ကျွန်မနဲ့ ရ နှစ်သက်တမ်း ပျိုးထောင်သူ

etoneFebruary 22, 20131min28433

ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကျွန်မဘဝမှာ ထူးထူးခြားခြား အမှတ်တရဖြစ်စေခဲ့တဲ့ ဘဝတစ်ဆစ်ချိုးတွေထဲက အမှတ်တရ နေ့လေး တစ်ခုပါပဲ ။ တစ်ခါမှ အကျွမ်းတဝင်ပတ်သတ်ခဲ့ ဖူးခြင်းမရှိတဲ့ ၊  ပတ်ဝန်းကျင်သစ်တစ်ခုနဲ့ စတင်ထိတွေ့ ခွင့်ရခဲ့တဲ့ နေ့လေးလို့ ပြောလျှင်လည်း မမှားနိုင်ပါဘူး ။ မတူညီတဲ့ စိတ်ဓါတ် ပိုင်ရှင်မျိုးစုံနဲ့ သိကျွမ်းခွင့်ရတဲ့ နေ့လေး တစ်နေ့အဖြစ်လည်း သတိတရရှိနေခဲ့ပါတယ် ။ ဘဝအတွက် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုကို မရည်ရွယ်ပါပဲ ၊ မိမိဆန္ဒမပါပဲ မိဘ၊ ဆွေမျိုးများရဲ့ ထိန်းချုပ်မှုနဲ့ သွပ်သွင်းခြင်း ခံရလိုက်ရတဲ့ ပထမဆုံးအလုပ်ခွင်ဝင်ခဲ့ရတဲ့ နေ့လေးပါပဲ ။  ဘာလိုလိုနဲ့ (၇)နှစ် ပြည့်ခဲ့ပါပြီ ။

%%%%%%%%%%%%%%%

ပေါ့ပေါ့နေ ပေါ့ပေါ့စား ၊ ဘဝကို ဘာမှ အပူပင်မရှိ ၊ ခံယူချက်မပြင်းထန် ၊ အမေရှိလျှင် ငွေရှိတယ်လို့ကြွေးကြော်နေသူ :mrgreen:  အလုပ်မရှိ အကိုင်မရှိလူတစ်ယောက်အတွက် ၊ ပထမဆုံး အလုပ်ခွင်ထဲ စရောက်တဲ့နေ့လောက် စိတ်ညစ်စရာကောင်းတာမျိုး အရင်က မကြုံဖူးခဲ့ပါဘူး ။ အလုပ်မလုပ်ခင်က လွတ်လွတ်လပ်လပ် နေချင်သလိုနေခဲ့ရပြီး ၊ အိပ်ယာထချင်တဲ့အချိန်မှ ထ ၊ စားချင်တဲ့အချိန် ထစား ၊ သွားချင်လျှင် ထသွားလို့ ရနေတဲ့ ကိုယ်ပိုင်တဲ့ ကိုယ့်အချိန်တွေ ဖြစ်ခဲ့ဖူးပေမယ့် အလုပ်ခွင်ထဲလည်းရောက်ရော ၊ ကိုယ့်အတွက်ရယ်လို့ သတ်သတ်မှတ်မှတ်ထားပေးထားတဲ့ အလုပ်စားပွဲတစ်ခုမှာ အခြားသော လုပ်ဖော်ကိုင်ဖက်များ နည်းတူ ၊ အိန္ဒြေရရထိုင်ရပြီး ကွန်ပျူတာ မော်နီတာကိုပဲ မျက်စိညောင်းလောက်အောင် မကြည့်ချင်လည်း ကြည့် ၊ ကြည့်ချင်လည်း ကြည့်လို့ အလုပ်ချိန် 8 နာရီစလုံး နေခဲ့ရပါတယ် ။ အိမ်မှာနေတုန်းက ဂိမ်းဆော့ချိန်လောက်သာ မော်နီတာကို ကြည့်ခဲ့ဖူးတာကြောင့်  အလုပ်နဲ့ပတ်သတ်လို့ အီးမေးလ်စာတွေဖတ်ရ ၊စာရင်းတွေတွက်ရတဲ့အခါ  ဇက်ကြောတွေတက်လို့ ခေါင်းတွေမူးကာ မျက်စိတွေတောင် ပြာချင်ချင်ဖြစ်ခဲ့ရပြန်တယ် ။ မော်နီတာ ညာဘက်ထောင့်က နာရီလေးကို စက္ကန့် ခြားစီ တခါ ကြည့်ရင်း အချိန်တွေ ကုန်ခဲလိုက်တာလို့ ညည်းတွားခဲ့ဖူးတယ် ။ ရုံးတက်ရမယ့်နေ့တွေကို မုန်းတီးလွန်းလို့ ၊ နေမကောင်းဘူး အယောင်ဆောင်ပြီး လှိမ့်ပိတ် အိပ်ခဲ့ဖူးတယ် ။ အိမ်က ထည့်ပေးလိုက်တဲ့ ထမင်းဘူးကိုယူပြီး ၊ ရုံးလစ်လို့ ရုပ်ရှင်သွားကြည့်ခဲ့ဖူးတယ် ။ အချိန်ပြည့်အလုပ်မလုပ်ချင်ခဲ့တဲ့စိတ်ကြောင့် အကြောင်းပြချက်များစွာပြပြီး ၊ အလုပ်ထုတ်ခဲ့ရလေမလားဆိုတဲ့အတွေးနဲ့ ၊ အလုပ်ဝင်ပြီး တစ်လတောင်မပြည့်သေးခင်ပဲ ဘယ်သူ့ခွင့်ပြုချက်မှ မတောင်းပဲ … ခွင့်ဆယ်ရက်ယူလို့ နယ်ကို ခရီးထွက်ခဲ့ဖူးတယ် ။ နေသားတကျ ဖြစ်မနေတဲ့ ပတ်ဝန်းကျင်မှာ အရာရာတိုင်းက စိတ်ညစ်စရာ၊စိတ်ရှုပ်စရာတွေချည်းပါပဲ ။

