အထူး လျှို့ဝှက်သတင်း

++++++++++++++++++++++++++++++++++++++++++++++++

 

ဘယ်သူ့မှတော့ မပြောကြနဲ့နော် …။ ဒါ အမှန်အကန် လျှို့ဝှက်ချက် ခင်ဗျာတို့ …။

ခင်ဗျားတို့ကို ချစ်လွန်လွန်းလို့ တိုးတိုးလေး ကပ်ပြောလိုက်တာလို့ မှတ်ပါ။

ကျုပ်ရဲ့ မှတ်တမ်းထဲမှာ ရေးထားတဲ့ အတိုင်းပဲ ပြောပြလိုက်ပါမယ်။

 

++++++++++++++++++++++++++++++++++++++++++++++++

 

ကျွန်ုပ် မောင်အံ သည် တောင်သူ ဆင်းရဲသားတစ်ယောက် ဖြစ်သည်။

တစ်နေ့ တောင်ယာ လုပ်ရင်း မြေကြီးကို ပေါက်ပြားဖြင့် ပေါက်နေသည်။

ထိုအခါ ကျွန်ုပ် စိတ်တွင်းတွင် “ရတနာ သေတ္တာကြီး တွေ့လိုက်ရင်ဖြင့်” ဟူ၍ ကြံစည် စိတ်ကူးမိလေ၏။

ထိုအခါ တိုက်ဆိုင်လွန်းစွာပင် မာကြောသည့် အရာတစ်ခုအား ပေါက်ပြားဖြင့် ပေါက်လိုက်မိလေ၏။

ထိုအခါ ကျွန်ုပ်လည်း ထိုအရာအား သိလိုလှသဖြင့် လူသူ ပြတ်လပ်သည့် အခိုက် တူးဖော်ကြည့်ရာတွင် ရတနာ သေတ္တာကြီး တစ်လုံး ဖြစ်နေသည်ကို ထူးဆန်းစွာ တွေ့လိုက်ရလေ၏။

 

ထို့ထက် ထူးဆန်းသည်ကို ပြောပါဦးမည်။

သို့နှင့် … ကျွန်ုပ်လည်း သေတ္တာကြီး မြှုပ်နှံထားသည့် အောက်တွင် မြေအောက်လမ်းကြီးများ ရှိနေမလားဟူသော အတွေးဖြင့် ထပ်မံ တူးဆွကြည့်မိရာ အမှန်တကယ်ပင် မြေအောက်သို့ တွင်းကြီး တစ်တွင်း ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။

ကျွန်ုပ်ပင်လျှင် အဆိုပါ တွင်းကြီးအတွင်းသို့ ခြေချော်ကြမည့် အရေးမှ သီသီလေး လွတ်ခဲ့ရပါ၏။

ထိုအခါ ကျွန်ုပ်လည်း သွားလေရာ ဆောင်တတ်သော ဓာတ်မီးအား လွတ်အိတ်စုတ် အတွင်းမှ ထုတ်ယူကာ တွင်းကြီး အတွင်းသို့ ခေါင်းငုံ့၍ လေ့လာ လိုက်ရာ ခပ်လှမ်းလှမ်းတွင် တွင်း အတွင်းသို့ ဆင်းသက်သော လှေကားထစ်များကို တွေ့လိုက်ရပါ၏။

သို့ဖြင့် … ကျွန်ုပ်လည်း လှေကားထစ်များ ရှိသည့် နေရာကို ထပ်မံ တူးဆွလိုက်ပါ၏။

ပြီးနောက်တွင် အခြားအခြားသော လူများ မမြင်စေရန် အတွက် ယာခင်းအတွင်းမှ ပဲရိုးပုံအား တွင်းအနီးသို့ ရွှေ့ပြောင်းကာ ပိတ်ဆို့လိုက်ပါ၏။

ကျွန်ုပ်သည်လည်း ဓာတ်မီးလေး အားကိုးဖြင့် အဆိုပါ တွင်းကြီး အတွင်း လှေကားထစ်များမှ နေ၍ သတိကြီးစွာ ထားကာ ဆင်းသက်သွားခဲ့ပါသည်။

 

