ပြည် ဂျာနယ် အတွက် စာမူ

htet wayFebruary 27, 20131min18617

ရွာထဲ လည်း တစိုက် မတ်မတ် မဝင် နိုင်ခဲ့ပါ။အဖြစ် အပျက်တွေနဲ့ ပျော်မော ကြေကွဲ ရင်း မနေနိုင် လို့ ရေးရ ခြင်း ဖြစ်တဲ့ ကဗျာကို သာရေး ဖြစ် ခဲ့ သည်။ တလောက ပြည် ဂျာနယ် ဆိုတာ စထွက် သည်။ထုတ်ဝေသူ ခမျာ ကျွန်တာ် ရန်ကုန်လာတယ် သတင်းကြား လို့ ဖုန်းဆက် လိုက်ရှာ ။ ကျွန်တာ် က လည်း သူ့ဂျာနယ် ကိုအောင် မြင်စေချင်ပါသည်။
အခု အပတ် ၁ရက်နေ့ ထွက် မယ် ဆိုပဲ၊ မီးပျက် လို့ နှစ်တိုက် ခွဲ ရိုက်ရတယ် (၂)ရက်နေ့မှ ထွက် မယ် တဲ့။ အဆိုတော် ခင်ဝမ်း အကြောင်း ကို တခါက ခင်ဗျား ရေးတာ ဖတ်ဖူးတယ် အနုပညာဂျာနယ်မှာတဲ့။ အခု ရေးပေး ပါ အုံးဆိုတော့ သူ့ မှတ ်ဉာဏ် အားက မသေး။ ကြာခဲ့ တာကိုတောင် မှတ်သား ထား လို့ ။ ဆိုတော့ ကား ကျွန်တော် က တသသနဲ့ မေ့မရတဲ့ ပြည် မှာဆောင်း ဆိုပြီး အကြမ်းဖျင်းလေးရေး မိပါတယ်။
သူပေးတဲ့ စာမျက်နှာက တော်တော် နည်းတာကိုး။ တကယ် လို့ များ ခဲ့ရင် တော့ လွမ်းတယ် ဆို ဒီက ပိုသပေါ့ ကိုပေးလိုက် မယ်။ဆရာ ဘလက်ရဲ့ စာမူ။ တော်တော် ကောင်းတာကိုး။ နောက် ထပ် စာမူ တစ်ခုလောက် ချီးမြှင့်ပါ ဆိုတော့ ဘယ်မှာရှိမှာလဲ ဒီတော့ ဒီ စာမူလေးကို ပေးလိုက်ရပါတယ် ။ ထုတ်ဝေသူ က ဖတ်ပြီး ကောင်းတယ်ဗျာ ..တဲ့။

မေတ္တာစက်ဝန်းလေးဖြန့်ကြရအောင်
နိုင်ငံကျော် ရုပ်ရှင်မင်းသား အဆိုတော် ဒါရိုက်တာ စာရေးဆရာ လို့သုံးနှုန်းရင် ခုခေတ်လူငယ်တွေက စိုင်းစို်င်းခမ်းလှိုင်ပဲ မြင်ကြမှာပါ။
အခြားဒီလို စွယ်စုံရတွေလည်း ကျွန်မ မသိတဲ့ အနုပညာရှင်တွေ ရှိကြအုံးမှာပါ။
ကျွန်မတို့ ငယ်စဉ်ကတော့ ဒီလိုသုံးနှုန်းရင် ကွယ်လွန်သူ ကိုဝင်းဦးကြီးကိုဘဲ မျက်စိထဲ ပြေးမြင်ကြပါတယ်။
သူ့ရဲ့စွယ်စုံ အရည်အချင်းတွေထဲမှာ ကျွန်မအကြိုက်ဆုံးကတော့ သူရေးတဲ့ ဝတ္ထုတွေပါဘဲ။
အခုပြောချင်တာကတော့ သူ့ဝတ္ထုတွေထဲက ရုပ်ရှင်လည်း ရိုက်ဖြစ်တဲ့ ကြင်နာသူ့အသဲ ဆိုတဲ့ဝတ္ထုလေးပါ။
ဒေါက်တာ့စာမူ ပေးလိုက်တော့ အယ် ဒီတာ ကလည်း တော်တော် သဘောကျ နေတယ် ။ အခုစာရေးနေတုန်း ဖုန်းနဲ့ လှမ်းပြောနေသေးတယ် ။ဆရာရေ့ ရအုံးမလားတဲ့ ။ ကျုပ်ကလည်း ခေသူ မှ မဟုတ်တာလေ ဘယ်လောက်လိုလည်း လို့ မေး မိပါတယ်။
တကယ်ပြောရရင် ဂေဇက် ရွာသားတွေ ထဲမှာ စာရေးကောင်းသူတွေ များ သမှ သိပ်များ။ ကျုပ်က အခု အိမ်မဲမြို့နယ် မဂ္ဂဇင်း ထုတ်မှာ ။မြို့နယ် မဂ္ဂဇင်းကိုး။ သို့သော် စာမူ ကောင်းတွေ ဂေဇက်မှာရှိတယ် လေ
ကာယကံရှင်တွေကို ခွင့်ပြု ချက် တောင်းထားပြီးသား။ စာစီရင် သေချာ ထပ် တောင်းပါ့မယ်။
ဒါလေးပါ။ ဒါလေး ပြောချင်လို့ ဝင်ရေးတာ အမှားပါရင် ခွင့် လွှတ်ပါ။ နောက် ၁၅ရက် တစ်ပတ် ပြည် ဂျာနယ် မှာလည်း ဂေဇက်ရွာသား စာတွေပါ အုံးမယ် ။ ကျွန်တော် က ဖုန်းဆက် ခွင့်တောင်းမှာပါ။

