အ = အားနာလွန်းလို ့….. အလိမ်ခံလိုက်ရတဲ ့ ……..အလင်းဆက်ရဲ ့ အဖြစ်တွေ…

alinsettFebruary 24, 20132min32534

ဟ = ဟန်ဆောင်တတ်သော အလင်းဆက်တို ့ သားအမိ

ဠ = ဠ လား… သူ …. မှားနေတယ်

111

ညာနေမှန်း.သိလျက်ကြီးနဲ ့….

အလိမ်အညာ ခံလိုက်တယ်ဆိုတာ….. အားနာမိလို့ပါ ။

ဟုတ်ပါတယ် ။ အလင်းဆက်… အားနာတတ်ပါတယ် ။

နိမ့်ကျ နွမ်းပါးမှုတွေကို..မြင်ရတဲ ့အခါ….

ဒါမှမဟုတ်….. မကြည့်ရက် မမြင်ရက်လောက်အောင်….သနားစရာကောင်းတဲ ့မြင်ကွင်းတွေကိ်ု မြင်တွေ ့ရတဲ ့အခါ…..

ရှောင်လွှဲ..မသွားရက်ပဲ….ကိုယ့်တာဝန် မကင်းသလို..ခံစားရတတ်တဲ ့.. ..စိတ်လည်း..ကျွန်တော့်မှာ… မပျောက်သေးဘူး ထင်ပါရဲ ့ဗျာ..။

ကျွန်တော်…. ခဏခဏ အလိမ်အညာ ခံရပါတယ် ။

တချို ့ လိမ်ညာမှုတွေကို…. မသိ /နားမလည်လို ့…. အလိ်မ် ခံလိုက်ရပြီးးးးး

တချို ့ လိမ်ညာမှုတွေကိုတော့…လိမ်နေပြီမှန်း…သိသိကြီးနဲ ့ကို….တမင်တကာ..အလိ်မ်ခံလိုက်ပါတယ် ။

ကျွန်တော် ညံ့ဖျင်းလို ့ လိမ်မှန်းမသိ…အလိ်မ်ခံလိုက်ရတဲ ့ ကိစ္စတွေကိုတော့….

ရှက်လို ့…စီကာစဉ်ကာ..ပြောမနေတော့ပါဘူး ။

လိ်မ်နေမှန်း…သိသိကြီးနဲ ့ တမင် အလိ်မ်ခံလိုက်ရတဲ ့အဖြစ်ကလေးတွေကိုတော့……စကားစမြည် ပြောပြချင်ပါသေးတယ် ။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

အခုတလောမှာ… လိမ်နည်း အသစ်ကလေးတွေ..သုူံးပြီး…. ငွေ လိမ်တောင်းတဲ ့သူတွေ..နေရာ အနှံ ့မှာ… ပေါများလာပါတယ် ။

ဟိုတလောကတော့…. ခြေထောက်တစ်ဖက်ကို…သစ်သားပြားတစ်ခုနဲ ့ပူးချည်ပြီး…

ထိုင် လျက်သား….နဲ ့…တရွတ် ဆွဲ / ဖင်ရွှေ ့ဖင်ရွှေ ့သွားပြီး…လိုက်တောင်းနေသူတစ်ယောက်ကို…တွေ ့လိုက်ပါတယ် ။

သစ်သားပြားနဲ ့ …ပူုးးချည်ထားတဲ ့ သူ ့ခြေထောက်တစ်ဖက်က…. ကျိုးနေတာလည်း..မဟုတ် …

အနာရောဂါ တစ်ခုခု ဖြစ်နေတာလည်း..မဟုတ်…..

ပုံမှန်…အကောင်းပကတိခြေထောက်တစ်ခုမှန်း…သိလိုက်ရပါတယ် ။

သူ ့ခြေထောက်…ရဲ ့ခြေဖျား / ခြေချောင်းကလေးတွေ..က….. လှုပ်နိုင်နေတာ တွေ ့ရတယ်လေ။ ဒါပေမယ့်….. သူ က.. အဲဒီ ခြေထောက်တစ်ဖက်

သုံး..စား မရတော့လို ့…တောင်းစားနေရတဲ ့ပုံစံ အပြည့် သရုပ်ဆောင်ထားတယ် ။ မြင်ရသူတိုင်း…. ( သေချာ စောင့်မကြည့်သူတိုင်း )

သနား ဂရုနာသက်လောက်စရာ ပုံစံပေါ့ ။ လက်နှစ်ဖက်ကို..အားပြု..ပြီး… ထိုင်လျက်သားနဲ ့ဖင်တရွတ်ဆွဲ..သွားပြနေတာလည်း..

ပင်ပန်းတကြီးပုံ မို ့.တော်ရုံတန်ရုံလူတွေ… စေတနာ စိတ်..ယိုဖိတ်ချင်စရာပါ ။

ကျွန်တော်ကတော့…သူ ့ခြေထောက်တွေ..အကောင်းကြီးမှန်း….( သေချာ စောင့်ကြည့်ထားလိုက်လို ့…) သ်ိနေပါပြီ ။ သူ….ညာနေပြီ ။

ဒါပေမယ့်…ကျွန်တော်… သူ ့ ခွက်ထဲ..ပိုက်ဆံ..ထည့်ပေးလိုက်ပါတယ် ။

ဘာလို ့ပေးသလဲ….။

လိမ်နေ ညာနေမှန်း.သိလျက်နဲ ့..ဘာလို့ပေးသလဲ..ဆိုတော့…..

သူ…အဲဒီလို.. ဒုကိ္ခတ ပုံစံကို..အပြည့်အဝ သရုပ်ဆောင်နေရတာကိုက…..

ကျွန်တော်တို ့..ယုံလောက်အောင်… ပင်ပန်းကြီးစွာ.. ဟန်ဆောင်ပြနေရတာမို့လို ့…..

သူ တော်တော်ပင်ပန်းပါတယ် ။ သူ ့ပင်ပန်းကြီးစွာ သရုပ်ဆောင်ပြနေမှုကို…..

အသိအမှတ်မပြုပဲ..လှည့်ထွက်ခဲ့ရမှာ….

