ဒီရွာမှာ စာဖတ်ရင်းနဲ့ လူသစ်များမိတ်ဆက်တာတွေ့ ဖူးပါတယ် ။
တစ်ချို့ ကကြိုဆိုကြပေမဲ့  တစ်ချို့ ကတော့  မလိုအပ်ဖူးလို့ ဆိုပါတယ် ။ကျွန်တော်ကတော့  ပထမဆုံးပို့စ်မှာ
မှုခင်းတစ်ခုရေးဖို့ ကြိုးစားနေပေမဲ့  အဆုံးမသတ်နိုင်သေးပါဘူး ။ဒီရွာမှာ မှုခင်းဝတ္ထုတွေ့ ရနည်းလို့ ရေးဖို့ 
ရွေးချယ်ခဲ့ ရတာပါ ။မြန်မာပြည်ရဲ့  ရဲစခန်းတွေနဲ့  ရဲတွေအကြောင်း ခလုတ်တိုက်ရင်းနဲ့ ပေါ့ ဗျာ။
ရဲ အကြောင်းဆို လို့  ကျွန်တော့် ကိုလည်း ရဲ လို့ ထင်ပြီး မမုန်းကြပါနဲ့ ဦးနော် ။ကျွန်တော် ရဲ တစ်ယောက်
မဟုတ်ပါဘူး ။အနည်းငယ် သိရုံပါ ။
ပြောလက်စနဲ့  ရဲအကြောင်း နဲနဲပြောရဦးမယ် ။ ယခုခေတ်ရဲ တွေအနေနဲ့  တရားခံကို ရိုက်ခွင့် မရိုပါဘူး ။
ဒါပေမဲ့  ရိုက်နေတာပါပဲ ။ သင်တန်းက သင်သမျှကို တံခါးဝမှာချိတ်ထားပြီး ရှေ့ ကဆရာကြီးတွေအတိုင်း
ပုံတူကူးတာပါပဲ ။ တရာခံ ဖမ်းတယ်ဆိုလည်း တရားရုံးကဖမ်းဝရမ်းယူရပါတယ် ။ဝရမ်းယူချိန်မရလို့  ဖမ်းပြီးမှ
ဘက်ဒိတ်နဲ့  ဝရမ်းထုတ်ရတာ ။ တစ်ချို့ အမှုတွေက မပေါ်မဖြစ်ဆိုလို့  တရားခံရှာရတယ် ။တစ်ချို့ အမှုတွေက
ပေါ် ရင်မဖြစ်လို့  စုံစမ်းဆဲ ဆိုပြီး အသက်ဆက်နေရတယ် ။

ရဲ ဆိုတာ လူဆိုးသခိုးဆီကလည်း သတင်းဖလှယ်ရတယ် ။ ကလေကချေဆီကလည်း သတင်းဝယ်ရတယ် ။
ဇတ်လမ်းထဲမှာလည်း မင်းသားကဖိုက်တင်ပေးပြီးမှ ရဲက ဖမ်းရတယ် ………
အခု ကျွန်တော်ရေးမယ့်  ရဲအရာရှိ အိုင်အိုတင်အောင်မိုး ကလည်း သူ့ မိတ်ဆွေဖြစ်တဲ့  ကိုမြင့် ကျော်ဆီက
အကြံညဏ် နဲ့  လုပ်အားကို အားကိုးနေရတာပါ ။ လူစွန့် စားမြင့် ကျော်လို့  နာမည်ပေးထားပါတယ်။
အိုင်အိုတင်အောင်မိုးက ပြန်ပြော တဲ့ အသွင်နဲ့ ဖန်တီးထားပါတယ်။
ဟိုပြော ဒီပြောနဲ့ ကြော်ငြာသလိုတော့ ဖြစ်သွားပြီထင်တယ် ။ စိတ်အနှောက်အယှက်ဖြစ်ရင်ခွင့် လွှတ်ကြပါ။
မကြာမှီ…… အပြီးသတ်ပြီး ရွာထဲမှာတင်ဖို့  ကြိုးစားနေပါတယ် ။
မည်သည့် ဝေဖန်အကြံပြုချက်ကိုမဆို ဝမ်းသာစွာကြိုဆိုပါတယ် ။ဆဲတတ်သူများလည်း အယ်ဒီတာခွင့် ပြုပါက
လွတ်လပ်စွာ သုံးနှုံးနိုင်ပါတယ် ။ ဖတ်ပေးတာကိုပဲကျေးဇူးတင်နေမိမှာပါ ။

ကြိုးစားပါဦးမည်
ရာမည

About ရာမည

ရာမည has written 35 post in this Website..