ယုဇန မဟာမြိုင်မှာ ကမာ္ဘတိုင် မှီးမယ်မှန်းပေမင့်

Mr. MarGaFebruary 25, 20133min24738

ယုဇန မဟာမြိုင်မှာ ကမာ္ဘတိုင် မှီးမယ်မှန်းပေမင့်

ကိစ္စများမြောင် လူတို့ဘောင်ဆိုတဲ့ စကားကို ဘယ်သကောင့်သားကများ ထွင်သွားပါလိမ့်နော်

တကယ်ဆိုရင် လူတို့ဘောင်ထက် နတ်တို့ဘောင်က ပို ရှုပ်သဗျ

တစ်နေ့တစ်နေ့ နတ်သားတွေ နတ်သမီးလုတဲ့ကိစ္စ၊ နတ်သမီးအချင်းချင်း ရန်ဖြစ်တဲ့ကိစ္စတွေ ရှင်းလိုက်ရတာ ဖတ်ဖတ်ကို မောလို့

သမ္မတမို့ ပုံမှန် အလုပ်တွေကမှ များပါတယ်ဆိုမှ အဲဒီကိစ္စတွေပါ ရှင်းလိုက်ရရင်ဖြင့် တစ်လ ကိုးသီတင်း မပြီးနိုင်တော့ဘူး

အင်းပေါ့လေ၊ ကိုယ်တိုင်က အုပ်ချုပ်ရေးတင်မက၊ တရားစီရင်ရေးပါ ကိုင်ထားမိတာကိုး

ဒါတောင် ဥပဒေပိုင်းကို နတ်ပြည်လွှတ်တော်ဖွဲ့ပေးပြီးတော့ ဥပဒေပြုဖို့ အတင်းအကျပ် အမိန့်ပေးထားလို့သာ။

တစ်ယောက်ထဲ သုံးခုလုံးကိုင်ရင် ဒီထက်တောင် ပိုများလိမ့်ဦးမယ်။

အဲဒီလို တစ်နေ့တစ်နေ့ နတ်မှုရေးရာတွေ ရှင်းရလွန်းလို့ တစ်ခါတစ်ခါ တောထွက်ချင်စိတ် ပေါက်မိတယ်။

တောထွက်မယ် ဆိုပြန်တော့လဲ ပုထုဇဉ်သဘာဝ သာတောင့်သာယာဖြစ်နိုင်မယ့် ပတ်ဝန်းကျင်လေးကို တောင့်တမိပြန်သပေါ့

အဲဒါနဲ့ပဲ ဘယ်တောကို ထွက်ရပါ့ ဆိုပြီးတော့ နတ်မျက်စိ ပုလင်းကွဲနဲ့ အတင်းဖြဲလို့ ကြည့်ပြန်တော့ နတ်ပြည်မှာ ရှိတဲ့ တောတွေ တောင်တွေ၊ ဘယ်ကိုမှ ခံတွင်းမတွေ့ဘူး။

ဒီလိုပြောလို့ ဦးမာဃကြီးရဲ့ နတ်ပြည်က တောတွေ သစ်ခိုးထုတ်လို့ တောပြုန်းပြီ မဟုတ်လားလို့ တွေးစရာရှိတယ်။

နတ်ပြည်က တောတွေက သစ်ခိုုးထုတ်မယ့်သူလဲမရှိဘူး၊ တောကောင်တွေ ချောင်းမြောင်း ပစ်ခတ်မယ့်သူလဲ မရှိဘူးလေ။

အဲဒီတော့ လူ့ပြည်ထက်တောင် သာယာသေးတယ်။

ဒါပေမယ့် ဦးမာဃ အဲဒီတောတွေကို တောမထွက်ရဲဘူးဗျ။

နတ်သူနတ်သားတွေက ဦးမာဃ နတ်ပြည်မှာ ရှိတယ်ဆိုရင် ဘယ်နေရာဖြစ်ဖြစ် လိုက်လာပြီးတော့ နတ်ရေးနတ်ရာအတွက် အကြံဉာဏ်တွေ တောင်းကြတာကလား။

အဲဒါကြောင့်မို့ ဦးမာဃ လူ့ပြည်မှာသောင်တင်နေတာပေါ့။

အဲဒီလို နတ်ပြည်က တောတောင်တွေထဲမှာ အေးအေးလူလူ တောထွက်လို့ မရနိုင်တော့ လူ့ပြည်က တောတောင်တွေကိုပဲ မျက်စပစ်မိတယ်။

