ညရဲ ့ဘဝ

Nan ShinFebruary 22, 20131min1042

 

 

လှပတဲ့ညတွေထဲကို

ဘဝမလှတဲ့ ညဟာ ဈေးရောင်းထွက်ခဲ့…

ညကဆိုင်ကယ်ကိုစီးပြီး

ဆိုင်ကယ်က သူ ့အလှကိုစီးတယ်..။

 

ပါသွားတဲ့ နှုတ်ခမ်းနီနဲ ့

မိတ်ကပ်ခပ်ပါးပါးကို ချဖျောက်နိုင်ခဲ့လို ့

အမေအိုနဲ ့ဒုက္ခိတမောင်ငယ်အတွက် မုန်းဟင်းခါးနှစ်ပွဲ

အဖမဲ့သားလေးအတွက် နို ့ဗူးတစ်ဗူး..

ခပ်ပျော့ပျော့ရင်ကို ကော့ပြီးဝယ်လာခဲ့တယ်…။

 

ကြာကြာမကော့နိုင်ရှာပါဘူး

အလုပ်ဒါဏ်က ပြင်းလွန်းတော့ ခပ်ညွန် ့ညွန် ့လေးပြန်ငြိမ်ရင်း

ညအလှမှာ ဘဝမလှတဲ့ အလှအပကိုချပြဖို ့

ဈေးဘန်းပြင် အိပ်စက်လိုက်လေရဲ ့…။

 

နန်းရှင်

 

2 comments

  • မောင် ပေ

    February 23, 2013 at 9:01 pm

    22.2.2013 ည ၉နာရီလောက်မှာ
    မန်းတလေး ၂၆ဘီလမ်း ၊ စွမ်းဟော်တယ်ထောင့်မှာပေါ့
    ကညာတစ်ဗွေ ဆိုင်ကယ်အနောက်က စီးလာပြီး ၊ ဘယ်ပျောက်သွားမှန်းမသိဘူး
    ကိုနန်းရှင် ကဗျာကို ဖတ်ရင်း ပြန်သတိရမိသွားလို ့ပါ

Leave a Reply