ကိုယ့်အတွေးနဲ့ ကိုယ် ( လူကူးမီးပွိုင့် )

ကထူးဆန္းFebruary 28, 20131min29424

ဘေးထိုင် ဘိုင်ကျ ဘုပြော တယ် တော့ မပြောပါနဲ့ဗျာ ..

ကထူးဆန်း ဘေးထိုင်တာလည်း မှန်ပါတယ်။

ကထူးဆန်း ဘိုင်ကျတာလည်း မမှားပါဘူး ။

ကထူးဆန်း ဘုတော့ မပြောတတ်လို့ ဘေးထိုင်ဘိုင်ကျ ဘုပြောတဲ့ အထဲ က တစ်ချက်ကြီးများတောင် ကင်းလွတ်နေတာမို့ အဲ့ဒီလို ပြောနဲ့ ပေါ့ဗျာ ။

မျက်စီရှေ့ ရောက်ရောက်လာတော့လဲ အဟဲ .. ဘု မပြောပါဘူး ။ ရိုရိုသေသေလေးဘဲပြောတာပါ ။

ကြည့်ပါလားဗျာ ။

ကျွန်တော်တို့ ဘဘကြီးတွေ က ရန်ကုန်မြို့ကြိးကို စကာင်္ပူ မှီအောင် လုပ်မယ်ဆိုပြီး လုပ်တာပေါ့ ဗျာ ။

မီးပွိုင့်တွေမှာ လူကူး မီး စိမ်း မီးနီတွေ တပ် တာပေါ့ ။

မယုံဘူးလား ၊ အောက်ပုံ ကိုကြည့် ။

လူကူးမီးစိမ်းတော့ မိန်းကလေး လဲ အေးအေးဆေးဆေး အန္တာရယ်ကင်းကင်း ဖြတ်ရတာပေါ့ဗျာ။ ဘယ်လောက် ကောင်းတဲ့ အစီအမံလည်း ။

လမ်းကူးမီးစိမ်းတော့ အေးဆေးပေါ့
လမ်းကူးမီးစိမ်းတော့ အေးဆေးပေါ့

ကားတွေ ကွေ့လာပြီဆိုတော့ ခပ်မြန်မြန် ဖြတ် ပေးရမှာပေါ့ ။ တော်ကြာနေ နီသွားရင် မကောင်းဘူးလေ။

အဲ ကားတွေဝင်လာပြီ.. ခပ်သုတ်သုတ်လှမ်းမှ ..
အဲ ကားတွေဝင်လာပြီ.. ခပ်သုတ်သုတ်လှမ်းမှ ..

ဒါပေမဲ့ ဒါပေမဲ့ ပေါ့ဗျာ ။ ကားတွေ တစ်စီး မှ လူကူး စီမ်း နေတဲ့ အတွက်ဆိုပြီး ရပ်မပေး တော့ မိန်းကလေး မှာ ဆံပင်တွေ ထောင် အောင်ပြေးရ ရှာပြီပေါ့ ။

ဟယ် တစ်စီးမှလဲ မရပ်ပေးတော့ ဆံပင်ထောင်အောင် ပြေးရပြီပေါ့
ဟယ် တစ်စီးမှလဲ မရပ်ပေးတော့ ဆံပင်ထောင်အောင် ပြေးရပြီပေါ့

အဲဒါလေး ဘဲ ပြောချင်တာပါဗျာ ။

မီးနီ မီးစိမ်း ယဉ်ကျေးမှု့ မလို်က်နာ တတ်တဲ့ သူတွေဆီမှာ အသုံးပြုနေတော့ အန္တာရယ် ပို ဖိတ်ခေါ်နေသလိုပါဘဲ ။ ဒီနေရာမှာ နိုင်ငံခြားမှာ အနေကြာသူ ၊ နိုင်ငံခြားသူ သားများ ဆိုရင် စိမ်းနေတဲ့ အတွက် အန္တာရယ် ကင်းတယ် အမှတ်နဲ့ ဖြတ်မှာဘဲ ။ အဲ့ဒီ့ အချိန် …..ဝူး …. ဆက်မတွေးတော့ပါဘူး ။။

စိတ်ပူမိပါသည် ။

အဲ နဲနဲ တော့ လျှာ ထပ်ရှည်ပါရစေ ။

အခု ရိုက်ထားတဲ့ နေရာက ရွှေတိဂုံဘုရားလမ်း နဲ့ ဗိုလ်ချုပ်လမ်း ထောင့် ။ ဗိုလ်ချုပ်အောင်ဆန်း ဈေး ဘက် ပွိုင့် ။

