အိမ်ထဲက အိမ်လေး

            မြန်မာနိုင်ငံမြေပုံကို ကျွန်တော်အိမ်တစ်လုံးထဲမှာ ထည့်ကြည့်မိတယ်။ တိုင်းနဲ့ပြည်နယ် ၁၄ခုမှာ နေထိုင်တဲ့ မျိုးနွယ်ကြီး ၈ခုအပါအ၀င် အားလုံးသော တိုင်းရင်းသား မျိုးနွယ်စုတွေ တစ်စည်းတစ်လုံးနဲ့ နေနိုင်တဲ့ အိမ်မျိုးမှာပေါ့။

ကျွန်တော့ရဲ့ အိမ်မှာ ပြတင်းပေါက်ကြီးကြီး၊ တံခါးပေါက်ကြီးကြီးတွေ ရှိ တယ်လေ။ ဒီတော့ အိမ်ထဲမှာနေတဲ့သူတွေအားလုံး လေကောင်းလေသန့်ကို အပြည့် အ၀ ရလို့ အသက် ၀၀ရှူရတယ်၊ နေရောင်ခြည်အလုံအလောက်ရလို့ နွေးနွေးထွေး ထွေးနေနိုင်လေရဲ့။ ပြောရရင်တော့ ဗျာ… နွေးထွေး ချောင်လယ်တဲ့ ဘ၀လေးနဲ့ အား လုံး အဆင်ပြေပြေ နေနိုင်ခဲ့တယ် ဆိုပါတော့။

ဒါပေမယ့်လဲ ကောင်းကွက်တစ်ခုရဲ့ နောက်ကွယ်မှာ ဆိုးကျိုးဆိုတာက ရှိ တက်စမြဲပဲလေ။ ပြတင်းပေါက်ကြီးကြီး၊ တံခါးပေါက်ကြီးကြီးတွေရှိချင်းရဲ့အကျိုးဆက် အနေနဲ့ကတော့ အိမ်ထဲကို အပြင်က အမှိုက်တွေ ဖုန်တွေ ဒလဟော ၀င်လာတာ ခံခဲ့ရလေရဲ့။ ၀င်လာလိုက်တာမှ အိမ်သူ အိမ်သားတွေရဲ့ အ၀တ်အစားတွေကိုဖျက်စီး အသုံးအဆောင်များကို ပျက်သုဉ်းသွားစေအောင်ကို ၀င်လာတာပေါ့။ သို့ပေမယ့်လဲ အမှိုက်တို့ ဖုန်တို့ဆိုတာ ရှင်းမယ့်သူရှိရင် ရှင်းချင်တဲ့စိတ်ရှိရင် ခဏအတွင်းမှာပဲပြောင် စင်သွားရစမြဲမို့လား…။ အသစ်တွေက အဟောင်းဘ၀ကို အနည်းငယ် ပြောင်းသွားခဲ့ပြီ ဆိုပေမယ့် အားလုံးကတော့ အရင်အတိုင်းပါပဲ။

အမှိုက်သရိုက်တွေလဲရှင်းသွားလေပြီ။ အားလုံးလဲ ပုံမှန်အတိုင်းပြန်လယ် လည်ပတ်ခဲ့လေပြီ။

ဒီလိုနဲ့ပဲ ကျွန်တော့ အိမ်လေးရဲ့သတင်းဟာ တဖြည်းဖြည်းနဲ့ ပိုကျယ်ပြန့် လာပြီ။ ကျွန်တော့ အိမ်လေးကို စိတ်ဝင်စားသူတွေများလာပြီ။ အိမ်မှာနေထိုင်တဲ့ သူတွေပိုင်ဆိုင်တဲ့ အသုံးအဆောင်ပစ္စည်းတွေရဲ့ တန်းဖိုးကလဲ လူအများစိတ်ဝင်စား လောက်အောင်ကို တန်ဖိုးရှိနေတာကိုး…။