လှေကားထစ် ၂၀ဝ ဝန်းကျင်ခန့် အရောက်တွင် ကျွန်ုပ်လည်း အဆုံးသတ်သွားခဲ့ပါ၏။

ကျွန်ုပ်လည်း လက်နှိပ် ဓာတ်မီးလေးဖြင့် ပတ်ဝန်းကျင်အား လေ့လာကြည့်လိုက်ရာတွင် ကျွန်ုပ်နှင့် ခပ်လှမ်းလှမ်းဆီတွင် ကျွန်ုပ်အား စူးစိုက် ကြည့်နေသော သံလျက်ကို ထမ်းထားသည့် ဘီလူးကြီးအား တွေ့မြင်လိုက်ရပါ၏။

ရုတ်တရက် အားဖြင့် ကျွန်ုပ်သည် ထိုဘီလူးကြီးအား မြင်လိုက်ရသည့်အခါ လိပ်ပြာ လွှင့်သွားမတတ် ကြောက်လန့်သွားမိပါ၏။

သို့ရာတွင် … ငါ ယောက်ျား ဟူသော စိတ်နှလုံးဖြင့် ကြောက်စိတ်ကို ဖယ်ထုတ်၍ သေချာစွာ စူးစမ်းကြည့်လိုက်ရာတွင် အဆိုပါ ဘီလူးမှာ အရုပ်ကြီး တစ်ရုပ်သာ ဖြစ်ကြောင်း တွေ့လိုက်ရပါသည်။

 

သို့ဖြင့် .. ကျွန်ုပ်လည်း ဘီလူးရုပ်ကြီး အနီးသို့ သွားရောက်ကာ ဝါသနာ သဘော အရ လက်ရာ မြောက်လှသော ဘီလူးရုပ်ကြီးအား ဓါတ်မီးလေး တဝင်းဝင်း ဖြင့် လှည့်ပတ် ကြည့်ရှုလိုက်ပါ၏။

ကျွန်ုပ် တစ်ပတ် ပြည့်၍ ဘီလူးရုပ်ကြီး၏ ရှေ့မျက်နှာစာ တည့်တည့်သို့ ပြန်ရောက်သော အခါတွင်မူကား ….

ဘီလူးရုပ်ကြီးသည် လက်ယာရစ် တရွှေ့ရွှေ့ဖြင့် လည်သွားသည် ထူးဆန်းစွာ တွေ့လိုက်ရလေသည်။

ယင်းနောက်တွင်မူကား … တံခါးကြီး တစ်ချက်သည် ရုတ်တရက် ပွင့်သွားပြီး အလင်းရောင်များလည်း ဝင်လာလေ၏။

 

အဆိုပါ တံခါး ပွင့်သွားလေသော အခန်းကြီး အတွင်း၌မူကား …..

ရွှေဖြင့် ပြုလုပ်ထားသော အရုပ်ပေါင်း များစွာကို အံ့အားသင့်ဖွယ် တွေ့မြင်လိုက်ရပါ၏ …..။

ထို့ထက် … လက်တံတောင် ခန့်ရှိ ရွှေချောင်းပေါင်း များစွာကိုလည်း တွေ့လိုက်ရလေသည်။

 

++++++++++++++++++++++++++++++++++++++++++++++++

 

အထက်ပါ အဖြစ်ကား … ကျွန်ုပ် ၏ ကိုယ်တွေ့ အဖြစ်တည်း ……။

ယခု အခါ ကျွန်ုပ်သည် ချစ်လှစွာသော မိတ်ဆွေ အပေါင်းအသင်းများအား ကြည့်ရှု စောင်မခြင်းတည်းဟူသော လောကတံထွာ ဝတ္တရား အရ လည်းကောင်း၊ အမှန်တကယ်ပင် ပြန်လည် ဝေမျှလိုသော စေတနာ သဒ္ဓါ တရားကြောင့် လည်းကောင်း …..

