သူ့ဘဝ ကို ခဏ ယူကြည့်ခြင်း +ကမာ္ဘကြီး ကျန်းမာ ပါစေ -May Aye Oo

padonmarFebruary 25, 20131min1998

မှတ်စု (၅၁)
.by May Aye Oo on Friday, February 22, 2013 at 9:13pm ·…

ကိုယ့်ဘဝ ခဏ ဘယ်သူ ယူပါ့မယ်…။

ကမာ္ဘကြီး ကျန်းမာ ပါစေ .. .. .. .. ။

“ငွေရှာဖို့ အလုပ်လုပ်ရင်း အကုသိုလ် မဖြစ်စေနဲ့။ ငွေရှာဖို့ အလုပ်လုပ်နေရင်း ကုသိုလ်တွေ ဖြစ်နေပါစေ. ..”

(သီတဂူဆရာတော် အရှင် ဉာဏိဿရ)xxxxxxxxxxxxxxxxxxxxxxxxxxxxxx

သူ့ဘဝ ကို ခဏ ယူကြည့်ခြင်း…။

အခုတလော သတင်းစာတွေ၊ ဂျာနယ်တွေထဲမှာ တွေ့နေရပါတယ်..။ ပြီးတော့ ပတ်ဝန်းကျင်မှာလဲ လူတွေ ပြောနေကြတာ…။ မြန်မာ နိုင်ငံရဲ့ UV ပမာဏ က တော်တော်မြင့်နေတယ်.. ဆိုဘဲ..။

ရန်ကုန်မှာ က UV 11 တဲ့..။ အဲဒါဟာ အရေပြားကင်ဆာ ဖြစ်စေနိုင်တဲ့ အဆင့်ရောက်နေပြီ.. တဲ့..။ ဒါကြောင့် နေပူထဲ ထွက်မယ်.. ဆိုရင်.. အမိုး၊ အကာ၊ ထီး ဆောင်းသွားပါ..။ အကျႌလက်ရှည် ဝတ်ပါ..

။ ဖြစ်နိုင်ရင်တော့ ထီးဆောင်းတာတောင် UV ကာကွယ်နိုင်တဲ့ ထီးကို ဆောင်းပါ .. တဲ့..။

အဲဒီအချိန်မှာ မှန်ရာကိုဘဲ ပြောတာပါ..။ ကျမ သားငယ်လေးကို အရင်ဆုံး စိတ်ပူမိပါတယ်..။ သားငယ်လေး စိုင်းသားသား က ရတန်းကျောင်းသားပါ..။ မနက် ၆ နာရီကျော် ကျောင်းသွားပြီး နေ့လယ်

၁၂ နာရီမှာ ကျောင်းက ပြန်လာပါတယ်..။ ကလေး လဲ ကလေး၊ ယောကျာင်္းလေးလဲဖြစ်သမို့ ထီး မကိုင်လိုပါဘူး..။ အင်း .. သားလေး နေ့လယ် မွန်းတည့် ၁၂ နာရီနေနဲ့ ထိလို့ .. အရေပြားကင်ဆာများ ြ

ဖြစ်လေမလား..။ တစ်ခုခု ကျန်းမာရေးအတွက် ထိခိုက်လေမလား.. ရယ်.. လို့ စိတ်ပူမိပါတယ်..။

ပြောမယ့်သာပြော .. ကျမတို့ သားအမိတွေအားလုံး ထီးဆောင်း အင်မတန် ပျင်းပါတယ်..။ သားကြီးရော၊ သားလေးရော၊ သားငယ်လေး ရော.. ၊ ကျမရောဘဲပေါ့..။

၁၈-၂-၁၃ နေ့က ထိန်ပင်သုဿန် ကို နာရေးတစ်ခု သွားရင်းနဲ့ လမ်းဆုံတစ်ခုမှာ ကားတွေ ကြပ်လွန်းလို့ အကြာကြီးစောင့်နေရတဲ့ အချိန်မှာ (နေ့လယ် ၁ နာရီခွဲလောက် ကပေါ့..) လမ်းရှင်းပေးနေတဲ့