cat tec

ရွေးချယ်ခွင့်၊ ငြင်းဆန်ခွင့်မရှိပဲ လက်ခံလိုက်ရတဲ့ အလုပ်တစ်ခုဖြစ်ခဲ့ရပေမယ့် ၊ ကျွန်မ အရမ်းကံကောင်းခဲ့ပါတယ် ။ ကျွန်မကို အလုပ်လုပ်နိုင်စွမ်းရှိအောင် အလုပ်မြဲအောင် ၊ တာဝန်သိတတ်အောင် ၊ တာဝန်ကြေတတ်အောင် ၊ အဖက်ဖက်ကနေ နည်းမျိုးစုံနဲ့ သင်ကြားပေးခဲ့တဲ့ အပြင် ၊ စိတ်ဓါတ်ရေးရာအရပါ အတိမ်းစောင်း နိမ့်ပါးမှုမရှိအောင် သင်ပေးနိုင်ခဲ့တဲ့ လူတစ်ယောက်လက်အောက်မှာ အလုပ်လုပ်ခွင့်ရခဲ့လိုပါပဲ ။ စိတ်ခွန်အားတွေပေးပြီး ၊ အလုပ်ကိစ္စအရာရာကို လုပ်နိုင်စွမ်းရှိအောင် လေ့ကျင့်ပေးခဲ့တဲ့ သူ့အရည်ချင်းကိုမှီဖို့ ကျွန်မ အများကြီး ကြိုးစားရဦးမှာပါ ။ ကျွန်မဆရာရဲ့ ပါးနပ်စွာ လေ့ကျင့် သင်ကြားပေးမှုအောက်မှာ အလုပ်တစ်ခုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို နားလည်ခွင့်ရခဲ့တယ် ။

လူတစ်ယောက်အတွက် အသက်ရှင်ရပ်တည်ဖို့ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခု မဖြစ်မနေရှိသင့်တယ်ဆိုတဲ့ အသိမျိုးလည်း ရခဲ့တယ် ။ တာဝန်ယူတတ်မှု အခန်းကဏ္ဍ ၊ ပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းတတ်မှု ၊ လျှင်ပါးစွာထိန်းချုပ်လုပ်ဆောင်နိုင်မှု ၊မှန်ကန် မြန်ဆန်စွာဆုံးဖြတ်ချက်ချ နိုင်မှုတွေကိုလည်း အမြဲတစေ သင်ခွင့်ရခဲ့ပါတယ် ။ ဒါတင်မကပဲ အလုပ်ခွင်မှာ နေတတ်ထိုင်တတ်စေရန်နှင့် ပြောဆို ဆက်ဆံတတ်စေရန်ပါ အလျဥ်းသင့်သလို သင်ပေးခဲ့ပါသေးတယ် ။ ဂျစ်ကန်ကန် ၊ ထင်ရာစိုင်း ပြန်မပြော နားမထောင်အကျင့် စွဲကပ်ခဲ့တဲ့ တပည့်ဖြစ်သူကိုလည်း ပရိယာရ်ကြွယ်ဝစွာနဲ့ မခံချင်စိတ်ကို တွန်းအားပေးပြီး လိုသလိုပုံဖော် သင်ကြားပေးနိုင်စွမ်းခဲ့သူပါ ။

