လူစွန့်စားမြင် ့ကျော်နှင် ့ အော်သံ၏နောက်ကွယ်

ရာမညMarch 1, 20131min16716

ပူအိုက်သော နွေဥတု၏တနေ ့သ၌ ……
ကျွန်ုပ် နှင် ့မိတ်ဆွေကြီးဖြစ်သူ ကိုမြင် ့ကျော်တို ့မှာ ကျွန်ုပ်၏ရုံးခန်းထဲတွင် လက်ဘက်ရည်သောက်ရင်း
ရှေးဟောင်း နှောင်းဖြစ်များကို ပြောဆိုနေခိုက် တပည် ့လေးတစ်ဦးမှ ဧည် ့သည်ရောက်နေကြောင်း
ပြောသဖြင် ့ အခန်းထဲသို ့လွှတ်လိုက်ရန်ပြောရလေသည် ။
များမကြာမှီ အခန်းဝ၌ အသက်အစိတ်ခန် ့ အမျိုးသမီးတစ်ဦး ဝင်လာသဖြင် ့ နေရာပေးပြီးလျှင်
လာရင်းကိစ္စကိုမေးရလေတော ့၏ ။
“ဆရာ ကျမ အမှုတိုင်ချင်လို ့ပါ… ”
“ရပါတယ် ပြောပါ .. လွတ်လွတ်လပ်လပ်ပြောနိုင်ပါတယ် …. ”
အမျိုးသမီးမှာ ကိုမြင့်ကျော်ကို တစ်ချက်ဝေ ့ကြည် ့ပြီး …
“ဒီလိုပါဆရာ ….. လွန်ခဲ ့တဲနှစ်ကဆုံးပါးသွားတဲ ့ ကျမ အစ်ကိုနဲ ့ ကျမအမေတို့သေခဲ ့ရတာ
သွေးရိုးသားရိုးမဟုတ်ဖူးလို ့ထင်လို ့ပါ … ပြီးတော ့အဲဒီအမှုကိုပြန်လိုက်စေချင်လို ့ ပါ ”

ကျွန်ုပ်မှာ မသက်မသာ ခေါင်းယမ်းမိရင်း
“မိန်းကလေးရဲ ့ အမှုက ဆရာဝန်စစ်ဆေးချက်နဲ ့ နှလုံးရောဂါကြောင် ့သေဆုံးတာဖြစ်လို ့
မီးသင်္ဂြို ခွင် ့ပြုပြီးမှပဲကွယ် …. အလောင်းတွေမှမရှိတော့ပဲ ဘယ်လိုပြန်လိုက်ရမှာလဲကွယ်”
“ကျမ ကတော ့စဉ်းစားပြီး မသင်္ကာဖြစ်နေတာ …အတိအကျမပြောတတ်ပေမဲ ့ တစ်ခုခုတော ့
တစ်ခုခုပဲဆရာ …..မကြာခင် ကျမတောင်အန္တရယ်ဖြစ်လေမလားမသိဘူး ”
“ဒါဆိုလဲ မိန်းကလေးအနေနဲ ့ ထင်မြင်တာကိုပြောကြည် ့ပါလား ကျုပ်တို ့လည်း တတ်နိုင်သမျှ
ကူညီပါ ့မယ် ”
ကိုမြင် ့ကျော်မှ ငြိမ်နေရာမှ ဝင်ရောက်ပြောဆိုသဖြင် ့ မိန်းကလေးမှ ကျွန်ုပ်ကိုလှန်းကြည် ့သဖြင် ့
“ဒီက တူမကြီးကို မိတ်ဆက်ပေးရဦးမယ် … အဲဒီဦးလေးနာမည်က ဦးမြင် ့ကျော် တဲ ့…
ဦးရဲ ့ မိတ်ဆွေပါဘဲ ပြီးတော ့ဦးတို ့ရဲ လုပ်ငန်းကို တစ်ဘက်တလမ်းက အကူအညီပေးနေတာပါ
တူမကြီးရဲ ့ ကိစ္စကို သူပဲကူညီလို ့ရမှာပါ …. ဘာဖြစ်လို ့လဲဆိုတော ့ အဲဒီအမှုက ပိတ်ပြီးသွားပြီဆိုတော ့
အလွတ်သဘော စုံစမ်းတာပဲ ကောင်းပါတယ် …ဦးမြင် ့ကျော်ကူညီပါလိမ် ့မယ် တူမကြီး ”

