ပေါက်ကရ၄၀

WowFebruary 26, 20131min33348

Image0099

ပိသတ်ကြီးရယ် ဒီနေ့မနက်ရုံးရောက်တော့…
ထမနဲတွေသူများလာပို့ထားတာနဲ့.. လက်ဘက်ရည် ကျဆိမ့်တစ်ခွက်နဲ့ အလုပ်လုပ်ရင်း စားမယ်ပေါ့..ဆိုပြီး…
ရပ်ရွာထဲမလဲ လူကြီးသူမများက ရေနွေးကြမ်းသောက်ချင်းသီ ကျန်းမာရေးအတွက် ဘယ်လိုကောင်းဂျောင်း ပြောပြထားတော့..

ထမနဲလေးနဲ့ ကျစိမ့်လေးနဲ့.. ရေနွေးကြမ်းလေးနဲ့ ဆိုရင် ငါ့စည်းဇိမ် ဘယ်သူမှ မမှီဝူးဟဲ့ ဆိုပြီး.. ရေနွေး တစ်ခွက်ထဲ့…
သောက်ခါနီး တငုံမြည်းကြည့်လိုက်တော့…..

Image0100

ဟီးးးးးးးးးး
ပိုးသတ်ဆေးစော်ဂျီးနံတယ်… ရေနွေးကြမ်းက.. နာ့ပါးစပ်ထဲ တစ်ငုံဝင်သွားဘီ….
ပထမတော့… ရုံးထဲ ပိုးသတ်ဆေးများဖြန်းနေသလားပေါ့.. နောက်တော့ မဟုတ်ဝူး.. ရေနွေးကြမ်းကနံတာ…
ရေနွေးသောက်ခိုင်းသူများ နာတစ်ခုခုဖစ်ရင် လျှော်ကြေးပေးရမယ်… ခွီး.. ဆိတ်စိုးဒယ်… 👿 :gee:

အိုက်လော့..
မသေခင် ရုံးပိတ်ရက်တုံးက ဖုံးကင်မလာနဲ့လက်ဆော့ထားတာလေးတွေ တင်သွားအူးမှ…. ဆိုပီး…

Image0097

Image0096

Image0097

တိုက်ဘေးမှာ တိုက်အသစ်ဆောက်နေတာကြည့်မိတာ…
ထူးထူးဆန်းဆန်း ကန်တော့ပွဲလေးတင်ထားတာ… အုန်းပွဲ ငှက်ပြောပွဲနဲ့…

နောက်ပီး… တိုက်ဆောက်ရင် အုတ်နဲ့ပဲဆောက်တယ်ထင်တာ အရင်က.. :mrgreen:
အခု သူတို့ဆောက်တာ အောက်ခြေ တစ်ထပ်ပြီးသွားတော့ အပေါ်တစ်ထပ်ကို သုံးထပ်သားလိုမျိုး သစ်သားနဲ့ အရင် အထပ်လုပ်တယ် ပြီးတော့မှ အိုက် အပေါ်က ဘိလပ်မြေလောင်းချတာ…

တခြားလူတွေတော့ သိပီးသား ဖစ်မှာပါ … ကိုယ်ကတော့ အခုမှမြင်ပြီး အထူး အဆန်း ဖစ်နေတာ…..

အင်း.. ဘာရယ်မဟုတ် အလုပ်နဲနဲအားနေတုံးလေး .. ပေါက်ကရ ၄ဝ ဟိုပြောဒီပြော….

48 comments

  • ခိုင်ဇာ

    February 26, 2013 at 11:32 am

    ဟယ်။
    ပြောရင်း ဆိုရင်း ထမနဲ ကို ကြွားသွားပါရောလား။

    :byae:

    • Wow

      February 26, 2013 at 11:54 am

      ဟီး…
      အပူတွေကန်နေလို့ မထဲ့ရင်းကြားထဲက စားချင်နွန်းနွန့် စတိလေးစားတာပါအေ.. :harr:

  • ခင်ခ

    February 26, 2013 at 11:34 am

    ( ရေနွေးသောက်ခိုင်းသူများ နာတစ်ခုခုဖစ်ရင် လျှော်ကြေးပေးရမယ်… ခွီး.. ဆိတ်စိုးဒယ်…) ဆိုသူ Wow ရေ အသက်အာမခံထားပါသလားတဲ့ အာမခံထားရင် လျှော်ကြေးစဉ်စားမယ်လို့ဆိုပါကြောင်း။
    ( ထူးထူးဆန်းဆန်း ကန်တော့ပွဲလေးတင်ထားတာ… အုန်းပွဲ ငှက်ပြောပွဲနဲ့…)
    အလုပ်သမားများ နေ့လည်ထမင်းစားပြီး ဌက်ပျောသီး အချိုတည်းလို့ ရပါကြောင်း။
    ( အပေါ်တစ်ထပ်ကို သုံးထပ်သားလိုမျိုး သစ်သားနဲ့ အရင် အထပ်လုပ်တယ် ပြီးတော့မှ အိုက် အပေါ်က ဘိလပ်မြေလောင်းချတာ… )
    ထိုသို့ဆောက်ခြင်းတွင် ဘိလပ်မြေနည်းပြီး သဲများများနဲ့ပြုလုပ်လောင်းရင် နောင်ရေး စိတ်အေးဖွယ်မရှိ ပါကြောင်း ……… ။
    ( အင်း.. ဘာရယ်မဟုတ် အလုပ်နဲနဲအားနေတုံးလေး .. ပေါက်ကရ ၄ဝ ဟိုပြောဒီပြော….)
    အနော်လည်း အဲလိုမို့ ဟိုမန့် ဒီရေး ပါ။

    • Wow

      February 26, 2013 at 12:18 pm

      လူကြီးများ အိုးမလုံ အုံတယ်ပွင့်သဂိုး…
      ဘယ်သူပြောတယ်လို့ ပေါရသေးတာလဲမဟုတ်…
      ဟီးးးးး .. တိုက်ဆိုင်မှုရှိလို့ စောင်းပြောတယ် ထင်သွားသူ အူးခင်ခချင့်.. အမိုက်အမဲလေးကို ခွေးလွှတ်ပါ… :mrgreen:
      ဒါပေမဲ့ ဂယ် ပိုးသတ်ဆေးဇော်နံဒါ.. :buu:

      • ခင်ခ

        February 26, 2013 at 1:44 pm

        ဟင် အနော်ပြောတယ်လို့လဲ မဆိုရပါလား။
        အသက်အာမခံ………. သလားတဲ့……………….လို့ ဆိုပါကြောင်း .. မို့
        အနော်က တဆင့်ပြောထားတာတွေပါဗျ။

  • mamanoyar

    February 26, 2013 at 2:13 pm

    ထမင်းနဲဆိုလို့ မနေ့ညက စားရတဲ့ ထမင်းနဲက အရမ်းကောင်းတယ်
    သူကအရင်တောင်လာကြွားနေတယ်ဒယ် ဟွန့်……………….

    • Wow

      February 26, 2013 at 3:01 pm

      သူများလာပို့တာ အလဂါးစားရတုံးလေး ကြွားဒါပါအေ.. :kwi:

  • ပေါက်ပန်းလို့ သုံးလိုက်တဲ့အတွက် ကိုပေါက်နောက်ကလိုက်ခြင်းလို့ tag လုပ်ပေးပါရန်
    အနူးအညွတ် တောင်းခံတင်ပြအပ်ပါသည်။

    • Wow

      February 26, 2013 at 3:00 pm

      ပေါက်ကရ၄ဝ လို့ပြင်လိုက်ပါဘီ…
      ဘယ်လိုမှမထင်ပါနဲ့ သူများနောက်ကလိုက်ရင် သူများဘိနပ်ကို နမော်နမဲ့အမြဲတက်နင်းတတ်လို့ပါ :mrgreen:

      • Wow
        ကျနော်က စတာပါ။
        ကျနော်က အမြဲတမ်းသူများနောက်ကလိုက်တဲ့ပိုစ်တွေရေးနေကျမို့ပါ။
        ကျနော်ဖိနပ်တက်နင်းမိရင်လဲ ဘယ်လိုမှ မခံစားရပါဘူး။
        ကျနော်ဖိနပ်က ခိုင်တယ်လေ။

        • မူပိုင်ခွင့်သဲသဲလှုပ်တဲ့အထဲမှာ ကျနော်မပါဘူး။
          စလိုက်နောက်လိုက်တာလေးကိုအဟုတ်မှတ်နေမှာစိုးလို့။