ဗိုလ်ချူပ်လမ်း ဘက်က မီးနီနေတဲ့ အတွက် ဗိုလ်ချုပ်လမ်း ဘက် က လူကူးကို စိမ်းပေးတာပါ ။ ဒါပေမဲ့ ဒီ ဗိုလ်ချုပ်ဈေး ဘက်က ရွှေတိဂုံ ဘုရားလမ်းက လာတဲ့ ကားတွေ ကွေ့ ဝင်တာ မို့လို လူကူး စိမ်းမယ် ဆိုလည်း ကွေ့ ကားတွေ မောင်းနိုင်အောင် လူကူး မီးပွိုင့်စိမ်းခြင်းကို အချိန်အတိုင်းအတာ တစ်ခု အထိဘဲ စိမ်းပေးသင့်ပါတယ် ။

ဗိုလ်ချုပ်လမ်း မီး စိမ်း ထဲ့ အထိ အဲ့ဒီ့ လူကူူး ကို မီးစီမ်း ပေးထားလို့ မရပါဘူး ။ အခုတော့ အဲ့ဒီ့ လူကူးမီးစိမ်းက လည်း ဗိုလ်ချုပ်လမ်း မီးစိမ်း တဲ့ အထိ စိမ်းပေးထားတော့ တကယ် စည်းကမ်း လိုက်နာမဲ့ ကားဆို ကွေ့ဝင်သွားလို့ မရတော့ပါဘူး ။ ဒါကိုလည်း မီးစိမ်း မီးနီ တပ်ဆင်သူ တာဝန်ရှိသူများ သိရှိ ပြုပြင်ဖို့ လိုမယ် ထင်ပါသည် ခင်ဗျ။

ကျေးဇူးတင်ပါသည် ခင်ဗျာ။

ကထူးဆန်း (ခ) အိုပါးလျှောက်ပူ

24 comments

  • Myo Thant

    February 28, 2013 at 3:26 pm

    ပြေးနိူင်မှ လွတ်မယ်ဆိုတာ
    လမ်းကူးသူတွေအတွက် လက်သုံးစကားဖြစ်နေပါပြီ

  • ခိုင်ဇာ

    February 28, 2013 at 3:29 pm

    ဟီးဟီး။ ကထူးဆန်း။ မသိလို့ပါ။
    ယာဉ်မောင်းလိုင်စင်ဆိုတာ မောင်းတတ်ရုံတင်မဟုတ်
    စည်းကမ်းတွေပါသိပြီး ဖြေနိုင်မှ ရတာဟုတ်ဘူးလား၊။

    :kwi:

  • weiwei

    February 28, 2013 at 3:34 pm

    စီဂျေကြီး အိုပါးလျှောက်ပူရေ …
    ကျွန်မတို့နားက ဘုရင့်နောင်တာဝါမီးပွိုင့်မလှမ်းမကမ်းကို တစ်ချက်လောက်လာပြီး ဓါတ်ပုံရိုက်ပြီး အော်ပေးပါလို့ ဖိတ်ခေါ်ချင်ပါတယ် …
    လမ်းဖြတ်ကူးရတာ ကြောက်စရာကောင်းလွန်းလို့ မိုးပျံနိုင်တဲ့အစွမ်းရချင်နေလို့ …

    • ကထူးဆန်း

      March 2, 2013 at 10:05 am

      ကိုမျိုးသန့် ရေ .. ပြေးနိုင်မှ လွတ်မယ် ဆိုတာ ရှိသလို တိုက်ရဲရင် တိုက်ကြည့်လေဆိုပြီး စိမ်ပြေနပြေဖြတ်ကူူးတဲ့ သူလည်း ရှိတယ်ဗျ။

      မသိလို့ မေးတာလား.. သိရဲ့နဲ့ မေးတာလား ခိုင်ဇာရေ..

