ကိုယ့် အတွေး နဲ့ ကိုယ် (အင်းလေး ဟိုတယ် ဇုန် )

ကထူးဆန္းFebruary 22, 20131min18616

တိုး …

တိုး…….

နဲ့

တိုး………………… နေကြတော့ တိုးဟ .. တိုးဟ အခန်းတွေ တိုးကြ ဆိုပြီး ဟိုတယ ်တွေလည်း အသဲအသန် တွေ ဆောက်ခိုင်း နေပါတယ် .. ဟိုတယ် ဇုန်တွေ ဆိုတာလည်း ဖော်မဟဲ့ ဆိုပြီး ..ဒေသ တိုင်း အပြိုင် အဆိုင်ပေါ့ … ဧက တွေ ဆိုတာလည်း ရာချီပေါ့ ။ မန္တလေးဆိုရင် ထောင် တောင် ချီလိုက်သေး .. ဘယ်နှစ်လုံးများ ဆောက်မလဲ မသိ ။

ဟိုတယ် ဇုန် ၊

ကထူးဆန်းတို့ က ခပ်ဒုံဒုံ ဆိုတော့ ဘယ်လို မှ စဉ်းစားလို့ ကို မတတ်တာ ။ စက်မှုဇုန် ဖော် တယ် ။ လုံးဝ ထောက်ခံတယ် ။ စက်မှု ဇုန် ဆိုတာ က အသံတွေ၊ အနံ့ တွေ ၊ ရေဆိုး ရေညစ်တွေ ၊ စတဲ့ စတဲ့ လူနေရပ်ကွက်တွေ နဲ့ မသင့် လျော်လို့ ။ မှန်တာ ပေါ့ ။ သီးသန့်ထားသင့်တာပေါ့ ။ မှန်တာပေါ့ ။

ဟိုတယ် ဇုန် ။ ဘာတွေများ လူတွေ နဲ ့ မတည့် လို့ သီးသန့် ဇုန်ဖော်ပါလိမ့်ဆို စဉ်းစား တော့ စဉ်းစား မရ ဘူး ဖြစ်နေတယ် ။ ဒီကြားထဲ မတော် တလျော် အတွေးက လည်း ရောက်ရောက်လာလို့ ဖယ်ထုတ်ရတယ် ။ ကြားဖူးတာ က အချို့ နိုင်ငံတွေမှာ Red Light Area ရယ်လို့ သီးခြား ရှိတတ်လို့။ အဲ့ဒါများ နမှုနာ ယူ အကောင် အထည်ဖော်တာလားလို့ …. လူကြီးတွေ ရှေ့ များ အများကြီးမျှော်ကြည့် ပြီး အခုထဲ က အကောင် အထည် ဖော်ပေးသွားတာများလို့ … ဟာ .. မဟုတ်သေးပါဘူးဆိုပြီး အတွေးတွေ ခေါင်းထဲ က ထုတ်ပြစ်ရတယ် ။ :kwi:

ဒါမှ မဟုတ် ထုံးစံ အတိုင်း လုံခြုံ ရေး အရ လိုအပ်ရင် cut off လုပ်လို့ရအောင် သီးသန့် ထားတာလား လို့ .. အင်း ဒါတော့ နဲနဲ ဖြစ်နိုင်တယ် ။ ဒါပေမဲလည်း ပြောင်းနေပါပြီဆိုတော့ လိုဦးမလား ။ အင်း လိုရင်လဲ လိုမှာ ပေါ့လေ လို့ ကိုယ့်ဟာကိုူယ်တွေး ကိုယ့်ဟာကိုယ် အမှတ်ပေးလိုက်ပါတယ် ။

ပင်လယ် သဲသောင်ပြင်မို့လို့ သဲသောင်ပြင်တစ်လျောက် ဟိုတယ် တွေ အတွက် ဇုန် ဖော်တာ မပြောလိုပါဘူး ။ လောင်းကစား ဝို်င်းတွေ လုပ်မှာ မို့လို ဆိုပြီး သီးသန့်ထားရင်လည်း မပြောလိုပါဘူး ။

ဒါပေမဲ့ ကုန်းပေါ်က မြို့တွေမှာ ဟိုတယ် ဇုန် သီးသန့်ဆောက်တာ ကတော့ .. ခပ်ဒုံဒုံ ကထူးဆန်းတို့ အတွက် ရီစရာ ကြီးဗျ … အဲ ထားတော့ ။ ရီစရာကြီး ကနေ ကထူးဆန်း ပူစရာကြီး ဖြစ်လာလို့ အပူအေးအောင် ဂဇက်မှာ အတွေးတွေ ရေးလိုက်တာပါ .

