၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဝေဖန်တဲ့ဆောင်းပါး ဖော်ပြတဲ့အတွက် The Voice ဂျာနယ်ကို စိစစ်ရေးက ၂ ပတ် ပိတ်လိုက်ကြောင်းသိရပါတယ်။

ဆောင်းပါးရှင် အောင်ထွဋ်ရေးသားတဲ့ “Concept နှင့် Process” ဆိုတဲ့ ဆောင်းပါးကြောင့် ပိတ်လိုက်တာဖြစ်ပြီး ထူးခြားချက်တခုကတော့ စိစစ်ရေးက ခွင့်ပြုလို့ ဈေးကွက်ထဲကို ဂျာနယ်ရောက်ပြီးကာမှ တရားရုံးက ညွှန်ကြားလို့ စိစစ်ရေးက အရေးယူရတာဖြစ်ပါတယ်။

အောင်ထွဋ္ဋ်အမည်ခံပြီး ဆောင်းပါးရေးသားသူကတော့ ရန်ကုန်အခြေစိုက် Living Color မဂ္ဂဇင်းနှင့် The Voice ဂျာနယ်တွေကို ထုတ်ဝေနေတဲ့ ဒေါက်တာနေဝင်းမောင်ပဲ ဖြစ်ပါတယ်။

The Voice ဟာ ပြီးခဲ့တဲ့ မေလတုန်းကလည်း မင်းသမီး ထက်ထက်မိုးဦးနဲ့ အေးသူစံတို့ ဖြစ်တဲ့ကိစ္စကို ဂျာနယ်မျက်နှာဖုံး သတင်းဦးအဖြစ် ဖော်ပြတဲ့အတွက် စိစစ်ရေးက ၁ ပတ် ပိတ်ခဲ့ပါသေးတယ်။

About True Faith

True Faith has written 70 post in this Website..

မွေးနေ့က ၂၀.၆.၁၉၈၆ ။အရပ်က ၅ ပေ၆လက္မ၊ နေတာက New Delhi, India.