        • Wow

          February 27, 2013 at 11:48 am

          ဟီး.. ထင်တယ် မနေ့က ကပေါက် ဂရုချက်မှာ ခေါ်နေထဲက ဒါပြောချင်လို့ထင်တယ်လို့….
          ပေါက်ပန်း၄ဝ လို့ ကပေါက်ကို ပေါက်ပန်းဇေး ပေါရင် ကပေါက်က ပေါက်ပန်းအကြောင်းရေးထားကြောင်း ပေါက်ပေါက်ဖောက်သလို လာပေါနေတော့ ကပေါက်ရဲ့ ပေါက်ပန်းနဲ့မရောရအောင် ပေါက်ကရ၄ဝ ကပေါက်ရယ်လို့တော့ ထင်မှာမဟုတ်ပါဝူးဆိုပီး… :harr:
          သာမီးလဲ စတာ.. ကျေဘီ.. :mrgreen:

  • ဗုံဗုံ

    February 26, 2013 at 3:24 pm

    တော်သေးတာပေါ့ ရေးနွေးတွေ အကုန်သောက်ပြီးမှသိရရင် ငါတို့ရဲ့ wow လေး မတွေးရဲစရာဘဲ အဲ့လိုသာဆို ဒီက ငိုမှာတော့ :mrgreen:

    • Wow

      February 26, 2013 at 3:45 pm

      ဟယ် .. ယောက်ကျားမရသေးပဲ မျိုးတုံးလို့ဘယ်ဖစ်မလဲ ဗုံကလေးရယ် .. :harr:

  • ရာမည

    February 26, 2013 at 5:39 pm

    RC ခေါ်လားဘာလားတော ့မသိပါဘူး
    အဲ ့လိုလောင်းတဲ ့အခါ သံချောင်းမထည် ့ဘဲဝါးခြမ်းပြားနဲ ့ခံပြီးလောင်းထားတဲ ့
    တိုက်တလုံး စမ်းချောင်းမှာမြင်ဘူးတယ်
    သိပ်တော်တဲ ့မြန်မာ အင်ဂျောင်ဏီရာဒွေ

    • Wow

      February 27, 2013 at 11:53 am

      အိုက်လိုတိုက်မျိုးမှာ ချောင်းဆိုးရင်တောင် မာန်ပါပါမဆိုးရဲသလောက်ပေါ့နော်… :mrgreen:

    • Foreign Resident

      March 1, 2013 at 12:38 pm

      ” သံချောင်းမထည် ့ဘဲဝါးခြမ်းပြားနဲ ့ခံပြီးလောင်းထားတဲ ့
      တိုက်တလုံး စမ်းချောင်းမှာမြင်ဘူးတယ်
      သိပ်တော်တဲ ့မြန်မာ အင်ဂျောင်ဏီရာဒွေ ”

      အင်း ၊ ပြောရအုံးမယ် ။

      ဘိလပ်မြေ ၊ ကျောက်စရစ် ၊ သဲ ကို ၊
      အချိုး မှန်မှန်လေး ( ဥပမာ 1:2:4 ) နှင့် ထည့်ရင်ကော ၊
      မြန်မာပြည်သား လူများစုကြီးက ဝယ်နိုင်ပါ့မလားကွယ် ။

      တရုတ် ပစ္စည်း အပေါစား အစုတ်စားကို သုံးနေရသလိုပဲ ပေါ့ ။
      အဓိက ကတော့ ၊ ကိုယ်နှင့် တန်ရာ တန်ရာကို ရနေကြတာပါပဲကွယ် ။

      ချမ်းသာအောင်သာ ၊ အရင်ကြိုးစားကြပါကွယ် ။
      ကျန်တာ သူ့အလိုလို ၊ ရေမြင့် ကြာတင့် ဖြစ်လာပါ့မယ် ။

      • ရွှေ ကြည်

        March 2, 2013 at 5:49 pm

        အဘရေ (1:3:6) လောက်ဆိုရပြီမို့လား ခိ ခိ။

  • မောင် ပေ

    February 26, 2013 at 7:34 pm

    လေးဆယ်
    ဈေးဝယ်
    ခွေးငယ်
    ဘေးဖယ်
    ပြေးရှယ်
    ရေးမယ်

  • Ghi Ghi ThE KiD

    February 26, 2013 at 10:47 pm

    ရီရဒယ်နော. မမဝေါင်း. ခိခိ.
    Hallelujah ဆိုနေတာပဲ ကောင်းပါတယ်ဗျာ.
    အဟိ.