အဲဒီလို မျက်စပစ်မိတော့ ဖတ်မိတဲ့ ကဗျာလေး တစ်ပုဒ် ထွက်လာတယ်။

တကယ်ပါဗျာ အဲဒီကဗျာ ဖတ်ပြီးတော့ ပိုလို့တောင်တောထွက်ချင်စိတ်ပေါက်သွားသေးတယ်။

ကဗျာထဲက ပတ်ဝန်းကျင်လေးက အတော့်ကို သာတောင့်သာယာ ရှိသကိုးဗျ

ဖတ်နေရင်းကို စိတ်ကူးထဲမှာ အဲဒီပတ်ဝန်းကျင်လေးက ပေါ်လာတယ်။

လူ့ရပ် လူ့ဘောင် (အဲလေ မှားလို့) နတ်ပြည် နတ်ရွာကို စွန့်ပြီးတော့ တကယ်သွားနေချင်စိတ်ကို ပေါက်လာတာ။

အဲဒီလောက်ထိကို ကဗျာဆရာက အရေးအသား ကောင်းတာဗျာ။

အဲဒီကဗျာလေးကတော့ ဦးပုညရဲ့ လေးမောင့်စံကျောင်း ပေါ့ဗျာ။

ဖတ်ကြည့်ကြပါဦး။

 

မုလေးရုံ တောအစ

ဒေါနလမ်း မြေညီ

လျှောကျစမ်း ရေသင်းကြည်တယ်

ရွှေနှင်းဆီ ကန်ချောင်း။

လွမ်းမတတ် စကားဝါငူမှာ

နံ့သာဖြူ လေးမောင့်စံကျောင်း။

စံပယ်ချပ် သရဖီချောင်မှာ

ခွာညိုတောင် ခိုအောင်း။

မွှေးနံ့သာ စုပေါင်းလို့

နုညောင်စောင်း ထက်မှာ။

ပဒုမ္မာ ကြာသင်္ကန်းငယ်နှင့်

ခါဆင်မြန်း တောမွေ့ပျော်ရာ။

ပန်းသော်က တံတိုင်းကာသည်

ဇီဇဝါ မုခ်ခြားလို့

တံခါးက ချရားကြိုင်

သင်းတဲ့ ဂနိုင်။

ယုဇန မဟာမြိုင်မှာ

ကမာ္ဘတိုင် မှီးမယ်ပလေး။

ကဲ ရွာသူားတို့ရေ

အဲဒီကဗျာက ဦးမာဃကြီးရဲ့ တောထွက်ချင်စိတ်ကို အဆုံးထိရောက်အောင် ပို့ပေးလိုက်လေရဲ့။

ဒါနဲ့ပဲ နတ်ပြည်မှာလဲ တောထွက်လို့ မရတာကြောင့် လူ့ပြည်မှာ ဦးပုည ရေးခဲ့တဲ့အတိုင်း ရှိနေမယ့် ပတ်ဝန်းကျင်များ ကျန်ဦးမလားလို့ ရှာလိုက်တာ ဘယ်မှာမှ မတွေ့ဘူးဗျာ။

ဦးမာဃ တောထွက်ချင်လှပါတယ် ဆိုမှနော်

ဒီလောက် ကိစ္စများမြောင်လှတဲ့ နတ်တို့ရွာက ရှောင်ဖယ်လို့ သာတောင့်သာယာ အေးချမ်းဆိတ်ငြိမ်စွာ တရားအားထုတ်နိုင်မယ့်  ကဗျာထဲကလို ပတ်ဝန်းကျင်ကို ဘယ်မှာများ ရှာရပါ့မလဲနော်။

ရွာသူားများလဲ ဦးမာဃရဲ့ အဲဒီဆန္ဒကို ကူညီလို့ ဖြည့်စွမ်းပေးကြပါဦး လို့။

 

