreen:

    • ခင်ခ

      February 22, 2013 at 3:42 pm

      လူကလေးရေ သူများတွေများ ရေးတတ်လိုက်ကျတာ ဖတ်ရတာလဲ အားရပါးရဘဲဗျ။
      အနော်တို့က အကြာကြီးတွေးပြီးမှ အချော်ကချက်လေးရေးမိတာပါ အခု အဲလိုတောင် မရေးနိုင်တဲ့ အခြေအနေမို့ပါ။ နွေရာသီဆို ကျွန်တော်အလုပ်ရဲ့ ရောင်းကုန်ရာသီမို့ပါ။

  • Wow

    February 22, 2013 at 3:49 pm

    see you နဲ့လုပ်စားသွား အဲလေ..စာတစ်ပုဒ်ဖြစ်အောင် ရေးသွားတာများ ၄ဇားမိပါဒယ် :mrgreen:

    • ခင်ခ

      February 22, 2013 at 3:59 pm

      Wow ပြောလည်း ခံရမှာပေါ့ဗျာ
      ကိုယ်က see you နဲ့ လုပ်စားလိုက်တာကိုး
      အဲ ရေးဖြစ်မိတာကိုး။

  • awra-cho

    February 22, 2013 at 3:50 pm

    ဘာတွေများ ရောင်းသတုန်းဗျ၊ ဟိုနေ့က ဖက်ရှင်ပြပွဲ ကဟာတွေ ရောင်းရင် တစုံလောက်ဗျို့။

    • ခင်ခ

      February 22, 2013 at 4:16 pm

      အဲဒီ ဖက်ရှင်ပြပွဲ ကဟာတွေ ဘယ်မှာဝယ်ရလဲ
      သိခဲ့ရင် awra-cho ရေ လက်တို့ကာ ပြောအုံးနော်
      သိချင်လို့ပါ။

  • see ဆိုဒေါ့ မြင်သည် …
    you ဆိုဒေါ့ ခညား၊ သင် ပေါ့နော် ..
    ဂလိုဆိုရင် ..
    ခညား (သို့) သင့် ကို မြင်သည်ပေါ့ …

    ဒီတော့ကာ ခညား ကိုလည်း ဂလိုမြင်ဒယ် …
    ခညားရဲ့ ဂဇက် ရွာရဲ့ သမားတော်ကြီးဘဲ …

    ကျုပ်ကဒေါ့ ဒါဗျဲ သိဒယ်ဂျ ….. :mrgreen:

    • ခင်ခ

      February 22, 2013 at 7:33 pm

      အတော်လည်းလုပ်ပါ ကိုအံစာတုံးရေ။
      ဒီအတိုင်း see you ဆိုလည်း
      ဘီယာအကြွေးတော့ သင်္ကြန်ပိတ်ရက်လာဖြစ်ရင်
      ဆပ်မှာပါဗျ။ လက်ဆောင်ပေးရင်းပေါ့။

      • မဟာရာဇာ အံစာတုံး

        February 23, 2013 at 10:34 am

        ခညား လက်ချောင် ပေးမယ်ဆိုမှ …
        မိဗုံ ကြောထားဒါ သတိရတွားဒယ် …
        ဘာတဲ့ လူပြောထားဒါ …
        ရာဇဝင်အိုးကြီး နှစ်လုံး ဆိုလား ဘာလားပဲ …
        အိုက်ဒါဂျီး ပေးရင်ဒေါ့ ယူဝူးး ဒါဗျဲ … :mrgreen:

  • မောင်တင့် တယ်

    February 22, 2013 at 5:49 pm

    အင်း.. စီးယူ…see you… See You.. sီး Yူ….sEe yOu..
    ဆိုတော့…လည်း..မငြင်းဆန်တော့ပါဘူး..
    ကိုခရေ မမြင်ဘူးပေမဲ့လည်း .. ရောင်းသူဝယ်သူအသံတူအောင်…
    ှSEE YOU ဗျို ့…လို ့ ပြောချင်သဗျ..

