ယုံချင်ယုံ မယုံချင်နေ

cobraJuly 21, 20101min722

(၁) အင်္ဂလန် နိုင်ငံ ရဲ့ ပထမမြောက် ဂျော့ရှ် ဘုရင်မင်းမြတ်ဟာ အင်္ဂလိပ်စကား တစ်လုံးမှ မပြောတတ်ပါဘူး တဲ့ ။
(၂) ပါရှားပြည်ကို BC 558 – 529 ထိ စိုးစံခဲ့တဲ့ မဟာဆိုင်းရပ်စ် ဘုရင်ကြီးဟာ
တစ်နေ.မှာ နေ. (၁၂) နာရီ ည (၁၂) နာရီ ရှိတယ်လို. ပထမဦးဆုံး ပိုင်းခြားသတ်မှတ်ပေးခဲ့သူပါ ။
ပစ္စည်းရေတွက်တဲ့ခါမှာလည်း (၁၂) ခု ဒါဇင် ဆိုတာကို စတင်အသုံးပြုစေခဲ့သူပါ ။

(၃) ပြင်သစ်ခေါင်းဆောင် တစ်ယောက်ရဲ့ဖြစ်တဲ့ ကာဒီနယ် ရစ်ချယ်လီယူ( ၁၅၈၅ – ၁၆၄၂ ) ဟာ
စားပွဲတင်သားလှီးဓါးအဝိုင်းကို စတင်အသုံးပြုစေခဲ့တာပါ ။
ဘာလို.လဲဆိုတော့ ညစာစားသူတွေဟာ သားလှီးဓါး ဦးချွန်တွေနဲ့ သွားကြားထိုး ကြလို.ပါတဲ့ ခင်ဗျာ…။
(၄) တတိယမြောက် ကွန်ရက် ဘုရင်ကြီး ဟာ ဝိုင်းစဘတ်မြို.ကို ၁၁၄ဝ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ.မှာ
သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ အဲလို သိမ်းပိုက်ပြီးနောက်မှာ ဘုရင်ကြီး က မြို.တွင်းရှိ အမျိုးသမီးများ ဘေးကင်းစွာဖြင့်
မြို.တွင်းမှထွက်ခွာနိုင်တယ် ။ ထိုသို.ထွက်ခွာရာတွင် မိမိသယ်ဆောင်နိုင်သော မည်သည့်အရာကိုမဆို
သယ်ဆောင်သွားနိုင်သည် … လို.တရားဝင် အမိန်.ကြေငြာခဲ့တယ် ။
အဲဒီ အမျိုးသမီးတွေ ဘာကို သယ်ဆောင်သွားခဲ့တယ်လို. မိတ်ဆွေတို. ထင်ပါသလဲ …
သူတို.ရဲ့ လင်ယောက်ျားတွေ ကို ချီပိုးပြီး ခေါ်ထုတ်သွားခဲ့တာပါတဲ့ ခင်ဗျာ ……

(၅) ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကို ကိုယ်စားပြုပါတယ် …။

Spades:King David
Clubs:Alexander The Great
Hearts:Charlemagne
Diamonds:Julius Cesar

(၆) ပါရှားပြည် (အီရန်) ကို ၁၂၉၁ မှ ၁၂၉၅ ထိ စိုးစံခဲ့တဲ့ ကန်ဂျာတူး ဘုရင်ကို သူ.ရဲ့ တိုင်းသူပြည်သားတွေက
နန်းချပြီး လည်မျို ညစ်သတ်တာခံခဲ့ရပါတယ် ။
ဘာကြောင့်လည်းဆိုတော့ သူက ငွေစက္ကူကို စတင်အသုံးပြုဖို. စီစဉ်ခဲ့တဲ့အတွက်ပဲ ဖြစ်ပါတယ် ။