      မဝေရေ ..ကျွန်တော်ကတော့ မသေခင် မြန်မာပြည်မှာ မိုးပျံလူကူး တံတားတွေ မြင်ချင်မိပါတယ် ။ ဒါပေမဲ့ မမှီတော့ဘူးထင်ပါတယ် …. :byae:

  • amatmin

    February 28, 2013 at 3:53 pm

    ဝိုးး မိုက်ဒယ်ဗျ..
    ဘရာဗိုပါ..စီဂျေကြီး…
    ပရက်စန်တေးရှင်း နဲ့ကိုရှင်းပြထားသကိုးး..
    ကျနော်တော့ ဆူးလေ ပတ်ဝန်းကျင်က မီးပွိုင့်ဒွေ ကူးဖြတ်မယ်ကြံတိုင်း ..
    တတ်နိုင်ရင်ဘေးနားမှာနိုင်ငံခြားသားအဖော်စောင့်ပီးမှ ရဲရဲကူးသဗျ.. 🙂
    ကားဆြာ တော်တော်များများက ဒင်းတို့ကိုများဆို.
    သေချာရပ်ပေးတဲ့အပြင်လက်ကလေးတောင်ပြလိုက်သေး..
    ဒီတော့ ကိုယ့်နိုင်ငံထဲမှာ လမ်းဖြတ်ကူးမယ်
    ဆိုတောင်နိုင်ငံခြားသားကို ပြန်အားကိုးနေရတဲ့ အဖြစ်.. 🙁
    ကျော်လည်း ကိုယ့်အတွေးနဲ့ကို ဝင်ပွားလိုက်သဗျာ..။

    • ခိုင်ဇာ

      February 28, 2013 at 3:58 pm

      ပဂိုးဒါး။ ပဂိုးဒါး
      ရန်ကုန်ရောက်ရင်တော့ လမ်းကူးရင်
      သူတို့ အားကိုးမို့ဟာကို နိုင်ငံခြားသားပြန်စောင့်ရမဲ့ကိန်းပဲ။ :mrgreen:

  • Mysterious

    February 28, 2013 at 4:30 pm

    လမ်းကူးမလို့လား …
    မျဉ်းကျားက ကူးပါ …
    မျဉ်းကျားပေါ်သို့ ခြေတစ်ဖက်ကို တင်လိုက်ပါ …
    ဘယ်ကြည့်၊ ညာကြည့်၊ ဘယ်ပြန်ကြည့်၊ ညာပြန်ကြည့် …
    ပြေး း း း း …………..
    အဲဒီလို ကူးပါမှ သံသရာတစ်ဖက်ကမ်း … အဲ ဟုတ်ပါဘူး
    လမ်းတစ်ဖက်ခြမ်းကို ရောက်ပါ၏။

    ဟူး … လမ်းကူးတဲ့ အခါတိုင်း ရင်မောလိုက်တာ။

  • garuda

    February 28, 2013 at 5:02 pm

    ဆိုးပါ့ဗျာ… တာဝန်ရှိသူများအားခေါ်ယူ၍..အဲ့ မီးပွိုင့်တိုင်မှာ..ကြိုးနဲ့တန်းလန်းဆွဲချထားပေးရမယ်။ ဘယ့် နှယ်ဗျာ..ဒါ..နိုင်ငံတော်လုပ်ကြံမှုပဲဗျ။

  • kai

    February 28, 2013 at 5:49 pm

    ယူအက်စ်မှာဘယ်လိုလုပ်သလည်းဆိုတော့… ရဲတအုပ်ကရှေ့ခပ်လှမ်းလှမ်းက ခိုးစောင့်နေပြီး.. မျဉ်းကျားကနေ.. လူ(ဗော်လန်တီယာ) ကိုဖြတ်ခိုင်းတယ်..

    လူဖြတ်တာ.. မရပ်တဲ့ကား.. ရှေ့ကစောင့်ပြီး.. ဆွဲတာပဲ..တစ်ကက်ပေးတာပေါ့…။
    နေ့တွက်..တော်တော်စီမယ့်သဘောရှိတယ်..
    တစင်း.. ဒေါ်လာ ၃-၄ရာချတာ…။ :kwi:

    • ကထူးဆန်း

      March 2, 2013 at 10:28 am

      အမတ်မင်းရေ .. ဟုတ်တော့ဟုတ်တယ်ဗျ ။ ကျွန်တော်တို့လူမျိုးတွေက ဖော်ရွေတာလားကြောက်တာလားတော့ မသိဘူး ။ အဖြူ လူမျိုးတွေ တွေ့ရင်တော့ ဦးစားပေးကြတယ်ဗျ… :kwi:

      Mysterious .. ငယ်ငယ်က ပြည်သူ့ နီတိ ကြေခဲ့တာဘဲ ။ လမ်းမကူးခင် ဘာလုပ်ရမလဲဆိုတာ..မျဉ်းကြားရယ်လို့ အမှတ်တညာ မထားနဲ့ … မထားနဲ့ .. :hee:

      garuda.. တကယ်ကောင်းတဲ့ အကြံဘဲ ..