17 comments

  • kai

    February 28, 2013 at 4:00 am

    ဆိုတော့.. ဘယ်သူတွေရဲ့စာတွေပါသွားတာ/ပါကြမှာလည်းဟင်င်င်..
    ဒီမှာတော့.. သတင်းလေးတင်.. အကြောင်းလေးကြားပေးပါနော..
    ပုံနှိပ်ဖေါ်ပြခံရသူတွေကလည်း.. တိတ်တိတ်ကလေးမနေ.. သတင်းရေးကြပါနော..။

    ရွာသူားတွေ.. ဂုဏ်ယူပျော်ကြရအောင်လို့…။ :528:

  • ရာမည

    February 28, 2013 at 9:26 am

    တစ်ခုလေးပြောခွင် ့ပြုပါ ။
    ဒီဆိုက်မှာတင်ပြီးသားစာမူက ဒီဆိုက်ရဲ ့ ပိုင်ရှင်အယ်ဒီတာနဲ့ရောဆိုင်သလားဆိုတာမသိဘူး ။အယ်ဒီတာထံလည်းအကြောင်းကြား
    အသိပေးသင် ့တယ်ထင်တယ်။
    ပုံနှိတ်ဖေါ်ပြသည် ့အခါမှာလည်း ဘယ်ဆိုက်မှာတင်ခဲ ့ပြီး လို ့မှတ်ချက်ပါရင်
    ရေးတဲ ့ဆိုက်ရဲ ့ဂုဏ်နဲ့ ဆိုက် ကိုပါလူပိုသိမယ်ထင်မိလို ့ပါ။
    မှားရင်ခွင့်လွှတ်ပါ။

    • kai

      February 28, 2013 at 1:33 pm

      မှန်ပါတယ်..
      တကယ်တော့.. ဒီဆိုက်က.. နောက်မှာကမ္ဘာတန်းမီဒီယာဘက်ကပ်ရှိနေတော့.. (ပိုပြီး) အသိပေး..ပြောသင့်တာပေါ့..
      အယ်ဒီတာ့ကျင့်ဝတ်ပါ…

      ပရို.. ပရောဖက်ရှင်နယ်…. :kwi:

  • ဦးကြောင်ကြီး

    February 28, 2013 at 10:11 am

    ဒေါက်တာချက်ကြီးဆိုက်မှာ ကျနော်ရေးတဲ့ “ပြာသိုညချမ်းချိန်ခါဝယ်” ရင်သိမ့်တုန် ခြစ်စစ်ခြစ်ကြမ်း စာမူတပုဒ်ပါဗူးတယ်။ လိုဂျင်ရင်ပေါဗာ… ဓာတ်ပုံတွေနဲ့ ဝေဝေဆာဆာဂျီးဗျ…