“ကျေးဇူးပါဘဲရှင် …. ဒါဆို ကျမ အစကနေပြန်ပြောပါ ့မယ် …. ဒီလိုပါ ………….
……… ကျမ အမေက လေဖြတ်ပြီး အောက်ပိုင်းသေနေတာပါ အဖေကတော ့ ကျမငယ်ငယ် ကတည်းက
ဆုံးသွားခဲ ့ပါတယ် …… ကျမအထက်က အစ်ကိုကတော ့ အသိညဏ်ဖွံ့ဖြိုးတာမပြည် ့စုံတဲ ့ စံလွဲ နေသူပါ
ကျမ ဖေဖေရှာခဲ ့တဲ ့ ဥစ္စာပစ္စည်းနဲနဲပါးပါးကို မကုန်အောင်ထိမ်းသိမ်းရင်း ကျမတို ့ ချွေတာပြီး နေခ ဲ ့ပါတယ်
ကျမကတော ့ အရောင်းဆိုင်တစ်ခုမှာ အလုပ်လုပ်ပါတယ် …… .. ဒီလိုနဲ ့ နေလာကြတာ တစ်နေ ့မှာတော ့….
အမေရဲ ့ မောင်ဖြစ်တဲ ့ကျမဦးလေးဟာ အိမ်ကိုပြန်ရောက်လာခဲ ့ပါတယ်….ကျမတို ့လည်း ပျော်တာပေါ ့ ရှင် …..
ဦးလေးနဲ ့ မတွေ ့ကြတာ ကျမငယ်ငယ် ကတည်းကဆိုပါတော ့ …. ဦးလေးက မြန်မာပြည်ပတ်ပြီး အလုပ်လုပ်
နေတယ်လို ့ ပြောတာပဲ ….အခုလို အဖေလည်းမရှိ အစ်ကိုကလည်း အားကိုးမရတဲ ့အချိန်မှာ ကျမတု ိ့အတွက်
အားရှိစရာပေါ ့ရှင် …. ဒီလိုနေလာရင်းနဲ ့ ပြီးခဲ ့တဲ ့နှစ် ခရစ်စမတ်ညမှာ …….. ”
မိန်းကလေးမှာ ဆက်တိုက်ပြောလိုက်ရသဖြင် ့ မောသွားဟန်ဖြင် ့ စကားခဏဖြတ်ရင်း ရှေ ့နားရှိရေခွက်ကို
ကောက်ယူမော ့လိုက်လေသည် ။ ပြီးနောက်…..

“အဲဒီညမှာ ကျမသူငယ်ချင်းရဲ ့ ခရစ်စမတ် ညစာစားပွဲကိုသွားတာပေါ ့ရှင် ….ကျမပြန်တော ့သူငယ်ချင်းက
စိတ်မချလို ့ လိုက်ပို ့ရှာပါတယ် …. ကျမတို ့ အတူတူလျောက်လာရင်းနဲ့ ့အိမ်နားလည်းရောက်ရော စူးစူးဝါးဝါး
အော်သံကြီး ကြားရတာပါပဲရှင် ….”
မိန်းကလေးမှာ စိတ်ထိခိုက်ဟန်ဖြင် ့ တစ်ချက်ရှိုက်ရင်း ….
“ကျမတို ့လည်း ကသောကမျော အိမ်ထဲပြေးဝင်တာပေါ ့ …..အိမ်ထဲရောက်တော ့ ကျမအမေဟာ ကုလားထိုင်
ပေါ်မှာ အရမ်းကိုထိတ်လန် ့ကြောက်ရွံ ့ခဲ့ပုံမျိုးနဲ ့ မျက်လုံးကြီးပြူးလို ့ သေဆုံးနေပါပြီ ….
ကျန်တာကတော ့ ဆရာသိတဲ ့အတိုင်းပါပဲ ….ရဲစခန်းအကြောင်းကြား … မှုခင်းဆရာဝန်နဲ ့စစ်ဆေး …ပြီးတော့
နှလုံးရောဂါကြောင် ့ သေဆုံးရတယ်ဆိုပြီး အမှုက ပြီးသွားတာပဲလေ …. ဖြစ်ချင်တော ့ ကျမဦးလေးကလည်း
အဲဒီနေ ့မနက်ကမှ ခရီးထွက်သွားတာ ဆိုတော ့ ကျမမှာ မိခင်သေလို ့ သောကရောက်ရတာတမျိုး ………
အခင်းဖြစ်ပွားလို ့ အမေးခံရတာတစ်ဘက်မို ့ တစ်ကယ်ကို စိတ်ညစ်ရတာပါပဲရှင် …”

