မေမေ!
ဒါ သမီးပြောပြော နေတဲ့ . . ကိုစိုးမိုး ဆိုတာ ပေါ့။
အစ်ကို .. ဒါ ရွှေစင့် မေမေ လေ …

     အန်တီက ရွှေစင် နဲ့ တော်တော် ဆင်ပါတယ်။ ရွှေစင် ဆိုတာ ကျွန်တော့ ရဲ့ ချစ်လှစွာသော ဖယောင်းတိုင် လေးပါ။ ၀ါဝါ၀င်းဝင်း .. အိအိစိုစို .. ရှမ်းတရုတ်မ လေးပေါ့။ သူ့ အမေ ကလဲ သူနဲ့ တပုံစံ တည်းပဲ . . . . ဒါပေမယ့် ဘာကြောင့်မှန်း မသိ . . မျက်နှာထားက တော်တော် တင်းပါတယ်။ သမီးတော် ရဲ့ အ၀ှာ နဲ့ စကား
ပြောမှာဆိုတော့ . . မျက်နှာထား ကို တင်းထားကာမှ ဖြစ်မယ် လို့ တွေးပြီး အတော် တင်းထားပုံရပါတယ်။ ဧည့်ခန်းထဲမှာ အန်းကုန်းရုတ်ထု ကြီးက ထည်ထည်ဝါ၀ါ နဲ့ လောကနတ် ရုပ် ကြီးကလဲ ကျက်သရေ ရှိလိုက်တာ ….။ ထူးခြားတာ က TV နှစ်လုံး ပဲ။ ဘာလို့ များ TV နှစ်လုံး ထားပါလိမ့် … ???

     
ရွှေစင်။ ။ အစ်ကို ခဏနော် . . . ကော်ဖီ သွားဖျော်လိုက်ဦးမယ်။ မေမေ နဲ့ စကားပြောနှင့်ဦး ….
ကျုပ်။ ။ အစ်ကို ခုလေးတင် ထမင်းစားခဲ့တယ် .. အဲ့ဒါ မဖျော် နဲ့ မသောက်နိုင်ရင် အလကား ဖြစ်ကုန်မယ်။
ရွှေစင်။ ။ အာ အစ်ကိုကလဲ . . အရည် ပဲ ဟာ .. .. .. သောက်လိုက်ပါ။ ကျန်တော့ လဲ ချန်ထားပေါ့ ..။
ကျုပ် ။ ။ မဖြစ်ဘူး ကွ . . . . ကိုယ်တွေက အစားအသောက် ကို မကုန် လို့ လွှင့်ပစ်နေတဲ့အချိန် မှာ ကမ္ဘာရဲ့ အခြားတစ်ဖက် မှာ လိုအပ် နေတဲ့ သူတွေ ရှိတယ်။ အဲလို အဟောသိကံ လုပ်တာ မျိုး ကျုပ်မကြိုက်ဘူး .. နောက် ကျုပ်တို့ မန်းဂဇက် က အန်တီဆွိ ကလဲ မကြိုက်ဘူး .. သူ အဲ့လိုမျိုး တစ်ခါမန့် ဖူးတယ်။

အဲ့လို နဲ့ အချီအချ လုပ်နေတုန်း . .

ယောက်ခက္ခ လောင်းကြီးရဲ့ တစ်ချက်လွှတ်အမိန့် ……

ကဲ သမီး ……. နင်တို့ ဆုံးဖြတ်ပြီးရင် . . မြန်မြန် သွား စီစဉ်တော့ .. သွား ~~~~~~

ရွှေစင်။ ။ ဟုတ်ဟုတ် မေ . . . . . ကော်ဖီ ပဲ ဖျော်ခဲ့လိုက်မယ် နော် .. အစ်ကို ……။

အန်တီ။ ။ ကဲ…. မောင်ရင့် နံမည် က …….. (မျက်မှန်အပေါ်ကနေ ကျော်ကြည့်တဲ့ အကြည့်နဲ့)
ကျွန်တော် စိုးမိုး ပါခင်ဗျ။ (ခပ်သွက်သွက် ပဲ . . . အားအပြည့်အင်အပြည့်နဲ့ပေါ့ …)

နံမည်က တော့ အပိုင် ပဲ … လူတွေကို စိုးမိုး မင်းမူ မယ် ပေါ့ …. ဟုတ်လား .. .. .. .. .. လွှတ်တော် အမတ် ဖြစ်ဖို့ ကံပါလာရင် ဖြစ်နေဦးမယ် .. ညှင်းညှင်းညှင်း ……
အခု ဘာလုပ်သလဲ ကွဲ့ ??

