နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေးကြောထဲလှည့်ပါတ်ဦးနှောက်တွင်ရပ်နေသော(21)

2000ခုနှစ်မှာ ကောင်းသွားတာတစ်ခုကတော့ အိမ်တိုင်းလောက်မှာ ဗွီစီဒီ ကာရာအိုကေစက်တွေရှိတယ်။
လူတော်တော်များများကလဲ ရေချိုးခန်းအဆိုတော်ဘဝကနေပြီး မိုက်ကိုင်လို့အော်နို်င်တဲ့ဘဝတွေကိုရောက်လာတယ်။
တနည်းပြောရင်ဝါသနာရှင်ရော အဆိုတော်ဖြစ်ဘို့အားသန်သူရောအတွက်လေ့ကျင့်စရာကွင်းလေးတွေက အဆင်သင့်ဖြစ်လာပါတယ်။
အဆိုတော်တွေထုတ်လုပ်သူတွေအတွက် တော့မကောင်းဘူးလို့ပြောနိုင်တာက တရုပ်ဘက်က စီဒီခွေအသစ်အချပ်တွေက ဈေးပေါပေါ
ဘုံးဘောလအောဝင်လာတယ်။
ကွန်ပြူတာရှိရင် သီချင်းတွေကို အလွယ်တကူကူးဘို့ကလဲမခက်တော့ဘူး။
အဲတော့ ခိုးကူးခွေဘဲခေါ်ခေါ် ကော်ပီခွေဘဲခေါ်ခေါ် ဒါလေးတွေက ကျပ်250-300ကျပ်လောက်နဲ့
ပေါပေါများများရနိုင်တော့ ဘာဘဲပြောပြောလူတိုင်းဝယ်နိုင်တယ် ဝယ်ကြတယ် ဖွင့်ကြတယ်။
ဒီတော့ အဆိုတော်အသစ်ကလေးတွေက လူမြန်မြန်ပိုသိလာပါတယ်။
အခွေသစ်ထွက်တယ်ဆိုရင်ကောင်းကောင်း မကောင်းကောင်း300ဘိုးလောက်တော့ဖြုန်းလို်က်ပါတယ်။
မကြိုက်ဘူးဆိုမှ တစ်ခါထဲဖွင့်ပြီးချောင်ထိုးထားလိုက်တာပေါ့။
အစင်းပါလို့ထစ်ထစ် ဖွင့်မရလဲ ပြသနာမဟုတ်ဘူး လာထားနောက်တစ်ခွေ 300 အဆင်ကိုပြေလို့ပါ။
ဒါကတော့နားထောင်သူဖက်ကပါ။
ထုတ်လုပ်သူဘက်ကတော့ သူတို့ 1500-2000ကျပ်နဲ့ရောင်းတဲ့ခွေအစစ်က မရောင်းရဘူးဖြစ်တော့ခွက်ခွက်လန်ပေါ့။

ဒီဘက်နှစ်ထဲမှာ မြန်မာသံစဉ်နဲ့ပါတ်သက်ရင် သန်းထွန်းလေးသမီးပိုးအိစံ ကသူ့အဖေသီချင်းတွေကိုပြန်ဆိုတာကစလို်က်တာပေါက်သွားပါတယ်။
နောက်သူကလဲ သီချင်းပေါင်းစုံကိုပြန်ဆိုတာလဲလူလက်ခံပါတယ်။
စီးတီးဖ်အမ်ကပေးတဲ့မြန်မာသံစဉ်အဆိုလူအကြိုက်ဆုံးဆုကိုရတာလဲခဏခဏပါဘဲ။
စန်းလို့ပြောရမှပါဘဲ။
မြန်မာသံစဉ်ဆိုတာကနောက်ပေါ်တဲ့သူထဲကဆိုရင် မာမာအေးအငယ်စားလေးလို့ပြောနိုင်သူက စိုးစန္ဒာထွန်းပါ။
သူကလဲ မြန်မာသီချင်းပေါင်းစုံကိုအတော်ကောင်းအောင်ဆိုနိုင်သူလို့လဲပြောလို့ရပါတယ်။
သူဆိုထားတဲ့သီချင်းကလဲအတော်များထုတ်ထားတဲ့စီးရီးခွေတွေကလဲများသလိုလူကြိုက်လဲများပါတယ်။
ကိုလေးတို့မောင်းမကန်နဲ့ကလောအလွန်တစ်ဘူတာပိုင်ရှင် မောင်ကြည်တိုး သမီးလေးကတော့ဖြစ်မလာသလို
အဒေါ်ကောင်းသလောက်မမှီတာက နှင်းရည်သန့်ဖြစ်သလို အမေခြေရာကိုမနင်းနိုင်ဘူးလို့ဆိုနိုင်သူကလဲ
ပုဂံခေတ်ကနာမယ်နဲ့ အိုပြည့်ရှင် ပါဘဲ။