အင်းလေးမှာ လဲ ဟိုတယ် ဇုန် ဆောက်မယ် ခင်ဗျ ။ ဆူညံ ဆူညံ သံက တော့ သိတဲ့ အတိုင်းပေါ့ ။

အင်းလေး ဟိုတယ်ဇုန် စီမံကိန်း (အင်ကြင်းကုန်းရွာ အနီး)
အင်းလေး ဟိုတယ်ဇုန် စီမံကိန်း (အင်ကြင်းကုန်းရွာ အနီး)

ဧက ၆၀ဝ ကျော် သစ်တော ဌာန ကနေ ပလပ်ပေးလိုက်ပါတယ် ။ အဲ့ဒီ့ အထဲမှာ ဘုန်းဘုန်းတွေရဲ့ ထင်းစိုက်ခင်း ဧက ၃၀ဝ ကျော် ပါနေတယ် ။ ဘုန်းဘုန်းတို့ က စာသင်ကျောင်း တွေ အတွက် ဆွမ်းချက်ဖို့ ဆွမ်းအတွက် ဆိုပြီး ဒကာများက လှုထားကြတာပါ ။ နောက် ကြံစိုက်သူများ ၊ယာ လုပ်သူများရဲ့ မြေတွေလည်း ပါတာပေါ့ဗျာ ။ သူတို့ က ဓားမဦးချ ခေတ် အဆက်ဆက် က အခွန်ဆောင်ပြီးလုပ်ကိုင်လာကြတာ ဆိုတော့ သူတို့ ပိုင်တယ် ပေါ့ဗျာ ။ ဘယ်သူ ပိုင်တယ် ဘယ်သူ မပိုင်ဘူးဆိုတာတော့ ကထူးဆန်း မသိဘူးဗျ။ အဲ့ဒါလည်း ခဏထား ။ မထားလို့လဲ ကထူးဆန်း ဘာမှ လုပ်နိုင်တာ မှ မဟုတ်တာ ။
ကထူးဆန်း စိတ်မအေးတာ ကတော့ ကြားရတဲ့ သတင်းတစ်ခု ကြောင့်ပါ ။

အင်းလေးကန်ဘေး ကိုယ်ပိုင်မြေမှ ဟိုတယ် စီမံကိန်း တစ်ခု
အင်းလေးကန်ဘေး ကိုယ်ပိုင်မြေမှ ဟိုတယ် စီမံကိန်း တစ်ခု
အင်းလေးကန်ဘေး မိုင်းသောက် ကျေးရွာ ကိုယ်ပိုင်မြေ မှ ဟိုတယ် စီမံကိန်း တစ်ခု
အင်းလေးကန်ဘေး မိုင်းသောက် ကျေးရွာ ကိုယ်ပိုင်မြေ မှ ဟိုတယ် စီမံကိန်း တစ်ခု

အင်းလေးကန်ဘေး အင်ကြင်းကုန်းရွာ အနီး ကိုယ်ပိုင်မြေပေါ်မှ ဟိုတယ် စီမံကိန်း တစ်ခု
အင်းလေးကန်ဘေး အင်ကြင်းကုန်းရွာ အနီး ကိုယ်ပိုင်မြေပေါ်မှ ဟိုတယ် စီမံကိန်း တစ်ခု

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အင်းလေးကန် ဆိုတာ သိကြတဲ့ အတိုင်း နိုင်ငံခြားသားတွေ အတော် နှစ်ခြိုက်ကြပါတယ် ။ နှစ်ခြိုက်ရတဲ့ အဓိ က အချက်တွေက ဘေးမှာတောင်တန်းတွေ ဝိုင်းရံနေတဲ့ သဘာဝ ရေကန် ကြီး မို့လို့ ပေါ့ဗျာ ။ အဲ့ဒီ့ ရေကန် ပေါ်မှာ သူတို့ ဆီက ခေတ် နဲ့ တန်းတူ မရောက်ဘဲ မိရိုးဖလာ လုပ်ငန်း တွေ လုပ်ကိုင်နေတဲ့ အင်းသားတွေ၊ ခြေနဲ့ လှေလှော်နေတာတွေ၊ ရေပေါ်စိုက်ခင်းတွေ ၊ စတဲ့ စတဲ့ သဘာဝ ကို ကြိုက်နှစ်သက်လို့ လာကြတာပေါ့ဗျာ ။

ရေကန် ကြီးထဲ ကနေ ဘေးဘီကြည့်လိုက်ရင် အင်းသားတွေရဲ့ အိမ်နီတာရဲ လေးတွေ ၊ ရေပေါ် ကျွန်းမျောစိုက်ခင်းတွေ နဲ့ ဟိုး အဝေး မှိုင်းညို့ညို့ တောင်တန်းတွေက ကွန်ကရစ်တော ထဲ နေရ တဲ့ သူတွေကို ဖမ်းစားနေတာ လေ ။