ကျွန်တော် အခု company တစ်ခု မှာ ယာဉ်မောင်း လုပ်ပါတယ်ဗျ ….။ Light Truck မောင်းရပါတယ်။

နေတော့ကော . . . . . .?
ကျွန်တော် လှည်းတန်း မှာ နေပါတယ် …။

ဟုတ်နေပါပြီ . . . . ဟုတ်နေပါပြီ …။

မိဘတွေကကောကွယ် ..
အမေ က မှီခို ပါအန်တီ။
အဖေ က တော့ အစိုးရ အထက်တန်း စာရေးကြီး ပါ။ ခုတော့ အငြိမ်းစား လုပ်နေပြီး .. ရပ်ကွက် ..မြို့ နယ်တွေ မှာ သာရေး၊ နာရေး စီစဉ်ပါတယ်။ ဟိုးတလောက တောင် တရားပွဲ
တွေ လိုက် စီစဉ် ပေးနေပါသေးတယ် …။

အဲ့ဒီတော့ မြန်မာ၊ ဗုဒ္ဓဘာသာ တွေပေါ့နော .. ဟုတ်သလား ..
ဟုတ်ကဲ့ အန်တီ…။

တော်တော် သည်းညည်းခံ လိုက်ရတဲ့ မျက်နှာ မျိုးနဲ့ …
ကဲကဲ … ဒီမှာ မောင်ရင် .. မင်းကို ငါခပ်ပြတ်ပြတ် ပဲ ပြောလိုက်မယ် . . ငါ့သမီး ကို ….. မင်းနဲ့ တော့ လုံးဝ သဘောမတူ နိုင်ဘူး ကွ …….။

ဗျာာာာာာာာာာာာာာာာာာ .. ကျွန်တော် ထူပူ၊ ဂျွတ်စမွတ် သွားတယ် .. ငါ များ ဘာစကားမှား သွားသလဲ . . စဉ်းစားတယ် စဉ်းစားတယ် …။
အဲ .. နောက် တစ်ခုလောက်ကျန်ဦးမယ် .. ကျွန်တော် ပြောလိုက်တော့မယ် . . . . .
အန်တီ …. ကျွန်တော် က .. ဟိုလေ .. ဟိုလေ .. အခုတလော နံမည် အရမ်းကြီး လူကြိုက်များ နေတဲ့ KFC ကြက် အဲအဲ .. မဟုတ်ပါဘူး …. Mandalay Gazette ဆိုတဲ့ Site မှာ
Photographer ဆိုတဲ့ ရာထူး ကို ရထားပါတယ်ဗျ (ကိုယ့်ဘာသာကိုယ် ပဲ အတင်းယူထားတဲ့ ရာထူး)

အော . ဟုတ်လား ကွဲ့ …
မောင်ရင် ထပ်ရှင်းအောင် ပြောရရင် .. အန်တီ ကလဲ Mandalay Gazette ရဲ့ ပင်တိုင် စာဖတ် ပရိတ်သတ် ပဲ ကွဲ့ ….
မင်း အချိုးတွေ နဲ့ တကယ်မဖြစ်ပါဘူးကွယ် . . . . အန်တီ သဘော မတူနိုင်တာ နားလည် ပေးပါ။

အန်တီ ကျွန်တော့ nick name က လေ .. ဟို ဟို ….
တော်တော် . . နင် တို့ ဓာတ်ပုံ ဆရာတွေကလေ … ဘီယာ ဘူးရိုက်ပြလိုက် .. ကလေး ဂျိုးတန်းလန်း နဲ့ ရေထဲ ပြုတ်ကျတာ ရိုက်ပြလိုက် တိမ် တွေ ရိုက်ပြလိုက်နဲ့ .. ကိုခိုင်မာ ကြီး ရဲ့ ဆာဗလာ ဆိုလား . . အဲ့ဒါကြီး လေးအောင် လုပ် နေကြတာ .. ငါ မသိဘူး မထင်နဲ့ အရင် က ဒေါ်ခင်လတ် အဲ့လို ရေးခဲ့တာ .. ငါတောင် အဲ့ဒီ့ ကိုခိုင်မာ ကြီးကိုယ်စား နင်တို့ ကို
မေတ္တာပို့ မိသေးတယ် .. သူ့ ခမျာ အဲ့ဒါကြီး ထမ်းထားရတာ မလား . . . . အလေးကြီး ဆို . . တော်တော် အားကုန် ရှာမှာ . . နင်တို့ မို့ …. ကိုယ်ချင်းမစာဟယ် ~~~~~~

တိန် .. ထိပြီ … ကိုခိုင်မာကြီး မဟုတ်ပါဘူးဗျာ .. အဲ့ဒါ Kai ပါ အန်တီ ရဲ့ ပြီးတော့ အဲ့ဒါ ဆာဗလာ လို့ မခေါ်ဘူး ဆာဗာ လို့ ခေါ်တယ် .. အဟီး
အာ .. ရှုပ်ရှုပ်ရှက်ရှက် တွေ .. .. .. .. ငါ မသိဘူး .. .. .. .. နင်တို့ မြန်မာ တွေ များ စကားလုံး ကျ မထွင် ဘူး .. အဲ့ဒီတော့ ငါက ငါ့ဘာသာငါ တီထွင် ပြီး မှတ်မိလွယ် အောင် ကိုခိုင်မာ ကြီး လို့ ခေါ်သဟယ် ကဲ ….