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

***************************************************************************

နောက်ဆုံး သတင်း ရရှိချက်

နတ်ပြည် သမ္မတကြီး ဦးမာဃ တစ်ယောက် အလွန့်အလွန်ပင် တောထွက်ချင်သော်ငြားလည်း

သားတော်မောင် PreTest ရှိတာမို့ တောမထွက်နိုင်ဘဲ

တုတ်ထမ်းကာ စာလုပ်ခိုင်းနေရပါကြောင်း။

တစ်ပတ်ကျော်ကျော်ခန့် ရွာနှင့် အဆက်ပြတ်နိုင်ပါကြောင်း။

ကွန်းမန့်များကို အချိန်နှင့် တစ်ပြေးညီ မပြန်နိုင်ပါက ခွင့်လွှတ်ကြစေလိုကြောင်း။

တာဝတိံသာ သတင်းရပ်ကွက်မှ သိရှိရပါသည်။

38 comments

  • လုံမလေးမွန်မွန်

    February 25, 2013 at 9:37 pm

    ကွန်မန့်မပြန်နိုင်တော့ ရေးချင်တာ ရေးလို့ ရတာပေါ့ .. ဟိဟိ…

    ဦးမာဂကို အကြံပေးမယ်…လူ့ပြည် နတ်ပြည် ဘယ်မှ မသွားတဲ့.. တောနက်တစ်ခုရှိတယ်… အင်တာနက်တဲ့.. အဲ့ဒီအင်တာနက်ထဲမှာ အင်မတန်သာယာတဲ့ ရွာတစ်ရွာရှိတယ်… တစ်ခါတစ်ခါတော့ ရွာဆူတာတွေ ရှိပါရဲ့.. ဒါမယ့် သဂျားမင်းကိုယ်တိုင် လာမယ်ဆိုရင်တော့ ရွာသဂျီးကို နည်းနည်းပြောထားပြီး ရွာငြိမ်အောင် ထိန်းထားခိုင်းရင် ဦးမာဂ နေပျော်မယ် ထင်ပါတယ်. (ဘာလို့လဲဆိုတော့ တစ်ခါတစ်ခါ ရွာဆူတာ အဲ့သဂျီးကြောင့်ကိုး)…
    ဘယ်ရွာလဲဆိုတာသိချင်ရင်တော့ အနော့်ကို ဆက်သွယ်လိုက်ပါ… :mrgreen:

    • Mr. MarGa

      February 27, 2013 at 6:17 pm

      ဒါနဲ့လေ
      သူကြီးနဲ့ သိကြား၊ သိကြားနဲ့ သူကြီး
      နည်းနည်း ဆင်သလိုပဲနော်
      အဲဒီရွာမှာ သိကြားကို သူကြီးလုပ်ခိုင်းရင်တော့
      လာဖို့ တွေးထားပါကြောင်း :mrgreen:

  • ခိုင်ဇာ

    February 26, 2013 at 8:24 am

    အဟမ်း။
    သကြားတို့ အင်တာနက်နဲ့ ၁ ပတ် အဆက်ပြတ်ရင် ၁ ပတ်လောက် ဆိုဆုံးမ စကားတွေနဲ့ ဝေးဦးမှာပေါ့နော်။
    လုပ်ချင်ရာလုပ်ထားဦးမှပဲ။
    :kwi:

    • Mr. MarGa

      February 26, 2013 at 6:39 pm

      အချိန်မလပ် စောင့်မကြည့်နိုင်ပေမယ့်
      အားတဲ့အချိန် ဝင် စစ်မှာပါဗျ
      :kwi:

  • P chogyi

    February 26, 2013 at 8:25 am

    တောထွက်ချင်စိတ်ပေါ်ရင်တော့အကြောင်းမဟုတ်ပေမဲ့
    တောထိုင်ချင်စိတ်ပေါ်ရင်တော့ စည်ပင်ဖမ်းလိမ့်မယ်။

    • Mr. MarGa

      February 26, 2013 at 6:40 pm

      နတ်တို့သနင်း သိကြားမင်းကို စည်ပင်က ဖမ်းနိုင်မတဲ့လားဗျ
      အော်လို့တောင် ရယ်လိုက်ချင်သေး :mrgreen:

  • ဦးကြောင်ကြီး

    February 26, 2013 at 10:18 am

    တုတ်ထမ်း
    ရုပ်ကြမ်း
    ပုတ်နမ်း
    လှုပ်ရမ်း
    ဟုတ်စမ်း
    အုပ်လှမ်း
    ချုပ်ဖမ်း
    မှုတ်ပန်း..။

    • Mr. MarGa

      February 27, 2013 at 7:51 pm

      အိ
      အူးကြောင်ရဲ့ ကဗျာကို ဘယ်လို ပြန်စပ်ရပါ့
      ကဲပါလေ
      ဒီအတိုင်းပဲ ထားလိုက်ပါတော့မယ်
      လာဖတ်တာ ကျေးကျေးဗျို့