ကျွန်ပ်လည်း ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီးလျှင်
“မှန်ပါတယ် ကလေးမ အဲဒီအချိန်က မိန်းကလေးကတိုင်ချက် မဖွင့်တော ့ ကျုပ်တို ့အနေနဲ ့ ပုံမှန်စစ်ဆေးမှုသာ
လုပ်နိုင်ခဲ ့ပါတယ်လေ …”

ကိုမြင် ့ကျော်မှ စိတ်ဝင်စားလှသဖြင် ့ မျက်မှောင်ကုတ်ပြီး…
“ဆက်ပါဦး မိန်းကလေး …. မင်း အစ်ကိုကရော ဘယ်လိုသေခဲ ့ရတာလဲ ..”
“အစ်ကိုသေ ခဲ ့ရတာကလည်း သူ ့အိပ်ခန်းထဲမှာပါ … မနက်က အိပ်ရာထနောက်ကျလို ့ အခန်းထဲဝင်ကြည် ့
တော ့ အိပ်လျက် သေဆုံးနေတာတွေ ့ရပါတယ် ….ဒီတစ်ခါတော ့ သေမှုသေခင်းနဲ ့မဆိုင်လှဘူးထင်ပြီး
ကျမလည်း ခတ်ပေါ ့ပေါ ့တွေးပြီး နေခဲ ့ပါတယ် … အခုတော ့…..”
မိန်းကလေးမှာ ပြောရင်းဖြင် ့ထိတ်လန် ့လာဟန်ဖြင် ့ ဖြူဖတ်ဖြူရော်ပင်ဖြစ်လာသည် ။

“အခု ဘာဖြစ်နေလို ့လည်း မိန်းကလေး …” ဟု ကျွန်ုပ် က စကားထောက်ပေးလိုက်လေရာ …
“တစ်ခုခု တော ့ တစ်ခုခုပဲရှင် … ကျမလည်းမပြောတတ်ပါဘူး … တစ်ခါတလေ ညဘက်တရေးနိုးတဲ ့အခါမျိုးမှာ
တရွှီးရွှီး အသံလေးတွေတော ့ ခတ်တိုးတိုး ကြားမိတယ်ရှင် ့”

“ဖြေးဖြေးနဲ ့ စိတ်ဝင်စားဖို ့ကောင်းလာပြီဘဲ …ဆက်ပါဦးကလေးမ”
မိတ်ဆွေကြီး ကိုမြင် ့ကျော်မှစိတ်ဝင်စားစွာနားထောင်ရင်း စကားထောက်ပေးလိုက်သည် ။
” ကျမလည်း ဒီအကြောင်းတွေကို ကျမချစ်သူကိုပြောပြတော ့ သူက အမြန်ဆုံးလက်ထပ်ဖို ့
ပြောပါတယ်ရှင် …. ဒါနဲ ့ လက်ထပ်ဖို ့ကိစ္စကို မနေ ့ကပဲ ဦးလေးကိုဖွင် ့ပြောလိုက်တာပေါ ့”
ကျွန်ုပ်က “ဦးလေးကဘာပြောလဲမိန်းကလေး”
“ဦးလေးက ဝမ်းသာအားရသဘောတူပါတယ် တဲ ့ ကျမကိုတစ်ယောက်တည်းစိတ်မချဖြစ်နေတာ
ဆိုတော ့ သူစိတ်အေးရတာပေါ ့ တဲ ့”

ကိုမြင့်ကျော်မှလေးလေးနက်နက်စဉ်းစားရင် း …

“ဒါနဲ ့ ကျုပ်တို ့နှစ်ယောက် မိန်းကလေးရဲ ့အိမ်ကိုလိုက်ကြည် ့ချင်တယ် .. အဲဒါ ….”

