ပူအိုက်သော နွေဥတု၏တနေ့ သ၌ ……
ကျွန်ုပ် နှင့် မိတ်ဆွေကြီးဖြစ်သူ ကိုမြင့် ကျော်တို့ မှာ ကျွန်ုပ်၏ရုံးခန်းထဲတွင် လက်ဘက်ရည်သောက်ရင်း
ရှေးဟောင်း နှောင်းဖြစ်များကို ပြောဆိုနေခိုက် တပည့် လေးတစ်ဦးမှ ဧည့် သည်ရောက်နေကြောင်း
ပြောသဖြင့်  အခန်းထဲသို့ လွှတ်လိုက်ရန်ပြောရလေသည် ။
များမကြာမှီ အခန်းဝ၌ အသက်အစိတ်ခန့်  အမျိုးသမီးတစ်ဦး ဝင်လာသဖြင့်  နေရာပေးပြီးလျှင်
လာရင်းကိစ္စကိုမေးရလေတော့ ၏ ။
“ဆရာ ကျမ အမှုတိုင်ချင်လို့ ပါ… “
“ရပါတယ် ပြောပါ .. လွတ်လွတ်လပ်လပ်ပြောနိုင်ပါတယ် …. “
အမျိုးသမီးမှာ ကိုမြင့်ကျော်ကို တစ်ချက်ဝေ့ ကြည့် ပြီး …
“ဒီလိုပါဆရာ ….. လွန်ခဲ့ တဲနှစ်ကဆုံးပါးသွားတဲ့  ကျမ အစ်ကိုနဲ့  ကျမအမေတို့သေခဲ့ ရတာ
သွေးရိုးသားရိုးမဟုတ်ဖူးလို့ ထင်လို့ ပါ … ပြီးတော့ အဲဒီအမှုကိုပြန်လိုက်စေချင်လို့  ပါ “

ကျွန်ုပ်မှာ မသက်မသာ ခေါင်းယမ်းမိရင်း
“မိန်းကလေးရဲ့  အမှုက ဆရာဝန်စစ်ဆေးချက်နဲ့  နှလုံးရောဂါကြောင့် သေဆုံးတာဖြစ်လို့ 
မီးသင်္ဂြို ခွင့် ပြုပြီးမှပဲကွယ် …. အလောင်းတွေမှမရှိတော့ပဲ ဘယ်လိုပြန်လိုက်ရမှာလဲကွယ်”
“ကျမ ကတော့ စဉ်းစားပြီး မသင်္ကာဖြစ်နေတာ …အတိအကျမပြောတတ်ပေမဲ့  တစ်ခုခုတော့ 
တစ်ခုခုပဲဆရာ …..မကြာခင် ကျမတောင်အန္တရယ်ဖြစ်လေမလားမသိဘူး “
“ဒါဆိုလဲ မိန်းကလေးအနေနဲ့  ထင်မြင်တာကိုပြောကြည့် ပါလား ကျုပ်တို့ လည်း တတ်နိုင်သမျှ
ကူညီပါ့ မယ် “
ကိုမြင့် ကျော်မှ ငြိမ်နေရာမှ ဝင်ရောက်ပြောဆိုသဖြင့်  မိန်းကလေးမှ ကျွန်ုပ်ကိုလှန်းကြည့် သဖြင့် 
“ဒီက တူမကြီးကို မိတ်ဆက်ပေးရဦးမယ် … အဲဒီဦးလေးနာမည်က ဦးမြင့် ကျော် တဲ့ …
ဦးရဲ့  မိတ်ဆွေပါဘဲ ပြီးတော့ ဦးတို့ ရဲ လုပ်ငန်းကို တစ်ဘက်တလမ်းက အကူအညီပေးနေတာပါ
တူမကြီးရဲ့  ကိစ္စကို သူပဲကူညီလို့ ရမှာပါ …. ဘာဖြစ်လို့ လဲဆိုတော့  အဲဒီအမှုက ပိတ်ပြီးသွားပြီဆိုတော့ 
အလွတ်သဘော စုံစမ်းတာပဲ ကောင်းပါတယ် …ဦးမြင့် ကျော်ကူညီပါလိမ့် မယ် တူမကြီး “

