သံတွဲမြို့- ရုံးတော်မှ စစ်ဆေးဆဲ မုဒိန်းမှု စောင့်ကြည့် သတင်း

ဘဲရႈပ္February 25, 20131min1197

သံတွဲမြို့နယ် ဂွေ့ချောင်းကျေးရွာအုပ်စု ဆိပ်ကြီးရွာနေ ဒေါ်ပိန်ပိန် (ဦးပုတို အသက် ၅၀) နှစ် ၊ ရခိုင်/ ဗုဒ္ဓဘာသာ ကျဘမ်းအလုပ်လုပ်သူ
နှင့် သမီးဖြစ်သူ မဝင်းခင် (အိမ်ထောင်မရှိ/ အပျို) အသက် ၃၄ နှစ် သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်း ဘုန်းကြီးကျောင်း
ဝင်းအတွင်းရှိ ကာရာအိုကေ သီချင်းဆိုပွဲသို့ သွားရောက်ကြည့်ရှူ ခဲ့ကြပါသည် ။
ထိုသို့ ကြည့်နေစဉ်အတွင်း မဝင်းခင်မှာ ညနေ ရနာရီအချိန်ခန့်တွင် ပွဲခင်းအပြင်ဘက် မုန့်ဝယ်စားရန် ထွက်သွားခဲ့ရာ နာရီဝက်ကျော်သည်
အထ်ိ ပြန်ရောက်လာခြင်းမရှိ၍ မိခင်ဖြစ်သူ ဒေါ်ပိန်ပိန် နှင့် အတူပွဲကြည့်နေသူ တရွာတည်းနေ မခင်သန်းမေ တို့မှ လိုက်လံရှာဖွေခဲ့ရာ
မဝင်းခင်မှာ ဘုန်းကြီးကျောင်းအရှေ့ဖက် ဂိုက် ၅ဝ ခန့်အကွာ ဒီကျင်း (ပျားတော) အနီးလယ်ကန်သင်းဘေးတွင် ထိုင်ငိုနေသည်ကိုတွေ့
ရှိသဖြင့် နေအိမ်သို့ ပြန်လည်ခေါ်ယူ မေးမြန်းခဲ့ကြပါသည် ။
ထိုသို့ မေးမြန်းရာ မဝင်းခင်မှ ၎င်းအား သံတွဲမြို့နယ် အောက်နတ်မော်ကျေးရွာအုပ်စု မြင်းစိုင်းမော်ကျေးရွာနေ မျိုးကိုကိုဦး (ခ)အရှည်ကြီး
(ဘ) ဦးမျိုးနိုင် ၊(၂၁)နှစ် ကမန်/အစ္စလာမ်၊ လယ်လုပ်သူမှ အလိုမတူပဲ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်းသိရှိရသဖြင့် ဆိပ်ကြီးရွာ
အုပ်ချုပ်ရေးမှူး ဦးခင်ညွန့် ၊ ဂေါပကအဖွဲ့မှ ဦးမြင့်နိုင် ၊ ဦးကိုလေးမောင် တို့အား တိုင်ကြားခဲ့ပါသည် ။ ထိုသို့တိုင်ကြားသော်လည်း
၎င်းတို့မှ မည်သို့မျှ ဆောင်ရွက်ကူညီပေးခြင်း မရှိသဖြင့် ဇန်နဝါရီလ ၂၈ ရက်နေ့ တွင်မှ ရွှေလှေရဲစခန်း သို့ မိခင်ဖြစ်သူ ဒေါ်ပိန်ပိန်မှ
တရားလို ပြုလုပ်တိုင်ကြားခဲ့ရာ ရဲစခန်းမှ ပြစ်မှု ပုဒ်မ ၃၇၆ ဖွင့်ပြီး တရားခံ မျိုးကိုကိုဦးအား ညနေ ၂ နာရီ ၅ဝ မိနစ်ခန့်တွင်
သွားရောက်ဖမ်းဆီးး၍ စခန်းမှူးဦးတင်မောင်ရီ မှ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ယခုသော် ၎င်း မုဒိန်းမှုမှာ သံတွဲမြို့ ခရိုင်တရားသူကြီးရုံးတွင် စစ်ဆေးနေပြီဖြစ်ပါသည် ။ ပြစ်မှုကျူးလွန်သူ တရားခံမှာ ဒုမြို့နယ်
တရားသူကြီးရှေ့မှောက်တွင် ကျူးလွန်ပါကြောင်း နှင့် ကျုူးလွန်ခံရသူ မဝင်းခင်နှင့် ယ္ခင်က ရင်းနှီးကျွမ်းဝင် သမီးရီးစားလည်း
မဟုတ်ပါကြောင်း ဝန်ခံခဲ့ပြီးဖြစ်ပါသည် ။ ရန်ကုန်မှ ဓါတုဗေဒ စစ်ဆေးချက်တွင်လည်း မဝင်းခင်၏ အတွင်းခံ ၊ ထမီ နှင့်
ကျူးလွန်သူ မျိုးကိုကိုဦး၏ ဂျင်းဘောင်းဘီတို့အားစစ်ဆေးတွေ့ရှိချက်အရ သုတ်ပိုးမှာ တူညီခြင်းရှိသည်ဟု ပါရှိပါသည် ။
ယနေ့ ၂၅ ရက် နေ့တွင် ခရိုင်တရားသူကြီး မှ တရားခံ ငြင်းဆန်မှုကြောင့် ပြန်ခေါ်သက်သေ အားစစ်ဆေးရန်
၂၇.၂ ၂၀၁၃ နေ့သို့ အမှုချိန်းဆိုလိုက်ကြောင်း သိရှိရပါသည် ။
ကုလားများ ငွေထုပ် ပိုက်၍ အမှုပေါ့လျော့စေရန် လိုက်နေမှုကြောင့် မုဒိန်းမှု တရားခံ လွတ်မြောက်သွားမည် (သို့တည်းမဟုတ်)
အမှုပေါ့လျော့ သွားမည် ကို သံတွဲမြို့မှ ရခိုင်သူရခိုင်သားများ အထူးစိုးရိမ်နေကြပါကြောင်း တင်ပြလိုုက်ရပါသည် ။
မည်သို့ စီရင်ချက် ချလိုက်သည့်သတင်းကိုလည်း ကိုလည်း ထပ်တဖန် တင်ပြပေးပါမည် ။