ကျွန်ုပ် ချစ်သော ဂဇက် မည်ခေါ် ရွာကြီးအတွင်း ချစ်မိတ်ဆွေ များအား ကျွန်ုပ် တွေ့ရှိထားသည့် ရတနာသိုက်ကြီး အတွင်းမှ ရွှေချောင်း၊ ရွှေရုပ်ကြီးများအား ပေးလိုလှပါ၏ …….။

ကျွန်ုပ်၏ ပေးကမ်းခြင်းကို လက်သင့်ခံပါက ကျွန်ုပ်အား ပြောကြားကြပါရန် ….။

 

အထက်ပါ ကျွန်ုပ်၏ အဖြစ်အား မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မပြောကြားရန်လည်း တောင်းပန်အပ်ပါသည်။

{ဘယ်သူ့မှ ပြန်မပြောနဲ့ ……။ ဒါဟာ လျှို့ဝှက်ချက် …..။}

ဒီရွာထဲက ခင်ဗျား တို့ကိုလည်း ချစ်လွန်လွန်းလို့ ပြောပြတယ် မှတ်ပါ။ ဟဲ … ဟဲ ….။

 

++++++++++++++++++++++++++++++++++++++++++++++++

++++++++++++++++++++++++++++++++++++++++++++++++

34 comments

  • Mr. MarGa

    February 23, 2013 at 12:54 pm

    ဘယ်သူ့ကိုမှ ပြန်မပြောဘူး သိလား
    သမ္မတ ဆီပဲ တိုက်ရိုက်သွားပြောပေးမယ်
    ဘာမှ မပူနဲ့
    အဲဒါ ပြည်သူပိုင်ကွယ့် :mrgreen:

    • ဒီသဂျား .. အလကားဘဲဟ …
      ဗုဒ္ဓစာပေ အကြောင်းကို ဘာမှ မသိဒဲ့ သဂျားဘာဒဂါး …
      ဟိုထဲမှာ မကြားဖူးဘူးလားကွယ်ရို့ …
      ရဟန္တာ ပုဂ္ဂိုလ်ကြီးကို လှူလိုက်လို့မို့ …
      ထွန်းတုံး ထွန်ခဲတွေက ရွှေတုံး ရွှေခဲတွေ ထဖြစ်တာလေ …
      အဲ့ဒီမှာ ဘုရင်က သူ့ဥစ္စာပဲ ဆိုပြီး သွားသိမ်းတော့ ..
      အကုန် မြေခဲတွေ ဖြစ်ကုန်ပါလေရော ….
      ဥစ္စာဆိုတာ ကိုယ်နဲ့ ထိုက်လို့ ရတာလေ …
      ဥစ္စာရှင်က မပေးချင်ဘဲ ယူလို့ဂဒေါ့ဖြင့် ..
      ဂလို ကံထူးပြီး တွေ့တဲ့ဟာက အကုန် ပြာတွေ ဖြစ်သွားမယ် .. ဘာမှတ်နေလဲ …
      ဒါမယ့် … အိုက်ဒါတွေကို .. ချစ်ရွာ က လူဒွေကို ပေးမယ် …
      ကျန်ဒဲ့ထဲကမှ လှူဦးမယ် …
      ဒါဗျဲ .. တော်ပီ … ခုလို ပဆုံး လာမန့်တွားဒါ ကျေးကျေး …

  • ခင်ခ

    February 23, 2013 at 1:27 pm

    အထူးလှို့ဝှက်သတင်း ဆိုပြီးခေါင်းစဉ်တပ်ထားလို့
    ဖွင့်ဖတ်နေစဉ် အနီးအနားလာတဲ့ ခြေသံကြားလိုက်
    ပိုစ့်လေးကို ကွန်ပျူတာ မျက်နှာပြင်ကနေ အောက်ဘားကို minimize လုပ်လိုက်၊
    ပြီး ပြန်ဖွင့်လိုက် အနီးအနားလာတဲ့ ခြေသံကြားလိုက် ခုနလိုဘဲ minimize လိုက်နဲ့
    ၄-၅ ခါလောက်လုပ်ပြီး ဖတ်လိုက်ရတယ်ဗျာ။
    ဖတ်ပြီးတော့လည်း အထူးလှို့ဝှက်သတင်းပါသကားလို့ ကောက်ချက်ချကာ
    သူများတွေ မြင်ပြီးဖတ်မိမှာစိုးလို့ close လိုက်တယ်ဗျ။
    နောက် ပြန်မဖွင့်တော့ဘူးဗျာ… မြင်သွားမှာစိုးလို့ပါ ……။