“ကျေးဇူးပါဘဲရှင် …. ဒါဆို ကျမ အစကနေပြန်ပြောပါ့ မယ် …. ဒီလိုပါ ………….
……… ကျမ အမေက လေဖြတ်ပြီး အောက်ပိုင်းသေနေတာပါ အဖေကတော့  ကျမငယ်ငယ် ကတည်းက
ဆုံးသွားခဲ့ ပါတယ် …… ကျမအထက်က အစ်ကိုကတော့  အသိညဏ်ဖွံ့ဖြိုးတာမပြည့် စုံတဲ့  စံလွဲ နေသူပါ
ကျမ ဖေဖေရှာခဲ့ တဲ့  ဥစ္စာပစ္စည်းနဲနဲပါးပါးကို မကုန်အောင်ထိမ်းသိမ်းရင်း ကျမတို့  ချွေတာပြီး နေခဲ့ ပါတယ်
ကျမကတော့  အရောင်းဆိုင်တစ်ခုမှာ အလုပ်လုပ်ပါတယ် …… .. ဒီလိုနဲ့  နေလာကြတာ တစ်နေ့ မှာတော့ ….
အမေရဲ့  မောင်ဖြစ်တဲ့ ကျမဦးလေးဟာ အိမ်ကိုပြန်ရောက်လာခဲ့ ပါတယ်….ကျမတို့ လည်း ပျော်တာပေါ့  ရှင် …..
ဦးလေးနဲ့  မတွေ့ ကြတာ ကျမငယ်ငယ် ကတည်းကဆိုပါတော့  …. ဦးလေးက မြန်မာပြည်ပတ်ပြီး အလုပ်လုပ်
နေတယ်လို့  ပြောတာပဲ ….အခုလို အဖေလည်းမရှိ အစ်ကိုကလည်း အားကိုးမရတဲ့ အချိန်မှာ ကျမတို့အတွက်
အားရှိစရာပေါ့ ရှင် …. ဒီလိုနေလာရင်းနဲ့  ပြီးခဲ့ တဲ့ နှစ် ခရစ်စမတ်ညမှာ …….. “
မိန်းကလေးမှာ ဆက်တိုက်ပြောလိုက်ရသဖြင့်  မောသွားဟန်ဖြင့်  စကားခဏဖြတ်ရင်း ရှေ့ နားရှိရေခွက်ကို
ကောက်ယူမော့ လိုက်လေသည် ။ ပြီးနောက်…..

“အဲဒီညမှာ ကျမသူငယ်ချင်းရဲ့  ခရစ်စမတ် ညစာစားပွဲကိုသွားတာပေါ့ ရှင် ….ကျမပြန်တော့ သူငယ်ချင်းက
စိတ်မချလို့  လိုက်ပို့ ရှာပါတယ် …. ကျမတို့  အတူတူလျောက်လာရင်းနဲ့ အိမ်နားလည်းရောက်ရော စူးစူးဝါးဝါး
အော်သံကြီး ကြားရတာပါပဲရှင် ….”
မိန်းကလေးမှာ စိတ်ထိခိုက်ဟန်ဖြင့်  တစ်ချက်ရှိုက်ရင်း ….
“ကျမတို့ လည်း ကသောကမျော အိမ်ထဲပြေးဝင်တာပေါ့  …..အိမ်ထဲရောက်တော့  ကျမအမေဟာ ကုလားထိုင်
ပေါ်မှာ အရမ်းကိုထိတ်လန့် ကြောက်ရွံ့ ခဲ့ပုံမျိုးနဲ့  မျက်လုံးကြီးပြူးလို့  သေဆုံးနေပါပြီ ….
ကျန်တာကတော့  ဆရာသိတဲ့ အတိုင်းပါပဲ ….ရဲစခန်းအကြောင်းကြား … မှုခင်းဆရာဝန်နဲ့ စစ်ဆေး …ပြီးတော့
နှလုံးရောဂါကြောင့်  သေဆုံးရတယ်ဆိုပြီး အမှုက ပြီးသွားတာပဲလေ …. ဖြစ်ချင်တော့  ကျမဦးလေးကလည်း
အဲဒီနေ့ မနက်ကမှ ခရီးထွက်သွားတာ ဆိုတော့  ကျမမှာ မိခင်သေလို့  သောကရောက်ရတာတမျိုး ………
အခင်းဖြစ်ပွားလို့  အမေးခံရတာတစ်ဘက်မို့  တစ်ကယ်ကို စိတ်ညစ်ရတာပါပဲရှင် …”