ဆရာ့ရဲ့ ပါးနပ်တဲ့ လေ့ကျင့် ညွှန်ကြားပေးမှုတွေကြောင့် အလုပ်ပျင်းတစ်ယောက်ဘဝ ကနေ ၊ အလုပ်မှန်တဲ့ လူတစ်ယောက်ဖြစ်ခဲ့ပြန်တယ် … အဲ့ဒီကနေ တဆင့် တဆင့်တိုးလို့  .. အလုပ်ပျော်ဘဝရောက်သွားခဲ့ပြီး ၊ အခုဆို တာဝန်ယူစိတ်နဲ့ အလုပ်ကို ချစ်တတ်တဲ့ လူတစ်ယောက်ဖြစ်နေခဲ့ပါပြီ ။ ကျွန်မဆရာက တခြားသော အထက်လူကြီးများလို တပည့်တွေကို အကုန်ခိုင်းကာ ၊ အသာစီးက နောက်ဆုံး နာမည်ယူ လက်မှတ်ထိုးရုံလောက်သာ လုပ်ခဲ့သူမျိုးမဟုတ်ပဲ ၊ ဒိုးတူပေါင်ဘက်အလုပ်လုပ်ခဲ့ပြီး စံနမူနာအဖြစ်နေပေးခဲ့သူမျိုးပါ ။ ဘဝတစ်ဆစ်ချိုးမှာ လူရဲ့ အမူအကျင့်တင်မက  ၊ စိတ်ဓါတ်ကိုပါ ပြောင်းလဲပေးနိုင်တဲ့ လူမျိုးရဲ့ လက်အောက်မှာ အလုပ်လုပ်ခဲ့ရဖူးတာ ၊ ဘာနဲ့မှ အစားထိုးမရနိုင်တဲ့ အတွေ့ကြုံကောင်းတွေပါပဲ ။ သူ့ရဲ့ လေ့ကျင့်မှုတွေအောက် ၊ အဆင်ပြေပြေ အလုပ်လုပ်နိုင်လာခဲ့တဲ့အချိန်မှာ သီးခြား တာဝန်ပေးခြင်းမျိုးခံခဲ့ရတာ အလုပ်ဝင်ပြီး နှစ်နှစ်လောက်အကြာမှာပါ ။ အဲ့ဒီအချိန်ကြမှ အလုပ်နဲ့ပတ်သတ်ပြီး ရုန်းကန်လှုပ်ရှားနေရတဲ့ အလုပ်သမား တစ်ယောက်ရဲ့ ဘဝ နဲ့ တာဝန်ယူမှု အပိုင်းကို ဆရာသင်ပေးခဲ့တဲ့ အတွေ့ ကြုံတွေသုံးပြီး  ဖြတ်သန်းနိုင်ခဲ့ပါတယ် ။ အခက်ခဲတွေကြုံရတိုင်းစိတ်ဖိစီးမှုတွေ အားငယ်မှုတွေ ရှိခဲ့ပေမယ့်  စိတ်ခွန်အားတင်းပြီး ရုန်းကန်နိုင်ဖို့ ပျိုးထောင်ပေးခဲ့တဲ့ သူ့ကို ကျေးဇူးတင်လို့မဆုံးနိုင်တော့ပါဘူးလေ ။

