သွားရမဲ ့လမ်း………..

မိုး မင္းသားFebruary 25, 20131min1088

ဘဝရဲ ့နိဂုံး

ဘယ်လိုအဆုံးသက်မလဲ…..

လူတိုင်းသိချင်ပေမဲ ့

ရေရေရာရာ

တိတိပပမသိကြပေ…….

ဆင်းရဲတယ်..

ချမ်းသာတယ်

လူတန်းစားတွေ

ကွဲပြားတယ်…..

ချစ်ခြင်း

မုန်းခြင်း

ကာရံနှစ်မျိူး

ကွဲပြားမယ်…..

ဒါတွေ….အားလုံးနဲ ့

ဝေးရာကိုထွက်ပြေး…ဖို ့

ဘယ်လိုမှလည်းမရပါ…

နောက်ဆုံး…….

သွားရမဲ ့…..တစ်လမ်းတည်းသော

သေမင်းဆီ……..


ချစ်ခြင်းမေတ္တာဖြင် ့

မိုးမင်းသား

၂၅.၂.၂၀၁၃

8 comments

  • ခင်ခ

    February 25, 2013 at 4:17 pm

    သွားရမည့်လမ်း
    တစ်လမ်းတည်းမို့
    နောက်တွန့်ခြေလှမ်း
    မဖြစ်စတမ်းနဲ့
    လျှောက်လှမ်းနိုင်ဖို့
    ကြိုးစားပါစို့
    အို…. မိတ်ဆွေ။

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    February 25, 2013 at 5:53 pm

    ကောင်းတယ်ဗျို့……….
    လူတိုင်း သတိတရားနဲ့ အသိပွားထားရမယ့်
    အရေးအကြီးဆုံး အကြောင်းအရာလေးတွေပဲ……………….

  • အလင်းဆက်

    February 25, 2013 at 8:23 pm

    မိုးမင်းသားရေ……
    လာတော့လေ….
    လာတော့လေ…..
    မလာဘူးလား…..
    ဒါဆို..ငါ….လာခေါ်မယ်……
    ငါ..လာခေါ်မယ်……..
    စောင့်နေ…….
    နည်းနည်းတော့ကြာမယ်……
    မြို့ပတ်ရထားနဲ ့ လာမှာဆိုတော့….ရထားပျောက်ရင်…
    သေမင်း.. ရောက်ချိန်တန်..မရောက်နိုင်ဘူး…။
    ဟီးးးးဟီး….

    ပုံ..
    သေမင်း

  • ခိုင်ဇာ

    February 26, 2013 at 8:54 am

    ဪ။
    သင်းမေ ဆီ သွားရမဲ့ လမ်းပေါ့။

  • မိုး မင်းသား

    February 26, 2013 at 6:48 pm

    ကိုမိုဘိုင်းရေ…….

    သံဝေဂရစရာတွေပဲမဟုတ်လားဗျာ……

    ခိုင်ဇာရေသင်းမေကိုတော ့လူတိုင်းတွေ ့ရမှာမဟုတ်လားခင်ဗျာ…….

    ကိုခင်ခရေ……

    ကျေးဇူးတင်ပါရစေနော်…….

    ကိုခင်ခရဲ ့ကဗျာလေးကလည်း…တိုတိုလေးနဲ ့ထိတယ်ဗျို ့……

    အလင်းဆက်ရေ……

    မြို ့ပါတ်ရထားလိုအချိန်မှန်မှန်….မမှန်မှန်အချိန်တန်တော ့ရောက်လားမှာပဲ…

    မဟုတ်လား…..

    လောကမှာအကျိုးရှိရှိနေထိုင်ရင်း…စောင် ့နေရမှာပဲလေ……

    ဟုတ်တယ်မဟုတ်လားခင်ဗျာ……

  • မောင်တင့် တယ်

    February 27, 2013 at 5:05 pm

    ဟုတ်ပါ့ဟုတ်ပါ့…

    “မွေးလျှင်သေမည်..
    သေဖို့မွေးရသည်…
    သေခြင်းသဘောတရားကို..
    သတ္တဝါဟူသမျှတွေ့ရမည်..တွေ့ရမည်…..”

  • မောင် ပေ

    February 27, 2013 at 8:16 pm

    မသေခင်စပ်ကြား
    ကြားချိန်များ
    သောက်သောက်စားစား လူမင်းသား
    တစ်ပိုင်းနားသော် တရားရှာပွား
    နောင်သံသရာအတွက် လက်မှတ်များ
    ယူတတ်လျှင်တော့ နားမခါး
    ဘူးထွားထွား ဘူးထွားထွား

  • မိုး မင်းသား

    March 12, 2013 at 7:14 pm

    အရမ်းတော်တဲ ့ကိုပေ……

    ကိုတင် ့လည်းခေသူမဟုတ်ပေဘူးပဲ……

    နှစ်ယောက်လုံးကို….လေးစားပါတယ်….လေးစားပါတယ်

    ခင်မင်မှူကိုတန်းဘိုးရှိအောင်…..အကြွေးမထားပါနဲ ့…..(စန္ဒီမြင် ့လွင်)

    ဟိ…….

Leave a Reply