လွန်ဒါရှိ ဝမ်ဒါမီယာ my bed

ဦးကြောင်ကြီး မူးယောင်ပြီး ဒူးထောင်တီး ဗူးကောင်ဂျီး…… တုံချမ်းချမ်း…… တုံချမ်းချမ်း ဤသို့  အားပါးတရ သီဆိုနေစဉ် သူ့အကို တောကြောင်မှလာ၍ ဟေ့ကောင် ကြောင်ကြီး စင်ပေါ်ကဆင်း သဂျီးရပ်ခိုင်းနေတယ်၊ ဂဇက်ရွာဂေါက်ပြိုင်ပွဲတွင် သီဆိုနေခိုက် ဘလိုင်းဂျီး အကစ်ခံရခြင်းဖြစ်သည်။ သမီးဒေါ်လေးရှေ့တွင် ဖြစ်သဖြင့် မဟာအရှက် ကွဲလေဗျီ။ ဘာဆိုဘာမှ မမြင်တော့၊ သောက်စားထားသည့် ဆာကေးအရက်နှင့် ကိုဘေးနွားကင် အရှိန်ဖြင့် “ဘာသဂျီးလဲ ယီးလာကွ၊ လဗြွတ်ထင်တယ်ဟေ့” ပယ်ပယ်နယ်နယ် အော်ဟစ်ဆဲဆို မိတော့သည်။ တတ်နိုင်ဗူး၊ နောင်ခါလာနောင်ဈေး.. သမီးဒေါ်လေးရှေ့ သိက္ခာအကျ ခံဘူး။

ကြောင်ကြီးအား ဖိတ်ကြားသီဆိုခိုင်းသော ဂဇက်ရွာဂေါက်သမီးများနှင့် ဖက်ရွက်ကော်မတီဝင်များ မျက်နှာပျက် ကုန်သည်။ သဂျီးလက်ပါးစေ ကပ်ဖားရပ်ဖား ၆မျက်နှာ၊ ကရဲစည်၊ ကစည်သွပ်၊ ကပေ၊ ကပုတို့က မျက်နှာလို မျက်နှာရ ကျွန်ပါးဝ ဝိုင်းရိုက်မည် တကဲကဲ ရှိနေသဖြင့် မနည်းဆွဲထားရသည်။ သဂျီးမှ တရားဥပဒေအတိုင်း ဖြစ်ရမည်ဆိုကာ ရဲတပ်ရင်း ဆယ်ရင်းအား လက်နက်အပြည့်အစုံဖြင့်ခေါ်၍ ကြောင်ကြီးအား လက်ပြန်ကြိုးတုပ် ဇောက်ထိုးဆွဲကာ မတောင်းပန်လျင် အရေခွံစုတ် အခွံနွှာမည်ဟု နိုင်ငံတော်အား ကာကွယ်စောင့်ရှောက်သည့် ဥပဒေအမှတ် ၁၂၃/ကခဂဃ ဖြင့်ခြိမ်းခြောက်လေသည်။ အစတွင် သူ့ပြောစကား မယုံသော်လည်း တရုတ်သဗုံ ကြေးမုံဂျီးအား ဝက်သားခုတ် ဓါးမကြီး ခါးကြားထိုးလျက် ပါးကွက်အာဏာသားအသွင် တွေ့ရသည်တွင် အားမတန်မာန်လျော့ မှားကြောင်း ဝန်ခံသည်မှာ…..

ခြစ်လွန်းလို့ ဖစ်သွားဒါဗာ..
ခြစ်လွန်းလို့ ဖစ်သွားဒါဗာ..

