သူတို့တွေက …

ဆေးရုံက နာ့စ်မလေးတွေနဲ့ တူတယ်။

ကိုယ်တိုင်လဲ ခွဲစိတ်ကုသလို့ မရဘူး

မပါပြန်ရင်လည်း မဖြစ်ဘူး

လူနာတွေနဲ့ လက်ပွန်းတတီး နေကြရတယ်

ဒါပေမဲ့ လူနာရှင်တွေ အားကိုးမှုကို အပြည့်အဝ မဖော်ဆောင်နိူင်ရှာဘူး …။

 

သူတို့တွေက …

မီးသတ်ကားတွေနဲ့ တူတယ်။

လောင်ပီဆိုမှ အပြေးအလွှားရောက်လာကြတယ်

အုတ်အော်သောင်းနင်း ဘယ်တော့မှ ပြီးပြတ်အောင် မဖြတ်နိူင်ဘူး

တခါတလေမှာ မီးငြိမ်းဖို့ အသွား

ကိုယ်တိုင် ခြေချော် လက်ချော် ဖြစ်သေးရဲ့ …။

 

သူတို့တွေက …

ဘဲအုပ်ကြီးနဲ့ တူတယ်။

အိပ်တန်းကနေ တစုတစည်းတည်း ဆင်းလာကြတယ်

အစာရှာဖို့ တစုတစည်းတည်း သွားကြတယ်

အိပ်တန်းပြန်တက်တော့လဲ တစုတစည်းတည်းဘဲ

ကြားထဲက အချိန်တွေမှာတော့ ကိုယ့်အတ္တနဲ့ကို

ထင်မြင်ရာ လုပ်ကြလေရဲ့ …။

ဘယ်တော့မှလဲ ထိုးဖောက်မထွက်ကြဘူး …။

 

သူတို့တွေက …

ညောင်ပင်အိုကြီးနဲ့ တူတယ်။

အခက်အလက်တွေ များလာလေ

အရိပ်အဝါ ကြီးလာလေလေ

သို့လော သို့လောနဲ့ အထင်မြင်ခံရပြီး

ကြောက်ရွံ့သူတွေက ကြောက်ရွံ့ကြ

ဆည်းကပ်သူတွေက ဆည်းကပ်ကြ

ထောက်မကူညီသူတွေ ထောက်မကြနဲ့

တကယ်တော့ လေတိုက်ရင် တရှဲရှဲမြည်တာကလွဲလို့

ဘာဆိုဘာမှ ဖြစ်မလာဘူးရယ် …။

 

သူတို့တွေက

ပုံပြင်ပြောနေတဲ့သူတွေနဲ့ တူတယ်

ဟိုးရှေးရှေးတုန်းက အစချီပီး

လတ်တလော ပြီးခဲ့တာတွေ အထိ

အာဘောင်အားရင်း သန်သန်နဲ့

စာလုံးတွေ ဖွဲ့သီနေလိုက်ကြတာ

သူတို့မှာ အနာဂတ်ပုံပြင် မရှိကြဘူး …။

 

သူတို့တွေက

ပြဇာတ်မင်းသားတွေနဲ့တူတယ်

ရယ်ပြုံး လွမ်းချစ် ဇာတ်နာနာနှစ်ယုံကလွဲလို့

ဘယ်တော့မှ ပရိတ်သတ်ကို

လူဆိုးလုပ်ပြပြီး မဖြော်ဖြေဘူး …။

 

သူတို့တွေက

တိုက်ပွဲအမြဲဝင်နေကြတဲ့သူတွေ

ထာဝရသူရဲကောင်းတွေ

အားမာန်ပြည့်တဲ့ စစ်သူကြီးတွေ

သူတို့တွေက …

သူတို့တွေ…က

သူတို့…တွေ….က

သူ…တို့…တွေ….က

 

 

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း