      သူကြီးရေ .. မြန်မာပြည်မှာတော့ ဗော်လံတီယာတောင် မလိုဘူး … အဲ့ဒါ ပြစ်မှု အနေနဲ့ ဖမ်းလို့ ကတော့ နေ့တွက်လည်းစီမယ်။။ ကားတွေလည်း ဘယ်မှ ရောက်တော့မှာ မဟုတ်ဘူး ..လမ်းကူးနေတာတွေက မပြတ်ဘူးလေ..

      wowရေ .. တွေးတတ်ရင်တော့ တရားသဘော ချည်းဘဲနော့ .. :harr:

      • kai

        March 2, 2013 at 2:43 pm

        အဲလိုနဲ့.. လူဖြတ်ကူးတာမြင်ရင်.. ရဲတွေထောင်ဖမ်းနေသလားတွေးမိပြီး… ကားမောင်းသူတွေ.. အရှိန်လျှော့တာ.. ရပ်တာတွေဖြစ်လာမှာမို့ပါ..
        ဒါပေမယ့် ပြသနာက.. အဲဒီမှာမဟုတ်..
        လူလူချင်းတန်းတူမရှိမှုက.. ပြသနာ…
        ကားပေါ်ကလူက.. လမ်းဘေးလမ်းလျှောက်သူကို.. တန်းတူမရှိဘူး..မဟုတ်ဖူး ထင်နေတဲ့ပြသနာ…
        ပြသနာဇစ်မြစ်မရှင်းနိုင်သမျှ.. တမျိုးမဟုတ်တမျိုးနဲ့.. လှည့်ပါတ်ဖြစ်နေမှာဖြစ်ပါကြောင်း..

        သခင်မျိုးဟေ့.. ဒို့မြန်မာ :kwi:

  • Wow

    February 28, 2013 at 5:56 pm

    လမ်းကူးရင် ဘေးဘေးဘီဘီ တစ်ချက်ကျိ ရှင်းတာနဲ့ ခြေကုန်သာသုတ်….
    ကံမကုန်သေး.. သေနေ့မစေ့သေးရင် ဟိုဘက်လမ်းရောက်ပီ :harr:

  • မောင် ပေ

    February 28, 2013 at 8:36 pm

    အိုပါးလျှောက်ပူ
    ပျိုများကြောက်သူ
    ပိုစားသောက်ကူ
    ကြိုသွားပေါက်အလှူ

  • padonmar

    February 28, 2013 at 9:49 pm

    မြေနီကုန်း City mart နားက မီးပွိုင့်မှာလည်း ဒီလိုပဲ စီဂျေကြီးရေ။
    လူကူးမီးစိမ်းလို့ ကူးရင် ကွေ့ကားတွေနဲ့ ထိပ်တိုက်တိုးတာပဲ။
    အမှန်တော့ Timing ချိန်သားကိုက် မလွှတ်တတ်သေးတာဖြစ်မယ်။
    အရင်က ရတနာပုံ ရုပ်ရှင်ရုံရှေ့ ပဒုမ္မာပန်းခြံနားမျဉ်းကျားမှာ လူကူးချင်ရင် ခလုပ်နှိပ်ပြီး ကူးလို့ရအောင် လုပ်ပေးထားဖူးတယ်။
    သို့သော် ကားတွေက လူကူးမီးစိမ်းလည်း နားမလည် အတင်းမောင်းကြတော့ အဲဒီ ခလုပ်တွေလည်း ဘယ်သူမှ မနှိပ်တော့ဘူး။
    သူကြီးပြောတဲ့ စနစ်ကြောင့်မဟုတ်လို့သာ အော်လိုက်ချင်လာပြီ။
    အနိစ္စ..

