က သာ ကပါ သားသားရာ

တောင်ပေါ်သားFebruary 28, 20131min10610

အဖေကို အဖေလို သဘောထား
အဖေကို အမေလို သဘောထား
အမိမဲ့သား သဘောတရားကြားမှာ
သား လိုတာမရှိရအောင်
အဖွား နဲ့ အဖေကကြံဆောင်
၁ နှစ် တစ်တန်းအောင်တဲ့သား
အဖေ ခါးဘယ်လောက် ချိချိ
သား သိဖို့က သားပျော်တာကိုအဖေမြင်လို
ရင်ဖိုရတဲ့ ဘဝတိုက်ပွဲကြား
အဖေ့သား ဝင်မပါရ
သင်ကာပြမယ့် အဖေ့စကားသာနားထောင်
များမြောင်လှတဲ့ အချိုးအကွေ့
သား တစ်နေ့ သိလာမှာပဲလေ
အခုတော့ ငယ်သေးတဲ့သား
အားရစွာ ပျော်အောင်နေ
သား က နေတာမြင်ရတော့
ဟောဒီအဖေမှာ ပျော်လှပေါ့ ။

37

10 comments

  • Myo Thant

    February 28, 2013 at 3:08 pm

    သက်ဆိုင်သူများသို့
    တောင်းပန်ပါတယ် ၂ ခါတင် ဖြစ်သွားတယ်
    ပုံမပါတဲ့ ပို့စ်ကို ဘယ်လိုဖြုတ်ရမလဲဗျာ

  • ခိုင်ဇာ

    February 28, 2013 at 3:23 pm

    ခုတလော သားချစ် သမီးချစ် ပို့(စ) လေးတွေ မြင်ရတာလည်း ကြည်နူးစရာပါပဲလေ။
    ဒါ ဗေးကလုံရဲ့ ကောင်းကောင်းလေးလား။
    :hee:

  • Myo Thant

    February 28, 2013 at 3:34 pm

    သေချာပါ့ဗျာ
    ဗုံဗုံတော့ ဘာပြောမလဲ မသိ

    🙂

    • ဗုံဗုံ

      February 28, 2013 at 4:02 pm

      အဟမ်းး ယောက်ဂမဂျီးတော့နော် ကောင်းကောင်းကို ရွာထဲက အပျိုကြီးတွေ သတိထားမိကုန်ပြီ :mrgreen: စိတ်မချတော့ဘူး ကိုယ့်ဓာတ်ပုံ ကိုယ်တင်ပြီး ကြေငြာပါ့လားလို့ 18 နှစ်မပြည့်ခင်ထိ အဝချစ်ထားပါ 18 နှစ်ပြည့်လို့ကတော့ကွာ :mrgreen: :mrgreen:

      • Wow

        February 28, 2013 at 4:18 pm

        ခလေးက ကနေလိုက်တာကွေးလို့.. အတော်ပျော်နေပုံရတယ်…
        အဟမ်း… လူကြီးတွေကို အရင်ဦးစားပေးရတယ်လေ ဗုံကလေးရဲ့.. နောက်ကားကျော်မတက်ရဝူး :kwi:

  • MaMa

    February 28, 2013 at 4:56 pm

    စာရေရာလက်လို့ မပြောရဘူး…….
    ပြောချင်တာကို လိုတိုရှင်း ထိမိစွာရေးနိုင်တာ အားကျစရာပဲ။ :hee:

  • garuda

    February 28, 2013 at 5:07 pm

    အဲ..အဲ..လက်အချိုး..မေး အငေါ့…လေးတွေကတော့ ရွှေမန်းတင်မောင်..မြေးလို့ ပြောရင်ယုံဂျမှာပဲ…မိုက်ထယ်။

  • မောင် ပေ

    February 28, 2013 at 7:47 pm

    သိပ်မကြာခင်
    ရန်ကုန်ကပွဲတွေမှာ အသစ်တိုးမယ့်
    ဂျူနီယာလေးပေါ့

  • kyeemite

    March 1, 2013 at 8:37 am

    ဘယ်သူဘယ်လိုကက
    သားသမီးကတာ အလှဆုံးမဟုတ်လားဗျ…
    ကိုမျိုးသန့် ကလေးကတာကြည့်နေရင်း
    ဖြစ်နေမဲ့ ရင်ထဲကပီတိကိုမှန်းမိပါတယ်ဗျာ… :hee:

Leave a Reply