The Voice ဂျာနယ် ၂ ပတ် ပိတ်ခံရပြန်

True FaithJuly 21, 20101min806

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဝေဖန်တဲ့ဆောင်းပါး ဖော်ပြတဲ့အတွက် The Voice ဂျာနယ်ကို စိစစ်ရေးက ၂ ပတ် ပိတ်လိုက်ကြောင်းသိရပါတယ်။

ဆောင်းပါးရှင် အောင်ထွဋ်ရေးသားတဲ့ “Concept နှင့် Process” ဆိုတဲ့ ဆောင်းပါးကြောင့် ပိတ်လိုက်တာဖြစ်ပြီး ထူးခြားချက်တခုကတော့ စိစစ်ရေးက ခွင့်ပြုလို့ ဈေးကွက်ထဲကို ဂျာနယ်ရောက်ပြီးကာမှ တရားရုံးက ညွွှန်ကြားလို့ စိစစ်ရေးက အရေးယူရတာဖြစ်ပါတယ်။

အောင်ထွဋ္ဋ်အမည်ခံပြီး ဆောင်းပါးရေးသားသူကတော့ ရန်ကုန်အခြေစိုက် Living Color မဂ္ဂဇင်းနှင့် The Voice ဂျာနယ်တွေကို ထုတ်ဝေနေတဲ့ ဒေါက်တာနေဝင်းမောင်ပဲ ဖြစ်ပါတယ်။

The Voice ဟာ ပြီးခဲ့တဲ့ မေလတုန်းကလည်း မင်းသမီး ထက်ထက်မိုးဦးနဲ့ အေးသူစံတို့ ဖြစ်တဲ့ကိစ္စကို ဂျာနယ်မျက်နှာဖုံး သတင်းဦးအဖြစ် ဖော်ပြတဲ့အတွက် စိစစ်ရေးက ၁ ပတ် ပိတ်ခဲ့ပါသေးတယ်။

6 comments

  • cobra

    July 21, 2010 at 3:02 pm

    စောက်ရေးထဲ..ဘာတခုမှလွတ်လပ်စွာရေးသားလို့မရဘူးလား…။သူတောင်းစားတွေ..။

  • ghost

    July 21, 2010 at 4:28 pm

    ဘာလဲကွာ……ဘာရေးရမလဲ….မိုးရာသီ ဘယ်အပင်ပေါ်ခရုဘယ်နစ်ကောင် တက်တယ်ဘဲရေးရတော့မယ် ….ဘယ်လိုလုပ်ကျမလဲ?

  • Yin Nyine Nway

    July 22, 2010 at 5:08 am

    ပြောတော့ပြောချင်တယ်
    ဒါပေမဲ့ အပြောရဲဘူး

  • Ba Gyi Taw

    July 22, 2010 at 5:56 am

    ဘယ်မှာလဲ လွတ်လပ်စွာ ပြောဆိုရေးသားမှု ၊

  • phyoshein

    August 3, 2010 at 1:32 pm

    The Voice Journal က လက်ရှိဂျာနယ်တွေထဲမှာ တွေးခေါ်မြော်မြင်မှု အမြင့်ဆုံး၊ အကောင်းဆုံး Journal တစ်စောင်ပါ
    ဖြစ်ချင်တယ် ဆိုတာတွေထက်.. ဖြစ်သင့်တာတွေကို ပြောပြထားပါတယ်..
    ပြီးတော့ ဖြစ်နိုင်တာတွေကိုလည်း မီးမောင်းထိုးပြထားပါတယ်..
    မြန်မာပြည်သူတွေအနေနဲ့ The Voice Journal ကို နားလည်အောင်ဖတ်သင့်တယ်လို့ထင်ပါတယ်..

  • mona smile

    June 20, 2012 at 11:15 am

    အမှန်မှန် ပိတ်သင့်တာက သူတို့ ဒဒင်းစာ တွေ ကို…မုန်းချင်ချာ တွေ…

Leave a Reply