ကဲကဲ မောင်မင်းကြီးသား .. မင်းပြန်ပါတော့ ….. နင့်ကို ငါ့သမီး နဲ့ လုံးဝ သဘော မတူနိုင်ဘူး …ဒါဘဲ။

ကျွန်တော် ဂွမ်းပြီ။ ရေစုန်မျောပြီ … ချစ်သူလေး လဲ အခြေအနေ မဟန်မှန်းသိတော့ မီးဖိုချောင်ထဲက ထွက်မလာရဲ …။ အသာအယာပဲ နှုတ်ဆက် …
ကျွန်တော် ပြန်လိုက်ပါဦးမယ် အန်တီ ….
အေး .. ကြွ ~~ ကြွ

ဒါပေမယ့် .. .. .. .. အန်တီ ဘာလို့ သဘောမတူရသလဲ ဆိုတာလေး တော့ ကျွန်တော် သိခွင့် ရနိုင်မလား ဗျာ …
မရ နိုင်ဘူး .. ငါ မပြောချင်ဘူး .. ကိုယ့်ဘာသာကိုယ်သိအောင်လုပ် .. တစ်ခါထည်း ပြောလိုက်မယ် နော် … နင် ငါ့ သမီး နဲ့ အဆက်အသွယ် ဖြတ်ပါ .. ဒါပဲ ..

ချစ်သူ့ အိမ်ပေါ်ကနေ အောင်မြင်စွာနဲ့ ဆုတ်ခွာပြီး အပြန်လမ်းပေါ်မှာ လမ်းဘေး လက်ဖက်ရည် ဆိုင် လေးကနေ …….
ဂျက်မြသောင်း ရဲ့ ရင်ခွင်မှာ ခိုနားလှည့်တော့ အချစ် ဆိုတဲ့သီချင်း သံလေး ပြန့်လွင့်လာနေတုန်း …… ထိထိခိုက်ခိုက် ခံစား ရင်း .. တွေးမိတာက
အဲ့ သီချင်း က ကော်ပီလား Own Tune လား . . . . . နောက် … အဲ့ လက်ဖက်ရည် ဆိုင် က အဲ့ သီချင်း ကို မူရင်း ၀ယ်ဖွင့်တာလား … မူရင်းခွေ ၀ယ်ရင်ကော .. စီးပွားရေး အတွက် ပြန်လည် အသုံးချ ခွင့် ဆိုတာက . . . . . . . . . . . အဲ့လို တွေ စဉ်းစားမိပြီး သကာလ ကိုယ့် ကိုယ် ပဲ ပြန် ကျိန်ဆဲ မိတော့ တယ် …..
နှစ် 1000 ကျိန်စာ .. နှစ် 1000 ကျိန်စာ ….

အဲ့အချိန် မှာပဲ ချစ်သူ လေးက ဖုန်းဆက်လာတယ် …။
သူမ ရဲ့ Phone RingTone လေးက ကျွန်တော့ အတွက်တော့ မနက်စာ ပါပဲ .. အရေးကြီးသဗျ …
ကို ရေ ….. သည်း .. မေမေ့ အစား တောင်းပန်ပါတယ် နော် …
မနက်ဖြန် ကျ ဖူဆန် မှာတွေ့မယ်နော် … နဂါးအက အလှ နောက်ဆုံးနေ့ ပြပွဲ ရှိတယ် …။ အဲ့ဒါ ကို ဒီနေ့အားရင်လည်း သည်းအတွက် ဓာတ်ပုံ သွားရိုက် ပေးနော် ….
သည်းကြည့်ချင်လို့ …
အိုကေ … ဖြစ်ရမှာ ပေါ့ နှမတော် …
ကို့ .. ဒါပဲနော် . .ဟိုမှာ မေမေ ရယ် .. ပြန်လာနေပြီ .. တာ့တာ .. မွှားစ် …..

စာကြွင်း…… အဲ့နေ့ က ရိုက်ထားတဲ့ နဂါး အက ပုံလေး တစ်ပုံ နှစ်ပုံ လောက် တော့ တင်ဦးမှ ဗျာ ….

ထုံးတမ်း ဓလေ့

ထုံးတမ်း ဓလေ့

ထုံးတမ်းစဉ်လာ

ထုံးတမ်းစဉ်လာ

အက အလှ

အက အလှ

လေးစားစွာဖြင့်
Mလုလင်

About Mလုလင်

has written 50 post in this Website..

ဓာတ်ပုံရိုက်ရတာ ကိုကြိုက်တယ်။