ယာဉ်ထိန်းရဲကို တွေ့ရပါတယ်..။ ကျမတို့က ကားပေါ်မှာ ထိုင်ပြီး UV မြင့်နေတဲ့ အကြောင်းတွေ ပြောနေရင်း..၊ သူ့ကိုတွေ့လိုက်တော့.. အော်.. သူ့ကို ကြည့်ကြပါအုံး..။ နေပူထဲမှာ..။ ထီးလဲမပါ..။ အကျႌ

လက်တို နဲ့ ..။ သူကတော့ သူ့အလုပ် သူလုပ်နေတာပါ..။ ကျမက သာ.. သူ့နေရာမှာ ဝင်ကြည့်ပြီး..၊ ပူလိုက်တာ..။ အကယ်၍များ သူဟာ.. နေပူကြီးထဲမှာ ဒီလိုဘဲ လုပ်နေရလို့ အပူလွန်ကဲမှုကို

ခံစားရမယ်..၊ အရေပြားကင်ဆာ ၊ အရေပြားရောဂါ တစ်ခုခုဖြစ်မယ်.. ဆိုရင်.. သူ့မှာ ဘာ ခံစားပိုင်ခွင့်ရှိမလဲ .. ။ မဖြစ်မနေ နေပူပူအောက်မှာ အလုပ်လုပ်နေရတဲ့ လုပ်သားတွေ အတွက် .. ဘယ်သူက

တာဝန်ယူမှာလဲ..။

ကျမက ကျမ မန္တလေးရောက်တုံးက ကျမစီးနေကျ Taxi စိုင်းစိုင်းကို နေကာတဲ့လက်အိတ်စွပ် (ချည်နဲ့ ချုပ်ထားတာ) ဝယ်ပေးဖူး ပါတယ်..။ စိုင်းစိုင်းက အဲဒါကောင်းတယ်.. အမ။ တခြား

အသားကပ်တွေက ပူတယ်.. လို့ ပြောဖူးပါတယ်..။ ကျမက နောက်တခါ မန်းလေး ရောက်ရင် အဲလို လက်အိတ်တွေအများကြီး ဝယ်လာပြီး..၊ လမ်းပေါ်မှာ အလုပ်လုပ်နေတဲ့ ယဉ်ထိန်းတွေကို

ပေးချင်တယ်.. လို့ စိတ်ကူးမိပါတယ်..။ ဒါပေမဲ့လဲ .. တစ်ဆက်တည်း တွေးမိတာက..၊ သူတို့က ယူနီဖောင်း ဝတ်ရတဲ့သူတွေမို့ အဲလို လက်အိတ် စွပ်ထားလို့ ရရဲ့လား.. ပေါ့လေ..။

သူတို့ တကယ်အလုပ်လုပ်ပြီဆိုတော့ ချစ်စရာကောင်းလာပါပြီ။
သူတို့ တကယ်အလုပ်လုပ်ပြီဆိုတော့ ချစ်စရာကောင်းလာပါပြီ။

ကမာ္ဘကြီး ကျန်းမာ ပါစေ .. .. .. .. ။

နောက်ပြီးပြောကြတာက .. UV မြင့်နေတာ .. ထားဝယ်ဖက်က အဆိုးဆုံးပါ.. တဲ့..။ အင်း ဟုတ်လောက်တယ်..။ ကျမ နားလည် သလောက် ကတော့.. UV တွေ မြေပြင်ပေါ်ကိုရောက်လာတာ..

အိုဇုန်းလွှာ ပါးလာ၊ ပေါက်လာတာကြောင့်ပါ..။ အိုဇုန်းလွှာ ပါးလာ၊ ပေါက်လာတာကလဲ Green House Gas တွေကြောင့်ပါ..။ Green House Gas တွေ ဆိုတာ.. carbon dioxide, carbon monoxide,

methane, chlorofluorocarbons, nitrous oxide စတဲ့ ဓါတ်ငွေ့တွေကြောင့်ပါ..။ ဘာဖြစ်လို့ ထားဝယ်ဧရိယာမှာ UV ပိုမြင့်နေတာလဲ…။ အကြောင်းကတော့ရှိပါတယ်..။

