သူတို့တွေက …..

စိန်ကြက်ဆင်February 25, 20131min19620

သူတို့တှကေ …

ဆေးရုံက နာ့စ်မလေးတွေနဲ့ တူတယ်။

ကိုယ်တိုင်လဲ ခွဲစိတ်ကုသလို့ မရဘူး

မပါပြန်ရင်လည်း မဖြစ်ဘူး

လူနာတွေနဲ့ လက်ပွန်းတတီး နေကြရတယ်

ဒါပေမဲ့ လူနာရှင်တွေ အားကိုးမှုကို အပြည့်အဝ မဖော်ဆောင်နိူင်ရှာဘူး …။

 

သူတို့တွေက …

မီးသတ်ကားတွေနဲ့ တူတယ်။

လောင်ပီဆိုမှ အပြေးအလွှားရောက်လာကြတယ်

အုတ်အော်သောင်းနင်း ဘယ်တော့မှ ပြီးပြတ်အောင် မဖြတ်နိူင်ဘူး

တခါတလေမှာ မီးငြိမ်းဖို့ အသွား

ကိုယ်တိုင် ခြေချော် လက်ချော် ဖြစ်သေးရဲ့ …။

 

သူတို့တွေက …

ဘဲအုပ်ကြီးနဲ့ တူတယ်။

အိပ်တန်းကနေ တစုတစည်းတည်း ဆင်းလာကြတယ်

အစာရှာဖို့ တစုတစည်းတည်း သွားကြတယ်

အိပ်တန်းပြန်တက်တော့လဲ တစုတစည်းတည်းဘဲ

ကြားထဲက အချိန်တွေမှာတော့ ကိုယ့်အတ္တနဲ့ကို

ထင်မြင်ရာ လုပ်ကြလေရဲ့ …။

ဘယ်တော့မှလဲ ထိုးဖောက်မထွက်ကြဘူး …။

 

သူတို့တွေက …

ညောင်ပင်အိုကြီးနဲ့ တူတယ်။

အခက်အလက်တွေ များလာလေ

အရိပ်အဝါ ကြီးလာလေလေ

သို့လော သို့လောနဲ့ အထင်မြင်ခံရပြီး

ကြောက်ရွံ့သူတွေက ကြောက်ရွံ့ကြ

ဆည်းကပ်သူတွေက ဆည်းကပ်ကြ

ထောက်မကူညီသူတွေ ထောက်မကြနဲ့

တကယ်တော့ လေတိုက်ရင် တရှဲရှဲမြည်တာကလွဲလို့

ဘာဆိုဘာမှ ဖြစ်မလာဘူးရယ် …။

 

သူတို့တွေက

ပုံပြင်ပြောနေတဲ့သူတွေနဲ့ တူတယ်

ဟိုးရှေးရှေးတုန်းက အစချီပီး

လတ်တလော ပြီးခဲ့တာတွေ အထိ

အာဘောင်အားရင်း သန်သန်နဲ့

စာလုံးတွေ ဖွဲ့သီနေလိုက်ကြတာ

သူတို့မှာ အနာဂတ်ပုံပြင် မရှိကြဘူး …။

 

သူတို့တွေက

ပြဇာတ်မင်းသားတွေနဲ့တူတယ်

ရယ်ပြုံး လွမ်းချစ် ဇာတ်နာနာနှစ်ယုံကလွဲလို့

ဘယ်တော့မှ ပရိတ်သတ်ကို

လူဆိုးလုပ်ပြပြီး မဖြော်ဖြေဘူး …။

 

သူတို့တွေက

တိုက်ပွဲအမြဲဝင်နေကြတဲ့သူတွေ

ထာဝရသူရဲကောင်းတွေ

အားမာန်ပြည့်တဲ့ စစ်သူကြီးတွေ

သူတို့တွေက …

သူတို့တွေ…က

သူတို့…တွေ….က

သူ…တို့…တွေ….က

 

 

20 comments

  • ခင်ခ

    February 25, 2013 at 4:12 pm

    သူတို့တွေက….. လို့
    အမည်နာမတပ်ခေါ်ကြကာ
    ပြောကြဆိုကြ
    ရိုးမယ်ဖွဲ့လည်း
    သူတို့တွေက….
    သူတို့တွေ ပါဘဲလေ။