    • ဖွင့်ဒေါ့ဝူးး ဆိုတာ သေချာဒယ်နော် .. :mrgreen:
      ဦးခင်ခ ကြီးမှ လျှို့ဝှက်သတင်း ဤသို့ ထပ်ပေးဘာအိ ..
      သူလည်း ကျုပ်နည်းတူ ရတနာသိုက် တွေ့ထားတယ် ဆိုဘဲဂျ ..
      အိုက်ဒါ …
      လာမယ့် သင်္ကြန်ကျရင် …
      ဦးခင်ခကြီး က ရွာထဲလူတွေကို ကြိုက်တာစား ..
      ဒကာခံမယ် ဆိုပြီး ပြောလာတယ် ..
      အိုက်ဒါ ဘူ့မှ မပြောဘာနဲ့ ဆိုလို့ ကျုပ် မြိုသိပ်ထားရတာ ..
      ခုလည်း မပြောပါဘူးနော့ … :mrgreen:

  • ဆူး

    February 23, 2013 at 1:31 pm

    တော်သေးတာပေါ့ မောင်အံရယ်.. မသေကောင်း မပျောက်ကောင်း..
    ပိတ်ချင်းမြှောင် က လို လှေကားထဲမှာ ပိတ်မိပြီး မသေလို့..
    ပိတ်ပြီးသာ သေသွားခဲ့ရင် ရွာထဲက ကာလသားတွေကလည်း အရက်သောက်ဖက် မရှိလို့ လွမ်းကြအုန်းမယ်။
    ကာလသမီးတွေကလည်း စိတ်ကူးယဉ်ဆန်တဲ့ ရတနာသိုက်ရှာပုံတော် ဇတ်လမ်းတွဲလေး ဖတ်ပြီး လွမ်းကြရအုန်းမယ်။
    ရွာလူကြီးတွေကလည်း တွေးတွေးပြီး စိတ်မကောင်းဖြစ်ကြအုန်းမယ်။

    တော်သေးတာပေါ့ မသေကောင်း မပျောက်ကောင်း..
    တတောင်လောက် ရှိတဲ့ ရွှေချောင်း အစစ် အတု ခွဲဖို့ တချောင်းပို့လိုက်ပါ..
    နေအုန်း ခဏနေအုန်း.. ဒီရက်ပိုင်း ရွှေဈေးတွေ ကျနေတယ်.. မဖြစ်သေးပါဘူး.. ၂ချောင်းပို့လိုက်.. ဒါပဲ..

    • အောင်မငီးနော် …
      ဒီဂ စေတနာ ဗလပွနဲ့ …
      လဂါး ပေးဘာမယ် ဆိုဒါတောင်မှ …
      အတု အစစ် ခွဲအုံးမဒဲ့ … ဟွန့် …
      အန်တီဆူးတို့များ .. အဲ့လို အတုအစစ် ခွဲဖို့တောင် ..
      ဈေးနှုန်း တွက်လိုက်သေး …. :mrgreen:

  • မောင် ပေ

    February 23, 2013 at 8:01 pm

    အရာစူး
    နှာဘူး
    တဏှာမြူး
    လာနှူး
    ကြာခူး
    လာပူး

  • MaMa

    February 23, 2013 at 9:15 pm

    အထူးလျှို့ဝှက်ချက်။
    ဘယ်သူမှ မပြောပါနဲ့။
    ဆိုတော့……
    မောင်အံ ကိုယ်တိုင်ပြောပြီး အားလုံးသိပြီးမို့….
    ပြောစရာလူမှ မကျန်တော့တာ။ :harr:

    • အန်တီ မမ ဂလည်းဂျာ …
      တားက ခု ရွာထဲလူဒွေကိုဘဲ ကြောဒါဘာဂျ .. ဟီးး
      အိုက်ဒါ ..
      ဘူ့မှ ပြန်ကြောနဲ့နော် …

  • Mobile

    February 23, 2013 at 9:17 pm

    ကိုအန်ဂျီးဂ ရွှေချောင်းတွေပေးမယ်ဆိုပါလား စိတ်ဝင်စားလှ၏….
    ဒါပေမယ့် ရွှေချောင်းပေးမယ့် ကိတ်စကို လက်သင့်မခံခင်မှာ
    တစ်ခုတော့မေးချင်တယ် အလကားရတဲ့နွား သွားဖြဲကြည့်တယ်တော့ မဟုက်ပါဘူး။
    ရွှေက ခေါက်ရွှေလား ၁၅ဲရည်လား ဘာရည်လားဆိုတာလေးပါ….
    ခေါက်ရွှေဆိုရင်တော့ ယူချင်တယ်ဗျ….အခြားရွှေဆိုရင်တော့ သိပ်မယူချင်ဘူးရယ်….
    အဲ့ဂီရတနာတွေကို နိုင်ဂံဒေါ် အစိုးရကိုအပ်လိုက်ပါလား….. ဂုဏ်ပြုမှတ်တမ်းလွှာ
    တစ်ခုရမယ်……. …