တစ်ခါတစ်ရံမှာ ရှမ်းဘောင်းဘီ ရှည်လေးနဲ့ ခြေနဲ့ လှေ လှော်သွားတာ ၊ ရေမှော ်ကော်နေတာ၊ ကလေး တွေ ကျောင်းစိမ်းအကျီင်္ ပါးကွက်ကျား နဲ့ ကနုးလှေလေးတွေ လှော်သွားတာ များ တွေ့လို့ ကတော့ ကင်မရာတွေ တဖြတ်ဖြတ်ပေါ့ ။

အဲ့ဒီ့ အချိန်မှာ တရုတ်အင်ဂျင် တစ်ဘုတ်ဘုတ်ကြီးစီးပြီး သွားနေရတာ ကတော်တော် မြင်ပြင်းကပ်ဖို့ ကောင်းနေပေမဲ့ ကိုယ့် အိုး နဲ့ ကိုယ့်ဆန် တန်သလောက်ဘဲ မို့ မပြော တော့ ပါဘူး ( တစ်ကယ်တော့ အဲ့ဒါလည်း ပြောချင်တာ ထားတော့ )

အဲ့ဒီလို အေးငြိမ်း တည်ငြီမ်ပြီး လွမ်းမောဖွယ် ကောင်းတဲ့ တောင်တန်း တွေ မှာ ၊ သစ်ပင်တွေကြားမှာ ဝပ်ဆင်းနေတဲ့ ရိုးရာ အိမ်ကလေးတွေ ၊ ရွှေရောင်ပြောင်ပြောင် ဟိုနား ဒီနား က ဘုရား ပုထိုး တွေကြားကနေ ဟိုတယ် အမြင့် ကြီးတွေ ထိုးထိုးထောင်ထောင် ထွက်လာ ရင် တော့ …

ကထူးဆန်း တွေးတာ နဲ့ ရင်ခုန် နုုန်း မြန်သွားပါပြီ ။ သဲ တရှပ်ရှပ် တော့ ဖြစ်ကုန်ကြတော့မယ် လို့ ။

ကထူးဆန်းက sustainable tourism တို့ environment တို့ ဆိုတဲ့ စကားလုံးကြီးကြီးတွေ မသိပါဘူး ။ သိတာ ကတော့ ကွန်ကရစ်တောက သူတွေကို ကွန်ကရစ်တော ကိုပြန်ကြည့်ခိုင်းရင် ကြိုက်ပါ့မလားဆိုတာ ကို ရိုးရိုးကြီး တွေးတာပါ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကထူးဆန်း စိတ်မအေးတဲ့ သတင်းကတော့ ဒီလိုပါ ။

ဟိုတယ် ဇုန်တွေ မှာ ဟိုတယ် တွေ ဆောက်ခွင့်ပေးလိုက်တဲ့ အခါ မှာ အထပ်မြင့် သတ်မှတ်ချက် မထားဘူးလို့ အသိတစ်ယောက် ဆီက ကြားလိုက်လို့ပါ ။ ဒီလို သာ အထပ်မြင့် မသတ်မှတ်လို့ လူများများ ထားခြင်တဲ့ စီးပွားရေး သမား တွေ အင်းလေးကန် ဝန်းကျင်ရွာတွေမှာ ( ညောင်ရွှေ မြို့ ထဲ ကို မဆိုလိုပါ) သူ့ထက် ငါ အပြိုင် အထပ်မြင့် တွေ ဆောက်လာရင် အင်းလေးကန် ရဲ့ တန်ဖိုးများ လျော့ ကျ သွားမလားလို့ ပေါ့ ။ ကိုယ့် အတွေးနဲ့ ကိုယ်ပေါ့နော် ..

ပညာရှင်များ ဆောက်လုပ်ရေး လုပ်ငန်းတွေမစခင်မှာ ကြိုတင် တွေး တော ဥပဒေများ ပြဌာန်း စေချင်တာပါ ။

ကထူးဆန်း (ကိုလျှောက်ပူူ)

16 comments

  • nozomi

    February 22, 2013 at 5:49 pm

    အကွက် ဖော် တာ က လဲ ပညာ ပဲ ဗျ
    အကွက် ဖော် မှ အကွက် တွေ ထွက်လာမယ် အကွက်ထွက်လာမှ ( ဆေးလိမ်းရမယ် )
    အဲ အကွက် တွေ ရ မှာပေါ့

  • မောင် ပေ

    February 22, 2013 at 8:38 pm

    ရွာထဲမှာ တစ်ခါတုန်းက ဘယ်သူပြောခဲ့တာလဲ မသိဘူး
    တစ်ခုခုတိုးတက်ရင် တစ်ဘက်မှာ ဆုတ်ယုတ်လျော့ပါးလာမှု ဆုံးရှုံးမှုတွေ ပြန်ပေးရတယ်တဲ့
    အဲဒါအဲဒါ

