“အညာဒေသကရွာလေးတစ်ရွာသို့အလည်ရောက်ခြင်း”

1လမ်းဘေးနားကအိမ်လေးတွေ
1လမ်းဘေးနားကအိမ်လေးတွေ
2 ရွာဓလေ့  သစ်ကိုင်းစည်းရိုးလေး
2 ရွာဓလေ့ သစ်ကိုင်းစည်းရိုးလေး
3ရွာအဝင်မြေကလမ်းလေး
3ရွာအဝင်မြေကလမ်းလေး

 

“အညာဒေသကရွာလေးတစ်ရွာသို့အလည်ရောက်ခြင်း”

အညာနွေကတော့ပူပါတယ်။

အခုဆောင်းအထွက်နွေအဝင်မှာကို ပူစပြုလာပါပြီ။

အညာဆိုထား ရေငံသောက်မြက်ခြောက်စားလို့ အမှတ်သညာပြုထားကြတာကိုးဗျ။

ပြီးခဲ့တဲ့ရက်ကတော့ မန်းလေးမြို့မြောက်ဘက် ဆယ်မိုင်ကျော်ကျော်လောက်ဝေးတဲ့ရွာလေးကိုရောက်ခဲ့ပါတယ်။

“အင်ကျယ်”တဲ့။

သခင်မတောင်ခြေနားမှာရှိတဲ့ရွာလေးပေါ့။

ကြာနီကန်ထိကတော့ကျောက်လမ်းမ။

အဲဒီကိုလွန်တာနဲ့ အညာဒေသထုံးစံအတိုင်းဖုံထူထူလမ်းကလေး။

ဖုံထူပါတယ်ဆိုမှ နွားအုပ်ဖြတ်တော့ဖုံပိုထသပေါ့။

ရွာထဲကိုဝင်တော့ ဖုန်တလုံးလုံး။

4ရွာခရိုးလမ်းကလေး
4ရွာခရိုးလမ်းကလေး

 

 

 

5နွားတစ်ယှဉ်းနဲ့ကောက်ရိုးပုံ
5နွားတစ်ယှဉ်းနဲ့ကောက်ရိုးပုံ

 

လယ်လုပ်ငန်းလုပ်တဲ့ဒေသဆိုတော့ နွားစာကောက်ရိုးဂိုဒေါင်ရှိမယ်။

နွားတွေရှိမယ်။

အလေ့ကျအပင်လေးတွေနဲ့ရွာစည်းရိုးလေးတွေရှိမယ်။

ဝါးပေါတဲ့ဒေသဆိုတော့ ဝါးလုံးလေးတွေနဲ့ခြံစည်းရိုးခတ်ထားတာရှိမယ်။

အားလုံးကတော့ ခြံကျယ်ဝင်းကျယ်နဲ့ပါဘဲ။

ရွာကအိမ်ခြေသုံးရာကျော်လောက်ရှိတယ်ပြောပါတယ်။

ခြံဝင်းတစ်ခုထဲမှာငှက်ပျောခိုင်ကြီး ကသီးနေလိုက်တာ အားပါးတရ။

ဒါနဲ့ဘဲ ရွာခံအိမ်ကထမင်းကျွေးတာကိုဝင်စားကြပါတယ်။

 

 

6စိမ်းစိုလန်းဆန်းတဲ့အေးရိပ်သာယာ
6စိမ်းစိုငြိမ်းချမ်းတဲ့အေးရိပ်သာယာ
7 ဆေးမဆိုး ဆေးမထိုးတဲ့သဘာဝသီးနှံ့
7 ဆေးမဆိုး ဆေးမထိုးတဲ့သဘာဝသီးနှံ့

 

8စိမ်းစိးမ်မြမြ
8စိမ်းစိးမ်မြမြ
9 သူတို့လဲ အိမ်အပြန်
9 သူတို့လဲ အိမ်အပြန်

 

ကြက်သားအရည်သောက်။

ငရုတ်သီးနဲ့ငါးခြောက်ကြော်။

ငှက်ပျောဖူးကိုသရက်ပိုးတီချဉ်နဲ့ရောသုပ်။

ပဲနှပ်။

စားလို့အတော်ကောင်းပါတယ်။

ထမင်းစားပြီးတော့ နွားနို့စစ် မလိုင်ပျစ်ပျစ်ကို ခြံထွက်ငှက်ပျောသီးကိုကြော်ထားနဲ့ဧည့်ခံပါတယ်။