ဒါကြောင့်ပဲ အိမ်သူအိမ်သားတွေမှာ မိတ်ဆွေတွေပေါများလာခဲ့ပြီ ခင်ချင်သူ မိတ်ဆွေတွေ များလာခဲ့ပြီ။ မိတ်ဆွေစစ်တွေရော၊ ဟန်ဆောင်မိတ်ဆွေတွေရော ဆိုပါ တော့…

မိတ်ဆွေတွေပေါများလာတာနဲ့အမျှ အိမ်ထဲကို အလည်အပတ်လာရောက် ကျတဲ့ လူတွေလဲများသတဲ့ များလာတယ်။ အပြင်လူတွေအ၀င်များလာတော့ အပြင် စကားတွေလဲ အိမ်ထဲကို အ၀င်များလာပြီ။ အပြင်လောကရဲ့ တိုးတက် သစ်ဆန်းမှု တွေနဲ့အတူ အံ့မခန်းဖွယ်သတင်းတွေက အိမ်သူ အိမ်သားများကိုစွဲဆောင်ခဲ့လေပြီ။

တစ်ချို့အိမ်သားတွေက အိမ်ပြင်ကိုထွက်ပြီး စူးစမ်းလိုစိတ်တွေဖြစ်လို့။ တစ် ချို့သူတွေမှာတော့ အပြင်ပဲထွက်တော့မလို အိမ်ထဲပဲဆက်နေမလို။ အချို့ကတော့ ဒီအိမ်ကြီးသာကောင်းလေရဲ့ ဒီအိမ်ကြီးသာ အကောင်းဆုံးဖြစ်လေရဲ့လို့ မှတ်ယူစဲ…။

အချို့သော မိတ်ဆွေတွေရဲ့ ကူညီပေးမှုကြောင့် ဒီအိမ်လေးထဲဟာ အပြင် လောကရဲ့ အသစ်သစ်သော အသုံးအဆောင်လေးတွေကို အသုံးပြုနိုင်ခဲ့လေရဲ့…

အချိန်ကာလ ပိုပိုပြီးကြာလာတော့ အပြင်လောက က၀င်လာတဲ့ ဧည့်သည် တွေဟာ ကျွန်တော့အိမ်လေးထဲက အိမ်သားတွေရဲ့ ရိုးသားဖြူစင်မှုကို အခွင့်ကောင်း ယူလာကျပြီ။ “မင်းတို့ရဲ့ အသုံးအဆောင်တွေဟာ ဟောင်းနွမ်းနေပြီ… မကောင်းတော့ ဘူး… ငါတို့ကိုရောင်းလိုက်… ပြီးရင် ငါတို့တွေ မင်းတို့အတွက် ပစ္စည်းအသစ် အကောင်းတွေ ပြန်ဝယ်ပေးမယ်” ဆိုပြီး အိမ်သားတွေရဲ့ အဖိုးထိုက်လှစွာသော အရာ ၀တ္ထုတွေကို ဈေးနှိမ်ပြီးဝယ်ကာ သူတို့တွေရဲ့ အဖိုးနည်းပစ္စည်းတွေကို ဈေးကြီးကြီးနဲ့ ပြန်ရောင်းချမှုကို ခံခဲ့ရလေပြီ။

တစ်ခါမှာတော့ ထိုဧည့်သည်တွေဟာ “ဒီအိမ်ကြီးကဟောင်းနေပြီ၊ ယိုယွင်း နေပြီ ပြင်ဆင်ပေးမယ်”ဆိုပြီး အိမ်ပြင်စရိတ်တွေအများကြီးတောင်းကာ ပြင်ဆင်မှုတွေ ဘာမှလုပ်မပေးပဲ ရှောင်နေသူတွေကရှောင်၊ မဖြစ်စလောက်ပြင်ဆင်မှုတွေကို လုပ် ပေးပြီး ကျေးဇူးရှင်အကြီးကြီးအဖြစ်ခံယူကာ အိမ်သားတွေအပေါ်အခွင့်အရေးတွေ ယူသူကယူနဲ့လေ…