  • Wow

    February 28, 2013 at 11:04 am

    ဂုဏ်ယူပါတယ် အန်တီပဒုမ္မာ…
    ပြည်ဂျာနယ်မှာလဲ အန်တီ့ဆောင်းပါး ပါမှာလား…

  • mamanoyar

    February 28, 2013 at 1:23 pm

    စောင့်မျှော်အားပေးလျှက်ပါရှင်

  • awra-cho

    February 28, 2013 at 3:31 pm

    နာ့လဲ ဒူမှ ပြောကြပါလား၊ (နောက်တာ) ကိုယ်တွေက ရပ်ကွက် မဂဇင်း ထုတ်ရင်တောင် ပါမှာဟုတ်ဘူး၊ စာရေးတာ ကောင်းချက်က၊ အမြဲတမ်း ပရိတ်သတ်လုပ်ပြီး အားပေးနေ ပါတယ်ဗျို့၊ ဦးကြောင်ကြီး စာဖတ်အုံးမှ

  • htet way

    February 28, 2013 at 3:49 pm

    ကျွန်တော် ရဲ့ သတိလက်လွတ် မှု အပေါ် ဦးစွာ သူကြီးကိုတောင်းပန်ပါတယ် ။
    ဂေဇက်က စာမှုတွေ ဟာ ရေးသူ ပိုင်သလို အခြား စာမျက်နှာ အတွက် ပေးချင် ရင်တော့
    သူကြီး ခွင့်ပြု ချက် လို အပ်ပါတယ် ။
    ကျွန်တော့် စာမူတွေကို ဂျာနယ် တွေမှာ သုံး ခဲ့ မိပါတယ်။
    အခု ..ဒေါက်တာ ပဒုမ္မာ စာမူကို ပြည် ဂျာ နယ်မှာ သုံးစွဲ ခွင့် ပြု ဖို့ လည်း
    ခွင့်တောင်းခံပါတယ် ခင်ဗျား။
    ကျွန်တာ် စာမူများကို လည်း အခြား ဂျာနယ်များတွင် ပို့ ခွင့်ပြု ပါလို့ တကယ် လေးစားစွာ
    တင်ပြ တောင်းခံပါတယ်။
    အမှန်တော့ ဂေဇက်က စာမူတွေ ကို သူကြီး ပိုင်ပါတယ်။ကျွန်တော်က လည်း
    ကိုယ့်ရွာကို ကိုယ် တန်ဖိုး ထားဂုဏ်ယူပြီး အယ် ဒီတာကို ပေးလိုက် မိတာပါ။
    ဂျာနယ် တော့ မထွက်သေးပါ။

    ခင်မင်လေးစားစွာ ဖြင့်
    ထက်ဝေး

    • kai

      March 1, 2013 at 12:08 am

      ဆရာထက်ခင်ဗျ.. သုံးနိုင်ပါတယ်..။
      သုံးပေးစေလိုပါတယ်နော..။

      ခွင့်ပြုပြီးသားပါ..။ ဂဇက်ရွာရဲ့ရည်ရွယ်ချက်တခုက..စာစောင်တွေ.. သတင်းစာတွေက.. ဒီရွာထဲကစာမူတွေ သုံးကြစေ..သုံးစေချင်…
      နောက်.. ဒီထဲရေးသူတွေက.. စီဂျေတွေ..စာရေးဆရာတွေဖြစ်သွားစေချင်တာမို့ပါ…။
      အဲ.. တချိန်ချိန်မှာ..
      သတင်းခ.. စာမူခကောင်းကောင်းမွန်မွန်ရဖို့လည်း.. ရည်ရွယ်ထားပါတယ်..။

      အခွင်သာတဲ့တနေ့ကျရင်.. .
      ကျုပ်ကိုယ်တိုင် စာမူတွေလိုက်ရောင်းပေးမှာ. စာမူခတောင်းပေးမှာ… :harr:

  • padonmar

    February 28, 2013 at 9:17 pm

    သူကြီးနဲ့ဆရာထက်ရေ
    ဆရာထက်ကသာ ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြီး လူနိုင်ဂျာနယ်တွေကို အတင်းထည့်ခိုင်းလို့
    ကျမစာမျိုး ဂျာနယ်ထဲပါမှာပါ။
    တကယ်တော့ စာရေးနည်း အတတ်ပညာလည်း မတတ်ပဲနဲ့ ပြောချင်တာရှိမှ ထထရေးတဲ့ ကျမကို မဂ္ဂဇင်းတွက် စာမူပေးပါဆို ကျမ ဘယ်ရေးပေးတတ်ပါ့မလဲ။
    ဒါ့ကြောင့် ဂဇက်ထဲကသာ ကြိုက်တာရွေးယူလို့ ခွင့်ပေးရတာပါ။
    သူကြီးနဲ့ ဂဇက်ကျေးဇူးကြောင့် ကိုယ်ပြောချင်တာတွေ လူသိအောင် ပြောခွင့်ရတာပဲ ကျေးဇူးတင်လှပါပြီ။
    တစ်ခြားဆိုက်တွေလည်း မသိဘူး။သိရင်လည်း သွားတင်ဖြစ်မှာမဟုတ်ဘူး။
    ဂဇက်က ကိုယ့်အိမ် ကိုယ့်ရွာပဲ။
    အဲတော့ ကျမစာတွေကို ဂဇက်က ပိုင်ပါတယ်။
    ကျမရဲ့ ကဘောက်တိကဘောက်ချာတွေကို ကိုယ့်မောင်နှမတွေ တစ်ပုဒ်သုံးသုံး တစ်ပိုင်းသုံးသုံး ကြိုက်သလိုသာသုံး ကျမကတော့ ခွင့်ပေးပြီးသားလို့သာ မှတ်လိုက်ပါ။
    သူကြီးခွင့်ပြုချက်သာ ယူလိုက်၊(သူကြီးခေါင်းပေါ် အထုပ်ကြီး ပစ်တင်လိုက်တာ)

  • marblecommet

    March 1, 2013 at 12:38 am

    ရွာထဲမှာ တင်တဲ့စာမူ တွေကို သကြီး ပိုင်တာတော့ ဟုတ်ကဲ့ဗျ
    တစ်ခုလောက်မေးချင်လို့ဗျ
    ဒါဆိုရင် ကျနော့်စာမူတစ်ပုဒ် သူကြီးဆိုက်မှာ တင်တယ်ဆိုရင်
    ကျနော်က အခြား ပုံနှိပ်မီဒီယာဖြစ်ဖြစ်
    ွှအွန်လိုင်းမီဒီယာဖြစ်ဖြစ် ထပ်ပို့မယ်ဆိုရင်
    သကြီးဆီက ခွင့်တောင်းရဦးမှာလား သိချင်တယ်ဗျ
    ဘာလို့ဆို
    ရွာထဲကို ဝင်စတုန်းကတော့
    ကျနော့် ရဲ့ စာနယ်ဇင်းမှာ ပါပီးသား စာမူအချို့ကို
    ရွာထဲမှာ ပြန်တင်တာမျိုး ရှိတယ်
    နောက်
    ရွာကို သံယောဇဉ်ဖြစ်လာတဲ့ နောက်ပိုင်းမှာတော့
    ကျနော့်ငယ်ချစ်
    စာနယ်ဇင်းတွေခမြာ
    ဂဇက်မှာကျနာ် တင်ပြီး သုံးပြီးမှ မက်ဂဇင်းမှာ ပြန်သုံးရတာမျိုးရှိတယ်
    မက်ဂဇင်းတိုက်မှာတော့တိုက်ပြိုင်ပို့တာမျိုး အယ်ဒီတာတွေ မကြိုက်ကြဘူး
    စည်းကမ်းချက်လည်း ထုတ်ကြတယ် (ခြွင်းချက်အရ ဆရာကြီး မောင်သာရကတော့
    ရေးတတ်ရင် ဝတ္ထုဖြစ်တယ်ဆိုတဲ့ စာအုပ်မှာ ကြိုက်သလောက်ပို့ကြဖိုု့တိုက်တွန်းဖူးတယ်)
    အဲဒါလေး…….ပါခင်ဗျ.
    လေးစားတဲ့……

    • kai

      March 1, 2013 at 3:51 am

      (သာမန်အားဖြင့်) စာမူကို စာရေးသူကပဲ ပိုင်တာပါ..
      ဒီမှာတင်မယ်ဆို.. ကျုပ်က.. ဆိုင်သွားတာပါ..။ မပိုင်ပါဘူး..။

      တခြားမှာ တင်မယ်ပို့မယ်ဆို.. ဒီမှာခွင့်တောင်းဆိုတာထက်.. အသိပေးသွားတာပိုကောင်းမှာပါ..
      မားကက်တင်းပေါ့လေ..
      ရွာသူားတွေထဲကအပြင် .. တခြားဖတ်မိသူတွေလည်း အဲဒီစာမူပါတဲ့..စာစောင်..မဂ္ဂဇင်း.. သိသွားပြီး.. အားပေးဖတ်နိုင်တာမို့ပါ..။