%%%%%%%%%%%%%%%

အမှတ်တရနေ့တွေများထဲက တစ်နေ့ဖြစ်တဲ့ ဒီနေ့လေးမှာ ကျေးဇူးတင်ထိုက်သူတစ်ဦးအကြောင်းကို ရွာထဲက ကျွန်မဘဝတစိတ်တပိုင်းထဲမှာ ကျန်ရစ်နေစေဖို့ ရည်ရွယ်ပြီး အစီစဉ်တကျမရှိတဲ့ စာတိုလေးတပုဒ်ကောက်ရေးမိပါတယ် ။ အလုပ်ဝင်ခဲ့တာ (၇) နှစ်ပြည့်တဲ့ အထိမ်းမှတ်ကို ရည်ရွယ်သလို ၊ အရမ်းတော်တာတောင် လူပျိုဂျီးဖြစ်နေရတဲ့ အသက်လေးဆယ်ဝန်းကျင်  ကျွန်မဆရာကို သွယ်ဝိုက်ပြီး ကြော်ငြာဝင်သွားခဲ့ပါတယ်နော် … စိတ်ဝင်စားတဲ့ အပိုရီး ၊ အပိုလတ်၊ အပိုလေးတို့ ဆက်သွယ်ကြပါကုန် … ခိခိ ..   😆

 

Teacher-Cat

33 comments

  • nozomi

    February 22, 2013 at 5:11 pm

    ခါးသီး ခဲ့တဲ့ အတွေ့အကြုံတွေက နောင်တချိန်ကျ ပို ချို တတ်တယ်
    အဲဒီ အချိန်တုန်းကတော့ ထွေး ထုတ်ဘို့ပဲ စဉ်းစားနေခဲ့မိတာပေါ့

    ရွာထဲ အပိုကြီး ဖြစ်ကြောင်း ကြေငြာထားတာတော့ မတွေ့မိဘူး
    ဆိုင် မဆိုင်တော့ မသိ ဦးကျောက်လဲ လူလွတ်ကြီး လို့ ပြောတာပဲ
    မိတ်ဆက်ပေးကြည့်ပါလား

    • etone

      February 22, 2013 at 6:36 pm

      ဦးနိုရေ အူးကျောက်ကိုသိပ်မပြောရဲဘူး သူ့သက်ဆိုင်သူက ဖတ်မိလျှင်စိတ်ကောက်သွားဦးမယ်
      ဒီနှစ်ထဲ အစွံထုတ်မယ်ဆိုလား ဘာဆိုလားပဲ
      တော်ကြာ သူဘာသာသူ ဘူပိတ်နေတာ ပတ်ရမ်းခံနေရဦးမယ် :kwi:

  • မောင်တင့် တယ်

    February 22, 2013 at 5:36 pm

    အလုပ်မှာ ကျွမ်းကျင်လာရင်.. အလုပ်မှာ ပျော်တတ်တာကထုံးစံပါပဲ..
    ကျွန်တော် မောင်တင့်တယ်လည်း ထို ့နည်းလည်းကောင်းပါပဲ ခင်ဗျ…
    ဒါနဲ ့.. ဆရာ ကိုတော့ စိတ်ဝင်စားဘူး…
    (တပည့် ဆိုရင်တော့ တစ် ညိုးပေါ့ယေ.. ဟဲဟဲ..
    နောက်တာနော်..မောင့်တင့်တယ်က နတ် လူနဲ ့တည်းဝူး..ဟီး..)

    • etone

      February 22, 2013 at 6:48 pm

      တပည့်ကလည်း အပိုရီးပါချင့်
      နတ်လည်းမဟုတ် လူလည်းမဟုတ်ပါဘူး ကြောင်ပါချင့်
      ချိတ်ဝင်ဂျားလျှင်ပုစွန်ထုတ်ကြော်ဖြင့် တင်တောင်းပါ ခွိခွိ :harr:

  • Wow

    February 22, 2013 at 5:38 pm

    ခုတ်ရာတခြား ရှရာတလွဲတော့ဖစ်ပီ..
    အူးကျောက်နဲ့သာ မိတ်ဆက်ပေးလိုက်ပါအေ… :kwi:

  • ခင်ခ

    February 22, 2013 at 7:24 pm

    ကိုကျောက်တစ်ယောက်လည်း ဂဇက်ဆုံတွေ့ပွဲပြီး
    စန်းထနေပါလား။
    ကြည့်ရတာ ကိုကျေက်တို့ ခေတ်ဆန်းချိန်ရောက်ပြီနဲ့တူတယ်ဗျ။

  • မောင် ပေ

    February 22, 2013 at 7:45 pm

    ကကြီးကိုကို ဆရာပျို
    အသက်ကလေးက လေးဆယ်အို
    အပျိုတွေ ့တော့ ရွေးမယ်ဆို
    မနမမပေးပါဗျို