အိမ်ထဲမှာရှိတဲ့ အဖိုးတန်ပစ္စည်းအချို့ဆုံးရှုံးကာ အိမ်ကြီးမှာလဲ ယိုယွင်းမှု တွေဖြစ်ခဲ့လေပြီ။

အဆိုးဆုံး ကိစ္စတစ်ခုကတော့ အပြင်လူ… ဧည့်သည်အမည်ခံပြီး ဧည့်သည် ပီသစွာ မနေကျတဲ့ သူတွေရဲ့ သွေးထိုးစကားတွေပဲ။

“ဒီအိမ်လေးဟာ ကျဉ်းကျပ်ပါတယ်။ဘာမှမကောင်းဘူး။အားလုံး ပျက်စီးနေ ပြီ။ ငါတို့နဲ့အတူ အပြင်လောကကိုလိုက်ခဲ့ မင်းတို့အတွက် အခွင့်ရေးတွေရှိတယ်။ ရပိုင်ခွင့်တွေရှိတယ်” စတဲ့ စကားတွေပြောပြီး အိမ်သားတစ်ချို့ကို အိမ်အပြင်ဆွဲထုတ် ဖို့ ကြိုးစားမှုကိုခံနေရပြီ။ အိမ်သူတွေပိုင်ဆိုင်တဲ့ အသုံးအဆောင်တွေရဲ့ တန်ဖိုးကို မက်ပြီး သူတို့တွေစည်းရုံးမှုတွေလုပ်နေပြီ။

အိမ်တွင်းကလူတစ်ချို့ အပြင်ကိုထွက်ဖို့ပြင်နေကျပြီ။ အိမ်ထဲကလူတစ်ချို့ အိမ်သားတွေကို ဂလန်ဂဆန်လုပ်နေကျပြီ။ အိမ်တွင်းမှာပဲနေစေချင်သူနဲ့ အိမ်အပြင် ကိုထွက်သွားချင်သူတွေ ခွန်းကြီးခွန်းငယ် စကားများလာပြီ… ခြေပါလက်ပါတွေ ဖြစ် ကုန်ပြီ… အပြင်လူတွေရဲ့စကားကြောင့် အိမ်သားအချင်းချင်းတိုက်ခိုက်ကာ အိမ်သား တွေပဲ အနာတရဖြစ်ကုန်ကြပြီ။

အိမ်ထဲက အဖိုးအဖွားတွေကတော့ ဟောဟော ဒိုင်းဒိုင်းနဲ့လုပ်ချင်ကျတဲ့ လူငယ်တွေကို ချော့တန်တစ်မျိုး ချောက်တန်တစ်ဖုံနဲ့ အမှားတွေမလုပ်မိအောင် တားကျပါတယ်လေ။ သို့ပေမယ့် တံခါးပေါက်အကြီးကြီး ကနေ၀င်လာ ဧည့်သည် အများကြီးရဲ့ သွေးထိုးမှုက သေးသေးလေးမှမဟုတ်လေပဲ။

တစ်ယောက်တစ်ခွန်းနဲ့ ပြောခဲ့တဲ့စကားတွေ ပြတင်းပေါက်အကြီးကြီးတွေ ကနေ မြင်နေရတဲ့ ပြင်ပလောကရဲ့ ပြောင်းလဲမှုတွေဟာ အိမ်သားအချို့ရဲ့ စိတ်ကို မရိုး မရွဖြစ်စေတာတော့ အမှန်။ စည်းလုံးမှုကို မျက်ကွယ်ပြုကာ သွေးသားရင်း အိမ်သားတွေကို ကျောခိုင်းပြီး သူစိမ်းတရံတွေရဲ့ဆီကို ထွက်တဲ့သူက ထွက်သွား လေပြီ…