  • ရဲစည်

    February 28, 2013 at 10:46 pm

    ဦးလေးရေ ….
    ကျနော့်အထင်(အထင်) မီးပွိုင့်စနစ်ကို ပြန်ပြင်သင့်တယ် ထင်ပါတယ်။ လူကူးပွိုင့်တွေကို များသောအားဖြင့် လမ်း ၄ခွဆုံ၊ အဝိုင်းပတ် အဲ့လိုနေရာတွေမှာ ဖိုးလ်ဆိုဒ်ဝေး မပေးတတ်ကြဘူး။ အဲ ပေးဖြစ်ရင်လဲ လမ်း၄ခွဆုံမှာ ယာဉ်တွေကို သူ့သွားမဲ့ ယာဉ်ကြောအလိုက် ခွဲပေးထားတယ်။ ဆိုလိုတာက …
    ၄ခွဆုံမှာပေါ့ အမှတ်(၁)လမ်း စိမ်းပီ ဆိုရင်တောင် တည့်လမ်း စိမ်းပီး ဘယ်ကွေ့မဲ့လမ်းကို ပိတ်ပေးထားတယ်။
    အမှတ်(၁)လမ်း မျက်နှာချင်းဆိုင် ယာဉ်ကြော ၂ခုလုံးကို ဖွင့်ပေးလိုက်တယ် ဒါပေမဲ့ ကွေ့ကားတွေကို မီးစိမ်းမပေးဘူး။
    ဆိုတော့ဗျာ …. အဲ့ ယာဉ်ကြောစနစ်တွေကို ကလေးတွေတောင် ဆော့လို့ရတဲ့ မီနီဂိမ်းတွေထဲမှာ ပါတ်ဇဲလ် သဘောမျိုး ထည့်ပေးနေတာ သူတို့လဲ သေချာလုပ်သင့်ဘီလို့ ထင်ပါတယ်ဗျ …

  • kyeemite

    March 1, 2013 at 8:46 am

    စီဂျေကြီး အိုပါးလျှောက်ပူ ကထူးဆန်းရေ…. …
    အဲသလို အဆီအငေါ်မတည့်လုပ်ထားတာလေးတွေ
    ပုံနဲ့တကွ ခိုင်ခိုင်လုံလုံထောက်ပြတာ ကောင်းသဗျို့..
    ကျုပ်တို့ဆီမှာက လုပ်ဆိုလုပ်လိုက်တာပဲ…သဘောတရားမှနားမလည်…
    ဒီတော့ ဒီလိုလေးတွေထောက်ပြကြရမှာပဲဗျ….

  • ရွှေတင်မောင်

    March 1, 2013 at 9:20 am

    အိုက်ဒါဂျီးး
    မနေ့က မြင်ဂဲ့ဒယ် …
    သယ်ရင်းကတောင် နောက်လိုက်သေးဒယ် …
    ဟိုမှာ လမ်းလျှောက်နေဒယ်ဒဲ့ …

    ခုဟာက .. ဘယ်လို ဖြစ်နေတုန်းဆိုရင် ..
    ဟုတ်တာ မဟုတ်တာ အပထား ..
    ဟန်ရေးပြဖို့ပါ ဆိုသလို ဖြစ်နေဘီ .. :mrgreen:

  • ဗုံဗုံ

    March 1, 2013 at 1:00 pm

    သနားပါတယ်ဟယ် ကောင်မလေးပြေးနေတာ ဆံပင်လေးတွေထောင်လို့ အဲ့လိုပြေးရလွန်းလို့ နိုင်ငံတကာအပြေးပြိုင်ပွဲဝင်ရင် မြန်မာတွေ ပထမရလောက်တယ် :mrgreen:

  • နေဝန်းနီ

    March 1, 2013 at 10:01 pm

    ကထူးဆန်းရေ…….. ဒါ့ပုံ အရိုက်ခံရတဲ့မိန်းကလေးက သူ့ဆီက ခွင့်ပြုချက်မတောင်လို့တဲ့နော် ပြောနေတယ် ကြည့်ရှင်းလိုက်ဦး