(၇) ပရပ်ရှား ပြည်က မြို.စားကြီးအဲလ်ဘတ်နဲ့ မြို.စားကတော် အန်နာမာရီယာ တို.ကို
တစ်နှစ်ထဲ တစ်လထဲ တစ်ချိန်ထဲ ၁၅၀၁ ခုနှစ် မေလ (၂၀) ရက်နေ.မှာ မွေးဖွားခဲ့ပါတယ် ။
မွေးဖွားတဲ့ အချိန်နာရီကလည်း အတူတူပါပဲတဲ့ ။ သေဆုံးတဲ့အခါမှာလည်း
တစ်နှစ်ထဲ တစ်လထဲ တစ်နေ.ထဲပါပဲ … ၁၅၆၈ ခုနှစ် မတ်လ (၂၀) ရက်နေ.မှာ သေဆုံးခဲ့ပါတယ် ။
သေဆုံးချိန်ကလည်း အတူတူပါတဲ့ ခင်ဗျ ။ ( တော်တော် စိတ်ကူးယဉ်ဆန်တယ်နော် … )
(၈) ပြင်သစ်ပြည်ရဲ့ အဌမမြောက် ချားလ်စ် ဘုရင်(၁၄၇ဝ – ၁၄၉၈) ဟာ အဆိပ်ခတ်ခံရမှာ
အလွန်ကြောက်တဲ့အတွက် အစားသောက်ကို နည်းနည်းလေးပဲ စားခဲ့တဲ့အတွက် အာဟာရချို.တဲ့ပြီး
သေဆုံးခဲ့ရပါတယ်တဲ့ …
( ကြောက်ရင် နှစ်ခါသေရတယ်နော် …ဘုရင်ငတ်ပြတ်လို.သေတာ ကြားလို.တောင်မကောင်းဘူး …)

(၉) ရုရှားပြည်ရဲ့ ဧကရီဘုရင်မ ပထမမြောက် အယ်လစ်ဇဘတ် (၁၇၀၉ – ၁၇၆၁) ဟာ အမှောင်ကို
အလွန်ကြောက်တဲ့အတွက် နေ.ခင်းဘက်မှာသာ အိပ်စက်ခြင်းပြုပါတယ်တဲ့ …
(၁၀) ကမာ္ဘ့. အဆိုးယုတ်ဆုံးအမျိုးသမီးအကြောင်း မိတ်ဆွေတို.ကြားဖူးလား မသိဘူး …
အာရှမိုင်းနား ရှိ ကတ်စပါဒိုစီးယား ရဲ့ မိဘုရား လာအိုဒိုက်စ် ဟာ သူမရဲ့ ခင်ပွန်းကို
စတုတ္ထမြောက် အရိယရသီ ဘုရင်အဖြစ် နန်းတင်ဖို.အတွက် သူမရဲ့ သားအရင်းခေါက်ခေါက်
ငါးယောက်ကို သုတ်သင်သတ်ဖြတ်ခဲ့ပါတယ် ။ သူမ ရဲ့ ဆဌမမြောက် သားကတော့
ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အဲဒီသားတော် ဘုရင်ဖြစ်လာတဲ့ အခါမှာ နန်းတက်ဘိသိတ်ခံပွဲလုပ်တဲ့နေ.မှာပဲ ….
သူ.မယ်တော်ကို သေဒဏ်ပေးခဲ့ပါတယ် ။
ဒါဟာ သမိုင်းမှာ အဆိုးယုတ်ဆုံးအမျိုးသမီးတစ်ယောက်ရဲ့ မှတ်တမ်းပါ …
( ခုလို အမေကို ပြန်သတ်တဲ့ သားကိုရော ဘယ်လို သတ်မှတ်မလဲ မိတ်ဆွေ ???)

2 comments

  • Yin Nyine Nway

    July 21, 2010 at 10:00 am

    ယုံလည်းယုံချင်တယ်…ယုံလည်းမယုံချင်ဘူး

  • True Faith

    July 21, 2010 at 1:57 pm

    ကိုယ့်သားအရင်းကို သတ်တာလည်း မကောင်းပါဘူး။ တိရိစာန်မတွေတောင် သူ့ရင်သွေးကို စောင့်ရှောက်ပါတယ်။ သားသမီးအတွက်လည်း ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အမေဟာ အမေပါပဲ။ သတ်တဲ့အထိတော့ မလုပ်သင့်၊ မလုပ်အပ်ပါ။ တခြားနည်းနဲ့ အပြစ်ပေးလို့လည်း ရနိုင်ပါတယ်။ ဗုဒ္ဓဘာသာ အရတော့ မိဘသတ်တဲ့သားက ငရဲကျဖို့က ရာနှုန်းပြည့်ပါ။

Leave a Reply