အိမ်ထဲက ပစ္စည်းတွေနဲ့ အဖိုးတန် အသုံးအဆောင်တွေကို ယူဆောင်ကာ သူတို့တွေ သူစိမ်းတရံတွေရဲ့ဆီကို ထွက်တဲ့သူက ထွက်သွားလေပြီ… သွားကျလေပြီ။

သို့ပေမယ့်လဲ ကျွန်တော့ရဲ့အိမ်လေးဟာ အရင်လိုပဲ ပျော်စရာကောင်းတုန်း ပါပဲ။ အိမ်သူ၊အိမ်သား ညီအကို မောင်နှမတွေမစုံညီကျတော့ဘူး။ သွေးစည်းမှုတွေ အရင်ကလောက် အားမကောင်းတော့ဘူးဆိုပေမယ့် ဒီအိမ်ထဲမှာနေထိုင်ခဲ့တဲ့ ဒီ အိမ်သားတွေအားလုံးဟာ ဒီအိမ်လေးကိုတော့ သံယောဇဉ်မပျက်ခဲ့ကျပါ…။

ဒီအိမ်ကလေး လှပအောင၊် ဒီအိမ်ကလေး သာယာအောင် ဒီအိမ်သားတွေ နည်းအမျိုးအမျိုးနဲ့ ဆောင်ရွက်နေစဲပါ။ ပြင်ပကလူတွေရဲ့ သွေးဆောင်မှုတွေကို မတွန်းလှန်နိုင်သေးလဲ၊ ပြင်ပကလူတွေရဲ့ အရိပ်ကိုခိုလှုံဖို့ အစီအစဉ်တွေနေရှိနေစဲပဲ ဆိုပေမယ့် သူတို့တွေဟာ သူတို့တွေ တက်နိုင်သလောက် ဒီအိမ်ကလေးလှပအောင် ကြိုးစားခဲ့ကျပါတယ်လေ…။

အကယ်၍များ အိမ်သားတွေအားလုံး စည်းစည်းလုံးလုံးနဲ့သာ ကြိုးစားကျ မယ်ဆိုရင်… အရင်လို တစ်စိတ်ထဲ တစ်ဝမ်းထဲနဲ့ ဒီအိမ်လေးကို သာယာလှပအောင် ကြိုးစားကျမယ်ဆိုရင် ဘယ်လောက်တောင်များ ပိုကောင်းလိုက်မလဲ…

အခုတော့လေ…

အသက်ရှုဝဖို့၊ နွေးထွေးမှုကို ခံစားရဖို့ ဖန်တီးခဲ့တဲ့…

ပြတင်းပေါက်ကြီးကြီး၊ တံခါးပေါက်ကြီးကြီးတွေကြောင့်… အမှိုက်တွေ ၀င်လာခဲ့ပြီ… လူယုတ်မာတွေ ၀င်လာခဲ့ပြီ… အဖိုးတန်အရာဝတ္ထုတွေ အပြင်ကိုရောက် သွားခဲ့ပြီ… ရင်းနှီးခဲ့တဲ့ အိမ်သား အချို့အပြင်ကို ရောက်သွားခဲ့ရပြီ…

အကယ်၍များ ဒီအိမ်မှာ ပြတင်းပေါက်ကြီးကြီး၊ တံခါးပေါက်ကြီးကြီးတွေ မရှိခဲ့ရင်… ဒီပြတင်းပေါက်၊ တံခါးပေါက်တွေကို ပိတ်ထားခဲ့မိမယ်ဆိုရင်…

ဒီအိမ်တွင်းမှာ တိုးတက်မှုတွေပိုရှိလာမှာလား… ဆုတ်ယုတ်မှုတွေ ပိုများလာ မှာလား…

About Courage

has written 46 post in this Website..