နင် လျှောက်မယ့် လမ်းကလေး… ငါ့ အသည်းနဲ ့ ခင်းပေးချင်တယ်….

alinsettFebruary 22, 20131min15613

( ကျွန်တော် ချစ်သော… မိုး…သို ့…)

ယောက်ျားတစ်ယောက်..သူ ့ချစ်သူမိန်းမ ဆီက..ရနိုင်တဲ ့ ( သွေးသား ကိစ္စ )

တစ်ခုလောက်အတွက်နဲ ့….နင့်ကို ငါ ချစ်ခဲ့တာ မဟုတ်ဘူး ။

ငါ့မသိစိတ်က နင့်ကို….တွယ်တာ မက်မော လွန်းစွာနဲ ့….ပိုင်ဆိုင်လိုစိတ်တွေ တဖွားဖွား ဖြစ်နေပေမယ့်…..

ငါ့ ရဲ သိစိတ် ထဲမှတော့…နင်ဟာ….

မချစ်သင့် မချစ်ထိုက်တော့တဲ ့ မိန်းမတစ်ယောက်ပဲ..လို ့ တောင်…တွေးမိသေးတယ် ။

ငါ့အသိစိတ်ထဲမှာ…နင်ဟာ…ငါ့အချစ်နဲ ့ မထို်က်တန်တာလား …

ငါဟာ..နင့်အချစ်နဲ ့ မထိုက်တန်တာလား…ဆိုတဲ ့ မေးခွန်းတွေ… ပလူပျံနေတယ် ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

နင်..ငါ့အပေါ်မှာ….. အနိုင်ယူလွန်းတယ် ။

အဲဒါက်ို သိသိကြီးနဲ ့…ငါကလည်း…

အညံ့တကာ ခံ ပြီး…နင့်ကို…မုန်းပစ်လိုက်ချင်လာတဲ ့ ငါ့စိတ်ကို…ငါ…

ပြန်ပြန်…သတ်ပစ်နေရတာပါ ။

နင်..ဘာလို ့..ငါ့ကို..နားမလည်တာလဲ…

နင်..ဘာလို ့….ငါ့ကို… အပြစ် အမျိုးမျိုး.ရှာတာလဲ…

နင်…ဘာလို ့…ငါ့ အချစ်ကို..စော်ကားတာလဲ….

နင် …. ဘာလို ့…ငါတို ့.ရှေ ့ရေး အေးချမ်းသာယာမှု ဆီကို..မဦးတည်တာလဲ….

နင်…ဘာလို ့….ဆူညံပေါက်ကွဲမှုကို…… ဖန်တီးချင်ရတာလဲ…

နင်…ဘာလို ့…. ငါနဲ ့..ရန် ဖြစ်ချင်ရတာလဲ….

တကယ်တော့…..

နင့်ကိုငါ…..

အမှန်အကန် ကြီး..ချစ်ခဲ့တာပါကွ….

နင့် ဘက်က..ပြန် ချစ် / မချစ်…မသေချာသေးတဲ ့ အချိန်မှာကတည်းက….. နင့်ကိုငါ… အရုူးအမူုး.ဖြစ်ခဲ့တာပါ ။

နင် ့ကို…. ဘာမျှော်လင့်ချက်မှ မပါဝင်တဲ ့အဖြူထည် သန့်သန် ့ ချစ်ခြင်းနဲ ့…ပေးဆပ်ဖို ့… အဆင်သင့် ဖြစ်နေခဲ့တာပါကွ။

နင်…အချစ်ဆိုတာကို..ဘယ်လောက် နားလည်ထားလဲ….

နင်..နားလည်ထားတဲ ့ အချစ်ဆိုတာက…….

ရင်ခုန်မှု / ပျော်ရွှင်မှု ဆီကို ဦးတည်သွားခြင်း…လောက်ပါပဲ ။

ငါက….

အချစ်ဆိုတာ…ငါ့ဘဝ အတွက်… အရေးပါတဲ ့ အစိတ်အပိုင်းကြီးတစ်ခု လို …. တန်ဖိုးထား…ခဲ့တာ ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@2

နင်လိုချင်သမျှတွေကို…. ဖြည့်ဆည်းပေးဆပ် ဖို ့…..

အမြဲ.. အသင့်ဖြစ်ချင်နေခဲ့တာပါ ။

အဲဒါ….