ထားဝယ်နားမှာ နိုင်ငံခြားက ရေနံကုမ္ပဏီကြီး ၂ ခု ရဲ့ ကုန်းတွင်းပိုက်လိုင်းတွေ နဲ့ ပိုက်လိုင်းထိန်းချုပ်ရေးစခန်းတွေရှိပါတယ်..။ အဲဒီနေရာတွေမှာ ဘာတွေလုပ်နေကြလဲ၊ ဘာတွေဖြစ်နေလဲ..။

ကျမတို့နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှု လိုနေသေးတာကြောင့်ရော..၊ အုပ်ချုပ်ရေး လက်တံ အလှမ်းမမှီတာတွေကြောင့်ရော..၊ ဘယ်သူသေသေ ငတေမာ သမားတွေ များနေတာကြောင့်ရော.. ၊ သဘာဝပတ်

ဝန်းကျင်ကြီးနဲ့ ကျမတို့ရဲ့ တောတောင်ရေမြေတွေကို ထိန်းသိမ်းဖို့ အများကြီးနောက်ကျနေပါတယ်..။ အခုဆိုရင် ကုန်တော့မှာပါ..။ ကုန်နေပါပြီ .. လို့ဘဲပြောလိုက်ချင်ပါတယ်..။

ကျမ ကြားသိရသလောက်ကတော့.. ရေနံကုမ္ပဏီကြီး တစ်ခုက သူတို့ရဲ့ အဆင့်မမှီတဲ့ ရေနံတွေကို အဲဒီကုန်းပေါ်မှာ မီးရှို့ပါသတဲ့..။ ဝန်ထမ်းတွေ၊ နဲ့ တစ်ခြား ရေနံကုမ္ပဏီက ကန့်ကွက်ပေမဲ့..

လုပ်တာပါဘဲတဲ့..။ ပြီးတော့ နိုင်ငံကြီးသားပီပီ ဟိုဟာ၊ ဒီဟာတွေ ဟန်ပြလုပ်ပြပြီး ညာလိုက်ကြပါသတဲ့..။ (သူတို့နိုင်ငံမှာဆိုရင် သူတို့ ဒီလိုလုပ်မှာ မဟုတ်ပါ..) အဲဒီတုန်းကတောင်မှ ဓါတ်ပုံတွေ Internet

စာမျက်နှာတွေပေါ်တက်လာပါသေးတယ်..။ ဒါပေမဲ့ အရေးယူမဲ့သူ မရှိပါဘူး..။ အခုတော့ ပွင့်လင်းလာပြီမို့ ဒါတွေကို နောက်ကြောင်းပြန် လိုက်သင့်ရင် လိုက်ပြီး အဲဒီကုမ္ပဏီတွေက မြန်မာနိုင်ငံအစိုးရကို

လျော်ကြေး ပေးရမှာပါ..။ နောက်လဲ ဒါမျိုးတွေ မဖြစ်ရအောင် ထိန်းချုပ်ရမှာပါ..။

အဲဒီဒေသခံတွေက ပြောပါတယ်..။ အရင်က သူတို့ရွာမှာ ကင်ဆာရောဂါဆိုတာ .. ကြားတောင် မကြားဖူးပါဘူး.. တဲ့ ။ အခုတော့ ဖြစ်လိုက်တဲ့ ကင်ဆာတွေ … တဲ့..။

နောက်ထပ်ရေနံကုမ္ပဏီကြီး တစ်ခုကတော့.. ခဲနေတဲ့ ရေနံဓါတ်ငွေ့တွေကို ပင်လယ်ထဲကို ဖောက်ထုတ်လိုက်တာပါ..။ ဘယ်သူမှ မသိကြပါဘူး..။ ကျမပြောခဲ့သလိုဘဲ..၊ ကျမတို့နိုင်ငံက အဲဒါတွေကို

စစ်ဆေးဖို့ လိုနေတုံးပါဘဲ..။ Oil Spill ရေနံယိုဖိတ်ခြင်း ဟာ နိုင်ငံတကာမှာ .. တစ်ကယ့်ကို ကြီးမားတဲ့ ပြဿနာကြီးပါ..။ Big Issue .. ပါ..။ ဒါပေမဲ့ မြန်မာနိုင်ငံ မှာတော့.. ဒါဟာ.. အေးဆေးပါ..၊