    Hallelujah

    :harr:

    • Ghi Ghi ThE KiD

      February 27, 2013 at 10:49 am

      ပိုင်သကွာ…မမဝေါင်း
      ဆရာဦးရဲမြင့်(စွန့်ဦးတီထွင်) လိုမျိုး …
      နာမည်နောက်မှာ ကွင်းစကွင်းပိတ်လေးနဲ့ ဖြည့်ထားပါလားဟင် ..မမဝေါင်း…
      မဝေါင်း (ပေါက် – – ၄၀)© ဆိုပြီးတော့…
      အာ…ဟိ

      :kwi:

      ဒက်ဂလောက် ဒက်ဂလောက်©

      • Wow

        February 27, 2013 at 11:38 am

        ပေါက်ကရ၄ဝ ကို မူပိုင်ခွင့်လုပ်စရာလား…
        ညီးဟာညီး အေးအေးဆေးဆေး ကြက်တောင်ပံလေးနဲ့ ဆိုဂျူးလေးသောက်နေပါအေ…. :kwi:

    • Wow

      February 27, 2013 at 11:51 am

      မနေ့က ပျင်းပါဒယ်ဆိုမှာအေ ညီးကလဲ ဟာလာလာ လုပ်လိုက်..
      ပျောက်သွားလိုက်နဲ့…
      အိုက်လော့ ထင်ရာမြင်ရာလေးတွေ လျှောက်ရေးတာ.. လာနောက်မနေနဲ့ :buu:

  • kai

    February 27, 2013 at 1:27 am

    ဘာလို့..ပေါက်တတ်ကရက ၄ဝဖြစ်တာလည်းဟင်င်င်…
    .. ၆ဝ တို့.. ၇ဝတို့..မရဘူးလား.. :kwi:

    • Wow

      February 27, 2013 at 11:42 am

      ဟင့်အင်း.. ပေါက်ကရက.. ၄ဝ ပဲ..
      ဘားမန်းတွေက ကိန်းဂဏန်းနဲ့ ပတ်သက်ရင်သိပ်တိကျတာ..
      ပေါက်ကရ၄၀
      ယောင်၆၀
      အလော၃ဝ
      :kwi:

      • kai

        February 27, 2013 at 5:45 pm

        အပယ် ၄ပါး
        ရပ်ပြစ် ၈ပါး
        ရန်သူမျိုး ၅ပါး
        ရတနာ၃ပါး.
        မိန်းမမာယာ သဲ ၉ဖြာ
        ဆက်ရေးပေးကြပါဗျို့.. :kwi:

        • Mr. MarGa

          February 27, 2013 at 7:50 pm

          အနနော္တ အနန္တ ၅ ပါး
          ဂုဏ်တော် ၉ ပါး
          နာယကဂုဏ် ၆ ပါး
          သံဃာ ဂုဏ်တော် ၉ ပါး
          တရား ဂုဏ်တော် ၆ ပါး
          သိကြား မိဖုရား ၄ ပါး
          ပြေးပဗျို့ :kwi:

        • ဦးကြောင်ကြီး

          February 28, 2013 at 9:08 am

          ၉၆၉
          ၇၈၆
          ွှTrinity
          ၃၁ဘုံ
          ဗြဟ္မာ၂၀
          နတ်ပြည်၆ထပ်
          ရလွှာပေါက်စီ
          သုံးထပ်သား
          ပိုးမျိုး၈၀
          ၉၆ပါးရောဂါ
          နှစ်၁၀၀ဝဂမုန်း

        • ခိုင်ဇာ

          February 28, 2013 at 9:11 am

          ဘာရယ် မိန်းမ မာယာ သဲကိုးဖြာ ဟုတ်လား။
          ယောင်္ကျားမာယာ မန်ကျည်းကိုးပင် မှောက်ဆိုတာရော ကြားဖူးသလားဟင်။

          ဟိ။
          ခုတော့ အမွှေးတိုင်အတွက် ခုတ်ပစ်ကြတော့ မြင်ဘူးဖို့မလွယ်တော့ဘူး။
          :kwi:

        • Wow

          February 28, 2013 at 4:03 pm

          ယောက်ကျားမာယာက ပိုများတယ်အေ့..
          သဲ၉ဖြာက နဲနဲလေး…
          မကျီး၉ပင်မှာ ရှိတဲ့ မကျီးရွက်တွေကပိုများ…
          ဒါပေမဲ့ ရွက်ကြွေတဲ့ အချိန်ကျတော့ သူတို့လဲ မကြံတတ်ဘဲ… အူးကျောက်တို့ မောင်ဂီတို့လို အခန်းမှောင်ထဲ မီးဖွင့်ဝင်ရတော့တာပေါ့အေ… :kwi:

  • amatmin

    February 27, 2013 at 11:06 am

    ပန်းရံ..လက်သမားဒွေက ဘေးတိုက်ကို
    ချောင်းြကြည့်ကြတယ် ရယ်လို့ပဲ ကြားဖူးတာ..
    သူ့ကျမှပဲ ပြန်ချောင်းလိုက်ရဒယ် လို့. 🙂
    ဒါနဲ့ တခုမေးမလို့ ဗျ..ရုံးမှာခင်ညားကိုချစ်တဲ့သူ ဒွေ..
    အတော်များသလား ဟင်င်..
    လက်ဖက်ခြောက်ထဲတောင် ပိုးသတ်ဆေး
    ထဲ့တိုက်တယ် ဆိုဒေါ့ ကာ.. 🙂

    • Wow

      February 27, 2013 at 11:59 am

      ချစ်သလားမမေးနဲ့ ပပဝတီလို ခုနှစ်ပိုင်းပိုင်း ခုနှစ်တိုင်းဝေဖို့အတွက် အရင် ပိုးသတ်ဆေးခတ်လုပ်ကြံဒါ… :harr:

  • ဦး ကျောက်ခဲ

    February 27, 2013 at 11:51 am

    ဟီဟိ…. ပိုးသတ်ဆေးဆိုရင် တော်သေးတာပေါ့…
    အသီးကွဲလို့ စိတ်ညစ်ပြီး သေကြောင်းကြံသွားတယ်လို့ ကြွားလို့ရသေး…
    အခုစဉ်းစားမိတာက ကိုကြောင်ကြီး ပန်းသလားမေပျိုလုပ်ထားတာဆိုရင်တော့….
    :harr:

    • Wow

      February 27, 2013 at 11:55 am

      ဟေးးးး
      အူးကျောက် လွတ်လာဘီ….
      အူးကျောက်ပျောက်နေလို့ လူပျောက်ကြော်ငြာတောင် ဆူးက တင်ထားသေးတယ်…
      လင်နောက်လိုက်သွားဒါလားဟင်… :mrgreen:

      • etone

        February 27, 2013 at 1:04 pm

        လင်နောက်လိုက်တာ မဟုတ်ဘူး တဲ့ မမရဲ့ …. လင်သွား ခိုးတာတဲ့ … :kwi:

  • etone

    February 27, 2013 at 1:02 pm

    1.အလုပ်ကိုလာ …
    2.လ္ဘက်ရည်သောက် ၊ ထမနဲ စား ….
    3. ဖွဘုတ်ဖွင့် …
    4. ရေနွေးထပ်သောက် ….
    5.တိုက်ဆောက်တာ ဓါတ်ပုံရိုက်
    6.ပို့စ်တင်
    7. အိမ်ပြန် … ဟိ :kwi: ဒက်ဂလောက် .. ဒက်ဂလောက် .. ဒက်ဂလောက် … :harr:

    • Wow

      February 27, 2013 at 1:09 pm

      ဒီနှစ်ကုန်ရင် ဝန်ထမ်းကောင်းဆုပေးဖို့လျာထားတယ် ဆိုလား.. :mrgreen:

      • Ghi Ghi ThE KiD

        February 27, 2013 at 1:12 pm

        လော့ဂျ် တွေများ တယ်ဇိမ်ကျသကိုး…
        :kwi:

        • Wow

          February 27, 2013 at 1:22 pm

          ဂယ်အလုပ်လုပ်ရတဲ့ အချိန်ကျ လူရုပ်တောင်မပေါ်ပါဝူးအေ..
          ပြေးလွားနေရတာ.. အခုနားလို့ရတုံးလေး :mrgreen:

  • ရဲစည်

    February 27, 2013 at 4:21 pm

    ပိုးသတ်ဆေးစော်နံတာက လက်ဘက်ခြောက်ကောင်းလို့ထင်တယ် …
    များသောအားဖြင့် လက်ဘက်ခြောက် အကောင်းစားတွေက အဲ့အနံ့လိုလိုရတတ်တယ်
    ဆိုတော့ ဆက်သောက်စေချင်ကြောင်း …

    ပပ-၄၀/၂၀၁၃ ( ဝ၁၂ရ ) ဝိုး(မြဲ) ရန်ကုန်။

    • Wow

      February 27, 2013 at 5:13 pm

      ဟင်.. အောက်က သေစာရင်းနံပါတ်လား…
      ကရွဲစည်တော့ … မိုက်ရိုင်းထှာ…
      ဘပု ကြောင်ရီးတို့လို ကုန်းကုန်းတွေနဲ့ပဲ ညားပါဇီတော် :harr:

  • ရွှေတင်မောင်

    February 27, 2013 at 6:00 pm

    ရေနွေးကြမ်းက ပိုးသတ်ဆေးစော် နံတာတော့ မကြုံဖူးဘူး
    မီးခိုးစော် နံတာပဲ သိတယ် …
    ရေနွေးကြမ်း ခွက်ဘေး ဖွင့်ထားတာ ဖေ့စ်ဘုတ် ထင်တယ် …
    တိုက်သစ် ဆောက်တာ အုန်းပွဲ ငှက်ပျောပွဲ တင်တာတော့ မသိဘူး
    လှည်းတန်း တံတားဆောက်တုန်း ဘေးနားက ဖြတ်သွားတော့
    ကရိန်းကား လိုလို ဘာလိုလို ကားကြီးပေါ်မှာလည်း
    အုန်းပွဲ ငှက်ပျောပွဲ တင်ထားတာ တွေ့ခဲ့ရတယ် …
    နေရာတိုင်း နတ်စောင့်တယ်လို့ ယူဆကြပုံပဲ ….
    ကျန်တာ မကြည့်နဲ့ … ကိုယ်စောင့်နတ် … တဲ့ … ဒါပဲ ကြည့်တော့ …

    • Wow

      February 28, 2013 at 4:01 pm

      မီးဖိုစောင့်နတ်တောင်ရှိတယ် နတ်နာမယ်က ညောင်ကြီးအိုတဲ့…
      ဝဲပေါက်နေတဲ့နတ်တဲ့.. ဒါကြောင့် ခလေးတွေ မီးဖိုကို ကျော်ဟယ်ခွဟယ် လုပ်ရင် ကိုယ်တွေယားလာတတ်တယ်တဲ့…
      ဟုတ်.. မဟုတ် လက်တွေ့စမ်းကျိပါလား :kwi:

  • ဦးကြောင်ကြီး

    February 28, 2013 at 9:25 am

    ပေါက်ကရလေးဆယ်
    ယောက်ဖဈေးဝယ်
    လောက်ငတွေးလွယ်
    ဗျောက်ပြရွေးချယ်
    မျောက်မထွေးငယ်
    တောက်ပဖွေးရှယ်
    အောက်စဌေးကြွယ်
    ဟောက်ရသေးတယ်..

  • kyeemite

    February 28, 2013 at 3:38 pm

    ပေါက်ကရကို နဲနဲပဲပြောရင်…ပေါက်ကရ ၄၀
    ပေါက်ကရကို များများပြောရင်…ပေါက်ကရ ၈ဝ :kwi:

    • Wow

      February 28, 2013 at 3:58 pm

      ဟား.. ဟုတ်တယ် ငယ်ငယ်က ပေါက်ကရ ၈ဝ တွေ အေ.. လို့ ပြောတာကြားဖူးတယ်…
      အခုမေ့နေတာကြာဘီ.. ပေါက်ကရကို ၄ဝ ပဲထင်နေတာ … အူးကြီးမိုက်ပေါမှ.. :harr:

  • ကွန်ပူတာဘေးမယ် အစားအသောက်ပေါင်းစုံ မပြတ်ထားပြီး အစားကို တရစပ်စားခြင်းအား အပြည့်အဝထောက်ခံပါဂျောင်း.. အဲ့..ပိုးသတ်ဆေးတော့ ပါဝူးပေါ့…

Leave a Reply