  • pooch

    February 25, 2013 at 4:17 pm

    လောလောဆယ်တော့
    ပုံပြောတိုင်း ယုံတတ်တဲ့သူလည်း မဟုတ်ပြန်
    ကိုယ်တိုင်ပုံပြောဖို့လည်း မစွမ်းနိုင်
    ပုံပြင်တွေကို ဖန်တီးသူလည်း မဖြစ်နိုင်နဲ့
    ဘေးထိုင်ဘုပြောတတ်တဲ့သူဖြစ်နေတယ်

    လောလောဆယ်
    အတိတ်ကိုလည်း ပြန်လှည့်မကြည့်ဘူး
    အနာဂတ်ကိုလည်း သိပ်မမျှော်လင့်တော့ဘူး
    ပစ္စုန်ပန်မှာပဲ လိုက်လျောညီထွေ ဖြစ်ဖို့ အသဲသန်ကြိုးစားနေတော့တယ်

    Pragmatist တယောက်ဖြစ်ဖို့လည်း မမျှော်လင့်ခဲ့ဖူးပါဘူး
    ဒါပေမဲ့ ဒီလိုပဲ ဖြစ်နေတယ်

    • ရဲစည်

      February 25, 2013 at 7:28 pm

      အန်တီပုချ် ..
      အဲ့လာ အလွန်ကောင်းတဲ့ နေထိုင်နည်း ခင်ဗျ
      အဲ့လို နေတတ်ဖို့ အတော်ကို ကျင့်ယူရမှာ …
      ကျနော်တောင် ဖယားသခိုင်ကို ဆန့်ကျင်ပီး
      အနေအထိုင်မတတ်တော့ ဂလို ကန့်လန့်ဖြစ်နေပေါ့
      :harr:

      ကောင်းလော့တေး …ကောင်းလော့တေး

  • တိမ်မည်း

    February 25, 2013 at 4:38 pm

    သူတို ့တွေက တောင်းလည်းစားတက်တယ်….
    သူတို ့တွေက ဒါးမြလည်းတိုက်တက်တယ်….
    သူတို ့တွေက ခိုးလည်းစားတက်တယ်….
    သူတို ့တွေက လုလည်းစားတက်တယ်….

    အဒူတွေလည်း တိဝူးနော်………….. 😀

    • ရဲစည်

      February 25, 2013 at 7:23 pm

      ကိုတိမ်မည်း …
      ဘက်ညီပီး ၂ဘက်သရေကျအောင် …
      (၂) မှာရေးပေးမယ်နော်
      :harr:
      စိတ်မပူနဲ့ သိလား

      • တိမ်မည်း

        February 26, 2013 at 9:37 am

        ပူဖူး…. ပူဖူး…………………..
        စိတ်က ပူကိုမပူတက်တာ……………
        ဟီးဟီး……..

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    February 25, 2013 at 6:01 pm

    ရေးထားတာလေးတွေက စိတ်ဝင်စားဖို့ ကောင်းပေမယ့်
    သူတို့တွေက ဆိုတာဘယ်သူတွေမှန်း ကျုပ်က နားမလည်တော့
    ဒီပို့စ်လေးရဲ့ အရသာကို ကောင်းကောင်း မခံစားသွားရပါကြောင်းးးးးးးးးးးးး