ဟုတ်လား..။

ငွေရှာဖို့ အလုပ်လုပ်ရင် အကုသိုလ် မဖြစ်စေနဲ့ .. .. ။

ကျမပြောချင်တာက.. နိုင်ငံခြားသားကဘဲ ခိုင်းခိုင်း.. လုပ်ကြရတာက မြန်မာတွေပါ..။ ရာထူးတစ်ခု အတွက်..၊ ပိုက်ဆံအတွက် နဲ့ ရှင်တို့ရဲ့ သားသမီးတွေ လက်ထဲကို စုတ်ပြတ်သတ်နေတဲ့ ကမာ္ဘကြီးကို

ပေးခဲ့မလို့လား..။

စဉ်းစားပါနော်..။ ကျမရဲ့ အကိုတွေ၊ မောင်တွေ .. .. ။

သေသေချာချာ ပြန်စဉ်းစားကြည့်ရင်.. ပတ်ဝန်းကျင်ကြီးကို ဒုက္ခပေးနေတာ.. ငါပါလား .. လို့ ပြန်သိသွားတဲ့ တစ်နေ့မှာ စိတ်သန့်နိုင်ကြသလား.. လို့လေ..။

မနေ့က သီတဂူ အတွင်းရေးမှူး ဘဘဦးဟန် အိမ်ကို ဖေဖော်ဝါရီလ အတွက် လှူဖို့ရောက်တော့.. ဘဘ က သူ သီတဂူဆရာတော်ကြီး နဲ့ စတွေ့ခဲ့ပုံကို ပြောပြပါတယ်..။ ရှေ့နေလိုက်လို့ စီးပွားရေး

အရမ်းကောင်းနေတဲ့ အချိန်၊ အရမ်းအောင်မြင်နေတဲ့ အချိန်မှာ ဆရာတော်ကြီးရဲ့ တရားလေး တစ်ပုဒ်ကြောင့် သူ့ရဲ့ စိတ်ဓါတ်တွေ ပြောင်းလဲသွားခဲ့တဲ့ အကြောင်းပြောပြပါတယ်..။

ဘဘ က ရှေ့နေကြီးပါ..။ အခု အသက် ၈၉ နှစ်ထဲမှာပါ..။ အခုထိကို သတိကောင်းကောင်းနဲ့ သီတဂူဆရာတော်ကြီးရဲ့ အလုပ်တွေကို လုပ်နေတုံးပါ..။ ရှေ့နေလဲ လိုက်နေတုံးပါ..။ နှစ်စဉ် ရှေ့နေလိုက်တာ

၁၀၀% အောင်မြင်ပါသတဲ့..။

သီတဂူဆရာတော်ကြီး ဆီက သူပထမဆုံးနာလိုက်ရတဲ့ တရားလေးက.. ရှင်းရှင်းလေးပါ..။

“ငွေရှာဖို့ အလုပ်လုပ်ရင် အကုသိုလ် မဖြစ်စေနဲ့။ ငွေရှာဖို့ အလုပ်လုပ်နေရင်း ကုသိုလ်တွေ ဖြစ်နေပါစေ. ..” .. တဲ့..။

အဲဒီတရားလေးကို နာပြီးတော့.. ဘဘ က ပထမဆုံးတော့ ရာဇဝတ်မှုတွေကို တရားလိုဖက်က မလိုက်တော့ပါဘူး..။ တရားလိုဖက်က လိုက်ရင် တစ်ဖက်လူကို ထောင်ကျအောင် အပြစ်ရအောင်

လုပ်ရတာမို့ပါ..တဲ့..။ ဒါကြောင့် တရားခံဖက်ကဘဲ လိုက်ပါသတဲ့..။ ဒါပေမဲ့ တရားခံဖက်က လိုက်ပြန်တော့လဲ လူသတ်သမား၊ သူခိုး၊ဓါးမြ၊ မုဒိန်းကောင် စတာတွေကို အပြစ်မကျအောင် လုပ်ရတာလဲ