နင့်ကို ချစ်လွန်းလို့ပါ ။

နင့်ကို…..ချစ်တဲ ့စိ်တ်နဲ ့… ငါ..အသက်ရှင်နေတယ် ။

နင်..ငါ့ကို… မညှာမတာ စွပ်စွဲ ပုတ်ခတ် စော်ကားနေချိန်တွေမှာတောင်…….နင့်ကိုချစ်တဲ ့ ငါ့အချစ်က…

တစ်ရွေးသား မလျော့ ခဲ့ပါဘူး ။

နင်ငါ့ကို…. တစ်ဖက်သက် စွပ်စွဲချက်တွေနဲ ့..ထိုးနှက်တိုက်ခိုက်…ပြီး..ရစရာမရှိလောက်အောင်…ရက်စက်နေချိန်မှာ….

နင်ငါ့ကို..ဘယ်လို စ်ိတ်မျိုး..ထားခဲ့သလဲ….

ငါကတော့…….

နင်..ငါ့ကို… တစ်နေ့နေ့တော့..နားလည်လာမှာပါလေ..ဆိုတဲ ့ စိတ်ကလေးနဲ ့………. ကြည်ဖြူလျက်…ပဲ ။

( စိတ်မကောင်းတော့ဖြစ်တာပေါ့ ။ )

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@2

ငါက…..အချစ်ကို…ကိုးကွယ်တယ် ကွ ။

ငါ့ အချစ်က လည်း..နင်ပဲ…ဆိုတော့….

ငါ ကိုးကွယ်တာ… နင်ပေါ့ ။

နင့်အရှေ ့မှာ…ငါ… နင်ပြောသမျှ ငုံ့ ခံပြီး…. ယောကျာ်းမာန ဆိုတာတွေကိုတောင်…နင်….နင်းခြေဖို ့….ချ ခင်းပေးထားခဲ့တဲ ့ငါ့ကို

နင်….ခပ်ညံ့ညံ့ကောင်တစ်ကောင်လို ့…ထင်နေသလားးးးး

နင်..ဘယ်လို..ထင်ထင်..ငါ ဂရုမစိုက်ခဲ့ပါဘူး ။

ငါက…နင့်ကို…ချစ်နေဖို ့ပဲ… သိခဲ့တာ ။

နင့်ကိုငါ ချစ်တဲ ့အချစ်တွေ….ဘာအကြောင်းနဲ ့မှ…လျော့မသွားဖို ့ပဲ..ငါစဉ်းစားခဲ့တယ် ။

နင်က…..ငါ့အသည်းနှလုံးကို..တတိတိ ကိုက်ဖဲ့ စားသောက်နေတဲ ့ ကဝေတစ်ကောင်လို …..

ကြောက်မက်ဖွယ်ရာ….ဖြစ်နေပါပြီ ။

အဲဒါက်ို..ငါက သိပါတယ် ။

ဒါပေမယ့်….ငါက….နင်…စားမယ်ဆိုရင်….. ငါ့အသည်းကို…..ငါကိုယ်တိုင်….ဓါးနဲ ့ခွဲ…..

ဆွဲနှုတ် ပြီး…ချက်ပြုတ် ကျွေးမွေး ဦးမှာပါ ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@22

နင့်အတွက်….

ငါ ဘာလုပ်ပေးရမလဲ….လို ့…ငါအမြဲတွေးနေမိပါတယ် ။

နင်..ငါ့က်ို…စိတ်ဆိုးတဲ ့အခါတိုင်း…….

နင့်အရှေ ့မှာ..ဒူးထောက် ပြီး…..

ကျေနပ်ပါကွယ်..လို ့….. ပြောဖို ့ ဝန်မလေးခဲ့ပါဘူး ။

ငါက..နင့်အတွက်ဆို….. ဘယ်လောက် ရှံ ုး ရှုံ း….ရှံ ုး ရဲတယ် ။

နင် ငါ့ကို… ဘယ်လို အသုံးချမလဲ……

လုပ်လိုက်စမ်းပါ ကွာ….

ရက်စက်မလား….

သတ်ဖြတ်မလား….

ကစားမလားးးးး

လှည့်စားမလား…..

နင့် ငါ့ကို ပေးလာမယ့်အရာ မှန်သမျှ….ကို….

နင် ပေးတာ ဆိုတဲ ့ စိတ်နဲ ့..ငါ…ကျေကျေနပ်နပ် ခံယူဖို ့… အသင့်ပဲ…။

ငါ့အချစ်က….

အဲဒီလို ….။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@2

တချို ့ ကိစ္စတွေမှာ….