  • မတူတဲ့နေရာက မန့်ချင်လို့… ဟီး.. ကန့်လန့်တိုက်တာ ဟုတ်ဝူးနော်… လေးလေးစီဂျေ…
    လူတွေကလည်း လူတွေပဲ..ခက်တယ်…. လမ်းကူးတဲ့သူတွေ ပြောပါတယ်… အဲ့လိုမျိုး မျဉ်းကြားက ကူးတဲ့သူဆိုတာ ၂၀% လောက်ပဲ ရှိမယ်ထင်တယ်နော်… (လှည်းတန်းမှာနေတော့ လှည်းတန်းအကြောင်းပဲ ပြောပါရစေ..) မီးပွိုင့်မှာ လမ်းကူးတယ်.. နားလည်ပါတယ်… ကားတွေလွှတ်တာ ဒီလောက်ကြာတာ… ဘယ်စောင့်ချင်မလဲ.. ဒါပေမယ့် ဝါတဲ့အထိ မစောင့်နိုင်ရင်လည်း ကားကျဲသွားတော့မှာ ကူးပေါ့.. ကားတွေကလည်း ဒီလောက်ကြာတဲ့ မီးပွိုင့်ကို လွတ်အောင်မောင်းချင်တာပေါ့… လူအုပ်ကြီးဗျာ… ကားတွေကြားထဲ ပိတ်ပြီး ကူးတယ်… အတော်ဆိုးတယ် ထင်တာပဲ… ကိုကိုဘဲဥကလည်း မီးပွိုင့်ဆိုတာ ကားအတွက်ပဲလို့ပဲ သတ်မှတ်လေသလားမသိပါဘူး… ကူးချင်ကူး မကူးချင်နေ.. လုံးဝကို လှည့်မကြည့်တာ.. ဖြစ်စေချင်တာက ရပ်စောင့်တဲ့သူများလာပြီဆိုရင် ခဏလေးတားပြီးပဲ ဖြစ်ဖြစ် ပေးကူးခိုင်းရင် ကောင်းမှာပဲလို့….

    • ကထူးဆန်း

      March 2, 2013 at 10:49 am

      တိုတိုပေ .. ရက်စက်လိုက်တာ .. ပျိုများကြောက်သူ တဲ့ …. ဟိ..

      အန်တီပဒုမာ နဲ့ ဦးကြီးမို်က်၊ ခြောက်မျက်နှာ ရွှေတင်မောင်ရေ .. လုပ်ဟ လုပ်ဟ ဆိုပြီး စွတ်စွတ်လုပ်ပြီး ပြည်သူ့ ဘဏ္ဒာတွေ ဖြုန်းနေတာဘဲ အန်တီရေ ။ မီးတောင်မှန်အောင် မလာဘူး ။ လူကူးမျဉ်းကြားတွေ မှာ ခလုတ်နဲ့ မီးစိမ်းမီးနီတွေ တပ်။ မီးပွိုင့်တွေ မီးမလာရင် ထွန်းရအောင် ဆိုပြီး ဆိုလာ ပါဝါတွေ တပ် ။ ဒါပေမဲ့ ရေရှည်ထိန်းသိမ်းမှု့ ကို မကြည့်တော့ အခု ဘာမှ သုံးလို့ မရတော့ဘူး ။ အနိစ္စ။

      ရဲစည်ရေ … အဲ့ဒီ့ ဂီမ်းလေး ဒီက တာဝန်ရှိသူတွေ အရင် ကစားခိုင်းမှ နဲ့ တူတယ် နော် .. :hee:

      အကြံကောင်းဘဲ ဗုံဗုံ ရေ ။

      ကိုနေဝန်းနီရေ … သူ့ပုံ အင်တာမဲကြီးထဲ ပါတယ် ဆိုပြီးပျော်နေတယ် ဆိုဘဲ …

      တကယ်တော့ မွန်မွန်ရေ .. မွန်မွန် ပြောသလိုပါဘဲ …လူတွေ ပါဘဲ ..နှစ်ဘက်.. နှစ်ဘက်

  • Foreign Resident

    March 2, 2013 at 2:39 pm

    ဩဇီ မှာတော့ ၊ လူကူးကို စိမ်းထားရင် ၊
    ကွေ့ကား မှာ အနီပြထားတယ် ၊ ကွေ့လို့ မရဘူး ။
    အဲဒီတော့ ၊ လူကူး စိမ်းနေရင် ရဲရဲသာဖြတ် ၊ ဘာကားမှကို မလာစေရဘူး ။
    အဲ ၊ မြန်မြန်တော့ ဖြတ်ပေါ့နော် ။
    လူကူး စိမ်းတာ က ခဏလေးပဲ ပေးတာ ။
    ပြီးတာနှင့် ကွေ့ကား စိမ်း ပြီး ၊
    ကွေ့ကား တွေက လာတော့မှာလေ ။