      ပြီးတော့.. ဟိုမှာဖက်က.. အယ်ဒီတာကိုလည်း.. မန်းဂဇက်မှာတင်ထားပြီးဆိုတာ… အသိပေးပြောသင့်တာပေါ့..
      ဒါမှ..သူတို့က ဘာလုပ်ရမလည်း ..တွေးနိုင်စဉ်းစားနို်င်မှာပေါ့..
      ဖြစ်နို်င်ရင်တော့.. ရွာထဲတင်တဲ့အတိုင်း.. စာမူချွတ်စွပ်ကို.. ပို့တာထက်.. ဒီရွာထဲတင်ရင်.. ရလာတဲ့ကော်မန့်တွေကနေ.. အိုင်ဒီယာတချို့.. စာတချို့တိုးထည့်ပြီး.. ပြန်ရေးပြီးမှ ပို့ရင်.. ပိုကောင်းသွားမယ်ထင်တာပါပဲ..
      အဲဒါဆို. စာမတူတော့တာမို့.. ကိုယ့်ဆုံးဖြတ်ချက်..အခွင့်အရေးဖြစ်သွားတာပေါ့…

      ဒီရွာထဲတင်တာရဲ့အားသာချက်က… အပြန်အလှန်ဆွေးနွေးရေးတာတွေနဲ့.. ပိုလှ..ပိုပြည်စုံတဲ့စာတပုဒ်ဖြစ်သွားနိုင်တာပါပဲ.. လို့..။ :harr:
      =
      အခုလောလောဆယ်..
      ဆရာကြီးမောင်သာရကိုယ်တိုင်ကတော့.. အခု.. ကျုပ်တို့သတင်းစာကို စာမူပို့ရင်.. တခြားဘယ်သူ့ဆီမှ ကော်ပီမပို့ဘူး..
      နောက်ပြီး.. သူ့စာတွေကို.. သူ့သမီးက ပြန်ထုတ်ခွင့်တောင်းတာလည်း.. ခွင့်မပေးဘူး.. :kwi:

      • marblecommet

        March 1, 2013 at 9:44 am

        သကြီးခင်ဗျား
        မက်ဂဇင်း ဂျာနယ်တွေကို
        တိုက်ပြိုင်ဘယ်တော့မှ မပို့ခဲ့ပါဘူး…..
        အွန်လိုင်းမီဒီယာနဲ့ ပုံနှိပ်မီဒီယာ ပေါ်မှာ စာရေးသူ
        တစ်ယောက်ရဲ့ ဖြတ်သန်းပုံအရ
        သဘောသဘာဝလည်း မတူပါဘူး.
        ဒါကြောင့် လိပ်ပြာ သန့်သန့်နဲ့ လွတ်လွတ်လပ်လပ်
        သုံးခဲ့ပို့ခဲ့တာပါ….
        အွန်လိုင်းမှာသုံးတဲ့ စာမူတစ်ပုဒ်
        အခြားမှာပို့လို့ ချွတ်စွပ် တူမတူ ဆိုတာက
        စာရေးသူတစ်ယောက်ရဲ့ မူပိုင်ဖြစ်လို့
        စာရေးသူရဲ့ အခွင့်အရေးပဲလို့မြင်ပါတယ်
        သကြီး သကြီးပြောသလို
        ကွန်မန့်တွေက
        အိုင်ဒီယာတွေနဲ့ ထပ်မံ မွမ်းမံမယ်ဆိုလည်း
        နောက်ထပ် ဆင့်ပွားစာ အသစ် တစ်ပုဒ်အနေနဲ့သာ ဖန်တီး
        ရေးဖြစ်ပါလိမ့်မယ်..
        ………..
        အခု လောလောဆယ်
        ဆရာ မောင်သာရ
        ဘယ်လိုလုပ်နေတယ်
        သူ့အနုပညာ ပစ္စည်းကို ဘယ်လို
        အသုံးပြုနေတယ် ဘယ်လို သဘောထားနေတယ်
        ဆိုတာတော့ ကျနော်မသိဘူးဗျ
        ဒါပေမဲ့ စာအုပ်ပေါ်မှာ
        သူပြောခဲ့ရေးခဲ့တိုက်တွန်းခဲ့တာကို
        အမှတ်ရရ ပြောချင်တာပါပဲဗျာ….
        သူကိုယ်တိုင်ပြောခဲ့ ရေးခဲ့တာ
        အခု သူ ဘယ်လိုသဘောထားတော့သလဲတော့
        မသိဘူးပေါ့ဗျာ..

