ဝင်းသူဇာအရောင်းဆိုင်များကိုလည်း ပုဂ္ဂလိကသို့လွှဲပြောင်း

klnJuly 21, 20101min973

စက်မှု (၁) ဝန်ကြီးဌာနမှ ၎င်း၏လက်အောက်ရှိ ဝင်းသူဇာအရောင်းဆိုင်များအားလုံးကို ပုဂ္ဂလိကသို့ ဆက်လက်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း နေပြည်တော်ရှိ ယင်းဝန်ကြီးဌာန၊ ရောင်းဝယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စက်မှု (၁) ဝန်ကြီးဌာနအနေဖြင့် ဝင်းသူဇာအရောင်းဆိုင်များကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်မှစတင်ကာ ပုဂ္ဂလိကသို့လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိအချိန်အထိ ဝင်းသူဇာအရောင်းဆိုင် ၁၃ဆိုင်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးရှိ ဝင်းသူဇာအရောင်းဆိုင်အားလုံးကို ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ဝင်းသူဇာအရောင်းဆိုင် ၈ဝအနက် ၁၃ဆိုင်ကို တစ်နှစ်ကျော်ကာလအတွင်း လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ “ ပုဂ္ဂလိကကို ဝင်းသူဇာအရောင်းဆိုင်တွေအားလုံး လွှဲပြောင်းပေးသွားမှာပါ။ ပုဂ္ဂလိက လိုရင်လိုသလို ကျွန်တော်တို့ ညှိနှိုင်းပြီး ချထားပေးသွားမှာပါ။ အဓိကက အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းတဲ့သဘောပါပဲ။ ပြီးတော့ အစိုးရကပဲ အားလုံးကို ချုပ်ကိုင်ထားတာမျိုးမဖြစ်အောင် ပုဂ္ဂလိကကို လွှဲပေးတာပါ ” ဟု ၎င်းကဆက်လက်ပြောကြားသည်။

3 comments

  • လင်းဝေကျော်

    July 21, 2010 at 8:17 am

    ဘယ်လို လွှဲပြောင်းတာတုန်း ?
    ဆိုင်တွေ ပေါင်းစုထားတဲ့ “ဝင်းသူဇာ အရောင်းဆိုင်” လုပ်ငန်းကို လွှဲတာလား ?
    တစ်ဆိုင်ချင်းစီ လက်သင့်သလို အငှားချပြီး လွှဲတာလား ?
    ဘာတွေမှန်းတော့ မသိဘူး လွှဲနေတာပဲ… ( ဘယ်သူကပိုင်လို့ ဘယ်သူ့ကို လွှဲနေမှန်းကိုမသိတာ )
    ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင် ဆိုတာ ဘယ်ရောက်သွားပြီတုန်း အရုပ်ဖြစ်နေတာလား ?

  • fatty

    July 21, 2010 at 9:42 am

    Before I leave, this is my last business to spend for election.

    I = Aung Thaung

  • etone

    July 23, 2010 at 9:37 am

    အခုမှဘာလဲ အစိုးရကပဲ အားလုံးကို ချုပ်ကိုင်ထားတာမျိုးမဖြစ်အောင် ပုဂ္ဂလိကကို လွှဲပေးတာပါ တဲ့လား ။ ရယ်စရာပဲ လုပ်စားလို့ ဝပြီး ဘာမှမကျန်တော့မှ အရှုံးပေါ်ရင် စောက်ရှက်ကွဲမှာစိုးလို့ ဓါးစာခံရှာတာများ နားကြားကောင်းအောင်ပူးပေါင်းတယ်လေးဘာလေးနဲ့ ။

Leave a Reply