  • ကြည်ဆောင်း

    February 26, 2013 at 11:27 am

    နတ်တို့သနင်း သကြားမင်းဘဲဟာကို
    ကိုယ့်စိတ်ကြိုက်ဖန်ဆင်းလိုက်စမ်းပါ….
    ပြီးရင် ဂဇက်က လူတွေလဲလာလည်လို့ရတာပေါ့
    ဆုပေးပွဲတွေ ပျော်ပွဲရွှင်ပွဲတွေလဲ ဒီတောမှာဘဲလုပ်ကြ..
    ဝင်ကြေးတော့မတောင်းနဲ့နော်

    • Mr. MarGa

      February 27, 2013 at 6:19 pm

      ကိုယ့်စိတ်ကြိုက် ဖန်ဆင်းလို့တော့ ရပါသကွယ်
      လိုနေတာက မြေနေရာကွယ့်
      မြေဈေးတွေက တာဝတိံသာထိ ရောက်နေတာလေ
      အဲဒါကြောင့် တောထွက်ရန် တောရှာနေခြင်း ဖြစ်ပါကြောင်း :mrgreen:

  • လူကလေး

    February 26, 2013 at 12:23 pm

    ဒီကဗျာလေးကို သီချင်းလေးလိုလဲ ကြားဖူးထားလို့ .. သီချင်းလိုပဲ ဖတ်ရင်း ညီးလိုက်မိပါတယ်.. အရင်ကတည်း က ကြိုက်ခဲ့တဲ့ ကဗျာလေးဖြစ်ပါတယ်. . ကဗျာထက် “လေးမောင့်စံကျောင်း” ဆိုတဲ့ ခေါင်းစဉ်ကို ပိုကြိုက်တာပါ.. ဒီလိုနာမည်မျိုး တကယ်ရောရှိပါ့မလား .. ဦးပုညပဲ ဖန်တီးထားတာလား ဆိုပြီး ကျောင်းတက်စဉ်က တွေးခဲ့ဖူးပါကြောင်း…
    ………………………………
    နတ်ရေး နတ်ရာနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုတော့ ဃဃ လောက် မသိတဲ့ အတွက်ဝင်ရောက် မဆွေးနွေးလိုတော့ပါကြောင်း….

    (comment က နှစ်ခါဖြစ်ချင်လဲ ဖြစ်သွားနိုင်သည်. . တစ်ခါ submit လုပ်တာ မရလို့ နောက်တစ်ခါ ထပ်လုပ်ထားတာပါ.. တစ်ခုတည်းလဲ ဖြစ်သွားနိုင်သည် .. နားလည်ပေးပါ ဃဃ )

    • Mr. MarGa

      February 27, 2013 at 6:28 pm

      နားလည်ပေးပါသကွယ်
      နှစ်ခါထပ်ရင် သဂျီးဆီက ဦးမာဃ နှစ်ကျပ်တောင် ပိုရသေးတယ်ကွယ့်
      လေးမောင့် စံကျောင်း ဆိုတဲ့ ခေါင်းစဉ်လေးကတော့
      ဖတ်ရရုံ ကြားရရုံနဲ့တင် သဘောကျမိတဲ့ စာသားလေးပါဗျာ

  • ခင်ခ

    February 26, 2013 at 2:51 pm

    တစ်ပတ်ကျော်ကျော်ခန့် ရွာနှင့် အဆက်ပြတ်နိုင်ပါကြောင်း။……. ဆိုဘဲ
    အင်း ….. ကောင်းပါတယ် …. ကောင်းပါတယ်။

    • Mr. MarGa

      February 27, 2013 at 6:29 pm

      အယ် လေးခ ဘာကောင်းတာလဲဗျ
      ဒီမှာ ဖုတ်လှိုက်ဖုတ်လှိုက် ဝင်ရမှာကို

  • ဗုံဗုံ

    February 26, 2013 at 3:47 pm

    အော် အိုက်ဒါကြောင့် အအေးဆိုင်က အဒေါ်ကြီးက ပြောတာကိုးးးးး တစ်ပတ်လောက်ဆိုင်ပိတ်မယ်တဲ့ သူ့ယောက်ကျား စာမေးပွဲ ဖြေဖို့ရှိတယ်ဆိုလားးး 🙄 အဲ နင်နဲ့သွားပြီးတိုက်ဆိုင်နေတယ်နော် :mrgreen:

    • Mr. MarGa

      February 27, 2013 at 6:31 pm

      ဗျို့ အဒေါ်ကြီး
      မဆိုင်တာကို အတင်းဆွဲပြီး မတွေးပါနဲ့
      ဦးမာဃ သားတော်မောင်က သူ့ဟာသူ စာမေးပွဲ ဖြေမှာပါကွယ်
      လူပျို စစ်စစ်လေးပါ
      သူ့အတွက် ဖူးစာဖက်တောင် ရှာရဦးမှာကို :hee:

  • mamanoyar

    February 26, 2013 at 4:31 pm

    နတ်ပြည်သမ္မတကြီးဆိုပါလား ဖားထားဦးမှ :kwi:

    • Mr. MarGa

      February 27, 2013 at 6:33 pm

      အင်း သတိထားမှ
      ဖားပြီးရင် ငါးတွေ ပုစွန်တွေပါ လာမှာစိုးရတယ် :mrgreen:

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    February 27, 2013 at 4:38 am

    a ဂန်ဒ အူးမာဂ တောထွက်ချင်တာက အေးချမ်းရာ ဆိတ်ငြိမ်ရာကို
    ရှာမှီးဖို့ မဖြစ်နိုင်ဘူး။ သစ်ခိုးခုတ်ချင်လို့လား… ဒါမှမဟုက် ရွှေတို့ ရေနံတို့ သဘာဝ ဓာတ်ငွေ့တို့ပဲ
    ခိုးတူးဖို့ အကြံရှိနေလားမသိဘူး……..

    • Mr. MarGa

      February 27, 2013 at 6:37 pm

      အဲဒါကတော့ ဘယ်လိုပြောရမလဲပေါ့နော်
      တောထွက်တာ တရားရှာဖို့လဲ ပါသလို
      တရားရှာရင်း စီးပွားရှာရင်လဲ ကောင်းမလားလို့ ပေါ့နော်
      အဲလိုပေါ့နော်
      ဖြစ်ချင်လဲ ဖြစ်သွားနိုင်တာပေါ့နော် :mrgreen:

  • MaMa

    February 27, 2013 at 7:42 am

    ဦးမာဃသည်
    မောင်မာဃ စာမေးပွဲရှိသဖြင့် စာကျက်ခိုင်းနေရကြောင်း
    ကိုမာဃမှ သတင်းပေးပို့ ထားပါသည်။
    အော်…. နတ်တို့သနင်း သဂျားမင်းဆိုတော့ ၃ကိုယ်ခွဲလောက်တော့ အပျော့နေမှာပေ့ါ။ :kwi:

    • Mr. MarGa

      February 27, 2013 at 7:39 pm

      အင်းးးးးးးးးး
      တကယ့် တကယ်သာ ခွဲရမယ်ဆိုရင်
      ရွာထဲက လူတွေ ချာချာလည်သွားလိမ့်မယ်
      အခု နှစ်ကိုယ်ပဲ ခွဲထားပါသေးတယ်ခည :mrgreen:

  • Good™

    February 27, 2013 at 3:13 pm

    အေးချမ်း ဆိတ်ငြိမ် ရာဆို
    ရေခဲကမ္ဘာ ကန်တော်ကြီးထဲမှာ ရှိတယ်လေ။ အေးလဲအေး ချမ်းလဲ ချမ်းမှာ အသေအချာပဲ။
    ဆိတ်ကတော့ ငြိမ်မယ် မထင်ဘူး ပြောကြတာတော့ ဟိုဘက် ကပ်လိုက် ဒီဘက် ကပ်လိုက် နဲ့ တဲ့။

    • Mr. MarGa

      February 27, 2013 at 7:46 pm

      အိုက် ရေခဲကမာ္ဘ ဆိုမှ
      ဦးမာဃ ရန်ကုန် ကြွချီတုန်းက သွားမယ်စဉ်းစားပြီး မရောက်ဖြစ်တာ ပြန်သတိရသွားတယ်။
      ဆိတ်က မငြိမ်တော့လဲ ပင်စင်ပေးလိုက်မပေါ့ကွယ်