  • johnnydeer

    February 22, 2013 at 10:28 pm

    ဇုန်ဖော်မယ်…မြေသိမ်းမယ်…အကွက်ရိုက်မယ်…ပြန်ချထားပေးမယ်(ကိုယ့်ဘာသာကို)…

    ကဲ…လုပ်ချင်ရာလုပ်မယ်…ဘယ်သူဘာပြောချင်လဲ….မကျေနပ် ဆန္ဒပြကြပေါ့…

    အော်ပြီး ပြ…ပါးစပ်ညောင်းမယ်…လမ်းလျှောက်ပြီးပြ…ခြေထောက်ညောင်းမယ်(လိုင်ဇာထိ လျှောက်တဲ့သူတွေ တော်တော်ညောင်းနေလောက်ပြီ)
    ငါတို့ကိုပြည်သူတွေကြိုက်လို့ မဲပေးပြီးတင်မြောက်ထားတဲ့ ဒီမိုးကရေစီး အစိုးရပါကွ…ငဲ..ငဲ…

  • ဝင့်ပြုံးမြင့်

    February 23, 2013 at 12:01 am

    sustainable ဖြစ်ဖို့က အရေးကြီးဆုံးလို့ပဲ သိထားပါတယ်။ ဒီတစ်ခါလည်း ကထူးဆန်းပြောတာ မှန်လွန်းလို့ ထိုင်ငိုချင်စရာ ဖြစ်နေပြန်ပါပြီ။ စီးပွားအညွန့်ကျိုးတော့မယ့် ဘေးအန္တရာယ်ကြီးလို့ ပြုံးဖတ်ဖူးထားပါတယ်။ ဒီကိစ္စ တကယ့်အရေးကြီးကိစ္စနော်။

  • kai

    February 23, 2013 at 4:52 am

    အမှန်ကတော့.. ဈေးကွက်နောက်လိုက်ရတဲ့ စီးပွားရေးမှာ.. မျှောထားတာ အကောင်းဆုံးထင်မိတယ်..
    အစိုးရက တတ်နို်င်သလောက်ဝင်မပါ.. ဝင်မရှုပ်.. ပညာရှင်များနဲ့.ငွေရှင်တွေ.. လုပ်ကြပါစေပေါ့…
    Big Government က မကောင်းပါဘူး..
    နို်င်ငံရေးစကားနဲ့ဆို.. Left-wing ယိမ်းလွန်းတယ်ပေါ့…။

    အခုမြန်မာပြည်အစိုးရကြည့်ရတာ.. (Thin Skin Government) အရေခွံပါးတဲ့အပြင်.. နေရာတကာ ဝင်ရှုပ်လွန်းတယ်…
    သူတို့ဝင်မရှုပ်လည်း.. လူထုကဆိုရှယ်လစ်ခေတ်က.. အယူအတွေးတွေနဲ့.. အစိုးရကို.. အတင်းကိုတာဝန်ယူခိုင်း.. ဝင်ပါခိုင်းစိတ်.. များနေလွန်းတယ်ထင်မိတယ်..။

    ဆိုတော့..
    အင်းလေးသဘာဝထိခိုက်တယ် ထင်ရင်.. နိုင်ငံခြားသားတိုးရစ်တွေ အဝင်ကျသွား.. မလာကြတာဖြစ်ပါလိမ့်မယ်..
    ဇုံနဲ့ဆောက်ပြီး.ဟိုတယ်တွေ . အဲဒီအခါမှာ. ဘာလုပ်ကြမလဲ?
    ငွေရှင်တွေ.. ငွေရှုံးကြလိမ့်မပေါ့…

  • kyeemite

    February 23, 2013 at 10:34 am

    တကယ်တော့ ဟိုတယ်တွေလိုနေပါသေးတယ်..
    တနေ့တခြားတိုးလာတဲ့ နိုင်ငံခြားသားခရီးသွားတွေအတွက်ဟိုတယ်တွေ
    အလုံအလောက်မရှိသေးပါဘူး…ဒါပေမဲ့ အင်းလေးလိုနေရာနဲ့အနီးကပ်ဆုံးမှာဟိုတယ်ဆောက်တော့
    အင်းလေးကိုတကူးတကလာရတဲ့အရသာပျောက်သွားမှာပေါ့…
    ခပ်ဒုံဒုံ ကထူးဆန်းလိုပဲ..ခပ်ဒုံဒုံကြီးမိုက်ကလည်း ဟိုတယ်ဇုံဆိုတာကြီးကိုရီချင်နေမိပါတယ်… :harr:
    :kwi:

  • Myo Thant

    February 23, 2013 at 10:55 am

    အစိုးရကလည်း ခပ်ဒုံဒုံ ( ပြည်သူအတွက် ) ပါပဲ ၊
    မနူံတာကတော့ သူတို့အတွက် အကွက်တွေပါ ၊
    ခုချိန်ထိ အငွေ့အသက်တွေ ရှိနေဆဲ ရှင်နေဆဲဆိုတာ
    မျက်စိရှိသူတိုင်းမြင်နေရတာပဲ ၊
    လာမယ့် ၁ဝ နှစ် ဆိုရင်တော့ မပြောတတ်ဘူး ။

  • thureinmaung

    February 23, 2013 at 11:04 am

    sustainable tourism တစ်ခုဖြစ်ဘို့အတွက်..
    ၁)သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲနိုင်သမျှနဲရပါမယ်
    ၂)ဒေသရိုးရာယဉ်ကျေးမှုကိုထိခိုက်မှုနဲရပါမယ်
    ၃)ဒေသခံတွေအတွက်အနာဂါတ်မှာအလုုပ်အကိုင်စိ်တ်ချမှုရှိစေရပါမယ်
    sustainable tourism ရဲ့ အဓိကဦးတည်ချက်ကအဲဒီဒေသမှာနေထိုင်တဲ့သူတွေအတွက်ရေရှည်
    တည်တံ့စေပြီး အပြုသဘောဆာင်တဲ့အကျိုးသက်ရောက်မှုရှိရပါမယ်…သဘာဝပါတ်ဝန်း
    ကျင်၊လူမှုရေး၊သက်မွေးဝမ်းကျောင်း..စသဖြင့်ကောင်းတဲ့အကျိုးသက်ရောက်မှုဖြစ်ရပါမယ်..
    အခုရှမ်းပြည်နယ်အစိုးရဖေါ်ထုတ်လိုက်တဲ့ ဇုံဟာ location အရရေကန်ရဲ့အရှေ့တောင်အရပ်ဘက်ကျ
    ပါတယ်၊အဲဒီနေရာကနေအနောက်ဘက်ကိုမျှော်ကြည့်လိုက်ရင်ကန်ရေပြင်၊အနောက်ဘက်တောင်တန်းနဲ့ sunset သဘာဝရှုခင်းအလှကောင်းကောင်းခံစားနိုင်တဲ့နေရာဖြစ်ပါတယ်၊
    နောက်ပိုင်းပြည်တွင်းပြည်ပတိုးရစ်ဦးရေဟာပိုများလာမှာသေချာတဲ့အတွက်ဟိုတယ်အရေတွက်ကတော့မရှိမဖြစ်လိုအပ်မှာဘဲဖြစ်ပါတယ်၊
    ညောင်ရွှေမြို့ပေါ်မှာခေတ်မှီဟိုတယ်တွေဆောက်ဘို့ကျတော့အစိုးရအနေနဲ့မြေမပေးနိုင်ဘူး၊ကန်ထဲမှာ
    သဘာဝကျကျအဆောက်အဦးတွေအနေနဲ့ဆောက်မယ်ဆိုပြန်တော့ ကန်ရေပြင်အတွက်ရေရှည်ထည့်
    စဉ်းစားရတော့မယ်၊ပြီးတော့လူများများစားစားလက်ခံနိုင်မယ့်ဟိုတယ်လဲကန်ရေပြင်ပေါ်မှာမဆောက်သင့်
    ဘူး၊
    ဟိုတယ်တွေကထွက်လာမယ့်စွန့်ပစ်ပစည်းတွေကိုလည်းကန်ရေပြင်ထဲမဝင်နိုင်အောင်ထည့်တွက်
    ရမယ်၊ အဲဒီအချက်တွေနဲ့အသင့်တော်ဆုံးနေရာက အခုရွေးချက်လိုက်တဲ့နေရာဘဲလို့မြင်တယ်၊
    အထက်ကအချက်တွေနဲ့လဲသိပ်မဆန့်ကျင်တဲ့အပြင်ဒေသခံတွေအတွက်အလုပ်အကိုင်အခွင့်အလမ်း
    များစွာပေါ်လာနိုင်တယ်၊ အလုပ်အကိုင်ဆိုတာ ဟိုတယ်ဝန်ထမ်းဖြစ်ရုံတစ်ခုတည်းမဆိုလိုပါဘူး၊