နင်နဲ ့ငါ…

နားလည်မှုတွေ…. အကြီးအကျယ် လွဲခဲ့ကြတာပေါ့ ။

နင်..မကျေနပ်လောက်စရာ…. အပြုအမူတွေလည်း…. မကြာခဏ ငါ လုပ်တတ်တာကိုးးးးးး

ငါက ထော်လော်ကန့်လန့်ကောင်ပါ ။

ဘယ်ထောင့်က ကြည့်ကြည့်..ငါက..အဆင်မပြေတဲ ့….

ထောင့်မကျိုးကောင် ပါ ။

ငါ့ကို…နင်…

လမ်းပြ ပြုပြင်ပေးမယ့်အစားးးးးးးးး

ပက်ပက်စက်စက် ထိုးနှက်တိုက်ခိုက်တယ် ။

ရက်ရက်စက်စက်..ချေမွှ ဖျက်ဆီးလို ့မဝ…

ငါ့ဘဝက..နင့်လက်ထဲမှာ..တော့…. ရေမဲ ့ငါးတစ်ကောင်..ဖြစ်နေတယ် ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

နင်..မသိ ဘူးနော် ။

နင့်ကို..ငါ…..ဘယ်လောက်…. ချစ် သလဲ…..ဆိုတာကို….

ယောက်ျားတစ်ယောက်..သူ ့ချစ်သူမိန်းမ ဆီက..ရနိုင်တဲ ့ ( သွေးသား ကိစ္စ )

တစ်ခုလောက်အတွက်နဲ ့….နင့်ကို ငါ ချစ်ခဲ့တာ မဟုတ်ဘူး ။

ငါနင့်ကို….. ချစ်တဲ ့အချစ်တွေကို…

ဖော်ပြဖို ့…စကားလုံး..မရှိဘူး ။

လောလေဆယ်..ငါ့အချစ်တွေကို…. ဖွဲ ့ဆို ပြဖို ့…..

အနီးစပ်ဆုံးတူညီသလိုလို ရှိ တဲ ့ သီချင်းလေးတစ်ပုဒ်…ကိုယ် ဖွင့်ပြမယ် ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကျေးဇူးပြုပြီး ဒီသီချင်းလေးကို နားထောင်ပေးပါနော် ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

သီချင်းကို..

နားထောင်ပြီးပြီလား ။

ဒါဆိုရင်….. အဲဒီ သီချင်းထဲမှာ ပါတဲ ့ စာသားတွေ ကို…..နက်နက်နဲနဲ ထပ်….ပြန် ခံစား / တွေးလိုက်ပါဦး ။

နင်..အဲဒီ သီချင်းကို..နားထောင်ပြီးးးးး အဲဒီ စာသားတွေကို…. ခံစားပေးနေချိန်မှာ…… ငါလည်း.တွေးနေတယ် ။

ငါ့ကိုယ် ငါ….မေးတဲ ့မေးခွန်းတွေနဲ ့…..

အတွေးတွေ..နဲ ့ ချာလည်ပတ်ရမ်းနေတယ် ။

ထပ်ပြောမယ်နော် …။

ငါ..တွေး နေတယ် ။

ငါ့ကိ်ုယ်ငါ..မေးနေမိတယ် ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ငါ ဟာ…. နင့်အချစ်နဲ ့ မထိုက်တန်တာလား …..

နင်ဟာ… ငါ့အချစ်နဲ ့ မထိုက်တန်တာလား……….

*************

နင် ဟာ… ငါ့အချစ်နဲ ့ မထိုက်တန်တာလား…….

ငါဟာ…. နင့်အချစ်နဲ ့ မထိုက်တန်တာလား ……

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

( တကယ်လို ့…. ဒီ အဖြစ် အပျက် / ဒီစကားလုံးတွေ နဲ ့… ထပ်တူ ညီမျှ ခံစားနေရတဲ ့ မိတ်ဆွေတွေ က…

ဒီ စာကို.. အစ ကနေ အဆုံးထိ… စာလုံးတစ်လုံးမှ မကျော်ပဲ… အသံခပ်ပြင်းပြင်းနဲ ့ ဖတ်စေချင်ပါတယ် ။

အဖြစ်ချင်း ..မတူပဲ..နဲ ့… ရသမြောက်မြောက် ခံစားတတ်သူတွေ ဆိုရင်လည်း…

အသံထွက်ပြီး… ဖတ်စေချင်ပါတယ် ။ ဘာလို ့လဲ..ဆိုတော့…

ဖတ်ကြည့် ရင်..သိမယ်ပေါ့နော် ။ )

လေးစားစွာဖြင့်….