    • ခင်ခ

      February 22, 2013 at 7:39 pm

      မောင်တင့်တယ်ရေ
      ခင်ခ သံဃောဇဉ်ရှိနေတဲ့ ရွာကိုတော့
      ဝင်လိုက်ထွက်လိုက် ကွန်မန့်ရေးလိုက်လေးတော့
      ရှိနေမယ်ထင်ပါရဲ့။
      see you ပါ။

  • ရွှေ ကြည်

    February 22, 2013 at 8:25 pm

    လေးခင်ခ ရေ အတူတူပါပဲ မိရွှေကြည်လည်း ထိုနည်း၎င်းပါပဲ။

    • ခင်ခ

      February 23, 2013 at 9:55 am

      အခြေအနေတူ အဖော်အပေါင်းတော့ တွေ့ပါပေါ့ မရွှေကြည်ရေ။
      ကျွန်တော် ရန်ကုန်-ပြည် ကို မကြာမကြာ သွားဖြစ်တယ်ဗျ၊ အဲဒီလိုသွားဖြစ်လို့ ရွှေတောင်မြို့ ကိုဖြတ်တိုင်း မရွှေကြည်နဲ့ သူရေးခဲ့တဲ့ပိုစ့်လေးကို သတိရမိတယ်ဗျ။
      ခင်မင်စွာဖြင့် – ခင်ခ။

  • မောင် ပေ

    February 22, 2013 at 8:31 pm

    ဆီးယူ
    မီးပူ
    ကီးတူ
    ထီးလှူ
    တီးကူ
    မြည်းဆူ
    ညီးညူ

    • ခင်ခ

      February 23, 2013 at 10:02 am

      ညီးလှလို့
      မြည်းကဆူ
      တီးမှကူ
      ထီးကလှု
      ကီးမလှသူ
      မီးကပူလည်း
      ဆီးယူ ပါဘဲ
      ဆရာပေ။

  • etone

    February 23, 2013 at 11:54 am

    အဟဲ .. ဆီယူရမယ်ထင်လို့ .. လာတန်းစီတာ ….. See u လို့ ပြောတာကိုး .. :kwi:

    • ခင်ခ

      February 23, 2013 at 12:41 pm

      ဆီ မရဘဲ ရေ တောင်မရလို့ ပြန်လစ်ပြေးတယ်ပေါ့
      ဟုတ်လား သမီးရေ။

  • Mr. MarGa

    February 23, 2013 at 7:48 pm

    ဆီးယူ
    သမီးပူ
    ဂျီးထူ
    ညည်းလူ :mrgreen:
    လေးခရေ နွေပေါက်ပြီနော်
    လေးခတို့လဲ အတော် ရှုပ်နေလောက်ပေါ့
    လူတွေကလဲ ဆောင်းတုန်းက ဒါတွေ ဘာလို့ မပြင်ဆင်ထားကြပါလိမ့်နော်

  • ဗုံဗုံ

    February 24, 2013 at 10:11 am

    နွေပေါက်မှ အလုပ်ဖြစ်တာဆိုတော့ ဦးလေးကြီးက ရေအိုးတို့ ယပ်တောင်တို့များ ရောင်းတာလားဟင် ဖောက်သည်ယူချင်လို့ပါ နော :mrgreen:
    ဆီးယူ ဦးလေးကြီး

  • ရာမည

    February 24, 2013 at 4:16 pm

    တစ်နှစ်မပြည် ့ခင်မှာ ၁၆၉ ပုဒ်ရေးထားတာကိုအားကျမိပါတယ်။
    ရေးနိုင်သူစာရင်းမှာ ထည် ့ပြီးလေးစားလျက်ပါ။
    အမြဲဖတ်ဖြစ်ပါတယ် ဦးခင်ခ ။
    ကျွန်တော်လည်း မှုခင်းတစ်ခုရေးဖို ့ကြိုးစားနေပါတယ်
    လိုအပ်သည်များကိုညွှန်ကြားပါဦး

    • ခင်ခ

      February 25, 2013 at 9:23 am

      ဖတ်ရှု့အားပေးနေတာသိရလို့ ဝမ်းသာစွာဖြင့် ကျေးဇူးပါ ရာမညရေ။
      ရာမည ရဲ့ အရေးလေးတွေလည်းမျှော်နေမယ်နော် see you ပါ။

Leave a Reply