မဟုတ်သေးဘူး.. လို့ခံစားရလို့ ရာဇဝတ်မှု ဆိုရင် မလိုက်တော့ပါဘူး.. တဲ့..။ ဒါနဲ့ တရားမ မှု ကိုဘဲ လိုက်ပါတယ်..။ ဒါတောင်မှ အမှုလာအပ်ရင် နားထောင်ကြည့်ပြီး မှန်တဲ့သူဆိုရင် လိုက်ပေးပါတယ်..။

မမှန်ကန်ဘူးဆိုရင်.. မလုပ်နဲ့ မင်းရှုံးမှာဘဲ .. လို့ တစ်ခါတည်းပြောလိုက်ပါတယ်..။ မလိုက်ပေးပါဘူး.. တဲ့ ..။

အဲလိုလုပ်ပြီါ် အမှုတွေကို လာအပ်တိုင်း မလိုက်တော့ပေမဲ့လဲ ဘဘ ဟာ အောင်မြင်နေတာပါဘဲ..။ ထမင်းတော့ မငတ်ပါဘူး.. သမီးရယ်.. လို့ပြောပါတယ်..။ ဘဘ အရမ်းတော်တာဘဲ.. လို့

အားကျမိပါတယ်..။

ဒီစာကိုရေးတာ ရည်ရွယ်ချက်တွေ အများကြီးပါ..။ ကာယကံရှင်တွေ ဖတ်မိပြီး ထိန်းသိမ်းနိုင်ဖို့..။ ကမာ္ဘဖျက်သူစာရင်းထဲမှာ လက်ဝင်မရှိုမိစေဖို့..၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရး အဖွဲ့တွေက

သိပြီး စုံစမ်းနိုင်ဖို့.. ၊ .. ၊ .. ၊ .. .. .. ။

ကမာ္ဘကြီးကို စိမ်းလန်းနေစေချင်တယ်..၊ ကျမတို့ရဲ့ သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေ လက်ထဲကို ကောင်းမွန်လှပတဲ့ ကမာ္ဘကြီးကို အမွပေးနိုင်ချင်တယ်.. လို့ သဘောတူမျှတယ်.. ဆိုရင် ဖြင့် ..

ကျမ ရဲ့ ဒီမှတ်စုလေးကို (share) ရှယ်ပေးကြပါနော် .. .. ။

ကမာ္ဘကြီး ကျန်းမာ ပါစေ .. .. .. .. ။

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000 GROUP

2000.donation.group@gmail.com

P.S – ကျမရဲ့ notes များကို.. Share လိုပါက ခွင့်တောင်းရန် မလိုပါ.. Share နိုင်ပါသည်.. ရှင်.. ။

GIVE THE WORLD THE BEST YOU HAVE!

8 comments

  • padonmar

    February 25, 2013 at 12:39 am

    ဒီရက်ထဲ မော်တော်ပီကယ်တွေ တော်တော် အလုပ်လုပ်လာတာတွေ့ရပါတယ်။သူတို့ အလုပ်မှန်နေရာမှန်တာနဲ့အမျှ ကျမတို့ နေ့စဉ်တွေ့နေရတဲ့ လမ်းခရီးကြန့်ကြာမှု အခက်အခဲတွေ သက်သာသင့်သလောက် သက်သာစပြုလာပါတယ်။
    ဒါလေးကို အသိအမှတ်ပြုပေးချင်နေတုံး သူငယ်ချင်းစာလေးဖတ်ရတော့ အတော်ပဲဖြစ်သွားပါတယ်။

    ဒါထက်ပိုအရေးကြီးတာက အောက်က ကမာ္ဘကြီးကျန်းမာပါစေက အကြောင်းအရာပါ။
    သိသင့်သိထိုက်သူတွေ သိရှိဆောင်ရွက်နိုင်ဖို့ လက်ဆင့်ကမ်းလိုက်ပါတယ်။