အားနာစရာကြီး…လေ….။ :kwi:

222

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

ဟိုတစ်နေ့တုန်းကလည်း…

(ကျွန်တော် စာထိုင်ရေးနေကျ…စေတီတော်ကြီး ရဲ ့ ပတ်ဝန်းကျင်မှာ .ညနေ အချိန်တွေဆို တွေ ့ရမြင်ရလေ့ရှိတဲ ့ )

အမျိုးသမီးတစ်ယောက်ကို မြေနီကုန်း ကားမှတ်တိုင်နားမှာ..တွေ ့လိုက်ရပါတယ် ။

(အဲဒီင်္ မိန်းမကို ကြည့်ရတာ… အိမ်ခြေရာခြေမရှိတဲ ့ စရိုက်ပျက်နေတဲ ့ မိန်းမတစ်ယောက်ပုံစံ.ပါ ။)

မြေနီကုန်း မှတ်တိုင်နားမှာ.တွေ ့ရချိန်မှာတော့…… အဲဒီမ်ိန်းမက.. အကောင်းမဟုတ်တော့ပါဘူး ။

သူ ့တစ်ကိုယ်လုံးကို…. တွန့် ့လိမ်..ကောက်ကွေး..ထားပြီး… လက်တွေ / ခြေတွေ../ ခေါင်းတွေ / ခါးတွေကိုပါ…

လိမ်..ကိုင်း…ထိုင် ပြီး…ပိုက်ဆံ တောင်းနေတာပါ ။ ကျွန်တော်..အံ့တစ်အံ့ ဩတစ်ဩ ဖြစ်သွားတာပေါ့ ။

လက်တွေနဲ ့…သူ ့ခေါင်းကို လိမ်ကောက် တိမ်းစောင်းထားပြီး.ခြေကိုပါ..ခွင်ထားတာတွေ ့တယ် ။ မြင်ဖူးသလိုလိုပဲ….

ဘယ်မှာမြင်ဖူးပါလိမ့်လို ့..ကိုယ့်ဘာသာ ပြန် စဉ်းစားရင်း….. မနည်းသေချာ ကြည့်တော့မှ…. အယ်….ဘုရားမှာ..တွေ ့ ဖူးတဲ ့မိန်းမပါလား ။

မနေ့ကမှ အကောင်းကြီး….။ အခု..ဘယ့်နှယ် ထ..ဖြစ်ရတာလဲ….ပေါ့ ။ လူများ..မှားနေသေးသလား….

ဟေ့အေးးးးး မမှားပါဘူး ။ သေချာကြည့်တော့လည်း…. ဘုရား ပတ်ဝန်းကျင်မှာ… မြင်ဖူးတဲ ့..အဲဒီ မိန်းမ အစစ်ပါပဲ ။

ကဲ…. သူ..လိမ်နေပြီ ။ သိတယ် ။

ဒါပေမယ့်…. ကျွန်တော်..သူ ့အရှေ ့က..ခွက်ထဲ..ကို. ပိုက်ဆံ ထည့်ပေးလိုက်တာပေါ့ ။ ဘယ်ရမလဲ….။ အလင်းဆက်ပဲ…။

ဒီလောက်…..ပီပီပြင်ပြင်ကြီးးး မသန်မစွမ်းယောင်…ဆောင်ပြနေနိုင်တာ…. အသိအမှတ်ပြုရမှာပေါ့ ။

အဲဒီလို…. အများက ယုံအောင်…ဟန်ဆောင်နေရတာ..သူ တော်တော်… ပင်ပန်းရှာမှာပဲ ။

မျက်နှာလွှဲ ခဲပစ်.. လုပ်ခဲ့ဖို့ရာက….

အင်းးးး……

အားနာပါတယ်လေ…။

:kwi:

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

333

လမ်းစရိတ် မရှိတော့လို့ပါ…ဆိုပြီးးးးးး ကားဂိတ်တွေ./ ရထား.ဘူတာတွေနားမှာ..လိုက်တောင်းနေသူတွေလည်း…တွေ ့ရ..များလာလေရဲ ့ ။

တကယ် လမ်းစရိတ် မရှိလို ့…. အိမ်ပြန်ဖို ့..ကားခ တောင်းတယ်ဆိုလည်း…. တစ်ယောက်နှစ်ယောက်ဆီက… ရပြီးရင်…

တော်တော့ပေါ့နော် ။ ဒါပေမယ့်…တစ်ယောက်ပြီး.တစ်ယောက်… / တစ်နေရာပြီး.တစ်နေရာ… တစ်နေ့လုံးလိုလိုကို..လိုက်တောင်းနေတာတွေလေ။

အဲဒီတော့.. အိမ်ပြန်ဖို ့ ကားခမရှိလို ့.ဆိုတဲ ့ အကြောင်းပြချက်က လိမ်ညာမှုု တစ်ခု ဖြစ်သွားပြီလေ..။ ဒါမျိုးကိုလည်း…

အမှတ်မရှိတဲ ့ ခပ်ညံ့ညံ့ အလက်ဆင်းက…ပေးနိုင်သလောက် ပေးမြဲပါ ။ တောင်းတဲ ့ပုံလေးတွေကလည်း…. နွမ်းပါးတဲ ့ ပုံ့စံလေးတွေ.ဆိုတော့ ။.

( သူတို ့.. ဘယ်လို လိမ်ညာပြီးပဲ..တောင်းတောင်း…. ကျွန်တော်ပေးတဲ ့ပိုက်ဆံကို…. ဘာပဲ..လုပ်လုပ်… ကျွန်တော့် ကိစ္စ မဟုတ်တော့ဘူး ။

ကျွန်တော် ပေးလိုက်တဲ့ ပိုက်ဆံလေးတွေနဲ ့… သူတို ့..တစ်နေရာရာမှာ… အသုံးချလို ့.. အဆင်ပြေတယ်ဆိုရင်…ကျွန်တော်..ပေးရကျိုးနပ်ပါတယ် လို ့…

ခံယူမိပါတယ် ။ )

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

777

သူတို ့…

ဘာလို ့… အဲဒီလို တောင်းကြသလဲ…။

ဆိုတော့…ဆင်းရဲလို့ပါ ။

555

ဆင်းရဲတဲ ့သူ တိုင်း… အကျင့်ပျက်တာတော့မဟုတ်ပါဘူး ။ ဆင်းရဲတိုင်း..ရေသာခို အချောင်လိုက်ပြီး….