ကျွန်ပ်လည်း ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီးလျှင်
“မှန်ပါတယ် ကလေးမ အဲဒီအချိန်က မိန်းကလေးကတိုင်ချက် မဖွင့်တော့  ကျုပ်တို့ အနေနဲ့  ပုံမှန်စစ်ဆေးမှုသာ
လုပ်နိုင်ခဲ့ ပါတယ်လေ …”

ကိုမြင့် ကျော်မှ စိတ်ဝင်စားလှသဖြင့်  မျက်မှောင်ကုတ်ပြီး…
“ဆက်ပါဦး မိန်းကလေး …. မင်း အစ်ကိုကရော ဘယ်လိုသေခဲ့ ရတာလဲ ..”
“အစ်ကိုသေ ခဲ့ ရတာကလည်း သူ့ အိပ်ခန်းထဲမှာပါ … မနက်က အိပ်ရာထနောက်ကျလို့  အခန်းထဲဝင်ကြည့် 
တော့  အိပ်လျက် သေဆုံးနေတာတွေ့ ရပါတယ် ….ဒီတစ်ခါတော့  သေမှုသေခင်းနဲ့ မဆိုင်လှဘူးထင်ပြီး
ကျမလည်း ခတ်ပေါ့ ပေါ့ တွေးပြီး နေခဲ့ ပါတယ် … အခုတော့ …..”
မိန်းကလေးမှာ ပြောရင်းဖြင့် ထိတ်လန့် လာဟန်ဖြင့်  ဖြူဖတ်ဖြူရော်ပင်ဖြစ်လာသည် ။

“အခု ဘာဖြစ်နေလို့ လည်း မိန်းကလေး …” ဟု ကျွန်ုပ် က စကားထောက်ပေးလိုက်လေရာ …
“တစ်ခုခု တော့  တစ်ခုခုပဲရှင် … ကျမလည်းမပြောတတ်ပါဘူး … တစ်ခါတလေ ညဘက်တရေးနိုးတဲ့ အခါမျိုးမှာ
တရွှီးရွှီး အသံလေးတွေတော့  ခတ်တိုးတိုး ကြားမိတယ်ရှင့် ”

“ဖြေးဖြေးနဲ့  စိတ်ဝင်စားဖို့ ကောင်းလာပြီဘဲ …ဆက်ပါဦးကလေးမ”
မိတ်ဆွေကြီး ကိုမြင့် ကျော်မှစိတ်ဝင်စားစွာနားထောင်ရင်း စကားထောက်ပေးလိုက်သည် ။
” ကျမလည်း ဒီအကြောင်းတွေကို ကျမချစ်သူကိုပြောပြတော့  သူက အမြန်ဆုံးလက်ထပ်ဖို့ 
ပြောပါတယ်ရှင် …. ဒါနဲ့  လက်ထပ်ဖို့ ကိစ္စကို မနေ့ ကပဲ ဦးလေးကိုဖွင့် ပြောလိုက်တာပေါ့ ”
ကျွန်ုပ်က “ဦးလေးကဘာပြောလဲမိန်းကလေး”
“ဦးလေးက ဝမ်းသာအားရသဘောတူပါတယ် တဲ့  ကျမကိုတစ်ယောက်တည်းစိတ်မချဖြစ်နေတာ
ဆိုတော့  သူစိတ်အေးရတာပေါ့  တဲ့ ”

ကိုမြင့်ကျော်မှလေးလေးနက်နက်စဉ်းစားရင်း …

“ဒါနဲ့  ကျုပ်တို့ နှစ်ယောက် မိန်းကလေးရဲ့ အိမ်ကိုလိုက်ကြည့် ချင်တယ် .. အဲဒါ ….”

” ရပါတယ်ရှင် … စိတ်ကြိုက် ကြည့် နိုင်ပါတယ် … “
မိန်းကလေးမှ လိုလိုလားလားပင်ဖိတ်ခေါ်သဖြင့်  ကျွန်ုပ်နှင့် ကိုမြင့် ကျော်တို့ မှာ မိန်းကလေး၏ အိမ်သို့ 
ထွက်ခဲ့ လေတော့ သည် ။ မိန်းကလေး၏ အမည်မှာ ယမုံ ဟုသိရလေ၏ ။

မိန်းကလေး နေထိုင်ရာ တောင်သူကုန်းရပ်ရှိ နေအိမ်သို့ေ၇ာက်သော်  ကိုမြင့်ကျော်မှာ ခြံဝန်းတစ်ခုလုံးအား

