အဝေးအနီး……………………

1  အဝေးထိလှမ်းကြည့်လိုက်တော့
1 အဝေးဆီလှမ်းကြည့်လိုက်တော့
2အဝေးမှာစေတီနဲ့တောင်တန်း
2အဝေးမှာစေတီနဲ့တောင်တန်း

 

အဝေးအနီးးးးးးးးးးးးးးးးးးးးးးးးးးးးးး

 

 

 

သခင်မတောင်လို့ အမည်တွင်တဲ့မယ်အုတောင်ပေါ်ကို အဖော်အပေါင်းတွေနဲ့ရောက်ခဲ့ပါတယ်။

ငယ်ငယ်ကတော့ပွဲတော်ကျင်းပတဲ့အချိန်မှာသာရောက်ခဲ့ဘူးတာပါ။

အဲဒီတုန်းကတော့ တောင်တက်သူတွေနဲ့စည်စည်ကားကား။

ပွဲတော်ချိန်ဆိုတော့ သရဖီပန်းရနံ့လေးများကလဲတသင်းသင်း။

အခုကျနော်ရောက်ချိန်ကတော့ တပို့တွဲလပြည့်ခါနီးအချိန်။

ရွက်ဟောင်းစွန့်လို့ရွက်သစ်လောင်းချိန်။

တစ်တောင်လုံးရွက်ကြွေတွေနဲ့ဖုံးလွှမ်းလို့နေပါတယ်။

3 မြူတွေဆိုင်းနေသော
3 မြူတွေဆိုင်းနေသော

 

4 အလွမ်းပြိုင်နေသလိုလို
4 အလွမ်းပြိုင်နေသလိုလို

 

 

တဖြည်းဖြည်းနဲ့တောင်ပေါ်ကိုတက်လာတဲ့အခါ ဟိုးအဝေးကမြင်ကွင်းတွေကိုမြင်လာရပါတယ်။

အမြင့်ကိုရောက်ချိန်မှာ ဘေးပါတ်ဝန်းကျင်ကိုတပြန့်တပြောကြီးမြင်ရတဲ့အရသာက ဘာနဲ့မှမတူပါဘူး။

နေ့စဉ်နဲ့အမျှ မွန်းကျပ်ဆူညံတဲ့ပါတ်ဝန်းကျင်ကနေ တိတ်ဆိတ်အေးချမ်းသော

သန့်ရှင်းလွတ်လပ်သော နေရာဒေသကိုရောက်တဲ့အခါ စိတ်တွေကလဲ အလိုလိုအေးချမ်းလို့လာပါတယ်။

ဒီသခင်မတောင်ပေါ်ရောက်တော့ မြောက်ဘက်မှာ မိုးကုတ်မြို့ကိုသွားတဲ့လမ်းနဲ့တောင်ကြီးတစ်တောင်။

အနောက်ဘက်မှကတော့ ဂူဘုရားလေးနှစ်ဆူနဲ့တောင်ကတုံးတစ်ခု.။

အရှေ့ဘက်မှာတော့ရွှေရောင်ဝင်းနေတဲ့စေတီ.။။

တောင်ဘက်ခြမ်းမှာတော့ ကျနော်တို့လာခဲ့ကြတဲ့ ဖုန်ထူထူလမ်းကလေးနဲ့ လယ်ကွင်းပြင်တွေထန်းတောတွေ။

မြင်မြင်သမျှနေရာတွေကလွမ်းစရာ။

5 အဝေးမှာစေတီ
5 အဝေးမှာစေတီ

 

 

6မူန်ရီမိူင်းပြ
6မူန်ရီမိူင်းပြ

 

7 အနီအဝါ အစိမ်း
7 အနီအဝါ အစိမ်း

 

8 ဝိုးတဝါး
8 ဝိုးတဝါး

 

9 အဝေးမှာယာခင်းစိမ်းစိမ်း
9 အဝေးမှာယာခင်းစိမ်းစိမ်း

 

10လွမ်းမောဘွယ်ရာ
10လွမ်းမောဘွယ်ရာ

 

 

အဝေးအနီးမြင်မြင်သမျှက အလွမ်းဓါတ်ကိုပံ့ပို့းပေးနေသလိုပါဘဲ။

တစ်ခေါက်လောက်အရောက်သွားကြည့်လိုက်ပါလား။

 

ကိုပေါက်လမ်းသလားနေသည်

26-2-2013

22 comments

  • Wow

    March 1, 2013 at 12:19 pm

    ဒါနဲ့ ထီးအရောင်ပြောအုံးလေ လေးပေါက်…
    ဘာရောင်ဆောင်းသွားရမှာလဲ.. :mrgreen:

    • ခိုင်ဇာ

      March 1, 2013 at 12:23 pm

      လိမ်မော်ရောင်လေး ဆောင်း။ :mrgreen:

      • Wow

        March 1, 2013 at 1:53 pm

        လိမ်မော်နောက်ခံမှာ စတော်ဘယ်ရီရောင် ပန်းပွင့်ဒွေဆိုရင်ကော.. :mrgreen:

        • လိမ္မော်ရောင်နောက်ခံမှာ စတော်ဘယ်ရီသီးနီနီလေး ဆို ထင်းကနဲ့ရှင်းကနဲ

        • Wow

          March 1, 2013 at 2:18 pm

          ကျွဲဒွေနွားဒွေ ထင်းကနဲ မြင်ရမှာနော်.. :mrgreen:

    • ဝါစိမ်းနီ ဆောင်းသွားရင် သစ်ပင်တွေနဲ့ရောပြီးထီးဆောင်းမှန်းတောင်လူသိမယ်မထင်ဘူးဖြစ်သွားမယ်အေ့