လိမ်ညာ စားသောက်ကြတာတော့မဟုတ်ပါဘူး ။

တချို ့က.. လူဆင်းရဲပေမယ့်.. စိတ်ဓါတ်နဲ ့ အကျင့်စရိုက် မဆင်းရဲအောင်နေပါတယ်

666

တချို ့ကတော့.. လူ ဆင်းရဲတာကို အကြောင်းပြပြီး… စိတ်ဓါတ်နဲ ့အကျင့်စာရိတ္တ ကိုပါ မွဲတဲ ့စာရင်း သွင်းပစ်တတ်တယ်လေ။

( တချို ့ကတော့.. လူချမ်းသာ နေပေမယ့်………………….. :kwi: )

ဆင်းရဲမွဲတေမှု ကို.. ကျွန်တော်ကိုယ်တိုင် ခံစားနေရဆဲမို ့…. ကိုယ်ချင်းစာမိပါတယ် ။ ဒါပေမယ့်…. ဆင်းရဲ မှုကို..အကြောင်း ပြုပြီး…

မရိုးသားစွာ သက်မွေး ဝမ်းကျောင်းတာတွေကိုတော့…. ကျွန်တော်.. သိပ်မကြိုက်ဘူး ။

အူမ မတောင့်လို ့..သီလ မစောင့်ဘူး..ဆိုတဲ ့ စကားကိုလည်း.. ကျွန်တော်.. သိ သဘောမကျပါဘူး ။

အူမ တောင့်သည် ဖြစ်စေ… မတောင့်သည် ဖြစ်စေ..

သီလ ဆိုတာ စောင့်လေ ကောင်းလေ မဟုတ်လား ။

ဘာပဲဖြစ်ဖြစ်…… လိမ်ညာ လှည့်စားပြီး ပိုက်ဆံတောင်းနေသူတွေကတော့…ရန်ကုန်မြို ့ ရဲ ့နေရာ အနှံ ့မှာ…

ပေါများ…နေပါပြီ ။ အဲဒီလို ဟန်ဆောင် လိမ်ညာပြီးးး တောင်းစားနေသူတွေ ကင်းသွား အောင်….

( စကားလုံးကြီးကြီးကျယ်ကျယ် သုံးရရင်….လူဆင်းရဲမှု နဲ ့ အကျင့်စာရိတ္တ ဆင်းရဲမှု ပပျောက်အောင်… ) ကျွန်တော်.. လုပ်ချင်ပါတယ် ။

ခက်တာက… ကျွန်တော် ဘယ်လို… ပြုပြင်ပြောင်းလဲ ပေးရမှာလဲ….

ဘယ်လို… လုပ်မှ လူဆင်းရဲ မှုု / အကျင့်စာရိတ္တ ဆင်းရဲမှုတွေ.. ကင်းစင်မှာလဲ…

အဲ….

ကျွန်တော့်လို ….. ဘာမဟုတ်တဲ ့ ချာတိတ်လေးတစ်ယောာက်က ပြုပြင်ပြောင်းလဲပေးနိုင်မှာလား…

တစ်ယောက်တည်း လိုက် ပြင်နေလို့ရော..ရပါ့မလား…။

:kwI:

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

444

လောလောဆယ်တော့……..

မသေချာ မရေရာသေးတဲ ့ ကျွန်တော့်ရဲ ့ အတွန့်တက် အတွေးတွေ / အတွန့် တက် ဆန္ဒတွေ ကို…. အသာ..ဖယ်ထားပြီးးးးးး

ကိုယ် ကိုယ်တိုင်…. ပြင်ဆင်ရမယ့်… အချက်တစ်ချက် က ရှိနေပါတယ် ။

အဲဒါကတော့……..

ဗမာ ပီပီ..အားနာတတ်တဲ ့ စိ်တ်. ကို…

ကိုယ်တိုင်.. ပြင်ဆင်ဖို့ပါ ။

ကိုယ့်ကို..လိမ်ညာနေပြီမှန်း….မသိနိုင်တဲ ့ ညံ့ဖျင်းမှုုကို..ကျော်ဖြတ်ရမယ် ။

ကိုယ့်ကို်… လိမ်ညာနေပြ၊ီမှန်း..သိသိကြီးနဲ ့လည်း….. ညံ့ဖျင်းတွေဝေစွာ…. အလိမ်ခံတတ်တဲ ့ အားနာစိတ်တွေကို…. ပြင်ဆင်ရမှာပါ ။

အမှန်တရား..မဟုတ်ပဲ..မှားနေတဲ ့…ကိစ္စတွေကို…တွေ ့ရတဲ ့အခါ……

ပြတ်ပြတ်သားသား….ဖြေရှင်းတတ်ဖို ့….. ( အားနာတဲ ့စိတ်ကို..ဖျောက်ဖျက်ဖို ့… )

ကျွန်တော်……..

ကျွန်တော်………

အတော်လေး……ကြိုးစားရပါဦးမယ်……။

:kwi:

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

လေးစားစွာဖြင့်……

အလင်းဆက်

23 . 2 . 2013
20 း 50 pm .

(ကျိုက်က္ကလော့ ဘုရားရင်ပြင် )

34 comments

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    February 24, 2013 at 9:56 pm

    အားနာတတ်တဲ့ အလင်းဆက်ရေ……
    ကျုပ်အားမနာလျှာမကျိုး ပြောရမယ်ဆိုရင်ဒေါ့ဖြင့်………….
    ကျုပ်ခြေလက်တွေက အင်မတန်မှ သန်မာလှပြီး ဆင်ပြောင်ငါးစီး အားမာန်ကြီးတဲ့
    ခံဒါကိုယ်ကြီးလည်း ရှိပါ၏… သို့ပေမယ့် အရက်သောက်ဖို့ အခြားမဟုက်က ဟုက်ကလုပ်ဖို့
    ပိုက်ဆံမရှိလို့ပါဗျာ…. အဆင်ပြေမယ်ဆိုရင် (အားနာတတ်မယ်ဆိုရင်) ကျုပ်ကို အသုံးစရိတ်လေး
    ကူညီထောက်ပံ့ပေးစေလိုလှပါ၏………….
    ဒီထက်မက အားနာတတ်မယ်ဆိုရင်ဒေါ့ဖြင့် ကျုပ်ကို ကြိုက်မယ့်လူမရှိလို့
    ခီညားရည်းစားလေးဂို ကျုပ်အားလွှဲးပြောင်းပေးဗာရားးးးးးးးးးး

  • uncle gyi

    February 24, 2013 at 10:12 pm

    လိမ်နေတာသိတယ်
    သိရက်နဲ့ပေးတယ်
    ဒါအားနာတာ
    အလိမ်ခံရတာမဟုတ်လို့
    ပြောချင်တယ်ဗျာ
    အားနာတယ်ဆိုတာနေရာတိုင်းမကောင်းပါဘူးကိုလင်းရေ

