ယောက်ျားတွေ ဘာလို ့ညာကြတာလဲ ?

cobraJuly 21, 20101min704

တစ်နေ ့မှာ သစ်ခုတ်သမားတစ်ယောက်ဟာ မြစ်ကမ်းထက်နားက သစ်ပင်တစ်ပင်ရဲ ့အကိုင်းကို အားရပါးရ ခုတ်နေ ပါတယ် ။အဲ….အဲလိုခုတ်နေရင်းနဲ ့သူ ့ရဲ ့လက်စွဲတော် ပုဆိန်ဟာ မြစ်ထဲကို ပြုတ်ကျသွားပါလေရော။ သူလဲ ဘာလုပ်ရမှန်းမသိတော့တာနဲ ့ပဲ မြစ်ကမ်းနဖူးမှာ ထိုင်ငိုနေမိတယ်။အဲဒီအချိန်မှာ မြစ်ကို စောင့်တဲ့ နတ်မင်းကြီးပေါ်လာပြီး သစ်ခုတ်သမားကို အခုလိုမေးသတဲ့ ။

“အသင် ဘာကြောင့် ငိုနေရတာလဲ ?”

“ကျွန်တော်မျိုး ရဲ ့ပုဆိန် မြစ်ထဲကို ကျသွားလို ့ပါ အရှင် ။ ပုဆိန်မရှိ ပဲကျွန်တော်မျိုုးဘယ်လို အလုပ် ဆက်လုပ်ရ ပါ့မလဲ “လို ့သစ်ခုတ်သမားက ပြန်ဖြေတယ် ။
နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ရွှေပုဆိန်တစ်လက် နဲ ့အတူ ပြန်ပေါ်လာပါတယ်။ပြီးတော့ သစ်ခုတ်သမားကို မေးတယ်။

“ဒါ သင်၏ ပုဆိန်လား ? ”
“မဟုတ်ပါဘူး အရှင်” သစ်ခုတ်သမားက ပြန်ဖြေတယ်။

နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ငွေပုဆိန်တစ်လက် နဲ ့အတူ ပြန်ပေါ်လာပြန် ပါတယ်။

“ဒါ သင်၏ ပုဆိန်လား ? ”
“ဒါလဲ မဟုတ်ပါဘူး အရှင်” သစ်ခုတ်သမားက ထပ်ဖြေတယ်။

နောက်တစ်ကြိမ် နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး သံပုဆိန်တစ်လက် နဲ ့အတူ ပြန်ပေါ်လာပြန် ပါတယ်။

“ဒါ သင်၏ ပုဆိန်လား ? ”
“ဟုတ်ပါတယ်” သစ်ခုတ်သမားက ဝမ်းသာအားရ နဲ ့ဖြေတယ် ။

နတ်မင်းကြီးဟာ သစ်ခုတ်သမားရဲ ့ ရိုးသားမှု ကို နှစ်သက်ကျေနပ်သွားပြီး ပုဆိန် (၃) လက်လုံးကို ပေးလိုက်တဲ့ အခါ သစ်ခုတ်သမားလည်း ဝမ်းသာအားရနဲ ့ အိမ်ကို ပြန်သွားပါတော့တယ် ။

*******************************************

သိပ်မကြာတဲ့ ကာလတစ်ခုမှာ သစ်ခုတ်သမားဟာ သူ ့ရဲ ့ဇနီး နဲ ့အတူ မြစ်ကမ်းနဘေးကို လမ်းလျှောက်ထွက် လာခဲ့ပါတယ်။မမျှော်လင့်ပဲ သူ ့ရဲ ့မိန်းမဟာ မြစ်ထဲကို ခြေချော်ပြီး ပြုတ်ကျသွားပါရော ။ ဒီတစ်ခါလည်း ဘာလုပ် ရမှန်းမသိ ငိုနေတဲ့ အတွက် မြစ်စောင့်နတ်မင်းကြီးဟာ ပေါ်လာပြန်တယ်။

“ဟယ်… မောင်မင်း ဘာဖြစ်လို ့ငိုနေရပြန်တာတုန်း?”

” ကျွန်တော်မျိုးရဲ ့ မိန်းမ မြစ်ထဲကို ပြုတ်ကျသွားလို ့ပါ ။မိန်းမ မရှိပဲကျွန်တော်မျိုး ဘယ်လိုလုပ် အဲ…ဘယ်လိုလုပ် ရပါ့မလဲ ”

နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး “မိုးဟေကို” နဲ ့အတူ ပြန်ပေါ်လာပါတယ်။ပြီးတော့ သစ်ခုတ်သမားကို မေးတယ်။

“ဒါ သင်၏ မိန်းမ လား ? ”
“ဟာ…ဟုတ်ပါတယ်” အော်ပြီးတော့ကို သစ်ခုတ်သမားက ပြန်ဖြေလိုက်တယ် ။
နတ်မင်းကြီးဟာ ဒေါသအလွန်ထွက်သွားပြီး ပြောတယ်-
“မင်း ညာတယ် ။ ဒါဟာ လိမ်လည်မှုပဲ ”

“အိုး….ခွင့်လွှတ်ပါ အရှင်။ ဒါဟာ အထင်လွဲမှားမှု တစ်ခုပါ ။ ကျွန်တော်မျိုးရှင်းပြ ပါရစေ။ တစ်ကယ်လို ့ ကျွန်တော် မျိုးက “မိုးဟေကို” ကိုမဟုတ်ပါဘူးလို ့ ငြင်းခဲ့မယ်ဆိုရင် အရှင်က “သင်ဇာဝင့်ကျော်” နဲ ့အတူ နောက်တစ်ကြိမ် ပေါ်လာဦးမယ် ။အဲ ကျွန်တော်မျိုးက မဟုတ်ပါဘူး ထပ်ပြောမှအရှင်က ကျွန်တော်မျိုး မိန်းမ ကို ခေါ်ပြီးပေါ်လာမယ် ။ အဲဒီ အခါကျ ကျွန်တော်မျိုးက “ဟုတ်ပါတယ်” ဆိုရင် အရှင်က သဘောကျပြီး (၃) ယောက်လုံး ကျွန်တော်မျိုးကို ပေးပါတော့မယ် ။ နတ်မင်းကြီးရယ်…ကျွန်တော်က ဆင်းရဲတဲ့ သစ်ခုတ်သမားလေး ပါ ။ ဘယ်လို လုပ်ပြီး မိန်းမ (၃)ယောက်ကို ဂရုတစိုက် လုပ်ကိုင်ရှာဖွေ ကျွေးနိုင်ပါ့မလဲ ။ ဒါဆိုရင် ကျွန်တော်ဘာ ကြောင့် လိမ်ညာရတယ် ဆိုတာ အရှင်သဘောပေါက်မယ် ထင်ပါတယ် ”

4 comments

  • kopauk mandalay

    July 21, 2010 at 4:36 pm

    တော်ကြာ ဟေကို သင်ဇာ အိန်ဒါ အေးမြတ်သူမဟုတ်ဘဲ
    အလှဖန်တီးရှင်ခေါ်လာလို့ကတော့ကွာ…………………………………….

  • mi mi

    July 22, 2010 at 3:42 am

    သူ ညာပုံကတစ်မျိုးကြီးပါလား…….

  • လင်းဝေကျော်

    July 22, 2010 at 3:50 am

    မိုးဟေကို အစုတ် ပိန်ကပ်မဲကြီးကို မက်စရာလား

Leave a Reply