  • MaMa

    March 1, 2013 at 6:52 am

    အွန်လိုင်းမီဒီယာပေါ်မှာ စာရေးရာကနေ ပရင့်မီဒီယာထိ ပေါက်ရောက်အောင်မြင်နိုင်တာ ဂုဏ်ယူစရာပါပဲ။
    ယခုလို အောင်မြင်ပေါက်ရောက်စေဖို့…….
    လက်စွမ်းပြနိုင်အောင် အခွင့်အရေးပေးတဲ့ မန်းဂဇက်သဂျီးနဲ့
    လက်စွမ်းထက်သူတွေကို ရွေးချယ်ကောက်သီလို့ စင်တင်ပေးသူ ဆရာထက်တို့ကို ကျေးဇူးတင်မိသလို
    လက်စွမ်းထက်သူ ကိုဘလက်၊ ပဒုမ္မာ တို့အတွက်လည်း ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါကြောင်းးးးးးးး :hee:

  • htet way

    March 1, 2013 at 7:31 pm

    ဆရာမ ..မမခင်ဗျား
    [လက်စွမ်းထက်သူတွေကို ရွေးချယ်ကောက်သီလို့ စင်တင်ပေးသူ ဆရာထက်တို့ကို]
    ကျွန်တာ်က ဒီလောက် မဟုတ်ပါဘူး ။
    အခွင့် သင့် လို့ပါ ။၂ရက်နေ့ နက်ဖြန် ထွက်မယ့် ပြည် ဂျာနယ်မှာ ဒေါက်တာ့ စာပါ မယ်။
    ကို ဘလက်ရဲ့ စာမူ
    {ကမ္ဘာသိ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းက ပြောခဲ့တာတဲ့ ကျောင်းဒကာကြီးတို့ရေ…။
    မအ အောင် သမိုင်းကို လေ့လာတာပါ တဲ့…။
    ခင်ဗျားတို့ရော သမိုင်းကို ဘယ်လောက်လေ့လာထားမိကြပါသလဲ…။
    ဘလက်ကြီးကတော့ သမိုင်း ကိုကျော်ပြီး ခဝဲခြံအလွန်က စက်မှုတက္ကသိုလ်ကျောင်းတော်ကြီးအထိ လေ့လာခဲ့ဘူးပါတယ်တဲ့…။
    နောက်တာပါဗျာ…။}
    ဒါကိုတော့ အယ်ဒီတာ လက်ထဲ ထည့်ပေးထားပါတယ် ။နောက် အပတ် အတွက်ပါ။
    တကယ်ပြောရရင် ..ဂေဇက်က လက်တွေ ကိုလေးစား လွန်းလို့ပါ အခွင့် သင့်တုန်း
    ဆောင်ရွက်ပေးရတာ ဝမ်းသာ မိပါတယ်။
    နောက် တခုက ကျွန်တော့် မြို့နယ် မဂ္ဂဇင်း အတွက်လည်း စီစဉ် ထားပါတယ် မကြာ ခင် သတင်း အဖြစ်ရေးပေးပါ့မယ်

  • htet way

    March 1, 2013 at 7:39 pm

    စကား ကြွင်းအဖြစ်
    ဂေဇက်က ဆရာနေဝန်းနီ ရဲ့ ကဗျာရယ် ၊ ကန်တော်ကြီးမှာ ဂေဇက် ဆုပေးပွဲ သတင်းရယ်
    ကို ပြီးခဲ့တဲ့ အပတ် ထုတ် ဖန်စီမှာ ဖေါ်ပြ ပါရှိပါတယ် ။ ဖန်စီဂျာနယ် ဆိုတာ
    ၁၅ရက် တခါ ထုတ်ပါ။
    ဆရာနေဝန်းနီ ဆိုတာလည်းရွာသား ကြီးပဲ မလား

    • နေဝန်းနီ

      March 1, 2013 at 9:51 pm

      ကိုထက်ဝေးရေ….. ဖန်စီမှာပါခဲ့တယ်ဆိုတဲ့ ကဗျာ က ရွာထဲမှာမတင်ရသေးဘူးဗျ…။ ဂျာနယ်မှာပါပြီးသားမို့ ဂဇက်တက်မှာတင်ရင် အောက်ကမှတ်ချက်ရေးလို့ရပေမဲ့ အဲဒိကဂျာနယ်ရဲ့သဘောထားမသိသေးလို့ မတင်ဖြစ်သေးတာပါ…။

Leave a Reply