  • padonmar

    February 25, 2013 at 12:41 am

    ဒီနေ့တွက်တော့ လစ်မစ်ကုန်သုံးလိုက်ပါပြီ။
    (ရေးစရာတင်စရာ အများကြီးရှိတာကျနေတာပဲ):P

  • P chogyi

    February 25, 2013 at 9:53 am

    အစ်မရေ
    – အစ်မပြောတဲ့ ကားမောင်းသူသုံးတဲ့ လက်အိပ်ရှည်မျိုးက သူတို့ကိုလည်းပေးထားပါတယ်။ အဲဒီလက်အိတ်အဖြူနဲ့ဆို ကျန်းမာရေးအတွက် စိတ်ချရသလို ယူနီဖောင်းနဲ့လဲလှတယ်။
    ဒါပေမဲ့ အများစုက အစ်မပြောတဲ့ UV 11 ကြီးနဲ့ မရင်းနှီးလို့ မဝတ်ကြဘူး၊
    – မြန်မာ့ တောတောင် ၊ ရေမြေတွေက ကျယ်ဝန်းပြီး ကျွန်တော်တို့တစ်တွေက အကုန်အစင် အသုံးမချနိုင် တော့ သူများ လုပ်သမျှခံနေရတာပါပဲ။ ကျွန်တော်ငယ်ငယ်က ရေနံကုပ္မဏီတွေ ရေနံရှာပြီး မှသူတို့ ဆက်မလုပ်တဲ့အခါ ရေနံတွင်းတွေ ပိတ်ပစ်ခဲ့တာမျိုးတွေ တွေ့ဖူးတယ်။ ကမ်းလွန်ရေနံ လုပ်ကွက် တွေလဲ ဘယ်သူမှစောင့်မကြည့်နိုင်လို့ စိတ်ကြိုက်လုပ်နေကြတာချည်းပဲ။
    – ရှေ့နေဖြစ်မှတော့ ဟိုအမှုဒီအမှုရွေးတာကတော့ တစ်မျိုးပဲ။ တစ်ကယ်တမ်း ကြားဖူးတာကတော့ ရာဇဝတ်မှုလိုက်တဲ့ ရှေ့နေက အောင်မြင်ကြော်ကြားမှုရကောင်း ရမယ်။ တရားမမှုလိုက်တဲ့ ရှေ့နေ ကတော့ အမှုတစ်ခုရရင် တစ်သက်စာဖူလုံတယ်လို့ ကြားဖူးတာပဲ။

  • ဦးဦးပါလေရာ

    February 25, 2013 at 10:55 am

    ယာဉ်ထိန်းရဲနဲ့ပတ်သက်လို့
    သူတို့ထဲက တချို့ အဂတိလိုက်စားတာကတော့ တစ်ပိုင်းပေါ့
    အဲဒီအလုပ်က ကျန်းမာရေးကို တော်တော်ထိခိုက်စေတယ်
    လုပ်နေတုန်းတော့ အရှိန်လဲရ ကျင့်သားလဲရတော့ မသိသာပေမယ့်
    နှစ်နဲနဲကြာလာရင် တော်တော်သိသာတယ်။
    အဲဒီတော့လဲ ရှေ့ပိုင်းရှာထားဖွေထားတာလေးတွေလဲ အဲဒီတုန်းကတည်းက သုံးလို့ကုန်ခဲ့ပြီမို့
    ဖြစ်သမျှအကြောင်း ….. ပေါ့

    အမှန်ကတော့ နည်းပညာတွေတိုးတက် ပစ္စည်းကရိယာတွေ ဈေးပေါလာတဲ့ဒီခေတ်ကြီးမှာ
    လူကိုလျှော့သုံး စောင့်ကြည့်ကရိယာတွေ မှတ်တမ်းကရိယာတွေ များများသုံးပြီး စည်းကမ်းမဲ့သူတွေကို ထိရောက်ဟန့်တားတဲ့ အပြစ်ဒါဏ်မျိုးပေးတဲ့စံနစ်ကို ပြောင်းလဲဖို့ကောင်းတယ်။

  • ကထူးဆန်း

    February 25, 2013 at 2:38 pm

    ..ကမာ္ဘကြီး ကျန်းမာပါစေ….
    ………..ကမာ္ဘကြီး ကျန်းမာပါစေ……………..
    …………………………….ကမာ္ဘကြီး ကျန်းမာပါစေ………………….