” ရပါတယ်ရှင် … စိတ်ကြိုက် ကြည် ့နို်င်ပါတယ် … ”
မိန်းကလေးမှ လိုလိုလားလားပင်ဖိတ်ခေါ်သဖြင် ့ ကျွန်ုပ်နှင် ့ကိုမြင် ့ကျော်တို ့မှာ မိန်းကလေး၏ အိမ်သို ့
ထွက်ခဲ ့လေတော ့သည် ။ မိန်းကလေး၏ အမည်မှာ ယမုံ ဟုသိရလေ၏ ။

မိန်းကလေး နေထိုင်ရာ တောင်သူကုန်းရပ်ရှိ နေအိမ်သို့ ရောက်သော်  ကိုမြင့်ကျော်မှာ ခြံဝန်းတစ်ခုလုံးအား

လှည် ့ပတ်ကြည်ပြီးမှ အိ်မ်ပေါ်သို့ ထက်လေတော့သည် ။ အိမ်မှာ တိုက်ခံနံကပ် အမျိုးအစားဖြစ်ပြီး

မိန်းကလေးမှာ အပေါ်ထပ်တွင်အိပ်လေသည် ။ အောက်ထပ်တွင်မူ အမေ၏ မောင်ဖြစ်သူ ဦးလေးနေသည် ဟု

သိရလေသည် . …။ ၎င်း ဦးလေးမှာ မနေ ့က ညနေတွင် ခရီးထွက်သွားသဖြင့် အောက်ထပ်ရှိ သူ၏ အခန်းမှာ

ပိတ်ထားလေ၏ ။

ကျွန်ုပ်မှာ ဒီကိစ္စအတွက် ကိုမြင် ့ကျော်ကိုအားနာသဖြင် ့ လိုက်ခဲ့ရသော်လည်း စိတ်မဝင်စားလှသဖြင့်

အပေါ်ထပ်တွင် ဟိုကြည့် ဒီကြည့်ဖြင် ့သာ ယောင်ချာချာ ဖြစ်နေလေတော့သည် ။ ထို့နောက် ထိုင်ခုံတစ်လုံး

တွင်ထိုင်၍ မဂ္ဂဇင်းဟောင်းတစ်အုပ်အား ဖတ်ခြင်းဖြင် ့ အချိန်ကုန်စေရလေ၏ ။

ကိုမြင့်ကျော်မှာ မိန်းကလေးကို သိခြင်သည့် အကြောင်းအရာများ မေးမြန်းခြင်း ၊ အောက်ထပ်သို့ ဖွင် ့ခိုင်း၍

ဝင်ကြည့်ခြင်း ၊ မိန်းကလေး၏ အိပ်ခန်းနှင် ့တစ်ကွ သူ၏မိခင်သေဆုံးခဲ့သည်ဆိုသော အခန်းများကိုကြည့်ရှုခြင်း

တို့အား အကျအနပင် အသေးစိတ် လေ့လာနေပေတော့သည် ။

အတော်ကြီးကျေနပ်အောင် ကြည့်ရှုပြီးနောက် …..

“ ကဲ အိုင်အိုကြီး … သွားကြစို့ဗျာ … … မိန်းကလေး မယမုံလည်း ကျုပ်ပြောတဲ့ အတိုင်းလုပ် ပေးပါနော်

အရေးကြီးမယ်ထင်လို့ပါ ..”

“ ကျမကို နည်းနည်းလောက် ကြိုမပြောနိုင်ဘူးလားရှင် …”

“အင်း….. ပြောချင်ပေမဲ့ သေချာဖို့ နဲနဲ လိုသေးလို့ပါ … ကျုပ်ကိုယုံပါ မိန်းကလေး ”

“ ယုံပါသော်ကောရှင် …. ကျမမှာလည်း မကြံတတ် ၊ မစည်တတ်နဲ့ဆိုတော့ ဦးလေးတို့ပဲ အားကိုးရတာပါ  ”