    • မဟာရာဇာ အံစာတုံး

      February 24, 2013 at 10:00 am

      ဒါဆို …
      ကိုရင် ကို မေးရပါဦးမယ် …
      ကိုရင်ကို ကျုပ်က တကယ့်ကို ကွာလတီ ကောင်းတဲ့
      စာရွက်တစ်ရွက် ပေးမယ်ဗျာ ….
      ကိုရင်ကတော့ဖြင့် ကျုပ်ကို လက်ပကျွတ် ခပ်ကောင်းကောင်းရယ် …
      ဟန်းဆက် ခပ်ကောင်းကောင်းရယ် ပေးရမယ် …
      ကဲ .. ဘယ်လိုလည်း …. :mrgreen:

  • uncle gyi

    February 24, 2013 at 8:42 am

    ကိုအံကလူ့အကြိုက်ရွှေရွှေနဲ့ပြောလာတော့
    ဘယ်သူ့မှပြန်မပြောတော့ဖူး
    ဒါပေသိအခုသိကုန်ကြတဲ့ဂေဇက်ပရိတ်သတ်တင်ဝေလို့လောက်ပါ့မလားကွယ့်

    • မဟာရာဇာ အံစာတုံး

      February 24, 2013 at 10:02 am

      အန်တီ .. အဲလေ .. အန်ကယ်ဂျီး ဂလည်း …
      ပူစရာ မရှိ ကြံဖန်ပူနေပြန်ပါပြီ …
      ဂဇက် ပရိသတ် ဘီလောက် ချိမလဲဂျာ …
      တစ်သိန်းဘဲ ထားတော့ …
      ကျုပ် ရွှေချောင်းတွေထဲက သုံးပုံ တစ်ပုံတောင် လျှော့ဘူးးး
      ဂယ် … ဂယ် … ဟီးးး :mrgreen:

  • ဒါနဲ့အဲ့ဒီရွှေတွေနောက်တစ်ခေါက်သွားကြည့်ပြီးပြီလား……ဟိုစီမံကိန်းအတွက် တရုတ်ကအက်နေရာဂိုဝယ်လိုက်ပီကော…….

    • မဟာရာဇာ အံစာတုံး

      February 24, 2013 at 10:05 am

      ယောက်ခမ ..
      ဘာမှ လာဖောနေနဲ့ …
      တလုတ်က ကျုပ်တို့လို နေရာ ဝယ်မှာ မီဟုတ်ဘူးး
      ခြုံပုတ် ခပ်ထူထူတွေကြား …
      တလုတ်က ဘာသွား လုပ်စားမှာဒဲ့ဒုန်းလို့ ….
      ပီးဒေါ့ .. အိုက်နေရာဂ ကျုပ် ယာကွက်ထဲမှာဂျ …
      ကျုပ် ရောင်းမှ ဖြစ်မှာဘာ .. ဟဲဟဲ …

  • P chogyi

    February 24, 2013 at 9:11 am

    မြသလွန်ဘုရားဌာပနာတိုက်ဖောက်တဲ့
    တရားခံအခုမှပဲမိတော့တယ်။
    သူ့ပြောတဲ့ဘီလူးရုပ်ဆိုတာ
    မြသလွန်စေတီတော်တည်တဲ့ ဘောသော၊ ဘောကျော်
    ဘီလူးနှစ်ယောက်ထဲကတစ်ယောက်ပုံပဲဖြစ်မယ်။
    မောင်အံမင်းဘယ်ပြေးမလဲ။ မိပြီကွ။

    • မဟာရာဇာ အံစာတုံး

      February 24, 2013 at 10:06 am

      ပီးဒါဘဲ …
      ခညား ဂလို ပေါဒဲ့တွက် …
      ခညားကို ပေးမယ့်လူ စာရင်းကနေ
      ချန်လှပ်ခဲ့ဘီ .. ဒါဗျဲ ..
      နောက်မှ နောင်တ ရနဲ့ …..