  • pooch

    February 25, 2013 at 3:43 pm

    တနေ့ကတောင် တရုတ်အစိုးရ ပြောတဲ့ ကင်ဆာရွာများ ဆိုပြီး သစ်ထူးလွင်ဆိုဒ်မှာ ဖတ်လိုက်ရသေးတယ်

    http://www.thithtoolwin.net/2013/02/bbc-02-23-13-2.html#.USsnd90jxog

    ရေဆိုးထုတ်တဲ့ မြစ်တလျှောက် စက်ရုတနားနီးနေတဲ့ ကျေးရွာက လူတွေ အဖြစ်များတယ်
    ကင်ဆာကျေးရွာတွေ ရာဂဏန်းနီးနီးတောင် ရှိနေတယ်ဆိုတော့

    လူ့ဘောင် တိုးတက်ဖို့အတွက်
    ပေးလိုက်ရတဲ့ အရင်းနှီးတွေက လူသားအသက်တွေဆိုတော့ အရင်းနှီးကြီးတယ်

    လူဦးရေထူတဲ့ တိုင်းပြည်မှာ မသိသာပေမဲ့ လူဦးရေနည်းတဲ့ တိုင်းပြည်မှာဆိုရင်တော့ ဆုပ်လည်းစူး စားလည်းရူး မဖြစ်ရအောင် နမူနာယူပြီး ကြပ်မတ်ရမှာ။

    ပြောပြန်ရင်လည်း Green wash ဆိုပြီး ခနဲ့ကြသေးတယ်။ မလုပ်နဲ့ ပြောတာမဟုတ်ဖူး ။ သေချာ လေး မထိအောင် ဂရုစိုက်ပြီး လုပ်စေချင်တာပါ။

    ခုကြားတာကတော့ ဆိုလာလျှပ်စစ်ကို US က လုပ်ပေးမယ်တဲ့ ။ အမှိုက်ကနေထုတ်တဲ့လျှပ်စစ်အတွက်လည်း လျာထားတယ်ပြောကြတယ်။ ဖြစ်လာရင်တော့ အကောင်းဆုံးပဲ ။

    ယာဉ်ထိန်းရဲတွေကတော့ ကိုယ်တိုင်ရှင်းတာထက် အချက်ပြမီးစနစ်တွေနဲ့ ရှင်းတာရှေ့လျှောက်ပိုအလုပ်ဖြစ်မလား လို့ပါ ။ ဘတ်ဂျတ်တောင့်လာရင်ပြောပါတယ်။
    ဒီလို ရာသီတွေနဲ့ ရှေ့လျှောက် သူတို့ ရဲ့အသက် အာမခံချက်အတွက်လည်း ရေရာတာမှ မရှိသေးတာ။
    ဒစ်ဂျစ်တယ်ကို အားမကိုးနိုင်သေးခင်တော့ လောလောဆယ်တော့ သူတို့ကိုပဲ အားကိုးမှ ရမှာ ။

    အဲ့ဒီလို နေပူမိုးရွာမရှောင် တကယ်တာဝန်ထမ်းဆောင်သူတွေကို တော့ လေးစားပါတယ်။

  • တိမ်မည်း

    February 25, 2013 at 4:43 pm

    သစ်ပင်တွေသာ ဂိမ်းတွေထဲကလို စိုက်လို ့ရရင် လက်ညောင်းချင်ညောင်းပါစေ…. တနိုင်ငံလုံး ပြေးစိုက်ချင်တယ်…………..

  • မောင် ပေ

    February 27, 2013 at 8:29 pm

    မြန်မာနိုင်ငံတော်ကြီးတိုးတက်သာယာပါစေ
    မြန်မာလူမျိုးအားလုံး တိုးတက်ကြီးပွားပါစေ
    ဗုဒ္ဓဘာသာသာသနာတော်ကြီး ထာဝစဉ် စည်ပင်ပျံ ့ပွားပါစေ

Leave a Reply