  • မောင် ပေ

    February 22, 2013 at 8:19 pm

    ကကြီးကိုကိုဆရာပျို
    အသက်ကလေးလေးဆယ်အို
    အပျိုကလေးရွေးမယ်ဆို
    မနမမပေးပါဗျို

  • garuda

    February 22, 2013 at 8:48 pm

    :eee: :eee: ဟမ်မလေး…ကြည့်လည်းလုပ်ကြပါအုံးဂျာ…..ကျောက်ကျောက်ချင်း တွေ့ရင် မီးပွင့်

    ကုန်မယ်နော :528: :528: :528: အင်း ဖူးစာရှိရင်တော့ ဘယ်တတ်နိုင်ပါ့ မလဲပေါ့နော်..နော်။

    ဒီအတိုင်းဆိုရင် ကျောက်ခေတ်လူသားကြီးတော့ စွံပြီဟေးးးးးး :harr: :harr:

  • kyeemite

    February 23, 2013 at 10:18 am

    မနှစ်က ၆နှစ်ပြည့်ပို့စ်လေးတင်တာသတိရမိပါတယ်…
    အဲတုံးက ကျွန်သက် ဆိုတဲ့အသုံးအနှုံးကြောင့် ကသိကအောင့်
    ကြီးဖြစ်လို့ အဲလိုမသုံးဖို့ပြောမိသေးမှတ်တယ်…..ဒီလိုပါပဲဗျာ…
    ကျနော်တောင် နက်ဖန်ထွက်တော့မယ် သန်ဘက်ခါထွက်တော့မယ်နဲ့
    ဒီအလုပ်မှာ၃နှစ်နဲ့ ၃လရှိလာပြီ…တတိယမြောက်အလုပ်ဆိုပါတော့…
    အခုတော့ နောက်ဆုံးဝန်ထမ်းအလုပ်လို့လည်းသတ်မှတ်ထားလိုက်ပါပြီလေ..
    အသက်ကလည်းဂိမ်းဘောဆိုက်ခါနီးပီမဟုတ်လား…..
    အမှတ်တရတွေ နှစ်ရှည်ပြီးပျော်ရွှင်အောင်မြင်ပါစေဗျာ… :hee:

    • etone

      February 23, 2013 at 11:04 am

      အဟီး .. အူးမိုက် မှိတ်မိတယ်တော့ … ဟုတ်ပါအိ ပြီးခဲ့တဲ့ နှစ်က တင်းတင်းနဲ့ ကျွန်သက်ခြောက်နှစ်တာ ဆိုပြီး ရေးခဲ့ဖူးပါတယ် .. ဒီနှစ်တော့ … စန်းထတဲ့ မြွေနှစ်ဖြစ်တာကြောင့် လူပိုရီးများ အစွံထုတ်ပေးမလားတွေးရင်း …. ကြော်ငြာ မိတွားပါအိ .. ခိခိ 😆

  • padonmar

    February 23, 2013 at 10:01 pm

    မဟုတ်မှလွဲရော
    တေးကလုံရဲ့ ဆရာက ဦးကျောက်ပဲ ဖြစ်ရမယ်။

  • kokothandar

    February 24, 2013 at 10:37 am

    ကိုယ်ဘဲစိတ်ဝင်စားလိုက်ပါတော့ ကျေးဇူရှင်ကို အချစ်နဲ့ ကျေးဇူဆပ်တာ တာဝန်ကျေရာရောက်ပါတယ်

    • etone

      February 24, 2013 at 4:11 pm

      သူတောင်းစားရဲ့ ခွေးစကားမပြောနဲ့ နင့်အစ်မတွေ ညီမတွေကိုသာ အဲ့နည်းနဲ့ ကျေးဇူးဆပ်ခိုင်း 👿

  • ဦးကြောင်ကြီး

    February 24, 2013 at 11:15 am

    လူပိုဂျီး
    အူတိုငြီး
    ဘူဆိုအီး
    ဂူလျှိုဟီး
    ဖြူအိုကြီး
    သူယိုပြီး
    ခြူလိုတီး
    ယူဂိုနည်း..။