7 comments

  • myanmar oscar

    February 26, 2013 at 10:08 am

    ဒီလိုယုတ်မာတဲ့အဖြစ်အပျက်တွေများနေပြီ
    သက်ဆိုင်ရာတာဝန်ရှိသူတွေကလဲ အမှုတွေကိုအလေးအနက်ထားပြီး
    ဆောင်ရွက်ကြရင်အကောင်းဆုံးပေါ့……….
    ရန်ကုန်က ချယ်ရီစားသောက်ဆိုင်ပိုင်ရှင်ရဲ့အမှုလေးကိုလဲ
    ဒီရွာထဲမှာရှိတဲ့ ရန်ကုန်က မိတ်ဆွေများသိသလောက်လေးကို
    မျက်ခြေမပြတ်လေးတင်ပေးစေချင်ပါတယ်…..

  • ဦးကြောင်ကြီး

    February 26, 2013 at 10:11 am

    ဘဲရှုပ် သဲလှုပ် ဆွဲထုတ် ရဲလုပ် နှဲမှုတ် ပဲပြုတ် တဲစုတ် ခဲတုတ်…
    နေသာသလို နေပါဗျာ၊ သိပ်ဖွချင်ရင် ဖွဘွတ် ရှိပါတယ်၊ စိတ်ကြိုက်ဖွနိုင်ပါဒယ်။

    • ဘဲရှုပ်

      February 26, 2013 at 10:01 pm

      ဖွတော့ဘူးရယ် ၊ ဖွဘွပ် မှာ ဖွပု ၊ ဒီရွာရီး မှာဘဲ လက်ဆော့ချင်တာပါ ၊
      မှန်တာပြောရင် ချမ်းသာမယ် ထင်သလား အုအုတျောင်ရီး 😛

  • လူကလေး

    February 26, 2013 at 12:25 pm

    အင်း.. စိတ်ရှိလက်ရှိ လုပ်လိုက်ရရင်ဖြင့် .. ဒီကောင် သေရော့မယ်..

  • marga thagyar

    February 26, 2013 at 3:42 pm

    Above the law is…………….

  • ရာမည

    February 28, 2013 at 9:52 am

    မုဒိန်းမှု ဆိုတာ နေရာတိုင်းမှာဖြစ်နိုင်ပါတယ်
    နေပြည်တော်မှာဖြစ်တဲ့မုဒိန်းမှုတွေကပိုစိတ်ဝင်စားဖို ့
    ကောင်းပါတယ် ။ဘယ်သူမှန်းမသိ မတိုင်ရဲ ၊ အော်ရင်လည်း ဘယ်သုမှမကြား
    ကြိတ်ခံ လိုက်ရတာတွေအများကြီး ။
    ကျွန်တော်ထင်တာတော ့ လူသားတွေမှာပထမဆုံးဖြစ်တဲ့အမှုက
    မုဒိန်းမှု ဘဲလို ့

  • zin min

    March 3, 2013 at 10:53 am

    ထင်မြင်ချက်တွေက ပိုက်ဆံမပေးပါဘူး…။
    လက်တွေ ့ တိုက်ဖျက်ကာကွယ်နိင်ရင် ပိုကောင်းပါတယ်….။
    သူတလူ ငါတမင်းဖြစ်နေတဲ ့ ဘဝမှာနေရတာက တို ့လူသားတွေရဲ ့ဘဝတွေ သေသလိုမိူးဖြစ်နေတယ်…။
    ခုလက်ရှိ သင်ဘာလုပ်မှာလဲ…….။

Leave a Reply