    အဲဒီဟိုတယ်တွေကိုလာရောက်တည်းခိုမယ့်ဧည့်သည်တွေနဲ့ပါတ်သက်တဲ့ဝန်ဆောင်မှုလုပ်ငန်းမျိုးစုံမှာ
    ကိုယ်ပိုင်လုပ်ငန်းအနေနဲ့လဲလုပ်လာနိုင်လိမ့်မယ်၊
    အဲဒီဟိုတယ်ဇုံမှာမြင့်တက်လာမယ့်ဟိုတယ်အဆောက်အဦတွေဟာကျယ်ပြန့်လှပတဲ့ကန်ရေပြင်နဲ့ပေ
    ၃၀၀ဝ ကျော်မြင့်မားတဲ့တောင်တန်းကြီးတွေရဲ့အလှတွေကိုမညိုးနွမ်းစေနိုင်ဘူးလို့ယူဆပါတယ်၊ဘာလို့
    လဲဆိုတော့ အဲဒီနေရာဟာ တိုးရစ်အများစုသွားလာတတ်တဲ့နေရာနဲ့အတော်ကိုလှမ်းတဲ့နေရာမှာရှိသလို
    အင်းလေးကန်နဲ့တောင်တန်းအမြင့်တွေရဲ့သဘာဝအလှဟာ Majestic ဖြစ်လွန်းတာကြောင့် လူလုပ်ထား တဲ့အဆောက်အဦးတွေယှဉ်နိုင်မှာမဟုတ်ပါဘူး၊ပြီးတော့ဟိုတယ်ဇုံဟာဝေးလံတဲ့နေရာတစ်နေရာကွက် ကွက်လေးမှာဘဲရှိနေတဲ့အတွက်အင်းလေးကန် တစ်ခုလုံးရဲ့အလှကိုမဖုံးနိုင်ပါဘူး၊
    အင်းလေးကန်ရဲ့အနာဂါတ်ကိုခြိမ်းခြောက်နေတာကန်ရေပြင်ညစ်ညမ်းမှု၊ကန်ရေပြင်ထဲအနယ်တိုးမြင့်စီးဝင်မှု၊ကျွန်းမျှောစိုက်ခင်းပေါ်ပိုးသတ်ဆေးအလွန်ကျွံသုံးစွဲမှု၊ကန်ရေပြင်ထဲ alien species တွေဝင်ရောက်ပြန့်
    ပွားမှုနဲ့ကန်ပတ်လည်မှာသစ်တောတွေကုန်သလောက်ရှိနေတာတွေဟာအဓိကအချက်တွေဘဲဖြစ်ပါတယ်
    အဲဒါတွေကလဲအင်းလေးကန်ထဲနဲ့ အနီးနားကဒေသခံတွေရဲ့စားဝတ်နေရေးအတွက်လုပ်ကိုင်ရင်းဖြစ်လာ
    တဲ့အကျိုးဆက်တွေဖြစ်တယ်၊
    အင်းလေးတိုရစ်ဇင်တိုးတက်လာရင်ဒီပြသနာအထိုက်အလျောက်ဖြေရှင်းနိုင်လိမ့်မယ်…
    တစ်ခုစိုးရိမ်ရမှာကတော့အဲဒီဟိုတယ်ဇုံကိုညောင်ရွှေကနေသွားရမယ့်လမ်းကျယ်ကျယ်ဖေါက်ဘို့အတွက်
    ကန်ရေပြင်အရှေ့ဘက်တောင်တန်းကြီးတွေအောက်ခြေမှာဘူဒိုဇာတွေထိုးကော်ပြီးတောင်ခါးပန်းပြတ်
    တွေကဟိုတယ်ဇုံအထိတောက်လျှောက်ဖြစ်လာနိုင်တာမို့ အင်းလေးကန်နဲ့တောင်တန်းရဲ့အလှကို
    တော်တော်အရုပ်ဆိုးအကျည်းတန်စေနိုင်တယ်၊။
    ပြည်နယ်အစိုးရအဲဒါသေချာစဉ်းစားဘို့လိုပါတယ်၊ စစ်အစိုးရလက်ထက်တုန်းကတောင်ကြီးမြို့ပေါ်ရထား
    ရောက်ချင်ဇောနဲ့ဖေါက်လိုက်တဲ့ရထားလမ်းကြောင့်တောင်ကြီးမြို့အနောက်ဘက်ကသစ်ပင်တွေနဲ့စိမ်း
    စိုနေတဲ့တောင်တန်းကြီးဟာရထားလမ်းကြောင့်တောင်ကမ်းပါးရံမှာကျောက်နံရံတွေရုပ်ပျက်ဆင်းပျက်ဖြစ်
    ပေါ်လာပြီးသဘာဝအလှတွေဆုံးရှုံးခဲ့ရသလိုရေထွက်တွေလဲခမ်းခြောက်သွားခဲ့ဖူးတဲ့သင်ခန်းစာကိုယူ
    တတ်မှရလိမ့်မယ်….