  • ခိုင်ဇာ

    February 25, 2013 at 10:15 am

    Etone ရေ။ ဖတ်မိတာတော့ ရေးတင်တဲ့ နေ့ကတည်းကပါ။
    လာပြောတာ နောက်ကျလို့ ခွင့်လွှတ်ပါကွယ်။
    အမ လည်း ကိုယ့် ဂျုနီယာ ဘယ်လိုလာလာ ချေးမများတတ်ပေမဲ့ ကိုယ့် စီနီယာကိုတော့
    ကိုယ်လေးစားရတဲ့ Charactor, Attitude, Confidence, Skills, Responsibilities & Apperance တွေ ရှိစေချင်တယ်။ :mrgreen:
    ဒီလိုလူမျိုး နဲ့ အလုပ်လုပ်ရတာ ဘယ်လောက်စိတ်ချမ်းသာဖို့ကောင်းတယ်ဆိုတာလည်း ယှဉ်စရာရှိမှ၊ ကိုယ်တွေ့မှ သိတတ်တာမျိုးလေ။
    ညီမလေး ပထမဆုံးအလုပ်မှာတင် ဒီလို စီနီယာမျိုးရတယ်ဆိုတော့ ကံကောင်းပါတယ်ကွယ်။
    ဒီထက်ပိုပြီး အောင်မြင်ပါစေ။ စိတ်ချမ်းချမ်းသာသာနဲ့ အလုပ်ဆက်လုပ်နိုင်ပါစေ။
    အခက်အခဲတွေ့ရင်လည်း ကျော်လွှားနိုင်ပါစေ။ (ဒေါသလေးတော့ လျှော့ပါ Etone ရယ်။ :mrgreen: )

  • Ma Ei

    February 25, 2013 at 12:35 pm

    အိတုန်လေးရေ…
    မနှစ်က ၆ နှစ် ၊ဒီနှစ် ရ နှစ် အတော်ရင့်ကျက်လာခဲ့ပြီဘဲ…
    အန်တီအိ အလုပ်ဝင်စက လူသစ်ဆိုပြီး ပညာဝိုင်းပြကြတာ
    ညနေ အိမ်ပြန်ရောက်ရင် မနက်မသွားတော့ဘူးဆိုပြီး ငိုမိတယ်။
    မနက်ကျ ဘာလို့ အရှုုံးပေးရမလဲ ဆို အားတင်းပြီးသွားပြန်လာ ငိုလိုက်နဲ့…
    သူတို့ မလုပ်နိုင်လို့ ၂ နှစ်လောက် ဖယ်ထားတဲ့ စာရင်းကိုရှင်းပေးလိုက်တော့ ပိုဆိုးကြပြန်ရော …
    အဲ့ဒီမှာ ၂ နှစ်လောက်လုပ်ပြီးမှ ခု Co.,Group ကိုပြောင်းခဲ့တာ ကြာပြီ…ခုတော့
    အလုပ်မှာ ဆရာကောင်း၊လုပ်ဖော်ကိုင်ဖက်ကောင်းများနဲ့ တွေ့ပါစေ လို့ ဆုပေးတတ်တဲ့
    သဘောထားပြည့်ဝတဲ့ MD လက်အောက်မှာ အလုပ်လုပ်နေရပါတယ်…
    :528:

    • etone

      February 25, 2013 at 1:00 pm

      မမခိုင်ဇာ .. thank you ပါချင့် .. တမီး လျော့နေလျှက်နဲ့ကို … လွတ်လွတ်ထွက်ပြီး ၊ ထိန်းမနိုင်ဖြစ်နေတာ .. ဟီး … မလိမ္မာ အခါတရာ မိုက်ပါချင့် … :kwi: တရားထိုင်နေရင်းတောင် … ခြင်လာကိုက်လို့ ဒေါကွီးမိသူပါ … ဟီး :mrgreen:

      အန်တီအိရေ .. အရင်ကတော့ … ရုံးမတက်ချင်လွန်းလို့ နည်းမျိုးစုံသုံးပြီး ဆန္ဒပြဖူးတယ် ဒါပေမယ့်လည်း မရပါဘူး … ဆန္ဒပြတဲ့ လူကသာမောတယ် … လစာ တပြားမရလျှင်တောင် အလကား လုပ်ပါစေဆိုပြီး … အိမ်ကပို့ကြတာ … ကံများ ဆိုးချက်က လန်ထွက်လောက်အောင်ပါပဲ … 😥
      ဒါနဲ့ အန်တီ အိတို့ အလုပ်နေရာ ပြောင်းသွားပြီထင်တယ်နော် …

