(၁) မြစ်အဖေကြီးနဲ့မြစ်အမေကြီးက မွေးတဲ့မြို့ အဖြေ = မြစ်သားမြို့ (၂)စွပ်ပြုတ်လုပ်သောက်ချင်စရာေ ကာင်းတဲ့မြို့ အဖြေ = ၀က်လက်မြို့ (၃)ကလီစာတွေအူတွေအခွေလိုက်ရှိတဲ

့မြို့ အဖြေ = ၀မ်းတွင်းမြို့ (၄)လူကြီးမဖြစ်သေးတဲ့မြို့ အဖြေ = ကလေးမြို့ (၅)ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့ အဖြေ = မင်းကင်းမြို့ (၆)သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့ အဖြေ = ကြံခင်းမြို့ (၇)ဆင်တွေကတဲ့မြို့ အဖြေ = ကျောက်ဆည်မြို့ (၈)၀ိုးတိုးဝါးတားပဲရှိတဲ့မြို့ အဖြေ = ရေးမြို့ (၉)စိုစိုပြည်ပြည်မရှိတဲ့မြို့ အဖြေ = ချောက်မြို့ (၁၀)ကျန်စစ်သားမိန်းမနာမည်နဲ့မြို့ အဖြေ = ခင်ဦးမြို့ (၁၁)ဖားကောက်ခိုင်းတဲ့မြို့ အဖြေ = မိတ္ထီလာမြို့ (၁၂)လေဘေးထည်မြို့ အဖြေ = ဖျာပုံမြို့ (၁၃)မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့မြို့ အဖြေ = ၀ါးခယ်မမြို့ (၁၄)ကိုယ်တော်ခံတဲ့ဆွမ်းအရနည်းတာဒါကြောင့်ကိုး…ဆိုတဲ့မြို့ အဖြေ = သပိတ်ကျင်းမြို့ (၁၅)အဲ့ဒီမြို့နာမည်ကပြောင်းပြန်လှန်လိုက်ရင် တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော… အဖြေ = ဒလမြို့ (၁၆) ရုံးသွားကျောင်းသွားသတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့… အဲ့ဒီမြို့ အဖြေ = ထီးချိုင့်မြို့ (၁၇)အဲ့ဒီမြို့က ရွာလိုက်တာမှသဲကြီးမဲကြီးပဲတဲ့…………………………………………. အဖြေ = မိုးကောင်းမြို့

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!