  • MaMa

    February 23, 2013 at 9:20 pm

    ခပ်ဒုံဒုံ ကထူးဆန်းရေးထားတာကို
    ခပ်ချာချာ အန်တီမမ က ဖတ်ပြီး
    ခပ်တုံးတုံးအတွေးတွေ ပေါ်လာတယ်။ :buu:

  • ကထူးဆန်း

    February 23, 2013 at 10:41 pm

    ကျေးဇူးပါ ဦးသူရိန်မောင်။
    လွန်ခဲတဲ့ ၈နှစ် ၉ နှစ်လောက် က အခု ဖော်နေတဲ့ နေရာဖြစ်တဲ့ အင်ကြင်းကုန်းရွာက တောင်ကုန်း တစ်ခုပေါ်မှာ ထိုင်ပြီး ဒီနေရာမှာ ဟိုတယ် ဆောက် ရရင် သိပ်ကောင်းမှာ ဘဲ လို ့ စိတ်ကူး ယဉ်ခဲ့ဘူးပါတယ် ။ ဦးသူရိန်မောင် ပြောသလိုပါဘဲ ။ အနောက်ဘက် ကို မျက်နှာပြုထားတဲ့ အတွက် ကန်ရေပြင်ရယ် ၊နေဝင်ဆည်းဆာရယ် ၊ ဘယ်ဘုရားမှန်း ကျွန်တော် မသိတဲ့ ဘုရားဖြူဖြူ တစ်ဆူရယ် နဲ့ အရမ်းလှလွန်းပါတယ် ။ ဒါပေမဲ့ အဲ့ဒီ့ အချိန်က ဦးသန်းရွှေက အင်းလေးကန် ဘေးမဲ့တောအဖြစ် သတ်မှတ်ထားပြီး ဘယ် ဟိုတယ် မှ မတိုးရ အမိန့် ထုတ်ထားတဲ့ အတွက် ကျွန်တော်တို့ လက်လျော့ခဲ့ ရပါတယ် ။ဒါပေမဲ့ အဲ့ဒီ့ အချိန်မှာ အဲ့ဒီ့ တုန်းက ဆည်မြောင်းဝန်ကြီး ဦးညွှန့် တင်၊ နဲ့ အခုဟိုတယ် ခရီး မြေမှာ ဆောက်ထားတဲ့ Inle Villa တို့ က မိုင်းသောက်ရွာ နားမှာ ဆောက်ခွင့် ရထားပါတယ် (လမ်း နဲ့ အင်းလေးကန်ကြား) ။နောက် အဲ့ဒီ့တုန်းက ရဲမင်းကြီး ( အခု treasure) နဲ့ Inle Resort တို့လည်း ဆောက်ခွင့် ရထားပါတယ် ။ ဦးတေဇ ရဲ့ မိုင်းသောက် က ဟိုတယ် လည်း မရှိသေးပါဘူး ။ အင်ကြင်းကုန်းရွာနားဝန်းကျင်မှာ လည်း ဘယ်သူမှ မဝယ်ထားသေးပါဘူး ။အဲ့ဒီ့နောက် ဆောက်ခွင့်ရခဲ့တာတော့ ဦးတေဇ ဟိုတယ်ပေါ့ ။
    အင်းလေးကန် ဟာ ပင်လယ်ပြင်နဲ့ မတူပါဘူး ။ ပင်လယ်ပြင် လာတဲ့သူတွေက ပင်လယ်ပြင် ကိုဘဲ ကြည့်တာပါ။ အဲ့ဒီ့ အရသာ ခံစားကြတာပါ ။ ပင်လယ်ပြင်ကိုပြန်ထွက်ပြီး ကမ်းခြေရဲ့ အလှ ပြန်ကြည့်တာ နဲပါးပါတယ် ။ အင်းလေးကန် ကတော့ လာသမျှလူ ကန်ထဲမှာ လှေစီးသွားပြီး ကမ်းခြေပြန်ကြည့်ဖြစ်တာမို့ တောင်တွေရှေ့ ထိုးထိုးထောင်ထောင် တိုက်မြင့်ကြီးတွေ မဖြစ်သင့်ဘူးလို့ထင်ပါတယ် ။ ဆွမ်းဆန်စိမ်း ထဲ ကြွက် ချေး မရောသင့်ပါဘူး ။

    ဦးသူရိန်မောင် ပြောသလိုဘဲ အခုဘူဒိုဇာ ထိုးထားတဲ့ လမ်းတွေက တော် တော် အရုပ်ဆိုး ပေါ်နေပါပြီ။
    ဟိုတယ်တွေ ဆောက်တာကို မကန့်ကွက်ပါဘူး ။ ဆောက်ရမှာပါ ။ အခုဆောက်လုပ်ရေးတွေ နဲ့တင် ကို ဒေသခံတွေ စပြီး အလုပ်ရနေကြပါပြီ။
    အဲဒါပေမဲ့ အထပ်မြင့်တွေ မဖြစ်စေချင်တာတစ်ခုပါဘဲ …
    ညောင်ရွှေ မှာ အစိုးရ က မြေနေရာ မပေးနိုင်ပေမဲ့ ဟိုတယ် ဆောက်ချင်တဲ့သူတွေ အတွက် ဆောက်လုပ်တဲ့ အကျယ်တွေရှိပါတယ် ။ ဈေးကတော့ အော်ပျံလန်နေတာပေါ့ ..