  • ရွှေတင်မောင်

    February 27, 2013 at 6:14 pm

    တောထွက်မယ်ဆိုရင်
    လွမ်းစရာကောင်းတဲ့ တောကို မထွက်ချင်ဘူး
    လွမ်းနေရင် တရား ဘယ်လိုလုပ် အားထုတ်နိုင်မှာလဲ
    ပြီးတော့ စိတ်ရှုပ်တိုင်း တောထွက်မယ်ဆို
    အကုန်လုံး တောကို ရောက်ကုန်လိမ့်မယ်
    ပြီးတော့ တောထွက်တယ် ဆိုတာလည်း ပေါ့သေးသေး ကိစ္စတစ်ခု မဟုတ်ဘူး
    ဘုရား အလောင်းတော် တွေ ဖြည့်ကျင့်ရတဲ့ ပါရမီ တစ်ပါးပဲ …
    တောစပ် ရောက်မှ မောင်ကြီး တစ္ဆေကိုက်လိမ့်မယ်၊ မင်း လိုက်ခဲ့ဦး တော့ မလုပ်နဲ့
    ထွက်မယ်ဆို တစ်ခါတည်း ထွက်၊ နောက်ကို ပြန်မငဲ့နဲ့
    မထွက်ဘူးဆိုလည်း ယောင်လို့တောင် မဟပါနဲ့လို့ အကြံပြုချင်ပါတယ် …

    • Mr. MarGa

      February 27, 2013 at 7:57 pm

      ကို ရွှေတင်မောင် ရေ
      လွမ်းစရာ ကောင်းတဲ့ ပတ်ဝန်းကျင်လေးကို တွေးလို့ မမြဲတဲ့ တရားကို ရှုမှတ်ပါမယ် စိတ်ကရည်သော်လည်း
      ကိစ္စများမြောင် နတ်တို့ဘောင်မှ ခွာရှောင်လို့ မရသေးတာကြောင့်
      စိတ်သာရှိ၍ ကိုယ်မပါနိုင် ဖြစ်နေပါသဗျ။
      ခွာရှောင်နိုင်တဲ့ တစ်နေ့ အမှန်မမေ့ပါပဲ
      အသေအချာ တောရပ်မှီးမယ် ကြံတာမို့
      ပစ္စည်း လေးပါး ဒါယကာ ခံယူလိုသူများ အခုကတည်းက တန်းစီထားစေလိုပါကြောင်းးးးးးးးးးးးး
      &&&&&&&&&&&&&&&&&&&&&&&&&&&&
      ယောင်တောင်ပေါင်တောင်နဲ့ ဟ တော့ ဟ ပါရစေဗျာ
      အဲဒါက နည်းနည်း စိတ်သက်သာလို့ပါ

  • မောင် ပေ

    February 27, 2013 at 7:52 pm

    မဟာမြိုင်မှာ
    ဆရာခိုင်ရှာ
    ကိုဘေနွားကင်
    ဆီရွှဲရွှဲစမ်း
    ဘီယာတစ်ဖာ
    နွားကင်တစ်ခြမ်းနဲ ့
    မိုးပြာလမ်းကို
    မောင်ခိုင်မူးပြီးလျှောက်လေသတည်း။
    ဘုံ
    ပေ

    • Mr. MarGa

      February 27, 2013 at 8:01 pm

      ဘီယာတစ်ဖာ
      မိုးပြာတစ်ခြမ်းနဲ့
      မိုးပြာလမ်းကို
      မောင်ခိုင်မူးကာ လျှောက်ပါသော်လည်း
      လမ်းကိုမမြင် ဟိုဟာသာ မြင်သမို့
      ဟိုဒင်းဟိုဟာ ဖြစ်သွားပါကြောင်းးးးးးးးးးးးး
      ဘုံ
      ဃ :kwi:

  • နေဝန်းနီ

    February 27, 2013 at 8:30 pm

    နတ်သမီးလုတာ စိတ်မဝင်စားပါဘူး အူးမာဃရယ် ရွာထဲမှာ အူးပေတို့ အူးကြောင်ကြီးတို့ ရွာသူအသစ်လေးဝင်လာရင် လုကြတာကိုတော့ စိတ်ဝင်စားတယ် ကိုယ်တောင်ဝင်လုချင်နေတာ သူတို့နဲ့ရန်မဖြစ်ရဲလို့ အသာရှောင်နေရတာ :harr:

    • Mr. MarGa

      February 28, 2013 at 6:34 pm

      အဲသလို ရှောင်နေမယ်ဆိုရင်
      နောက်ကောက် ကျသွားမပေါ့
      သူတို့နဲ့ ရင်ဆိုင်လို့သာ
      ရအောင် ယူပါ လို့ အကျန်ပေးလိုက်ပါရစေဗျာ :hee:

  • kai

    February 28, 2013 at 2:36 am

    ဂေါတမဗုဒ္ဓ သံဃာ့ဂိုဏ်းထောင်တော့.. ရဟန်းတွေကိုမိန့်တယ်..
    တကြောင်းသောခရီး နှစ်ပါးအတူမကြွနဲ့တဲ့..
    ရဟန်းရဲ့အဓိကအလုပ်ဖြစ်တဲ့.. သာသနာပြုလွှတ်တာပါ..

    အခုခေတ်လိုသာ.. တောထွက်(ပြေး). အလုပ်မလုပ်.. သာသနာမပြု.. လူတွေအတွက်မဟောပြောပဲ..ငုတ်တုတ်.. မေ့နေကြမယ်ဆိုရင်.. ဘုရားကဘယ်လိုဆုံးမမလည်းသိချင်သား..

    ဦးမာဃတို့လိုရာထူးရထား(ပေးခံထား)သူတွေက… နတ်သမီးတွေပစ်.. ခွေးသားရေ..ရွှေပေတွေချ.. တောထွက်မယ်သာ.. ဘုရားသိမယ်ဆို.. နရင်းထကိုင်မယ်တောင်ထင်မိတယ်..

    နောက်ပြီး.. တကယ်ပြောတာပါ…။ :kwi:

    • Mr. MarGa

      March 6, 2013 at 5:27 pm

      သဂျီးရေ
      ဒါလောက် နောက်ကျပြီးမှ စာပြန်တာတော့ ခွင့်လွှတ်
      အရင်နေ့တွေက သိပ် အချိန်မရလို့
      သဂျီး ပြောတာကို ပြန်ကောက်ရရင်
      ဘုရားက နားရင်းတော့ ထ မကိုင်လောက်ဖူးထင့်
      အစား ထိုးစရာလူ ရှာမတွေ့သေးရင်တော့ နေပါဦးလို့ တားလိမ့်မယ်
      တားလို့မရတော့ဘူး ဆိုရင်တော့

      ချစ်သားမာဃ တရားရှာခြင်းကို ငါဘုရား အဘယ်မှာ ကန့်ကွက်နိုင်ပါအံ့နည်း
      သင်သွားရမည့်အချိန်ကို သင်သာ သိပေသည်

      လို့ ပြောမှာတော့ မြင်ယောင်မိတယ်။
      ရဟန်းဝတ်ခြင်းရဲ့ နောက်ဆုံးပန်းတိုင်က နိဗ္ဗာန် မဟုတ်ဘူးလား
      ရဟန်းရဲ့ တာဝန်ထဲမှာလဲ သာသနာပြုတာ မပါဘူးလား
      အဲဒီနှစ်ခုကို ဆွဲပြီး ဆက်စပ်မိရင်တော့
      ဘယ်ဟာ အရင်လုပ်သင့်သလဲ ဆိုတာ တွေးစရာဖြစ်လာပြီ။
      အဲဒီနေရာမှာတော့ ကိုယ်သန်ရာသန်ရာကို အရင်ဆုံး လုပ်ကြတာပဲလို့ ယူဆပါတယ်။
      နှစ်ခုလုံးကတော့ တစ်ပြိုင်နက် ဘယ်လိုမှ လုပ်မရဘူးလေ

      • kai

        March 7, 2013 at 2:32 am

        ရဟန်းဝတ်ခြင်းရဲ့ နောက်ဆုံးပန်းတိုင်က နိဗ္ဗာန် မဟုတ်ဘူးလား

        နိဗ္ဗာန်ရဖို့တောထွက်ရမယ်ဆိုရင်တော့.. ဗုဒ္ဓဘုရားလက်ထက်မှာ..ဘုရား ဘေးမှာရဟန်းတောင်ရှိမှာမဟုတ်..