တောင်းဗံပါတယ် သဂျီး၊ နောင်မပြောတော့ပါဗူး… အဲလိုမရဘူးလေ.. မင်းငါ့ကို လူရှေ့သူရှေ့မှာ ဆဲထားတာ မီဒီယာမှာ လူသိရှင်ကြား တောင်းပန်မှ ရမယ်။ ဤသို့နှင့် ဂျာနယ်စာစောင်များတွင် “သဂျီး ဘယ်သူဆိုတာ ကျနော်တကယ် မသိပါဘူး၊ ဂဇက် အယ်ဒီတာဂျုတ် ဦးခိုင်သာ သဂျီးမှန်းသိရင် ပြောခဲ့ဝံ့မည် မဟုတ်ပါ၊ သာမန် ရွာသဂျီးထင်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး အားကိုးနဲ့ မိုက်ခဲ့မိပါတယ်၊ နည်းနည်းလည်း သောက်ထားတော့ စက္ကန့်ပိုင်းလေးအတွင်း စိတ်မထိန်းနိုင်ဘဲ တေဒင်းဂျိုး aဘေးသဂျီး ယီးလားကွ ပြောမိတာ ခွင့်လွှတ်ပါခင်ဗျား”

သဂျီးဦးခိုင်မှ သူ့အနေနှင့် နဂိုထဲက ခွင့်လွှတ်ပါဂျောင်း၊ စိတ်ထဲတွင်ပင် မရှိခဲ့ပါဂျောင်း၊ ကရင်ကြောင်ကြီးမှ ဧရာဝတီသီချင်း သီဆိုနေစဉ် ဂေါက်သီးထိပ်ခေါင် ကြေးမုံဂျီးမှ ”ဥက္ကဌဂျီးမော် ဗယာကြော်” တရုတ်တပ်နီတော် ဂုဏ်ပြုအော်ပရာသီချင်း ဆိုပါရစေ ပူဆာသဖြင့် ကြားဖြတ်ဆိုခွင့် ပေးလိုက်ခြင်း ဖြစ်ပါဂျောင်း ပြောကြားသည်။

10 comments

  • Wow

    February 26, 2013 at 12:20 pm

    ဒီကြောင် ဘယ်သူ့ကို စော်ရကား မော်ရကား ပေါထားလို့ တောင်းဗန်နေတာလဲ မသိဝူး.. :bar:

  • ကိုရင်စည်သူ

    February 26, 2013 at 12:26 pm

    ပလေးဘွိုင်းကြောင်ကြီး.. သီချင်းဆိုရင်း
    အု တက်သွားတယ်ထင်တယ်…
    ရွာပြန်ရင် ၈မိုင်ဂေါက်ကွင်းခေါ်ပြီး..
    သဂျီးကို သီချင်းတစ်ပုဒ်လောက်ဟဲခိုင်းပါလား..
    သမီးတော်လေးတွေနဲ့ ဂေါက်ကိုက်ရင်း အားပေးချင်လို့ပါ.. အုကြောင်.. 😆

  • တိမ်မည်း

    February 26, 2013 at 1:58 pm

    အူးကြောင်….
    နဖူးယောင်…
    ဗူးကောင်….
    မူးယောင်….
    ထူးကောင်…
    မြူးယောင်…
    .
    .
    .
    .
    ဟယ်…. ဘာတွေပြောနေမိမှန်းမသိဖူး…..
    အဲ့လိုပဲ ညညဆို လျှောက်လုပ်ပီး တောင်းပန်ရတာ ဘယ်နှစ်ခါ မှန်းမသိဖူး….
    ဟိုတခါ တောင် ကိစ္စကတည်း တောင်းပန်ရတာ အခုထိ တောင်းပန်ရတုန်းပဲ….

    မူးကြောင် အဲလေ မွားလို ့ ဘွတ်တေး….

    အူးကြောင်…
    ဆောဒီးနော်…. မွားတာရှိဝန်ဒါမိ………

    တခါတလေ အူးကြောင်ကြောင်တာကလွဲလို ့……
    အဲ့လေ မှားပြန်ပီ

    တောင်ပါပီလေ….. တောင်းပန်တော့ဖူး……

    အမှားပဲ ထောက်ပြတော့မယ်…
    my bed တော့ မလုပ်နဲ ့ဗျာ…. my bad လို ့လုပ်….

    ကိုယ်ထူကိုယ်ထ ရန်ပုံငွေမရှိ သတ်ပုံပြင်ရေးကော်မတီအဖွဲ ့ရဲ့ တဦးတည်းသော ကော်မတီ မန်ဘာ…..

    တိမ်မည်း………………

    ဒါဗြဲ……..