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 25, 2013 at 12:04 am

    ဘာဘဲဖြစ်ဖြစ်ပါ
    ကဂျီင်္းကနေ အ အထိ စာစဉ်တွေရေးနိုင်တဲ့ အတွေးခေါ်လေးကို ( အမှန် အတွေးခေါ်ကြီးပါ )
    ချီးကြူးမိပါတယ်
    တောင်းစားခြင်းနည်းနာနိဿရတွေကတော့ အောလပုံဘဲဗျ
    အဖွားကြီး မုန့်ဘိုးပေးပါ
    အဘ မုန့်ဘိုးပေးပါ
    ဘကြီး မနက်ဖြန်သွားတော့မယ် ( ဒီလောက်ဆိုလုံလောက်ဘီ )
    ဦးစံကျော် ဒီလကျောင်းမှာ ဘာကြေးညာကြေးတွေပေးရမယ် အိမ်မှာတောင်းတာများတော့ မတောင်းခြင်တော့ဘူး

  • ခင်ခ

    February 25, 2013 at 1:27 am

    အရင်ရေးခဲ့တာတွေကစပြီး
    အစဉ်
    အမြဲ ဖတ်ခဲ့တာ
    အခုတော့

    အက္ခရာထိရောက်လို့
    အ ဆုံးသတ်ပြီပေါ့နော်
    အားနာလို့ဖတ်ခဲ့တာမဟုတ်ဘဲ
    အရမ်းစိတ်ဝင်စားလို့ ဖတ်ခဲ့တာပါလို့။
    အစထဲကခင်တဲ့ ခင်ခ။

  • ခိုင်ဇာ

    February 25, 2013 at 9:04 am

    သနားတတ်တာတော့မပြောလိုပါဘူး။ အားနာတတ်တာတော့ သိပ်မကြိုက်ဘူး။
    သနားလို့ပဲ ကူညီချင်ကူညီပါကွယ်။

    သိပ်အားမနာပါနဲ့လေ။
    လူကြီးတွေပြောသလိုဆို ဒီလောက်အားနာပုံမျိုးနဲ့ မိန်းကလေးဖြစ်ရင် အဟွာပေါ်က ဆင်းရမှာ မဟုတ်ဆိုလား။
    အဲလို မဖြစ်စေနဲ့။ :mrgreen:

    အားမနာတတ်အောင် ကြိုးစားမယ်ဆိုရင် နည်းတွေရှိပါတယ်။ အမြန်ဆက်သွယ်ပါ။
    :kwi:

  • Mr. MarGa

    February 25, 2013 at 11:39 am

    အားနာလို့လဲ တစ်ခါတစ်လေ လိုက်လျောမိတယ်
    အ လို့လဲ တစ်ခါတစ်လေ ခံရတတ်တယ်
    အ ပြန်ရင်လဲ တစ်ခါတစ်လေ ကောင်းသွားပြန်ရော
    အားနာ သလိုလို
    အ သလိုလိုနဲ့
    အမြဲတမ်းနီးပါး ခံနေရတာကတော့
    အလွန် အားနာတတ်သော ဦးမာဃပါကွယ် (မှတ်ချက်- မိန်းကလေးများသာ :mrgreen: )

  • အားနာတယ်ဆိုတဲ့ ကိစ္စဟာ လူတော်တော်များများဆီမှာ ကူးစက်နေတဲ့ ဗိုင်းရပ်စ်ပိုးတစ်ကောင်လိုပါပဲ။ အဲဒီပိုး ကိုယ့်ဆီမှာရှိနေသမျှကာလပတ်လုံး လူတွေနဲ့ကင်းနေအောင်ရှောင်နေတော့ အလင်းဆက်ရေ…။ ကြုံတုန်းလေး အကြံပေးတာ……ဟီး။

  • ကြည်ဆောင်း

    February 25, 2013 at 2:35 pm

    အားနာလို့ လိမ်မှန်းသိသိကြီးနဲ့ ကိုယ်က အလိမ်ခံလိုက်ပေမဲ့
    လိမ်တဲ့သူက အချဉ်တစ်ကောင်တော့မိပြီ လို့တွေးနေမှာ..
    ကိုယ့်ပိုက်ဆံနဲ့ကိုယ် အချဉ်လို့ပြောခံရတာ စဉ်းစားကြည့်ပါအုံး….

  • etone

    February 25, 2013 at 3:12 pm

    အလင်းဆက်ရေ … အဲ့ဒီ အားနာတာတတ်တာက သူတပါး အလိမ်ခံရဖို့တထစ်လျော့ အညံ့ခံပေးလိုက်သလို ပါပဲ .. အားနာသင့်တဲ့ နေရာမှာပဲ အားနာသင့်ကြောင်းကို .. အားနာစိတ်ကိုစော်ကားခံရတဲ့အချိန် … ပိုနားလည်တတ်လာပါတယ် ။ တောင်းစားတဲ့ လူတွေကလည်း နည်းမျိုးစုံနဲ့ တောင်းစားကြပါတယ် ။ ပေးတဲ့ လူတွေကလည်းပေး ၊ တောင်းတဲ့ လူတွေကလည်း တောင်း …. မုန့်လုံးကို စက္ကူကပ်နေတာ .. ခိခိ … :mrgreen: ဂျိပေဂျိ .. ဂျိပေဂျိ …

    တိုက်တိုက်ဆိုင်ဆိုင်မနေ့ညကတင် … လှည်းတန်းဘက်မှာ တယောက်တည်း သွားကြိတ်နေတုန်း ကလေးတစု စပါးတွဲလား ဘာတွဲလား လာရောင်းတယ် … တဂျီဂျီနဲ့ သွားပါပြောနေတာ ပေတိပေကပ်နဲ့ မသွားဘူးလေ … ။ ဒေါကွီးခါနီးမှ .. လစ်သွားကြတယ် … လှမ်းကြည့်လိုက်တော့ … မိဘတွေပါ တွေ့သေးတယ် .. မိသားစုလိုက် လိုက်တောင်းနေကြတာကိုး ..။

    လောင်းလောင်း အဂိုးကလေ … ဖတ်ခဲ့ရဖူးတဲ့ …
    ထောင်ကထွက်လာပြီး … လူမိုက်ဂိုက်ဖမ်းလို့ ..ကား ခမရှိလို့ ဆိုပြီး လာတောင်းခဲ့တဲ့ လူကို … ရွာထဲက ဟိုဘုကလန် ့ဂွစာ လူဂျီး သူ့တက်တူးတွေ ပြပြီး ဆဲလွှတ်လိုက်သလိုမျိုး … လုပ်ခဲ့သင့်တာ… ခွိခွိ ။ :harr:

    • ရဲစည်

      February 25, 2013 at 7:44 pm

      မှတ်မှတ်ရရ ကြားဖူးတာ ..
      ဘုရင့်နော်ဈေးနားမှာ တောင်းစားတဲ့သူ တယောက်ရှိတယ်တဲ့
      ညဘက်ဆို သူက လှိုင်သာယာကို ဆိုင်ကယ်နဲ့ ပြန်တယ်တဲ့
      အဲ့ဘက်မှာကျ သူက ဈေးသမားတွေကို နေ့ပြန်တိုးနဲ့ ငွေချေးစားတယ်တဲ့
      တောက်စ် … ပြန်ရောက်တုန်း သွားမတွေ့လိုက်ရတာ နာသကွယ်
      အိုဘဲ့ ဘစ်ဇိနပ် မန်းကိုး ..
      :kwi:
      ကိုရင် အလင်းဆက်ရေ .. ကကြီးကနေ အအထိ ဆုံးခန်းတိုင်သွားပီပေါ့။
      ရေးနိူင် တွေးနိူင် ကြိုးစားအားထုတ်နေတာကို အများကြီးလေးစားပါတယ်ဗျာ …

  • garuda

    February 25, 2013 at 6:02 pm

    “ဘီလူးခေါင်းလေးနဲ့ beggar လေး”

    မင်းသမီးလေးလို့ မှတ်ထင်ထားသူရေ
    လိမ်တယ်ညာတယ် အချစ်ကိုကစားတယ်
    ဘီလူးခေါင်းလေးနဲ့ ချစ်သူလေး ‘မ’ ရေ
    ရင်နာလေအောင် လုပ်တာလားကွယ်

    အလင်းဆက်လေးမို့ ကြိတ်ခံစားပါတယ်
    ငါငိုချင်တာတောင် ပုန်းကာဝှက်ကာရယ်
    နင်ညာနေတာကို သိရဲ့သားနဲ့ကွယ်
    မင်းသမီးလေးလို့ မှတ်ထင်ထားပါတယ်။

    ငါလေမြင်နိုင်ရင် နင့်ကိုပြချင်တယ်(ငါ့ပိုက်ဆံအိတ်ကို)
    ငါ့ရင်ထဲ ဘယ်လောက်တောင်များ
    ကြိတ်ခံစားတာ
    နင်လေ တောင်းစားတာများပြီ

    ငါလေဖြစ်နိုင်ရင်
    အဝေးကို ပြေးချင်တယ်
    ခက်တာက ငါ့စိတ်ကလေး
    မပြတ်နိုင်သေးတာ
    ငါတော့ ပေးမိတာ မှားပြီ…. :byae: :byae: :byae:

  • အလင်းဆက်

    February 25, 2013 at 7:57 pm

    အပြုသဘောဆောင်တဲ ့..ဟိုလူကြီး…
    တခြားဟာ..တောင်းရင် ပေးတယ်ဗျာ ။
    ရည်းစားတော့ လာမတောင်းနဲ ့ ။ ပေးဘူး……။
    🙂
    အဟက်…အဟက်
    —————————
    အန်ကယ်ကြီးရေ…
    ဟုတ်တယ်ဗျို ့.. အားနာလို ့လိုက်လျောတိုင်း…
    အ တယ်..လို့အထင်ခံလိုက်ရတာက ချက်ချင်း ရတဲ ့..ရလဒ်…

    ခံစား..အားပေးလို ့..ကျေးဇူး..ဗျ။
    —————————

    မိုက်ကယ်ဂျော်လကီ…အဲ..ဂျော်နီ..အုပေါင်ကြီးရေ….

    က = ကနေ…အ = အထိ.ချီတက်လာတာမှာ..
    အားတင်းကာ တင်းကာနဲ ့ ဆန့်ငင်ဆန့်ငင် ချီင်္တက်လာရပါတယ် ။
    အခုလို… အသိ်အမှတ်ပြု..ချီးကျူးစကားလေးကြားရတော့…
    အားတွေ..ပြန် တက်လာရပါတယ် ။
    ကျေးဇူးတင်ပါတယ် ။

    အဆက်မပြတ် ခံစား.အားပေး ဖတ်ရှု လာကြတဲ ့ မိတ်ဆွေကြီးများ..ပေးတဲ ့ အားအင်နဲ ့
    နောက်ထပ်… အဆက် အတွဲကြီးတစ်ခု… ထပ် ဖန်တီးနိုင်ဖို ့…
    အခု..မျှော်လင့်လိုက်ပါပြီ….လို ့…
    :kwi:

  • အလင်းဆက်

    February 25, 2013 at 7:59 pm

    လေးလေးခင်ခ…

    အဆက်မပြတ် ဖတ်ရှု…
    အားပေး.ခံစား လာတဲ ့
    အတွက်…
    အမှန်တကယ်….ကို…ကျေးဇူးတင်ပါတယ်ဗျ ။
    အလင်းဆက်…ရဲ ့ နောက်ထပ်ရေးလာမယ့်…
    အတွဲ အဆက်တစ်ခုကိုလည်း…
    အခု အက္ခရာများနဲ ့ ခရီးသွားခြင်းလို …
    အတူတူ..လိုက်ပါ…ခံစားပေးပါဦးလို ့…
    နော့…..
    🙂

  • အလင်းဆက်

    February 25, 2013 at 8:01 pm

    မမခိုင်ဇာကြီး..
    အခုဟာ..က…
    အရမ်းလည်း..အားနာတတ်တယ် ။
    မိန်းကလေးမဟုတ်ပဲ..ယောက်ျားစစ်စစ်လေးလည်း..ဖြစ်နေတယ်ဆိုတော့..
    ဘယ်လို ဖစ်မလဲ..ဟင်…..
    :kwi:
    အဟက်…အဟက်…( ရယ်နည်း..အသစ် သုံးထားပါသည် ။ ယခင် သုံးသော..အဟိကို ယခု မသုံးတော့ပါ)

  • အလင်းဆက်

    February 25, 2013 at 8:07 pm

    အူးမာဂ….
    အားနာတတ်ပုံကလည်း…ကွက်ကွက်ကြီး…
    အဟက်
    ( ဖတ်ရှု ခံစားပေးလို ့…ကျေးဇူးတင်ပါတယ် အူးမာဂ ရယ်..။ )
    ————————————–
    ကိုသော်ဇင်….
    ကျွန်တော်လည်း..လူတွေနဲ ့ဝေးးးဝေးတဲ ့နယ်မြေ…..
    တစ်နေရာ..သွားသွား…သွားချင်တယ်..လေ…။

    ဒါပေမယ့်….
    အားနာတတ်တဲ ့မိန်းမချောလေးတစ်ယောက်နဲ ့..အတူသွားရရင်…ဘယ်လောက်ကောင်းမလဲ..ဗျာ.။
    နော့ ။
    🙂
    အားပေး.ခံစားလို ့.ကျေးဇူးဗျ ။

    —————————————

    ချစ်သော….ကြည်ဆောင်းရေ..