        အနိစ္စ.. ဒုက္ခ..အနတ္တ..
        .. လေမိနေတာများနေပြီထင်တယ်..
        နောက်ပြီး.. တကယ်ပြောတာ.. :kwi:

        • Mr. MarGa

          March 7, 2013 at 8:12 pm

          အင်းးးးးးးးးးးး
          သဂျီး ပဲ ကျွန်တော်ပြောတာ သဘောပေါက် လွဲသလား
          ကျွန်တော်ပဲ လိပ်ပတ်လည်အောင် မပြောတတ်တာလားတော့မသိ
          နိဗ္ဗာန်ရဖို့ တောထွက်ရမယ်လို့ ပြောနိုင်တဲ့ အကြောင်းတစ်ခုကတော့
          တရားအားထုတ်ခြင်းဟာ ဆိတ်ငြိမ်တဲ့နေရာမှာ ပိုပြီးတော့ အားကောင်းတာကြောင့် (လို့ ယူဆပါတယ်။)
          နောက်တစ်ခု သဂျီးပြောထားတဲ့ဟာဖြစ်တဲ့

          နိဗ္ဗာန်ရဖို့တောထွက်ရမယ်ဆိုရင်တော့.. ဗုဒ္ဓဘုရားလက်ထက်မှာ..ဘုရား ဘေးမှာရဟန်းတောင်ရှိမှာမဟုတ်..

          အဲဒါကို နည်းနည်း တွေးရင်
          ဘုရားဘေးမှာ ရှိတဲ့ ရဟန်းတွေထဲက အများစုက ရဟန္တာတွေ မဟုတ်ဘူးလား
          သူတို့ ဟာ နိဗ္ဗာန်ကို ရပြီးသူ၊ မျက်မှောက်ပြုပြီးသူတွေ မဟုတ်ဘူးလား
          နောက်တစ်ခါ
          ဘုရားရှင်ဘေးမှာ ရှိနေတဲ့ ရဟန်းတွေထဲမှာရော စုန်းပြူးတွေ မပါဘဲ နေသလား
          နိဗ္ဗာန်ကို ရဖို့ လုံးဝ တောထွက်ရမယ်လို့တော့ မဟုတ်ဘူးပေါ့
          ဒါပေသိ တရားဘာဝနာ ကျင့်ကြံ အားထုတ်ရာမှာတော့ ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင် ဆိုတာလေးက နည်းနည်း စကားပြောတယ်ထင်လို့
          နောက်ပြီး
          အဲဒီလို ပတ်ဝန်းကျင်ကလဲ တောတောင်တွေမှာ ပိုလို့ အတွေ့ရများတာမို့
          တောထွက်ခြင်းဟာ ရှေ့ရောက်လာတာလို့ ထင်မိပါကြောင်းးးးးးးးးးးးးးး
          :hee:

  • alinsett

    December 15, 2013 at 8:30 pm

    အင်းးးး
    သဂျားတစ်ယောက်..
    အခုမှ…တကယ်.တောထွက်သွားပြီလား..မသိ….

    ပျောက်ချက်သားကောင်းနေလို ့….။

    :kwi:

    ————

    အက်ဆေး အရေးကောင်း..လေး…သဂျား….

    တော်ထှာ…

    • Mr. MarGa

      December 16, 2013 at 1:40 pm

      မရေးအားတာရယ်၊
      ပျင်းတာရယ်၊
      အလုပ်ရှုပ်ချင်ယောင် ဆောင်နေတာတွေရယ်ကြောင့်
      ပျောက်ချက်သားကောင်းနေတာပါ။
      ဒီစာ တင်တုန်းက ဘယ်ချောင်ရောက်နေလို့ အခုမှ လာမန့်သတုံး
      အက်ဆေး အရေးကောင်းလေး ဆိုတော့
      နည်းနည်းတောင် မျောက်ချင်ချင် :mrgreenn:

  • အာ့သားတော်မောင် ပြောမကောင်းရင် ထမ်းထားတဲ့တုတ်နဲ့ဆိုတေးလောက်ဖြစ်လုနီးနီးဆော်ပလော်တီးပစ်သိလား
    သားသမီးဆိုတာအာ့လောက်ဆုံးမမှတော်ကာကျတာ
    ကောင်းစေချင်လို့ပြောတယ်မှတ်ပါ
    😀

    • Mr. MarGa

      December 16, 2013 at 2:15 pm

      သားတော်မောင်ကိုတော့ ဆော်ပလော်တီးလို်က်ပါ့မယ် ယောက်ခမ
      အဲ…
      တုံလေး တို့ ဗုံလေး တို့ကိုတော့ အဲလို ဆုံးမနဲ့နော်….
      စိတ်ရင်းနဲ့ ပေါတာပါ အဟိ…. :mrgreenn:

Leave a Reply