  • garuda

    February 25, 2013 at 7:15 pm

    သူတို့တွေက ဆဗျစ်သီးဖြစ်တယ်
    သူတို့တွေက ဂွေးသီးဖြစ်တယ်
    သူတို့တွေက မိုးသီးဖြစ်တယ်
    သူတို့တွေက အနေဝေးသူတွေဖြစ်တယ်
    သူတို့တွေက အောင်ဝှေးဖြစ်တယ်
    သူတို့တွေက ဂွင်ဝေးဖြစ်တယ်
    သူတို့တွေက စန်းစန်းတင့်ဖြစ်တယ်
    သူတို့တွေက ခင်စန်းဝင်းဖြစ်တယ်
    သူတို့တွေက ကျော်ဟိန်းဖြစ်တယ်
    သူတို့တွေက လမ်းမတော်ဖိုးတုတ်ဖြစ်တယ်
    သူတို့တွေက ဦးသိန်းစိန်ကို မအေနဲ့ကိုတုတ်တယ်
    သူတို့တွေက ဦးသိန်းစိန်ကားကို ဖိနပ်နဲ့ပေါက်တယ်
    သူတို့တွေက ကားခေါင်မိုးပေါ်တက်ပီး Ballet ကကြတယ်
    သူတို့တွေက မက်ဒေါ်နယ်၊ကေအဖ်စီနဲ့ subway စားရင်း ငြိမ်းချမ်းရေးအကြောင်းပြောတယ်
    သူတို့တွေက ဦးသန့်ကျွန်းကလေးမှာ နှစ်ယောက်ထဲသွားနေကြမယ်ပြောတယ်။
    သူတို့တွေက နိုင်ငံကြီးမှာနေပြီး အစွန်းရောက်တွေလို နိုင်ငံတော်အလံကို ချနင်းတယ်
    သူတို့တွေက မြန်မာပြည်တွင်းက ပြုပြင်စရာတွေကို လက်ညိုးထိုးတယ်
    သူတို့က သူတို့ကိုယ်သူတို့ မပြင်ရသေးတာကို မမြင်ဘူး
    သူတို့က….သူတို့က……ငါတို့ လိုပါပဲလား…
    အေးလေ…သူတို့လည်း…မြန်မာပြည်က ထွက်သွားကြတာပဲကိုးးးးးးး
    အဲဒီတော့….သောက်ကျင့်တွေက အတူတူပဲဆိုတာ
    သူတို့က မေ့နေကြတယ် :harr: :harr: :harr:

    • ရဲစည်

      February 25, 2013 at 7:31 pm

      အူး၄ garuda:
      သူတို့တွေကလို့ဘဲ ပြောတာ
      ဘယ်သူတွေပါလို့ အနော်မပြောဘူးနော် ..
      အနော်က ကလေးတွေးလေးဘဲ တွေးတတ်လို့
      ရေးတတ်သလို ရေးကြည့်တာ …..
      အဲ့လာ နော်လို့
      :harr: :kwi:

      • garuda

        February 26, 2013 at 3:27 pm

        O…သူကြီးဘစီရယ်….အဲဘွာတေး…Toကြီးရဲစည်ရယ်…ဦးရီးကလည်း ဘယ်သူဒွေကို ဘာပျောရို့လဲကွယ်…Toကြီးလုပ်ခါမှ…ဦးရီးလည်း..ထောင်လုံးလုံးကြရဓော့မယ်ထင်ဓယ်။
        ဦးကြီးလဲ လေးလေးဝါး ဘာဘဲကွယ်။ လူသာအိုမင်း ယိုယွင်း နေဒါ စိတ်ကတော့ နုပျိုတုံး pear ကွဲ့။
        န O မျက်နုကြိုက်တော့..မဟုတ်ရ ဘာဘူးယယ်…..လို့ ထင်ဓာပဲကွယ်. :harr: :harr:
        သွားဒွေက မကောင်းဒေါ့ နုတာလေးတွေ ရွေးစားဖို့ကြံရင်းနဲ့ စိတ်ပါနုသွား ဒါဗာဗဲကွယ်။ ငယ်စဉ်အခါကဓော့ ကျောက်ခဲ လောက်က..အသာလေး ကြိတ်ချေ လိုက်နိုင်ဒယ်လေ….အဲအဲ..မိကျောက် ကိုကျောဒါဟုတ်ဘူးးနော်ာ်ာ်ာ် :ha:

  • မောင် ပေ

    February 25, 2013 at 7:49 pm

    သူတို ့တွေက သိတယ်မို ့လား
    ဘာမှမလုပ်ပဲ မီဒီယာကောင်းမှုနဲ ့
    နိုင်ငံတကာ ကောင်းမှုတွေကို သုံးဆောင်သွားကြရတယ်
    ဒါကြောင့်
    သူတို ့ကို ဘာပဲပြောပြော ငြိမ်ခံနေတယ်
    ( ဒေါ်လာက အဝင်ကောင်းတော့ ငြိမ်ခံတာလား မသိ / အဝင်ကောင်းရင် ငြိမ်ခံတတ်သလား ဆိုတာ ကျုပ် မောင်ပေ မသိ ၊ စမ်းလဲမစမ်းချင်ပါကြောင်း )
    ဟိုလူတွေကြတော့…
    တစ်ကယ်လဲ ကြမ်းကြမ်းတမ်းတမ်း ခက်ခက်ခဲခဲ နဲ ့
    အလုပ် လုပ်ခဲ့ကြတယ်
    ဒါပေသည့်
    ဒီက ဆောက်ဆိုးတွေက သူတို ့လုပ်ဆောင်ချက်အကောင်းတွေကို ဘေးဖယ်ပြီး အဆိုးတွေကိုသာ ဖော်ပြခဲ့ကြတော့
    သူတို ့တွေ ခဗျာ
    အဲဒါ အဲဒါ

  • ရာမည

    February 26, 2013 at 7:20 am

    သူတို ့တွေကတော ့ …. သူတို ့ပေါ ့
    ကျွန်တေည်ကရော.. ?