    ဟုတ်တယ်နော်..
    အဲဒလို ပြန်တွေးတော့လည်း… ဟုတ်တယ် ။
    မတန်ဘူးနော် ။
    ကျွန်တော်… ရေးထားတဲ ့အတိုင်း..
    ကိုယ် ကိုယ်တိုင် ပြန်ပြင်ဆင်ရမယ့်အချက်ပေါ့ ။
    🙂

  • အလင်းဆက်

    February 25, 2013 at 8:15 pm

    မမအိတုန်…ရေ…
    အဲဒီလို..စားနေသောက်နေတုန်း..လာတောင်းတဲ ့အခါ..ဆို..ပိုပြီး..တော့..
    အားနာတာပါပဲ ။ စားနေတဲ ့အစာေးတာင် မျိုမကျတာလေ။
    အမှန်တော့.. စားသောက်ဆိုင်တိုင်းမှာ.. တောင်းတဲ ့သူတွေ..မဝင်နိုင်အောင်..
    အဟန့်အတားလေးတွေ ရှိရင် ပိုကောင်းမှာပေါ့နော် ။
    မြေနီကုန်းက…ကင်း လက်ဖက်ရည်ဆိုင်မှာဆို..ည ဘက်တောင်..
    သီလရှင်သေးသေးလေးတွေက စားနေသူတွေကြား.လိုက်တောင်းနေတာ ။

    မအိတုန်တွေ ့ခဲ့တဲ ့..စပါးတွဲရောင်းသူတွေနဲ ့ တူမလားပဲ..
    ကျွန်တော်လည်း..အဲဒီလို မိသားတစ်စု တွေ ့နေကျပဲ ။

    ကလေးသေးသေးလေးတွေရော..
    ကြီးကြီးလေးတွေရော…
    စုတ်ပြတ်နေတဲ ့အဝတ်အစားတွေနဲ ့..လေ ။
    ပြီးတော့…အမေလုပ်သူ ထင်တယ် ။ အသက်ကြီးကြီးမိန်းမကြီးက…
    တော်တော် နေမကောင်းဖြစ်နေပုံနဲ ့..
    ဝတ်ထားတဲ ့…အဝတ်အစားကလည်း..လုံးဝ မမြင်ရက်လောက်အောင်..
    စုတ်ပြတ်နေတော့….

    တွေ ့တဲ ့သူတိုင်းး ရင်ဆို ့သွားစေတဲ ့ ပုံစံနဲ ့..လိုက်ရောင်းနေတာ ။
    အသုံးမလိုလို ့…မဝယ်ပါဘူးဆိုတဲ ့လူတောင်..ဝယ်ပြီး..လွှင့်ပစ်ဖို ့တေယ့ ဝယ်မှာပဲ ။

    ကျွန်တော်လည်း..အဲဒီမိသားစုကိ်ုတွေ ့တိုင်း..ငိုချင်လောက်အောင်ပဲ ။
    ငါတို ့နိုင်ငံသားတွေများ…နွမ်းပါးလိုက်တာ…..ဆိုပြီးးး
    ကိုယ် ဘာလုပ်ပေးနိုင်မလဲ…အပြေးအလွား…စဉ်းစား..ရတာအမော…
    ကိုယ် ကိုက… အားနာတတ်နေတော့…..

    ဟင်းးးးးးးးးးးးးးးးးးးးးးးးးး

    🙂

    • etone

      February 27, 2013 at 1:27 pm

      အဟီး .. အလင်းဆက်ရေ … ရုပ်ဝါဒီ နိမ့်ကျတာမြင်တိုင်း အစကတော့ သနားမိပါတယ် … ။ စားရမဲ့ သောက်ရမဲ့ ဘာညာ ဘာညာပေ့ါလေ .. နောက်ပိုင်းကြတော့ … ပြန်တွေးကြည့်ရင်း .. ငါသနားတဲ့ လူတွေက ငါ့တနေ့ဝင်ထက်တောင် စိတ်သောက မရောက်ပဲ ရှာနိုင်ကြတယ်လို့ တွေးပြီး .. တူညားကို မသနားဒေါ့ဝူးးးးးးးးး ကိုယ့်ဘာသာပဲ သနားတော့တယ် …… ။
      ဒါကြောင့် အိမ်ကထွက်လာကတည်းက အချောင်ခိုရေး .. တို့အရေးလို့ သက်စေ့ရွတ်ပြီးမှ ထွက်လာခဲ့တယ် … ခိခိ :kwi:

  • အလင်းဆက်

    February 25, 2013 at 8:20 pm

    ကိုရဲစည်ရေ…
    ကျေးဇူးဗျ။
    နောက်ထက်… လာမှာတွေက..ရှိသေးတယ် .။
    အားပေးဦးနော ့…။
    🙂

    ==================
    ချစ်သော….garuda

    သချင်းက…လန်းလှချေလား….ဗျ
    🙂

  • kai

    February 26, 2013 at 6:34 am

    အားနာတယ်ဆိုတာ.. မြန်မာမှာပဲရှိတာထင်တယ်..
    ဘာမှန်းကိုမသိ.. :buu:

    • weiwei

      February 26, 2013 at 8:38 am

      အားနာတယ်ဆိုတာ မြန်မာမှာပဲ ရှိမယ်ထင်ပါတယ် … တခြားဘာသာစကားနဲ့ ပြောကြည့်တိုင်း အားနာလိုက်တာဆိုတဲ့ စကားလုံး ရှာမတွေ့ဖြစ်မိတယ် … သူငယ်ချင်းနဲ့ chatting လုပ်ရင်တောင်မှ အင်္ဂလိပ်လိုရိုက်ရင်းကနေ အားနာလို့ပါဆိုတဲ့ စကားလုံးရိုက်ဖို့ လိုအပ်လာတိုင်း arr nar ဆိုပြီး ဒီအတိုင်းပဲ ရိုက်လိုက်ရလေ့ရှိတယ် ..
      don’t say arr nar tal … :kwi:

  • တိမ်မည်း

    February 26, 2013 at 9:27 am

    အားနာတယ်ဆိုတာကို များသောအားဖြင့် ဆင်တူယိုးမှားအနေနဲ ့ Hesitate လိုသုံးပါတယ်..