“ကောင်းပြီလေ …. ဒါဆို ညကျမှပဲ အစီအစဉ်အတိုင်းလုပ်ကြတာပေါ ့ ”

ကျွန်ုပ်မှာ သူတို့ ဘာတွေပြောနေသလဲ ဟု စဉ်းစားရင်း မတွေးတတ်အောင် ရှိချေတော့သည် ။

အတွေ့အကြုံအရ အချိန်တန်ရင် မိတ်ဆွေကြီးကိုမြင့်ကျော်မှ ဖွင့်ပြောမည်ကိုကား သိပြီးဖြစ်လေ၏ …။

သို့နှင် ့ ….. မိန်းကလေးအိမ်မှ နှစ်ယောက်သား ပြန်ခဲ့လေတော့သည် ။

 

(ဖတ်ရှုသူများ ငြီးငွေ့မည်စိုးသဖြင့် နောက်တစ်ပိုင်းခွဲလိုက်ရသည်ကို ခွင့်လွှတ်ပါဗျာ)

 

 

 

 

 

ကြိုးစားပါဦးမည်
ရာမည

16 comments

  • ရာမည

    March 1, 2013 at 10:18 am

    မကြာမီ ဇတ်သိမ်းပိုင်း ဆက်တင်ပေးပါမည် ခင်ဗျာ
    စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါကြောင်း….

  • ခင်ခ

    March 1, 2013 at 11:18 am

    ဇတ်သိမ်းမျှော်နေပါ၏။
    စုံထောက်တွေက အခင်းဖြစ်တဲ့နေရာရောက်ရင် ဟိုကြည့်ဒီကြည့် ပတ်ကြည့်ကြတာဘဲနော်။

  • ခိုင်ဇာ

    March 1, 2013 at 11:48 am

    ဟယ်။
    အစအဆုံး တင်ပါအေ့။
    ဖတ်ကောင်းနေတုန်းကို။
    :hee:

    “””တစ်ခုခုတော့ တစ်ခုခုပဲ ဆရာ။
    ကျွန်မလည်း ညဘက်ဆို အိမ်ပြင်က ကြောင်အော်သံတွေ၊ ဖားအော်သံတွေ ကြားနေရပါတယ်။
    အဲဒါ ကျွန်မ အိမ်ကိုလည်း လိုက်ကြည့်စေချင်ပါတယ်ရှင့်။”””

    :kwi:

  • Wow

    March 1, 2013 at 11:59 am

    အင်း ဇတ်ရှိန်ကောင်းနေတုံး တို့လို့တန်းလန်းထားခဲ့ပီ….
    ဒါမျိုးက ဝတ်လိုက်တတ်တယ်အေ့ :kwi:

  • ဗုံဗုံ

    March 1, 2013 at 12:23 pm

    ဟယ် အူးလေးကြီးရယ် ဇာတ်ရှိန်မြင့်လာမှ ဘယ့်နှယ်လို့ ဆန့်တငင်ငင်ဖြစ်အောင်လုပ်ရတာတုန်း လူပျိုကြီးဖြစ်ပါစေတော် :mrgreen:

  • Mon Kit

    March 1, 2013 at 12:48 pm

    အော် ဆားပုလင်း ရာမည ရယ်..
    ကောင်းခန်းကြီးကို..
    ကဲ. ကဲ.. ဇတ်သိမ်းခန်းကို မျှော်ရတာပေါ့……
    :hee:

  • ဦး ကျောက်ခဲ

    March 1, 2013 at 2:13 pm

    ဆရာသမားကလည်း….

    ဆန့်ငင်ဆန့်ငင်နဲ့ ထားခဲ့ပြန်ပြီ…မျှော်တော်ယောင်ဖြစ်အောင်မလုပ်ပါနဲ့…
    ဝဋ်လိုက်လိမ့်မယ်…မြန်မြန်ဆက်ပါဗျ…
    :kwi:

  • ရာမည

    March 1, 2013 at 4:10 pm

    စာဖတ်သူများနှင် ့တကွ
    ဦးခင်ခ
    မခိုင်ဇာ
    မwow
    မဗုံဗုံ
    မမွန်ကစ်
    ဦးကျောက်ခဲ တို ့ခင်ဗျာ ….
    အပြီးမသတ်မီ တင်လိုက်မိတာတောင်ပန်ပါတယ်
    ဇတ်က ပျိုးရုံနဲ ့ တင် စာလုံးရေ ၆၀ဝ ကျော်သွားသဖြင် ့ နှစ်ပိုင်းခွဲလိုက်ရပါကြောင်း
    မကြမီ ဆက်ပြီး တင်မှာဖြစ်ပါကြောင်း
    မဗုံဗုံ ပေးသောဆုမှာ မပြည် ့နိုင်တော ့ပါကြောင်း
    မခိုင်ဇာကိုအကြံပေးချင်တာကတော ့
    ကြောင်သံကြာလျှင် ခွေးလွှတ်လိုက်ပြီး ဖားသံကြားပါက မြွေလွှတ်လိုက်လျှင်
    အဆင်ပြေနိုင်ကြောင်း
    အိမ်တော့ မလိုက်ရဲပါကြောင်း …….

    ကျေးဇူးပါခင်ဗျ

  • မောင် ပေ

    March 1, 2013 at 7:42 pm

    ဟုတ်ကဲ့
    လူစွန် ့စားမောင်မြင့်ကျော်
    မည်သို ့မည်ပုံ ဖော်ထုတ်မည် ဆိုတာ
    စောင့်မျှော်နေမည် ဖြစ်ပါကြောင်း
    အဲဒါ အဲဒါ

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 1, 2013 at 11:47 pm

    စာရေးစရာ ဗေဒင်ဆရာကြီး ဘဘကြီး ဦးမင်းသိင်္ခ ကွယ်လွန် အနိစ္စရောက်သွားပီး ကတည်းက
    စုံဒေါက် ဝတ်ထုတွေ မဖတ်ဖြစ်တော့တာ………….
    အခုတော့ ကိုရာမည ကျေးဇူးကြောင့် စုံဒေါက် ဝတ်ထုတွေ ဖတ်ရချည်သေးရဲ့………….
    ကာတွန်းစာအုပ်……
    စုံဒေါက် ဝတ်ထု များကို ကြိုက်တဲ့ ဘိုမိုင်း……………….

  • နောက်တစ်ပိုင်းတင်ပြီးရင် အကြောင်းကြားပါဥိးနော့်… တစ်ချက်တစ်ချက်.. ရွာနဲ့ အဆင်ပြတ်တတ်နေတတ်လို့….

  • Mr. MarGa

    March 2, 2013 at 8:38 pm

    အစကတော့ စိတ်ဝင်စားမိသွားပြီ
    အဆုံးကို ဆက်စောင့်နေပဗျို့

  • MaMa

    March 2, 2013 at 9:07 pm

    ရွာထဲမှာ စာတစ်မျိုးတိုးလာပြီ။
    အားပေးပါတယ် စုံထောက်ကြီး။
    စာဖတ်သူကိုပါ သဲလွန်စလေးပေးပြီး စုံထောက်သင်တန်းလေးပေးပါလား။ :hee:

  • ရာမည

    March 2, 2013 at 9:34 pm

    ကိုမောင်
    ကိုမောင်ပေ
    ကိုမိုဘိုင်း
    ကိုမာဃ
    မလုံမလေးမွန်မွန်
    ဒေါ်မမ တိ ့နှင့် လာရောက်ဖတ်ရှုသူများအားလုံးမင်္ဂလာပါခင်ဗျာ
    အားလုံးရေးမပြီးမီ အလောတကြီးတင်ခဲ ့ရတာ အားနာမိပါတယ်
    တနင်္လာ နေ ့မှာ အစ အဆုံး ပြန်တင်ပါ ့မယ် ။ယခု ရေးပြီးလုနီးပါးဖြစ်နေပါကြောင်း
    လာရောက်ဖတ်ရှုအားပေးမည်ကို အထူးမျှော်လင် ့နေပါကြောင်း
    ကွန်မန် ့များကိုဖတ်၍ အလွန်အားတက်မိပါကြောင်း
    ကျေးဇူးပါခင်ဗျ …..။၊

  • padonmar

    March 2, 2013 at 11:51 pm

    စောင့်ဖတ်နေပါတယ်ကိုမြင့်ကျော်။

Leave a Reply