  • ဗုံဗုံ

    February 24, 2013 at 9:52 am

    ကွကိုယ် အကုသိုလ်တွေ များလွန်းပြီး မသေခင်အရှင်လတ်လတ် မြေကျွံပြီး အဝီစိ ရောက်သွားတာကို ရတနာသိုက်တွေ့တယ် ထင်နေသေးတယ် နင် ဘယ်ဒေါ့မှ အသိတရားရမှာလည်း အံချာတုံးရယ် နင်တွေ့ခဲ့တာ ရွှေချောင်းတွေမဟုတ်ဘူး မီးတောက်မီးလျှံတွေဟဲ့ မိန်းမမရရှာလို့ စိတ်တွေကယောင်ကတမ်းဖြစ်နေပြီတူပါရဲ့ တနားပါဒယ်ဟယ် :mrgreen: :mrgreen:

    • မဟာရာဇာ အံစာတုံး

      February 24, 2013 at 10:08 am

      အောင်မယ် …. အောင်မယ် …
      ဒီ တီယောက်ဂလည်း နာ့ ရတနာသိုက် တွေ့ဒါ ယုံဘူးဒဲ့ …
      ပြောလိုက်သေးတယ် ..
      အကုသိုလ် တွေ များလွန်းလို့ အဝီစိ ရောက်သွားတာ ဆိုဘဲ …
      ယားဒယ်လေ ….
      မယုံလည်း ယူနဲ့ပေါ့လို့ …
      နီ့လည်း ပေးဘူးးး ဟူးး ဟူးးး :mrgreen:

  • kokothandar

    February 24, 2013 at 10:26 am

    ဘီလူဆိုတာမှားနေပါတယ် ရတနာတွေ ရွှေချောင်းတွေ ထွက်လာတာဆိုရင် တပ်ချုပ်ကြီးရဲ့ သင်္ဂြ ိုင်းဂူဖြစ်ရမယ် ရွှေချောင်းတွေက သူသေရင် ထည့်မြှုပ်ပေးဖို့ှမှာထားတယ်လေ ငရဲပြည်ကိုသွားရရင် ငရဲမင်းကို လာဘ်ထိုးဖို့တဲ့

    • မဟာရာဇာ အံစာတုံး

      February 24, 2013 at 10:39 am

      ဟက်လားးး
      တပ်ချုပ်ကြီးရဲ့ သင်္ချိုင်းဂူကလည်း
      ကြံကြံဖန်ဖန် ကျုပ်တို့ဘက် လာဆောက်ရတယ်လို့ … :mrgreen:

  • ဦးကြောင်ကြီး

    February 24, 2013 at 10:29 am

    သဂျီးက ရွှေချောင်းယူဘူး ဘီလူးဂျီးဗဲ ယူမယ်တဲ့…။ ဟောလီဝုဒ်မှာ ဘီလူးနေဖို့ ပြတိုက်တောင် ဆောက်ပီးသွားပီတဲ့။ ကျနော်ကတော့ ဘီလူးနဲ့သဂျီး ရုပ်ခြင်း တူသမို့ ဗျတ်ဝိနဲ့ဗျတ္တ ညီနောင်ဆိုပီး ဂွင်ရိုက်ဖို့ အကြံပေးထားတယ်။

    • မဟာရာဇာ အံစာတုံး

      February 24, 2013 at 10:41 am

      အောင်မာ ….
      နတ်ဘုံ ကြိုပေါက်တာမျိုးဘဲ ကြားဖူးထားဒါ …
      ခု .. သဂျီးက ပြတိုက် ကြိုဆောက်နေဒယ် ဆိုဘာ့လား .. :mrgreen:

      ဒါ့ထက် …
      ဒက်ဒီကြောင် အတွက် …
      ရွှေကြောင်သိုး ရုပ်ကြီး သက်သက် ဖယ်ထားဒယ် …
      လာတောင်းဒဲ့အခါ အဲ့ဒါဂျီးကို ဒက်ဒီအတွက် သုံးမယ် … :mrgreen:

      • ရဲစည်

        February 24, 2013 at 5:17 pm

        ဘလူးနဲ့ သယဲပဲ ကြားဖူးပါတယ်
        ဘယ်နဲ့ အူးကြောင်လုပ်မှ ဘလူးနဲ့သဂျီးတဲ့ ..
        :harr:
        သွပ် ..သွပ်