      • Ma Ei

        February 25, 2013 at 2:19 pm

        1.2.3 ပြင်နေတာ 4 ထပ်ကနေ 11 ထပ်ထိ ရုံးခန်းတွေ ရှိတယ်…
        အန်တီအိကတော့ Entity တစ်ခုကို ပြောင်းပြီးတာဝန်ယူထားရတယ်…
        အစ ဆိုတော့ အလုပ်များနေတာ၊ရုံးခန်းက 9 ထပ်မှာပါ…

        • etone

          February 25, 2013 at 2:44 pm

          အော .. အကုန်ပြန်လုပ်တာ မဟုတ်ဘူးပဲ .. ရှေ့က .. သံပြားတွေ ကာထားတော့ သမီးက .. အကုန်များ ပြန်ဆောက်သလားလို့လေ … ။

  • tester

    February 27, 2013 at 10:12 am

    ဘယ်သူမဆို ကွန်ပြစ်လို့ရပီလား?

    • etone

      February 27, 2013 at 10:17 am

      strange ဖြစ်တယ်နော်.. ကော့မန့် အခုရေ ဘယ်လောက်ရေးထားလဲ တွက်လို့မရဘူး … ကြယ်လေးလုံးလည်းပျောက်နေတယ် … ။ ဘာကြောင့်ပါလိမ့် … :bar:

      • tester

        February 27, 2013 at 10:37 am

        ကျွန်တော်က မန်ဘာမဟုတ်ဘူးဗျ
        အပြင်လူတွေလဲ မန့်လို့ရနေတယ်
        သဂျီးက သူ့စစ်စတန်ကို ပြောင်းထားတယ် ထင်တယ်
        မန်ဘာမဝင်တဲ့သူတွေ ပြောချင်ရာပြောဖို့နှင့်တူတယ်

        • etone

          February 27, 2013 at 11:05 am

          ဟုတ်ပါတယ် … မန်ဘာမဟုတ်ပဲ ကော့မန့် ပေးလို့ရအောင် လုပ်ထားပေးထားလို့ပါ … ။
          ခုနက ကျွန်မ လော့အင်မလုပ်ခင်က .. အဲ့လို မဟုတ်သေးတော့ မိနစ်ပိုင်းလေးတခုကြားမှာတင် မျက်စိလည်သွားတယ် … ။ ဒါ့ပြင် email ကလည်း ရိုက်ချင်တာ ရိုက်ထည့်လို့ ရတယ် ။ အခု browser သတ်သတ်တခုကနေ ဖွင့်ကြည့်မှ မန်ဘာမဟုတ်ပဲ ကော့မန့်ပေးလို့ရမှန်း သိသွားတာပါ ။

        • tester

          February 27, 2013 at 11:11 am

          သာမန်ပို့စ်တွေ အနေနှင့်တော့ လူတိုင်းမန့်တာ အရေးမကြီးပေမယ့်
          ရှယ်မယ်နော် ဆိုတာမျိုး ဝင်ပြောနိုင်တာ ကောင်းပေမယ့်

          ရွာဆူ ဆဲဆို ကြမယ့် ပို့စ်မျိုးဆိုရင်

          သူဂျီးရဲ့ နှစ်၁၀၀ဝ ကျိမ်စာ

          အေးလေ Private Only ပို့စ်ပဲတင်ပေါ့နော်…

        • etone

          February 27, 2013 at 11:15 am

          ဒီပို့စ်ကိုလည်း … ကလိပြီး မန်ဘာ only ပြောင်းကြည့်ဦးမယ် … မြင်ရသေးလား ..ဟပ်ချလောင်း … :kwi: browser တခုက ပတ်ချောင်းဦးမှ … ။

        • etone

          February 27, 2013 at 11:17 am

          ညင်ရဒေါ့ဝူးးးးးးးးးးးး မန်ဘာ အုန်းသီးပဲကွ ခိခိ :harr:

          ကလစ်ဖြုတ်ပေးလိုက်လျှင် ပြန်ညင်ရဘီ :mrgreen:

  • ဦး ကျောက်ခဲ

    February 27, 2013 at 11:38 am

    အဟိ ကူလီခေါင်းသင်တန်းတက်နေရလို့ ခုမှရွာထဲရောက်တယ်…
    ပြောရရင်တော့ ကျွန်သက် ၁၈နှစ်လောက်ရှိပြီပေါ့ကွယ်…
    တူမဆရာ လူပျိုကြီးကိုပြောလိုက်ပါ…
    ဦးကျောက်အိမ်ထောင်မကျသေးပဲ ရွှေပြည်ကြီးမှာ မိုက်ကြေးလာခွဲရင်…
    ကိုရီးယားသွားပြီး သွေးကြွေးဆပ်ပလိုက်မယ်လို့…
    :harr:

    • etone

      February 27, 2013 at 11:48 am

      ဆရာ လူပိုရီး က မြန်မာပါ … ကကြီး ဟုတ်ပါဘူး အူးကျောက်ရဲ့ … GM လုပ်တဲ့ ကကြီးက နှစ်သားကျ အိမ်ထောင်ချိတယ် :hee:

  • Novy

    February 27, 2013 at 3:05 pm

    မနိုလဲ အလုပ်လုပ်ရတာ အနှစ်၂ဝ လောက်ရှိပြီဆိုတော့
    တော်တော်လေးငြီးငွေ့နေပါတယ်
    ဒါပေမဲ့လည်း အလုပ်မလုပ်ဘဲအိမ်မှာပဲနေပါဆိုတော့လဲမနေနိုင်ပြန်ဘူး
    ဒီလိုပဲသံသရာ ရထားကြီးကို စီးနေမိတာပါပဲ…

    ဆရာလူပိုကြီးအတွက်တော့
    ၄ဝမပြည့်သေးတဲ့သူငယ်ချင်းအပိုကြီးရှိတယ်မိတ်ဆက်ပေးရမလား :harr:

    • etone

      February 27, 2013 at 3:38 pm

      မနိုရေ .. အနှစ် 20ဆိုတဲ့ အိတ်စပီးရီးယန့်က နည်းနည်းနောနော တော့ဟုတ်ဘူးပဲ .. ။ (ခန့်မှန်းခြေအသက်တွက်ရလျှင် မနို အတော် အရွယ်တင်ပါလား .. :mrgreen: ) အပြင်ထွက်ပြီး အလုပ်လုပ်နေရတာ ခေတ်နဲ ့မျက်ခြေမပြတ်ပဲ အမြဲတမ်းလိုလို အတွေ့ ကြုံဆိုတာမျိုးတွေ ရနေတာကြောင့် …ပင်ပန်းပေမယ့်လည်း သဘောကျပါတယ် ..။ အိမ်တွင်းအောင်းနေရတာ အပြင်ထွက် ပိုက်ဆံရှာဖို့မလိုပေမယ့် … အိမ်အလုပ်ကိစ္စတွေနဲ့ ချည်း တအိအိအချိန်ကုန်နေမှာလည်း ကြောက်တယ် ။ အခုကတော့ သွက်လတ်နေတုန်း လုပ်စားနိုင်တာ မသိသာပေမယ့် … အလုပ်မလုပ်နိုင်တော့တဲ့ အချိန် ထိုင်စားနိုင်ဖို့ … ခုကတည်းက ရုန်းကန်ရတော့မယ်လေ … အပိုရီးဖြစ်နိုင်ခြေ ရာခိုင်နှုန်း များနေတာကိုး … ခိခိ … 😆

      မနိုရေ … အပိုရီး လူပိုရီးစွံ ဖို့ အရေး … ကမာ္ဘကြီးပိုလှသွားအောင် အကျိုးဆောင် လုပ်ပေးလိုက်လျှင် ကောင်းမလားပဲ .. ခွိခွိ ။ :harr:

  • mamanoyar

    February 27, 2013 at 4:23 pm

    အဲ မမအိတုန် အပိုရီး ၊အပိုလတ်၊အပိုလေးတို့က
    ဘယ်လိပ်စာကို တွားဆက်တွယ်ရမှာဒုန်းးးးးးးးးးးးးးးးးး :kwi:

    • etone

      February 27, 2013 at 4:26 pm

      အင်ကွာရီ များလာလျှင်တော့ သူ့ ဖွဘုတ်လင့်ကောက်တင်ပေးလိုက်ရင် ကောင်းမလားပဲ .. ခွိခွိ …ပို့မယ့်ပို့ ကူးတို့ ရောက်အောင် ပို့မလို့ …….. ။ 😆

Leave a Reply