    • kai

      March 2, 2013 at 3:24 pm

      အယ်လ်အေမှာက.. မီးပွိုင့်နီနေလည်း.. လက်ယာကပ်မောင်းစနစ်ထဲ..ညာဖက်ကိုကားက ကွေ့ခွင့်(တရားဝင်)ရှိပါတယ်..
      အဲဒီအချိန်မှာ.. လူကူးမီးပွိုင့်က စိမ်းထားတာမို့.. ကွေ့မယ်ဆို လမ်းဖြတ်နေသူကို.. အင်မတန်သတိထားရတာပါ.
      ပြီးခဲ့တဲ့.. ၅နှစ်လောက်ထဲ.. အယ်လ်အေမီးပွိုင့်တွေအားလုံးလိုလို.. လမ်းဆင်ဆာတွေတပ်လာတယ်..
      ကားအသွားအလာကြည့်ပြီး.. မီးပွိုင့်နီစိမ်းကို အလိုလိုချိန်ဆနေတာပါ..
      လူက.. ကူးဖို့ခလုပ်နှိပ်လိုက်ရင်လည်း.. လူကူးချိန်အတွက်.. မီးပွိုင့်နီချိန်ပိုထားတာရှိတယ်..

      ပြောရရင်.. လူက.. မီးပွိုင့်နီနီ.. စိမ်းစိမ်း.. ဖြတ်ချင်ဖြတ်တာပါပဲ..
      လူကအဓိကမို့.. ကားက လူဖြတ်ရင်… ရပ်စောင့်ပေတော့ပဲ..။

      မတော်လူကိုဝင်တိုးရင်.. လျှော်ပေတော့လေ..။
      မြန်မာထဲ တက်ခ်စီမောင်းနေသူက.. လူတယောက်တိုက်မိဖူးလို့.. တလဒေါ်လာ၂ထောင်နဲ့.. အဲဒီတိုက်ခံရတဲ့သူသေတဲ့အထိ ထောက်ပံ့နေရတာ မြင်ဖူးတယ်.. :buu:

  • ရွှေ ကြည်

    March 2, 2013 at 3:06 pm

    စလုံးကတော့ တော်တော်အဆင်ပြေသဗျ။ လမ်းကူးသူတွေကလည်း သုတ်သုတ်ပဲကူးပါတယ် ဒါတောင် အခု ကားရှင်းရင် လူကူးမစိမ်းသေးဘူးကူးတဲ့သူတွေကူးတယ် စင်းတွေရောကူးတာ ကိုယ်လည်းတခါတလေအရေးကြီးရင်သူများကူးရင်လိုက်ကူးတယ် ရဲတော့ကြောက်တယ်ဗျ။
    လုံချည်ဝတ်ထားရင်လုံးဝမကူးဘူး မြန်မာသိက္ခာကျမှာစိုးလို့ :mrgreen:
    လမ်းကူးလို့ရတဲ့နေရာတွေကလည်းမဝေးဘူးဗျ ဆိုတော့ကာ အားလုံးက ပွိုင့်မှာပဲကူးကြတယ်ပေါ့ အဆင်ပြောတာကိုး။ မြန်မာပြည်မှာက လိုင်းကားမှတ်တိုင်နဲ့လူကူးမျဉ်းကြားက တနေရာတည်းဖြစ်နေတာမျိုးဆိုရင် လိုင်းကားတွေတန်းစီရပ်တာနဲ့ ကူးရတာကြောက်စရာကောင်းရဲ့။
    စလုံးမှာ မျဉ်းကြားဖြူဆိုရင် ကြိုက်သလိုကူး ကားရပ်ပေးရတယ်တဲ့ ကိုယ်ကမသိဘူးလေ ကားလာတော့ မကူးပဲရပ်ပေးတာ ကားကလည်းအကြာကြီးရပ်ပေးနေတာ အဲဒါနဲ့ပြေးကူးလိုက်တယ် မြန်မာပြည်ကအကျင့်မပျောက်သေးတာ ကားဆိုကြောက်ကြောက်။
    ပြေးနေကျကိုး။ မြန်မာပြည်မှာက ကားမောင်းသူနဲ့ လမ်းလျှောက်သူ တွေက ဂျာအေးသူ့အမေရိုက်နေတာ။
    ဘယ်သူမှ အပြစ်ပြောလို့တော့မရဘူးရယ်။
    စီဂျေကြီးရေ ဒါ့ပုံနှင့်တကွ သတင်းကြည့်ရလို့ ဗရာကြော်ပါဗျို့။

Leave a Reply