  • mamanoyar

    February 26, 2013 at 2:33 pm

    သဂျီး ခွင့်လွှတ်လို့ ဦးကြောင်ပျော်ပြီးထပ်သောက် ထပ်ဆဲ………….. :kwi:
    စရာနော်

  • garuda

    February 26, 2013 at 2:51 pm

    အော်…သူကြီး မှာလည်း…ပြန်မပြောမှန်းသိတော့..ဝိုင်းဆဲကြ..အပြစ်တင်ကြနဲ့..သံမဓကြီးအတိုင်းဘဲ ခံနေရပါလား…..သူကြီးရေ တစ်ခွန်းမခံနဲ့ အရင်လိုပဲ.. ပြန်ပြောလိုက်.. တောင်းဘံ ဗာဒယ်လို့
    :harr: :harr: စကားမစပ် B4B လေးပျောက်နေတယ်နော်…သူကြီးခေါ်လိုက်ရင် ပြန်ရောက်လာမယ်ထင်တယ်..ဟဲဟဲဟဲ။

  • မောင် ပေ

    February 26, 2013 at 7:43 pm

    ဥက္ကဌကြီးမော် ဗယာကြော်
    အခါမတော်ရွေ ့ မသာပေါ်
    တဏှာကျော်တွေ ့ အသာဆော်
    ပါတာလျော်စေ့ တစ်ခါနော်

  • MaMa

    February 27, 2013 at 6:49 am

    ကြောင်ကြီးက……
    ပြီးခဲ့တဲ့ စော်ကားမှုတွေအတွက် တောင်းပန်ပါတယ် တဲ့။
    နောက်ဖြစ်လာမှာတွေအတွက်လည်း ကြိုတင် တောင်းပန်ပါတယ် တဲ့။
    ကဲ- တောင်းပန်လို့ ပြီးသွားပြီ။
    လုပ်ချင်ရာ ဆက်လုပ်လို့ရပြီ။ :harr:

  • awra-cho

    February 27, 2013 at 1:39 pm

    အဲ့နာ ကြီးးက ဘသူအမှန်လဲ တိတော့ဝူး၊ ရှုပ်နေတာပဲ ၊ ဒီကြောင်တွေ တရုတ်ပို့ပစ်တာအေးပါတယ် အေ။

  • ရဲစည်

    February 27, 2013 at 4:49 pm

    ဘယ်နဲ့ သဂျီးလက်ပါးစေထဲ ပါလာရတာတုန်း
    သဂျီးများ .. ဘယ်ဘွက ဝဋ်ကြွေးမှန်းမသိဘူး … ကြည့်လိုကို မရဘူးရယ်
    အခု လူမမြင်ရခင်ကတည်းက ဒါးသွေးနေတာ။
    မုတ်ဆိတ်မွှေး ရိတ်ပေးမလို့ အာဟိ :kwi:

    မှားယောင်ကာ တစ်ခါမိုက်ရင်ဖြင့်
    သားကြောင်မှာ ဗလာခိုက်ရှင်တုပ်
    များမြောင်စွာ ဆြာကြိုက်နင်လုပ်လို့
    တားသောင်ခွာ အရာနှိုက်ချင်သူ
    အို့ဘဲ့ ကြေးမှုဂျီးရယ်လ
    ကြားချောင်မှာ ဆိုလို့မတူရှင်းရင်ဖြင့်
    ဒါးဆောင်ကာ ကြုံခိုက်အပြတ်ရှင်းဖို့
    ကြိုကွဲ့ ဆူရင်း … ဘွတ်

  • ရွှေတင်မောင်

    February 27, 2013 at 5:35 pm

    တောင်းဗန်တိုင်း ရကြေးဆို
    ဦးခေါင်းကို အခါခါ ခေါက်ပြီး တောင်းဗန်ချင်တယ်

    ရော့ …. တစ်ချက် … “ဒေါက်”
    တောင်းဗန်ဘာဒယ် …

    ရော့ …. တစ်ချက် … “ဒေါက်”
    တောင်းဗန်ဘာဒယ် …

    ရော့ …. တစ်ချက် … “ဒေါက်”
    တောင်းဗန်ဘာဒယ် …………

Leave a Reply