အလင်းဆက်

13 comments

  • Mobile

    February 23, 2013 at 3:19 am

    ကိုယ့်ပေါင်ကို လှန်ထောင်းတဲ့ အလင်းဆက်ရေ…..
    ချစ်သူမိန်းမ ဆီက..ရနိုင်တဲ ့ ( သွေးသား ကိစ္စ ) ဆိုတာ ဘာကိုပြောတာလဲဗျ။
    ထင်တာကို ရမ်းချရမယ်ဆိုရင်ဖြင့် တော်တော်များများ လူသားတွေ ချစ်တယ်ချစ်တယ်
    တဖွဖွပြောနေကြဒါကတော့ ခင်းဗျားပြောတဲ့ သွေးသားကို တစ်နည်းမဟုက် တစ်နည်းတော့
    ပါပေလိမ့်မယ်။ ချစ်ကြတဲ့ လူများ မှာလဲ တော်တော်များများ ရှိပေလိမ့်မည် (သို့) လက်ထပ်ပြီးကြတဲ့လူတိုင်း
    ခင်းဗျားပြောတဲ့ ကိစ္စ ကိုပေါ့ဗျာ လုံးဝ ဥပုဒ်စောင့်တယ် ဆိုတဲ့လူရှိရင် မြင်ဘူးချင်လှတယ်……….

  • မဟာရာဇာ အံစာတုံး

    February 23, 2013 at 10:32 am

    ဟဲ့ ….
    အသံ ခပ်ပြင်းပြင်းနဲ့ ဖတ်လို့ ဖြစ်မလား …
    ဘေးက လူတွေက ဝိုင်းဟားကြမှာပေါ့ ….
    တကယ်ဘဲ …. ဂလောက်တောင် မသိဘူးလား …
    အဲ့ဒါဂျောင့် … အိုက်လို ဖြစ်နေတာ နေမှာ … ဟဲဟဲ …
    :harr:

  • ဦးကြောင်ကြီး

    February 24, 2013 at 11:50 am

    ပေါင်လှန်ထောင်း
    ရောင်ပြန်ဖောင်း
    မောင်နှံချောင်း
    ကောင်စံလောင်း
    အောင်သံဝေါင်း
    နောင်ဖျံခေါင်း
    ဆောင်မှန်ပြောင်း
    ကြောင်ကံကောင်း..။

  • Traditional

    February 24, 2013 at 3:26 pm

    Rap စာသား အလန်းဆုံးတွေနဲ့ စိုင်းစိုင်းလင်းဆက် ပါ ခင်ဗျာ

  • garuda

    February 24, 2013 at 5:29 pm

    လူကိုယူပါ…အသည်းကိုချမ်းသာပေးပါ..

  • ရာမည

    February 24, 2013 at 7:23 pm

    တစ်ခုလောက်မေးချင်ပါတယ်
    ဖျက်ထားတာက စာမူပိုင်ရှင်လား ဒါမှမဟုတ်
    အယ်ဒီတာလား
    ဖျက်လောက်အောင်မရိုင်းဘူးထင်တယ်

  • အလင်းဆက်

    February 24, 2013 at 7:31 pm

    ရာမညရေ…
    စာသားကို ဖျက်ထားတာ..
    ကျွန်တော်ကိုယ်တိုင်ပါပဲ ။
    ကျွန်တော် ့..သဘောနဲ ့ကျွန်တော် ဖျက်ထားတာပါ ။
    အပြီးသတ် ဖျက်လိုက်ရင်လည်း…မရလို ့…
    ဒီအတိုင်း.. လုပ်လိုက်တာပါ ။
    ထွင်တာပေါ့ဗျာ ..။
    :kwi:

  • garuda

    February 25, 2013 at 2:41 pm

    ချစ်ဖူးတယ်…ချစ်ဖူးတယ်…အိုမလွယ်ဘူးရူးနိုင်တယ်..အို့…အိုး..အို့…အို.အို..အိုး….ဂစ်..

    • garuda

      February 26, 2013 at 2:57 pm

      ဂစ်ဆိုတာ….နာဂစ်နဲ့ကြုံသွားလို့ပါ…

  • mamanoyar

    February 27, 2013 at 10:43 am

    အချစ်ကြီးသူ ကြီးပေါ့……….. အလင်းဆက်က

  • Anonymous

    February 27, 2013 at 7:31 pm

    သိပ် ဟုတ်တာပေါ့ဗျာ..။
    ဟက်..ဟက်…
    🙂

  • အလင်းဆက်

    February 27, 2013 at 7:32 pm

    အဟက်..
    ဘာများပါလိမ့်လို ့.. စမ်းကြည့်လိုက်စမ်းမယ်..။
    လာလေရော….

Leave a Reply