  • thureinmaung

    February 24, 2013 at 10:05 am

    ဦးသူရိ်န်မောင်..တဲ့..
    လန့် တွားဒါဘဲ..
    တားကအငယ်လေးဘဲရှိသေးတဲ့ဟာ..ကို.
    😛

    • ကထူးဆန်း

      February 24, 2013 at 10:10 am

      ယုံဘူး .. :kwi:

  • Swal Taw Ywet

    February 24, 2013 at 1:06 pm

    ကထူဆန်းရေ..
    တိုးရစ်တွေရဲ့ အမြင်နဲ့ ကျနော်တို့လူကြီးတွေရဲ့ အမြင် ကွာဟနေတာက အဓိကဗျ။
    ရေမရှိတဲံတောင်သမန်အင်းကိုဖြတ်ထားတဲ့ ဦးပိန်တံတားကို သူတို့က ပိုကြည့်ချင်တာလို့ ဖတ်လိုက်ရဘူးတယ်။ ကျနော်တို့ ရဲ့လူကြီးမင်းများက ရွှေဉာဏ်တော်စူးစွာနဲ့ ရေအမြဲရှိနေအောင် ထွက်ပေါက်ပိတ်လိုက်တော့ စက်မှုဇုန်ထွက်ရေဆီုးကန်ကြီး ဖြစ်သွားပါပေါ့လားးးးးး
    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

  • Traditional

    February 24, 2013 at 2:45 pm

    ဘာပြောရမှန်းမသိဘူး
    ပြောတော့ဘူး
    အင်းသားတွေအတွက်အလုပ်ကိုင်ခွင့်လမ်းတွေလိုနေတာတော့အမှန်ပဲ
    နိုင်ငံခြားထွက် အင်းသားတွေလည်းများနေတယ်လေ
    အင်းလေးကန်အလှလည်း မပြောင်းစေချင်ပါဘူး
    ကထူးဆန်း နဲ့ သူရိန်မောင်…..

  • TheWinner

    February 24, 2013 at 3:11 pm

    အရမ်းဖတ်လို့ကောင်းတဲ့ post ပါ ဦးထူးဆန်းရယ်။
    အဲဒီ မိုင်းသောက်နဲ့ အင်ကြင်းကုန်းနားက အင်မတန်ကို ရိုးသားဖြူစင်ခဲ့ကြတဲ့ ရွာသူ၊ ရွာသားတွေရဲ့
    တိုးတက်မှုနှင့်အတူ ပြောင်းလဲလာတဲ့ လောဘ၊ ဒေါသ၊ မောဟတွေဟာလည်း—————–

  • padonmar

    February 24, 2013 at 10:17 pm

    အင်းလေးက တစ်ခါမှမရောက်ဖူးပေမယ့် စိတ်ဝင်စားမိတဲ့၊အမြဲသွားချင်နေတဲ့ နေရာပါ။
    အကြံမပေးတတ်ပေမယ့် အပြန်အလှန်ဆွေးနွေးကြတာတွေ တော်တော် စိတ်ဝင်စားလို့ စောင့်ဖတ်နေပါတယ်လို့ အားပေးပါရစေ။
    ရွာထဲမှာ ကထူးဆန်းလို စီဂျေရှိတာ ဂုဏ်ယူရသလို
    သူရိန်မောင်လို ဟိုတယ်နဲ့ တိုရစ်ဇင်မှာ ကျွမ်းကျင်ပို်င်နိုင်တဲ့ ရွာသားရှိတာလည်း ဝမ်းသာဂုဏ်ယူရပါတယ်။
    ပြဿနာဆိုတာကတော့ လက်ဖမိုးနဲ့ လက်ဖဝါး ကိုယ့်ဖက်မှာ မှန်နေတာချည်းပါပဲ။
    အချိန်က စကားပြောသွားမှာပါ။
    ပြင်မရတဲ့ အမှားတွက်တော့ တာဝန်ယူရဲရမှာပေါ့။
    အဲဒိအတွက် ဒေသခံတွေရဲ့ သဘောထားရော ဘယ်လိုများရှိလဲသိချင်ပါရဲ့။
    အလုပ်အကိုင်အခွင့်အလမ်းရမှာ သူတို့ပဲဖြစ်သလို ထိခိုက်နစ်နာမှုရှိရင်လည်း သူတို့ပဲဖြစ်မှာပါ။
    ဒါ့ကြောင့် သူတို့ကို ရွေးချယ်ခွင့်ပေးသင့်တယ်ထင်ပါတယ်။

Leave a Reply