    Hesitate

    verb – pause in indecision – be reluctant to do something

    အီးမွေးထဲမှာ သုံးနေကြစကားကတော့…

    Please, do not hesitate… လို ့သုံးပါတယ်……

    အားနာတယ်ဆိုတာ တခြား နိုင်ငံတွေမှာလည်းရှိပါတယ်…..
    သူတို ့က
    Professional နဲ ့ Personal…
    Rights နဲ ့ Abuse
    အဲ့ဒါတွေကို ပိုခွဲတက်လို ့သာ မထင်ရတာပါ….
    ဒါပေမယ့် အခုအချိန်အထိတော့ အဲ့အားနာတယ်ဆိုတဲ့စာသားကို အင်္ဂလိပ်စာမှာလည်း သုံးနေဆဲပါ….

    • garuda

      February 26, 2013 at 7:48 pm

      တိမ်မည်းမှန်ပါတယ်….၁/၂ မှတ်.. :kwi:

  • ဦးကြောင်ကြီး

    February 26, 2013 at 10:04 am

    အီးပါတဲ့အကြောင်း ရေးရမှာကွ.. ရွံတတ်ရင် အီးမပါနဲ့ကွာ…

  • ဦးဦးပါလေရာ

    February 26, 2013 at 11:49 am

    လိမ်တယ်ဆိုတာ ရာဖဝတ်မှု့ပါ
    ရာဇဝတ်ကောင်ကို အရေးယူရမှာက
    အစိုးရအစစ်ရဲ့ မဖြစ်မနေလုပ်ရမယ့်အလုပ်တွေထဲက တစ်ခုပါ..။
    ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့
    အစိုးရအစစ်ဆိုတာက မိမိစီမံရတဲ့လူ့အသိုင်းအဝိုင်းကို ကာကွယ်စောင့်ရှောက်ဖို့ ရာနှုံးပြည့်တာဝန်ရှိလို့ပါ..။

    အဲ…
    အစိုးရအစစ်ကို စောင့်နေပါကြောင်း…
    (စောင့်ရင်းနဲ့ အသက်လဲ ငါးဆယ်နီးပြီဖြစ်ပါကြောင်း)

  • အလင်းဆက်ရေ
    လူ့လောကကြီးထဲက နေ့စဉ်အဖြစ်အပျက်တွေထဲမှာ အားနာလို့ဆိုပြီး
    ဝိုင်းဖာကြထေးကြနဲ့ အမှန်တရားတွေပျောက်ကုန်တာတွေအများကြီးပါ။
    အားနာလို့လိုက်လျောပေးနေတာကို အခွင့်အရေးယူနေကြသူတွေလဲအများကြီးပါ။

  • mamanoyar

    February 26, 2013 at 3:09 pm

    ဝိုးးးးးးးးးးး အံ့ဩစရာပဲ ဒီလိုလိမ်ညာဟန်ဆောင်
    တောင်းစားနေတဲ့သူတွေလည်း ရှိသတဲ့……

  • အလင်းဆက်

    February 26, 2013 at 6:46 pm

    သူကြီးရေ…
    ဟုတ်တယ်နော် ။ အားနာလို့လိုက်လျောတာတွေက…တစ်ခါတစ်ခါ အလွန်အကျွံ ဖြစ်ဖြစ်သွားလို ့..
    မနည်း ထိန်းနေရတယ် ။
    ဟိုလူကြိီး ( အပြုသဘောဆောင်တယ်.ဆိုတဲ ့လူကြီး )ကိုတောင်.. အားနာပြီး… သူတောင်း ထားတဲ့ ဟာပေးမိတော့မလို ့…
    ဒါပေမယ့်..ဒီ ကိစ္စကတော့….အားနာရမယ့်ကိစ္စ မဟုတ်ဘူးဆိုတာ..သိနေတယ် ။
    🙂

    ——————

    အန်တီဝေဝေေ၇..
    ဖတ်ရှု ခံစားပေးလို ့..ကျေးကျေးပါဗျ ။
    🙂

    ——————-

    တိမ်မည်းကြီးရေ…
    စကားလုံးလေးတစ်လုံး.. သိမှတ်လိုက်ရလို ့..ကျေးဇူး …။
    ကျွန်တော်လည်း.. အားနာတယ်ဆိုတဲ ့ စကားလုံးကို..
    အင်္ဂလိပ် လို..မသိသေးဘူးလေ. ။
    တကယ်ကျေးဇူးတင်ပါတယ်ဗျ ။

    ——————-

  • အလင်းဆက်

    February 26, 2013 at 6:51 pm

    ဦးကြောင်…
    မေ့သွားတာဗျာ..။
    အ = အူးကြောင်…အီးပါခြင်းအကြောင်း..
    ရေးရမှာနော်. ။ အူးကြောင်ဆီက ပုံတွေ .တောင်းပြီး
    ဟီဟီး….
    အဟက်….။
    :kwi:

    ===============

    ဦးဦးပါလေရာ…
    ကျွန်တော်လည်း..ဦးဦးနဲ ့အတူ…
    စောင့်နေပါကြောင်း…
    ရွှေပြည်တော်..မျှော်တိုင်း…..မဝေးစေချင်စိတ်နဲ ့….
    တိုင်းပြည့် ရှေ ေ့ရးကို…
    တွေးတွေးပြီး….
    သက်ပြင်းနည်းနည်း.ချနေမိပါကြောင်း….
    🙂

    ——————————————————-
    လေးလေးပေါက်…ရေ..