  • ဗုံဗုံ

    March 1, 2013 at 12:35 pm

    တစ်ကယ်ဘဲနော် တစ်ကယ်လွမ်းစရာကြီး အဲ့လိုတောတောင်တွေ မြင်ရရင် စိတ်က သူတော်စင်စိတ်မို့လားမသိဘူး တောထွက်ချင်စိတ်ပေါက်ပေါက်သွားတယ် :mrgreen: တော်သေးတယ် ဖေပေါက်တို့သွားတုန်းက မိဗုံမရှိလို့ အိုက်ဆီကို လိုက်ခဲ့မိရင် မိဗုံကို ပြန်ခေါ်လို့တောင်ရမှာမဟုတ်ဘူး :harr:

  • ညည်းအဲလိုပေါက်ကရပြောတတ်ရင် အဲဒီကိုသွားရင်ညည်းခေါ်သွားလို့မရ။
    တော်ကြာ မပြန်ရဘူးဆို ငါတို့ပါ နေ နေရမယ်အေ့

    • ဗုံဗုံ

      March 1, 2013 at 1:18 pm

      (တော်ကြာ မပြန်ရဘူးဆို ငါတို့ပါ နေ နေရမယ်အေ့) ကောင်းသားပဲ ဖေပေါက်ရဲ့ ပေါက်ပေါက်နတ်ဆိုပြီး နတ်တစ်ပါးထပ်တိုးသွားတာပေါ့ :harr: :harr:

  • Ma Ei

    March 1, 2013 at 2:54 pm

    ရောက်ဖူးချင်စရာနေရာလေးဖြစ်ပေမင့်
    တက်ရမယ့် လှေကား မြင်လို့
    လက်လျှော့လိုက်ပါတော့မယ်…

  • မအိရေ အခုမြင်ရတဲ့လှေကားက မတက်ဘဲ
    ဘုံကိုးဆင့် ဆို်င်းဘုတ်လေးနားကနေ မြေလမ်းအတိုင်းလာပြီး တောင်ဘက်က တက်ရင် ဒီလောက်
    မမတ်တော့ဘူး။
    ကျနော်တို့က တောင်ကို တစ်ပါတ် ပါတ်ချင်တော့ ကျားတွင်းက တက်လိုက်တော့ အမြင့်တက်လိုက်ရတာ။

  • မောင် ပေ

    March 1, 2013 at 7:54 pm

    အဝေးအနီး
    ကလေးခရီး
    မပြေးမပြီး
    တစ်သွေးတစ်ဖီး

  • ရွှေတင်မောင်

    March 1, 2013 at 10:22 pm

    လွမ်းစရာ ကောင်းတဲ့ မြင်ကွင်းတွေကို
    အနီးကြည့် အဝေးကြည့်နဲ့
    လွမ်းတွားဘာဂျောင်းးး
    ခုလို လွမ်းရဘဒေါ အကျိုးအားဂျောင့် X X X X X X X

  • ရက နဲ့ ရဘ ကို မန္တလာမြေမှာဆုံပေးပြီး

    တူနှစ်ဖြာ ဂဟေဆက် ရွှေလက်ခိုင်ခိုင်တွဲပြီး

    တော်ပြီပြောချင်တော့ဘူး

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 2, 2013 at 3:15 am

    ဘဂျီးပေါက်က ခုတစ်လော ကြောင်ကြောင်ကျားကျား ပုံဒွေအားကြီးတင်တာပဲ…
    ကျုပ်တော့ဖြင့် ဒီလိုပုံတွေရဲ့ အရသာကို မခံစားတတ်ဖူးဗျ……………..

  • ကျုပ်ဖြင့်ဒီလိုကြောင်ကြောင်ကျားကျားသစ်ပင်လိုချင်လို့ အဲဒီတောင်ပေါ်ရောက်အောင်သွားရတာ
    ထပ်လာအုံးမယ် ဒီလိုပုံမျိုး

  • ရွှေ ကြည်

    March 2, 2013 at 3:17 pm

    အမြင့်ကိုရောက်ချိန်မှာ ဘေးပါတ်ဝန်းကျင်ကိုတပြန့်တပြောကြီးမြင်ရတဲ့အရသာက ဘာနဲ့မှမတူပါဘူး။
    ………………………………………..
    ထောက်ခံပါ၏ ရွှေကြည်လည်းအရမ်းသဘောကျပါ၏ ပထမဆုံးပုံက အုတ်လေကားလေးကိုသဘောကျပါ၏။

  • Mr. MarGa

    March 2, 2013 at 8:54 pm

    သွား…………..ဦး……………………….မယ်
    အားခဲကာ ထားပေမင့်
    မြင်သာမြင်ရ မကြင်ရတာ ကြာပေါ့
    လွမ်းမိပါသေးတယ် အိမ်ရှေ့မင်းကို
    သခင်မတောင်ကို ရောက်အောင် သွားဦးမဗျ

  • ဦးမာဃ
    အဲဒီလမ်းကို မင်းနေ့တိုင်းသွားတာပါဟ။
    ဆိုင်ကယ်လက်ကိုင်လေးကိုအရှေ့ဘက်ကွေ့လိုက်ရင်ရောက်ပြ။ီ
    ကျောင်းတစ်ရက်လောက်ပြေးလိုက်လို့ ဘာမှမဖြစ်ပါဘူးအေ့

    • Mr. MarGa

      March 3, 2013 at 5:17 pm

      အဟိ
      လေးပေါက် သိဘူးနော်
      ကျွန်တော်က ကျောင်းကားနဲ့ သွားတာ
      နေ့တိုင်းဆိုင်ကယ်နဲ ့သွားရရင် ပင်ပန်းလွန်းလို့
      တစ်ရက်ရက်မှ တကူးတက သွားတော့မယ်ဗျာ

Leave a Reply