  • ဂန္ဓာရီ ဆြာအုပ်

    February 24, 2013 at 10:47 am

    ………………………………..အဆက်………………………………..
    မောင်အံ ဒီနေ့ရုံးမတက်တာနဲ့ ကျုပ်လဲ သူ့အိမ်ကိုလိုက်သွားလိုက်တော့ မောင်အံ တစ်ယောက် သူ့ယာထဲကမှာ တွင်းကြီးပေါက်ရင်း အထဲဝင်သွားတာ တွေ့လိုက်သဗျ..
    ပြီးတော့ ပြန်ထွက်လာပြီး ပဲရိုးပုံကြီး တစ်ပုံကို ယူပြီး တွင်းကြီးကို ပိတ်ပြီး တွင်းထဲ ဝင်သွားတယ်ဗျ ပဲရိုးပုံကြီး ဖုံးနေတော့ တော်ယုံ မမြင်ရဘူးဗျ.. သူဝင်သွားတဲ့ တွင်းထဲကလဲ အလင်းရောင်တွေ ထွက်လာသဗျ..
    ခဏနေတော့ မောင်အံ ထွက်လာပြီး တောင်းတလုံးကို ယူပြီး ပြန်ဝင်သွားတယ်.. ပြီးတော့ ဘာတွေသယ်လာမှန်း မသိ သယ်လာပြီး တဲထဲကို ဝင်ထားလိုက် တွင်းထဲပြန်ဝင်သွားလိုက်နဲ့ ..
    တော်တော်ကြာ သွားတော့ ကုန်သွားပုံရတယ် တော်တော်လဲ ပင်ပန်းသွားပုံရတယ်.. ခဏကြာတော့ တဲထဲက ပြန်ထွက်လာပြီး လရောင်အောက်မှာ ထိုင်ပြီး သူ့ ဟွဝေ ဖုံးကို ထုတ်ပြီး တတောက်တောက်နဲ့ အလုပ်ရှုပ်နေတာကိုး
    ကျုပ်လဲ သံသယရှိတာနဲ့ ဂဇက် ဆိုက် ကို ကြည့်လိုက်တော့ လားလား မောင်အံတစ်ယောက် ရတနာသိုက် တွေ့သွားတာကို တွေ့ရလိုက်တယ်.. ကျုုပ်လဲ ကျုပ် ကွန်ပူတာကို ဖွင့် သူတူးနေတဲ့ နေရာရဲ့ လတ်လောင် ကိုစစ်လိုက်တော့ ဒီနေရာမှာ လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်က ဒိုင်ယာ ဘောလစ် တစ်ယောက် ထောင်ကထွက်လာ ပြီး သူ ခိုးခဲ့တဲ့ ပစ္စည်း တွေကို လာ မြှပ်ထားတဲ့ နေရာ ဖြစ်နေတာကိုး..
    မောင်အံကို ကြည့်လိုက်တော့ ခမျာ တညလုံး သယ်ပိုးထားခဲ့တော့ တောတော် ပြိုင်းပြီး အိပ်မော ကျ သွားရှာပြီ အဲဒါနဲ့ ကျုုပ်လဲ ရွှေတောင် ကုမ်ပဏီ ကိုဖုံးဆက် ပြီး လှည်းတန်းက ကရိန်း ကားတစ်စီးလောက် ငှားပြီး မောင်အံ့ တဲကို ကရိန်းနဲ့မခိုးသွားပါသဗျို့..
    သူကတော့ အိပ်နေတုန်းပဲ ..ဟီဟိ ချောဒီးပါ မောင်အံရေ
    ခင်ဗျားတို့လဲ မောင်အံ့ကို ဘယ်တူမှ မပြောကြနဲ့ နော်

    • မဟာရာဇာ အံစာတုံး

      February 24, 2013 at 11:02 am

      အဟမ်းး ဟမ်းးး
      သူ ကလိန်းကားနဲ့ မ သွားဒါ ..
      ဘာတွေများ ထင်သလဲ အရပ်ကတို့ ….
      (((မြေခဲကြီးတွေဗျ)))
      ကျုပ်က ဒါတွေ ကြိုမြင်လို့မို့ ရဒနာတွေကို မြေအောက်ထဲမှာ သီးသန့် ထားလိုက်ဒါ …
      ဒီလူဂျီး ချောင်းနေဒါ သိဒါဘော့ဂျာ ….
      သိလို့ဘဲ မြေခဲတွေကို အယောင်ဆောင်ပြီး ရွှေ့ဒဲ့ ပုံစံ လုပ်ပြလိုက်ဒါပေါ့လို့ …
      အောင်မာ .. ဒီလူဂျီးက အဲ့လို ချောင်းရင်း အီးအီးတောင် ပါသွားသေး …
      မယုံရင် CCTV နဲ့ ရိုက်ထားတဲ့ သူ အီးအီး ပါနေတဲ့ ပုံ ရှိတယ် …. ဒီမှာကျိ …. :mrgreen:

      http://1.bp.blogspot.com/_YC2CH2inijE/TQgnCtafUVI/AAAAAAAABH0/XOAvYqcqRhI/s1600/poop-1.jpg

      • ဂန္ဓာရီ ဆြာအုပ်

        February 24, 2013 at 1:24 pm

        အဲရာ မောင်အံ အိပ်ပျော်သွားအောင် အီးမွှေ့ချထားတာလေ
        ဂလောက်တော့ အပျော့ပေါ့ ဂန္ဓာရီ ပဲဟာကို
        အဲ .. အဲဒီ အီးမွှေ့ချ ပညာ သင်တန်းရှိတယ်ဗျို့
        တက်ရောက်လိုသူများ စာရင်းပေးပါ

  • etone

    February 24, 2013 at 5:51 pm

    ကိုအံချာ ချွေတွေပေးဒါ ကျေးဂျူးတင်ပေမယ့် ၊ ချွေဝါဆပ်ပြာလောက်တောင် အသုံးမတည့်တာမို့ ယူဒေါ့ပါဘူးအေ ။တထုတော့ ကြောခဲ့ပရဇီ ဝါဝါညင်တိုင်းချွေမထင်နဲ့ဒဲ့ … နောက်ဘ ီး ထုဆို ဘုရားတွေ အုပ်မြစ်ချလျှင် ချွေအုပ် ငွေအုပ်အဖြစ် ပါကင်ပေါပါတွေနဲ့ထုတ်ပြီး ထဲ့တတ်ကြဒယ် … အဲ့လိုချွေတွေဖစ်နေအူးမယ် … ခိခိ … 😆

    • မဟာရာဇာ အံစာတုံး

      February 24, 2013 at 11:18 pm

      အဟမ်းး
      ဒီဂမှာ ဂျီးဒေါ် ..
      ကျုပ်က စေဒနာ ဗလပွနဲ့ ပေးမှာကို ..
      မယူဂျင်ဘူးဆိုလည်း ဖစ်ဘာဒယ် .. ဟဲဟဲ …
      ရွှေက အတုလား အစစ်လား .. မမေးဘာနဲ့ …
      စစ်သမှ စစ်စစ်စစ် နဲ့တောင်မှ မြည်လိုက်အုံးမယ် …
      ကျုပ် စစ်ပီးဒါး … ဒါဘာဗျဲ … :mrgreen:

  • ခိုင်ဇာ

    February 25, 2013 at 9:43 am

    အထူး လျှို့ဝှက်သတင်းကို အော်ဖတ်ပလိုက်တယ်။
    :kwi:
    ညည်းဟာက ဟိုလူကြီး ဟိုရောဂါဖြစ်တာ ဆရာဝန်က လွဲရင် တစ်ရွာလုံးသိပြီးသလိုဖြစ်နေပါရောလား။
    ချစ်သူလေးက ဒီသတင်း သူ့ကို အရင်မပြောလို့ စိတ်ကောက်နေဦးမယ်ရယ်။ :mrgreen:

  • myanmar oscar

    February 26, 2013 at 9:54 am

    အားပေးသွားပါတယ်။မလိုချင်ပါဘူး အမှုပတ်နေဦးမယ်………..

  • kyeemite

    March 1, 2013 at 1:40 pm

    မောင်အံစာ(ခေါ်) ရွှေတင်မောင်တစ်ယောက်
    ငယ်ငယ်ရွယ်ရွယ်နဲ့ ပေါက်သွားရှာပီကိုး…တနားဘာဒယ်အေ.. :harr:

  • koyinmaung

    March 1, 2013 at 7:46 pm

    ရွှေမန်းတင်မောင်နဲ့အမျိုးတော်တယ်ထင်တယ်………

Leave a Reply