လှည့် ပတ်ကြည်ပြီးမှ အိမ်ပေါ်သို့ ထက်လေတော့သည် ။ အိမ်မှာ တိုက်ခံနံကပ် အမျိုးအစားဖြစ်ပြီး

မိန်းကလေးမှာ အပေါ်ထပ်တွင်အိပ်လေသည် ။ အောက်ထပ်တွင်မူ အမေ၏ မောင်ဖြစ်သူ ဦးလေးနေသည် ဟု

သိရလေသည် . …။ ၄င်း ဦးလေးမှာ မနေ့ က ညနေတွင် ခရီးထွက်သွားသဖြင့် အောက်ထပ်ရှိ သူ၏ အခန်းမှာ

ပိတ်ထားလေ၏ ။

ကျွန်ုပ်မှာ ဒီကိစ္စအတွက် ကိုမြင့် ကျော်ကိုအားနာသဖြင့်  လိုက်ခဲ့ရသော်လည်း စိတ်မ၀င်စားလှသဖြင့်

အပေါ်ထပ်တွင် ဟိုကြည့် ဒီကြည့်ဖြင့် သာ ယောင်ချာချာ ဖြစ်နေလေတော့သည် ။ ထို့နောက် ထိုင်ခုံတစ်လုံး

တွင်ထိုင်၍ မဂ္ဂဇင်းဟောင်းတစ်အုပ်အား ဖတ်ခြင်းဖြင့်  အချိန်ကုန်စေရလေ၏ ။

ကိုမြင့်ကျော်မှာ မိန်းကလေးကို သိခြင်သည့် အကြောင်းအရာများ မေးမြန်းခြင်း ၊ အောက်ထပ်သို့ ဖွင့် ခိုင်း၍

ဝင်ကြည့်ခြင်း ၊ မိန်းကလေး၏ အိပ်ခန်းနှင့် တစ်ကွ သူ၏မိခင်သေဆုံးခဲ့သည်ဆိုသော အခန်းများကိုကြည့်ရှုခြင်း

တို့အား အကျအနပင် အသေးစိတ် လေ့လာနေပေတော့သည် ။

အတော်ကြီးကျေနပ်အောင် ကြည့်ရှုပြီးနောက် …..

“ ကဲ အိုင်အိုကြီး … သွားကြစို့ဗျာ … … မိန်းကလေး မယမုံလည်း ကျုပ်ပြောတဲ့ အတိုင်းလုပ် ပေးပါနော်

အရေးကြီးမယ်ထင်လို့ပါ ..”

“ ကျမကို နည်းနည်းလောက် ကြိုမပြောနိုင်ဘူးလားရှင် …”

“အင်း….. ပြောချင်ပေမဲ့ သေချာဖို့ နဲနဲ လိုသေးလို့ပါ … ကျုပ်ကိုယုံပါ မိန်းကလေး ”

“ ယုံပါသော်ကောရှင် …. ကျမမှာလည်း မကြံတတ် ၊ မစည်တတ်နဲ့ဆိုတော့ ဦးလေးတို့ပဲ အားကိုးရတာပါ  ”

“ကောင်းပြီလေ …. ဒါဆို ညကျမှပဲ အစီအစဉ်အတိုင်းလုပ်ကြတာပေါ့  ”

ကျွန်ုပ်မှာ သူတို့ ဘာတွေပြောနေသလဲ ဟု စဉ်းစားရင်း မတွေးတတ်အောင် ရှိချေတော့သည် ။

အတွေ့အကြုံအရ အချိန်တန်ရင် မိတ်ဆွေကြီးကိုမြင့်ကျော်မှ ဖွင့်ပြောမည်ကိုကား သိပြီးဖြစ်လေ၏ …။

သို့နှင့်  ….. မိန်းကလေးအိမ်မှ နှစ်ယောက်သား ပြန်ခဲ့လေတော့သည် ။

 

(ဖတ်ရှုသူများ ငြီးငွေ့မည်စိုးသဖြင့် နောက်တစ်ပိုင်းခွဲလိုက်ရသည်ကို ခွင့်လွှတ်ပါဗျာ)

 

 

 

 

 

ကြိုးစားပါဦးမည်
ရာမည

About ရာမည

ရာမည has written 35 post in this Website..