    လူ့လောကကြီးထဲက နေ့စဉ်အဖြစ်အပျက်တွေထဲမှာ အားနာလို့ဆိုပြီး
    ဝိုင်းဖာကြထေးကြနဲ့ အမှန်တရားတွေပျောက်ကုန်တာတွေအများကြီးပါ။
    အားနာလို့လိုက်လျောပေးနေတာကို အခွင့်အရေးယူနေကြသူတွေလဲအများကြီးပါ။

    အမှန်ပါပဲ…ဗျာ…။
    နဂိုကတည်းကမှ..အမှန်တရားက ရှာရခက်နေတာ…
    အားနာတာတွေ…
    တွေဝေတာတွေနဲ ့…ဆို.တော့..
    ပိုလို့တောင်….
    အမှန်နဲ ့ဝေးး…
    ဆွေးပြီပေါ့ဗျာ….။
    🙂

  • အလင်းဆက်

    February 26, 2013 at 6:54 pm

    မမနိုရာရေ…
    တကယ် ကို ရှိနေတယ်..
    မယုံ မရှိနဲ့ ဗျ…။
    ဒီအဖြစ်တွေထက်ဆိုးတာတွေတောင်ရှိတယ် ။
    ဒီ့ထက်ဆိုးတာတွေက..ပြောလို ့ သိပ်မကောင်းတော့……
    🙂

  • MaMa

    February 27, 2013 at 8:11 am

    တခါက လမ်းသွားရင်းနဲ့ အမျိုးသမီးတစ်ယောက် ဆွဲခြင်းကလေးနဲ့ အနားကပ်လာတယ်။
    ဆေးရုံက ဆင်းလာတာ ပြန်စရာလမ်းစရိတ်မရှိလို့ လူတိုင်းလည်း မတောင်းရဲဘူး။
    အမျိုးသမီးချင်းမို့ ဆိုတော့….
    လိမ်ပြီး တောင်းတာလား အမှန်တကယ်လား မသိပေမယ့်….
    အမျိုးသမီးချင်းမို့ ဆိုတဲ့စကားကို မလွန်ဆန်နိုင်တာနဲ့ပဲ ပေးဖြစ်ခဲ့တယ်။ :buu:

  • ဦး ကျောက်ခဲ

    February 27, 2013 at 2:52 pm

    ဂုံဏ်ယူပါတယ် အလင်းဆက်ရေ

    ဦးကျောက်လည်း ချွတ်တားလေးတစ်ကောင်လိမ်သွားတာ ခံရဘူးသဗျ…
    အနှီငတိလေးက ညဦးပိုင်းလောက်ဆို အလုံလမ်းကုန်းတက်မှာ အချဉ်ရှာပါတယ်…
    ကားကောင်းကောင်းလာတာတွေ့ရင် ဖရဲသီးဗန်းမှောက်ချင်ယောင်ဆောင်ပြီး…
    အော်စကာပေးလို့ရလောက်အောင် အပီငိုတာခင်ဗျ…
    ပထမတော့ပေးလိုက်သေးတယ်… တွေ့ရပါများလာမှ…
    သကောင့်သားရဲ့ လုပ်ဇာတ်ကိုရိပ်မိတော့တယ်…
    လူကြည့်တော့ ရနှစ် ၈နှစ်၊ အတတ်ကောင်းကတတ်နေပြီ…
    ဖရဲသီးအနကြီးနဲ့လုပ်စားတာလေ…
    ဦးကျောက်လည်း ခလေးကိုဆုံးမစကား သွားပြောလိုက်တာ…
    သကောင့်သားက ဝေဒနာတွေကြေငြာလိုက်လို့ နောက် ၅၀ဝ အဆစ်ထွက်သွားတယ်…

    စကားမစပ် အားနာတာကို ယိုးဒယားလိုတော့ “ခရမ်ကြိုင်” လို့ခေါ်သဗျ…

  • awra-cho

    February 27, 2013 at 3:35 pm

    ကျနော်ကလည်း လွှတ်အားနာတတ်တာဗျ၊ ငယ်ငယ်က စိတ်ဆိုးလို့ ဆန္ဒပြတဲ့အနေနဲ့ ထမင်းမစားပဲနေတာတောင် သူတို့ စိတ်မကောင်းဖြစ်မှာဆိုးလို့ ဘာမှမဖြစ်သလို လုပ်လုပ်ပြရသေး၊ တခုခုကို ငြင်းကို မငြင်းချင်တာ၊ အခုတော့ အလုပ်သဘော အရ မငြင်းချင်လဲ မဖြစ်သာလို့ အားနာနာနဲ့ မျက်စိမှိတ် ငြင်းနေရတယ်၊ လာတောင်းတဲ့သူတွေလဲ တတ်နိုင်သမျှ မထည့်ပဲနေနိုင်အောင် ကြိုးစားတယ် သန်သန်မာမာ အကောင်းကြီးဆိုရင်ပေါ့။ ကလေးတွေ တောင်းနေရင် တသက်လုံးအကျင့်ပါ မဆိုးလို့ မပေးဘူး။ ပြီးတော့ စာမေးပွဲခန်းမှာ စာခိုးချနေတာ အားနာလို့ သနားလို့ မဖမ်းလို့ မှ မရတာ၊ သမိုင်းတရားခံ ဖြစ်သွားမှာစိုးလို့ပါ ။အဲဒါကြောင့် ကိုယ့်ကိုကိုယ် စည်းကမ်းလုပ်ထားရတယ် မပေးဘူးဆိုမပေးဘူး၊ ဘာမှမပေးဘူး၊

  • ရွှေတင်မောင်

    February 27, 2013 at 6:19 pm

    ကကြီး ကနေ အ အထိ
    အလင်းဆက် ဆိုတဲ့ လူတစ်ယောက်က
    အက္ခရာတွေစဉ်လို့ ရေးသွားတယ် …
    အခု အ ဆိုတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီပေါ့နော့ …
    ဂုဏ်ယူပါတယ် …
    ဒါ့ထက် အားနာတယ် ဆိုတာ မြန်မာ အများစုမှာ ရှိတတ်ကြမယ် ထင်ပါတယ် ..
    ကျုပ်မှာလည်း ရှိတယ် …
    အဲ့ဒီလို အားနာလို့မို့ ခံခဲ့ရတဲ့ အဖြစ်တွေလည်း မနည်းတော့ဘူး …
    ဒါတောင် လူက မမှတ်ချင်သေးဘူး …
    ဖြစ်ချင်တာက လူလည် လူဝယ်ကြီးတစ်ယောက် …
    ဖြစ်နေတာက လူတုံး လူအ တစ်ယောက် …
    ဘယ်လောက်များ မုန်းဖို့ ကောင်းလိုက်သလဲ …

  • အလင်းဆက်

    February 27, 2013 at 7:37 pm

    ဖတ်ရှု ခံစားပြီး..ကျွန်တော့်ကို..အားပေးကြတဲ ့ ချစ်သော..
    မိတ်ဆွေများ…..

    ရွှေတင်မောင်

    awra-cho

    ဦး ကျောက်ခဲ

    အန်တီ MaMa

    နှင့်…
    အခြား..စာချစ်သူများ..အားလုံးကို…
    ပူးတွဲ ကျေးဇူးတင်ရှိကြောင်း..ပြောပါရစေ..ခဗျ။

    ပြေးလိုက်ဥင်္ီးမယ်ဗျို ့…

    :kwi:

Leave a Reply