  • ကြည်ဆောင်း

    February 26, 2013 at 9:14 am

    အင်း…
    သူတို့တွေက ..
    ဟိုလူတွေလဲ သူတို့တွေဘဲ ..
    ဒီလူတွေလဲ သူတို့တွေဘဲ ..
    တခြားသူတွေလဲ သူတို့တွေဘဲ ..
    ဪ ဘယ်သူဘဲဖြစ်ဖြစ် ..
    ငါကလွဲရင် သူတို့တွေဘဲကိုးးးးးးးးးးးးးးးးး
    :harr:

  • ခိုင်ဇာ

    February 26, 2013 at 9:31 am

    သူတို့တွေက ….
    သူတို့တွေက ……

    ဘယ်သူတွေကို ပြောနေမှန်းတော့ တကယ်ကို မသိ။ (ဝေးတယ်ရယ်။) :mrgreen:

    သုံးသွားတဲ့ ဥပမာ လေးတွေတော့ သဘောကျတယ်။

  • mamanoyar

    February 26, 2013 at 2:40 pm

    သူတို့တွေက…………………….
    ငါတို့တွေ မဟုတ်လို့ပေါ့ကွယ်…..

  • Good™

    February 26, 2013 at 3:42 pm

    သူတို့တွေကို ငါမသိ ငါ့ကိုငါတော့ သိသလိုလို
    အချိန်က ညနေ ၅ နာရီ ခွဲကျော်
    စားစရာ ပေါ ပါတဲ့ တရုတ်တန်း လမ်းကို ဖြတ် အလျောက်
    မှိန်ယှက်စွာ လွေးနေကြလေရဲ့။
    ငါသည်လည်း ဟိုသည် ငေးရင်း
    ဝဲရင်အုံ ညာလက်အရောက်
    အိတ်ကဒ်ထဲ ကားခ သာသာ ပိုက်ဆံ က
    မှတ်တိုင်မှာ သာ ကားစောင့်နေပါတဲ့။

    ( ၂၀၀၃-၀၄ ခု တနေ့ ၆၅ဝ ကျပ် နဲ့ တပတ်တခါရှင်း အလုပ်သမား ဘဝ လေးတုံးကပါ။ )

  • MaMa

    February 27, 2013 at 5:07 pm

    သူတို့တွေက မန်းလေးဂဇက်မှာ စာရေးကြတယ်…… :kwi:

  • ရွှေတင်မောင်

    February 27, 2013 at 5:31 pm

    သူတို့တွေက …
    ညနေခင်းတိုင်း လက်ဖက်ရည်ဆိုင် ထိုင်တယ် …
    ဘီယာဆိုင် ထိုင်တယ် …
    ပေါက်ကရ လေးဆယ် ပြောကြမယ် …
    အကောင်းတွေလည်း ပါမယ် …
    အဆိုးတွေလည်း ပါနေမယ် ….
    ဘာပဲ ပြောပြော ဘဝဆိုတဲ့ ခဏ အတောအတွင်းမှာ
    ရီမောခြင်းနဲ့ ညခင်းတွေကို ပြီးဆုံးစေတတ်ကြတယ် …
    ဒါ ……. ကျုပ်သိတဲ့ သူတို့တွေပါပဲ ……..။

  • marblecommet

    March 1, 2013 at 12:54 am

    မထသကြီး

  • Mysterious

    March 1, 2013 at 9:34 am

    သူတို့တွေက …
    သူတို့တွေ…က
    အူးယေးကရဲစည်ရဲ့ Alliance တပ်မဟာက
    စစ်သူကြီးများလို အင်အားကြီးမား
    ချစ်ရည်နှလုံးသားလှပေမယ့်
    ဘယ်သောအခါမျှ
    Horde တွေလို ကြမ်းတမ်းရက်စက်မနေဘူး

    😀

Leave a Reply