အားနာစရာမလို ဟန်ဆောင်စရာမလို ဘိုက်ကားအောင်တဝစားပြီးတော့ ပြန်လာခဲ့ကြပါတယ်။

အဲဒီရွာကနေအရှေ့တက်ရင်တော့ အိမ်ရှေ့မင်းထန်းတောကိုရောက်ပါတယ်။

ကဲ နောက်တစ်ခေါက်သွားရင်လိုက်ခဲ့ကြပါအုံးလားဗျာတို့။

ကိုပေါက်လမ်းသလားနေသည်

27-2-2013

 

 

 

11နေရစ်တော့ကွယ်
10နရစ်တော့ကွယ်

 

 

 

19 comments

  • ခိုင်ဇာ

    March 5, 2013 at 9:48 am

    အိမ်ရှေ့မင်း ထန်းတော။

    လယ်ကြွက်ကင် နဲ့ ထရေချို။

    :kwi:

  • ညလေး

    March 5, 2013 at 10:08 am

    အညာကို ရောက်သွားရသိုပါပဲ လေးလေးရယ်…
    ပုံ5 က တကယ့် ကိုသဘာဝ ကျကျလေး နဲ. ကြည့်လို.အရမ်းကောင်းတယ် လေးပေါက်…

  • Ma Ei

    March 5, 2013 at 10:50 am

    လမ်းမှာ နေပူ ဖုန်ထူပေမယ့်
    အိမ်ခြံဝိုင်းလေးထဲမှာတော့ စိမ်းစိုနေတာပဲနော်…
    ကိုပေါက်ဓာတ်ပုံတွေကြည့်ပြီး ခရီးထွက်ချင်လာမိတယ်…

  • kyeemite

    March 5, 2013 at 11:05 am

    6 စိမ်းစိုငြိမ်းချမ်းတဲ့အေးရိပ်သာယာ..ဆိုတဲ့အိမ်လေးသဘောကျတယ်ဗျာ..
    အသက်ကြီးလာရင် အဲလိုခြံဝန်းလေးနဲ့ အဲလိုအိမ်လေးနဲ့ သစ်ပင်လေးတွေ
    စိုက်ပီးနေချင်တာ…ကြည့်ပီး ဖီးလ်တက်သွားတယ်ဆြာပေါက်ရေ…..
    နောက် ကိုပေါက်စားခဲ့တဲ့ ထမင်းနဲ့ဟင်းကလည်း သွားရေတောင်ကျချင်တယ်…
    ကျနော်လည်း ငှက်ပျောဖူးသုတ် သိပ်ကြိုက်တာဗျ…သတိရသွားပြီဗျာ…
    ဈေးမှာ ဝယ်လို့ရရင် မဒန်မိုက်ကို သုပ်ခိုင်းအုံးမယ်…. :hee:

  • Myo Thant

    March 5, 2013 at 11:10 am

    ထန်းတောတော့ စိတ်ဝင်စားတယ်ဗျာ

    ခွင့်ကလည်း မရသေးလို့ပေါ့ ၊ နိူ့မို့ရင်တော့

    🙂 🙂 🙂

  • ဗုံဗုံ

    March 5, 2013 at 11:30 am

    အီးး ဟီးး ဟီးး ဓာတ်ပုံတွေမြင်တော့ အိမ်ကိုလွမ်းသွားပြန်ပြီ တော်ပြီ အမေ့ဆီဘဲ ပြန်တော့မယ် :byae:

  • Wow

    March 5, 2013 at 2:38 pm

    ပြန်လာရင် ဆေးမထိုးတဲ့ ငှက်ပြောတစ်ခိုင်လောက် ခုတ်ခဲ့ပါလားဟင်…. :mrgreen:

    • ဗုံဗုံ

      March 5, 2013 at 3:06 pm

      မမဝိုးအတွက် ဆေးမထိုးတဲ့ ငှက်ပျောခိုင်တစ်ခိုင်ရယ် ဆေးမထိုးတဲ့ ငှက်ပျောဖူး ဆယ်ဖူးရယ်ဆေးမထိုးတဲ့ ငှက်ပျောအူ ဆယ်ပိုင်းရယ် ကို အိမ်က အူးလေးကို ပို့ခိုင်းလိုက်မယ် မမဝိုးက အူးလေးကို ဆေးမထိုးတဲ့ အာဘွားး တွေ အများကြီးပြန်ပေးလိုက် နော် နော် နော် :mrgreen: :mrgreen:

      • ခိုင်ဇာ

        March 5, 2013 at 3:18 pm

        ဝါး ။
        မနိုင်ရင် ပြောနော်။
        ငှက်ပျောခိုင်တွေ အရမ်းများနေရင်ပြောတာ။
        :mrgreen: :mrgreen: :mrgreen:

  • Char Too Lan

    March 5, 2013 at 5:39 pm

    5နွားတစ်ယှဉ်းနဲ့ကောက်ရိုးပုံ အဲ့ပုံလေးကြိုက်ဒယ်ဗျို ့ …
    ကြက်သားအရည်သောက်။
    ငရုတ်သီးနဲ့ငါးခြောက်ကြော်။
    ငှက်ပျောဖူးကိုသရက်ပိုးတီချဉ်နဲ့ရောသုပ်။
    ပဲနှပ်။ထမင်းစားပြီးတော့ နွားနို့စစ် မလိုင်ပျစ်ပျစ်ကို
    ခြံထွက်ငှက်ပျောသီးကိုကြော်ထားနဲ့ဧည့်ခံပါတယ်။
    ဒါတွေလဲစားချင်တယ်…. 🙁

  • မောင် ပေ

    March 5, 2013 at 8:29 pm

    အပေါ်က လူတွေ ပြောနေတဲ့ ဆေးထိုးတယ် ဆိုတာ
    ငှက်ပျောသီး ကို ဆေးစိမ်တာပဲ ကြားဖူးပါတယ်ဗျာ
    ဆေးထိုး တယ် ဆိုတာ ဘယ်လိုများပါလိမ့်
    ဒါနဲ ့
    ဗိုက်ကားအောင် စားပြီးမှ ပြန်တယ် ဆိုတာကိုတော့ ၁၀၀% ယုံပါကြောင်း
    အဲဒါ အဲဒါ

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 5, 2013 at 10:25 pm

    ကိုပေါက်က ကျေးလက်ဒေသ ပုံလေးတွေတင်တော့
    ကျုပ်လည်း မွေးရပ်ဇာတိရွာကိုတောင် လွမ်းလာပြီဗျာ…………
    ရွာမှာရှိတဲ့ စာဥတို့ ထွေးညိုကို လွမ်းသလို ရွာပြန်ပြီး နွားကျောင်း လယ်ထွန်ပြီး
    ထမင်းဂျမ်းခဲ ယပ်ခပ်စားပီး ဘဝဂို အေးရာအေးကြောင်းလေး ဖြတ်သန်းရင်ကောင်းမလားပဲ…..

  • ဒီအညာရွာလေးက တကယ့်ကိုသာယာပါတယ်။
    ပိုသာယာစေတဲ့အကြောင်းက ကြက်သားဟင်းအရည်သောက်ကလေးနဲ့ ငှက်ပျောဖူးသုတ်ကိုချက်ကြွေးတဲ့
    ရွာသူလေးကလဲ လှတ ပတဗျာ။
    အဲသဟာကြောင့်

  • ညလေး

    March 6, 2013 at 10:22 am

    လေးပေါက် တို.ကတော့ ဖောက်ပြီ….ဗျောက်အိုးးးးးး
    အဟိ

  • ဇွဲမာန်(အင်းဝ)

    March 6, 2013 at 4:56 pm

    အကိုပေါက်ရေ ………
    ရိုက်ချက်ကတော့ ကန်းကုန် အညာဒေသ လွမ်းရပါ၏

  • နေဝန်းနီ

    March 6, 2013 at 8:52 pm

    ကိုပေါက်ရေ….။ ဘယ်နဲ့ မိုင်းတွေ ထိနေပါလားဗျ…။ အိမ်ရှေ့မင်းထန်းတောကိုတော့ စိတ်ဝင်စားတယ်ဗျာ ထန်းတောပုံတွေလုပ်ပါဦး ………..။ ရွာတွေကတော့ ကျွန်တော်တို့ ဆီက နဲ့တူတူလောက်ပါပဲ…။ ကျွန်တော်တတို့ ဘက်က ရွာတွေက အိမ်ဆိုင်လေးတွေပေါတယ်ဗျ လာခဲ့ပါဦးလား အကြွေးတောင်းရင်း …….။ ခင်ဗျား တောင်းစရာရှိတယ်ဆိုတဲ့ အကြွေးတွေကော ရပြီလား

  • ကိုနေ မိုင်းထိ ဆို လူချစ်လူခင်ပေါကြောင်းပြတာပါ။
    လာမယ်လာမယ်ဆိုပြိးမရောက် တာကိုနေရေ

  • ရွာ … ရွာ … ရွာ …
    ဒီမြင်ကွင်းတွေ မြင်မိတိုင်းမှာ
    စိတ်တွေက ချက်ချင်း ပြေးထွက်
    ဇာတိ ရွာအရပ်ဆီကို ….

    ဖေပေါက်ဂျီးရေ …
    နံပါတ် ၉ ပုံလေးကတော့ အပီပြင်ဆုံးပဲဗျာ …

Leave a Reply