တစ်ရက်မှာ စိုင်းထီးဆိုင်ရဲ့သီချင်းလေးကို ပဲ မကြားဘူးတဲ့အသံလေးနဲ့ကြားလို့နားထောင်နေတုန်းမှာ သံချပ်ထိုးသလို အသံလေးတွေနဲ့
ဝင်လာလို့မေးကြည့်လိုက်မှ အဲဒါ (အက်ဆစ်) ဆိုတဲ့ အဖွဲ့ရဲ့(စတင်ခြင်း) ပါတဲ့။
စတင်သူကတော့ မြန်မာပြည်ကို ခေတ်သစ်ဂီတကို မိတ်ဆက်ပေးသွားတဲ့သူရဲ့သားက နောက်အနှစ်30လောက်အကြာမှာ
နောက်ထပ်ဂီတသစ်ကိုထပ်တွေ့ဆုံပေးလိုက်တာပါ။
ဒီသီချင်းခွေလေးကတော့ သွားလေရာ ရောက်လေရာမှာ မကြားချင်မှအဆုံးကြားခဲ့ရတဲ့ခွေလေးပါ။
သည်သီချင်းလေးတွေရဲ့ပုံစံဖြစ်တဲ့ အဆိုဆိုလိုက်ပိုဒ်ကို တစ်ယောက်ကဆိုပေးမယ် နောက်တပိုဒ်မှာရက်ပ်ပြောပြော ဟစ်ဟော့ပြောပြော သံချပ်ကလေး ထိုးသလို သံပြိုင်ဆိုကြမယ် နားထောင်ကောင်းတာတော့အမှန်ပါဘဲ.
စစခြင်းမှာ ဇွတ်အတင်းကိုထည့်ထားတဲ့စာသားတွေနဲ့ ဖြစ်သလိုဆိုကြပါတယ်။
ဒါပေမဲ့ကြလေ စာသားလေးတွေက ဘဝဆံလာလေ လူငယ်တွေရဲ့နေ့စဉ်ဖြတ်သန်းမှူ့တွေကို ဖော်ပြနိုင်လေဖြစ်လာကောင်းလာပါတယ်။
မကြိုက်သူများကလဲ ဘာတွေမှန်းမသိပါဘူးကွာလို့ သေချာနားမထောင်ဘဲ ဝေဖန်ကြပေမဲ့လူငယ်တွေကြိုက်တာကတော့ သဲသဲလှုပ်ပါဘဲ။
အက်ဆစ်အဖွဲ့နဲ့ အတူ အနဂ္ဂ
(သူ့အကြောင်းတော့မပြောတော့ဘူး တော်ကြာပါတ်သက်ခဲ့ဘူးသူက ပါးရိုက်မှာစိုးလို့ပါ.)။ရန်ရန်ချန်း။ကျော်သူစိုး။ဘာဘူ။
ကောင်းမြတ်တို့က ထင်ရှားလာပါတယ်။
ှုငါမင်းကိုသတ်ချင်တယ် တို့ စားမှာဘဲ ဝါးမှာဘဲ ငါ့ကိုလာမတားနဲ့ဆိုတဲ့ အဲလက်စ်က လည်းအော်လတာနေတစ်ဆိုတဲ့ဂီတပုံစံအသစ်ကို
သီအိုရီဆိုတဲ့ အဖွဲ့လေးဖွဲ့လို့တင်သွင်းလာပြန်ပါတယ်။
ဒီအထဲမှာ အက်စစ်မှာ မထင်မရှားလေးပါခဲ့ နာမယ်ဆန်းဆန်းလေး Rဇာနည်ဆိုတာလေးက တဖြည်းဖြည်းနဲ့နာမယ်ကျော်လာပါတယ်။
ယဉ်ယဉ်လေးရူး ကစလိုက်တဲ့ ကြေကွဲစရာမှာ နေရာခြင်းလဲတာတောင်မရလို့ နှင်းဝေတဲ့ဆောင်းမှာ ကိုယ့်အနားရှိစေချင်ပေမဲ့ စည်းတစ်ဖက်ခြားနေတာမို့
မိုးလင်းသွားတဲ့ညမှာ ကြွေပါစေတော့ဆိုပြီးနေလိုက်ရတဲ့ကောင်လေးပေါ.။
သူကတော့အခုမြန်မာပြည်မှာ မပါမဖြစ်လို့ဆိုနိုင်တဲ့သူဖြစ်တဲ့အပြင် စီးတီးဖ်အမ်ကပေးတဲ့ဆုပေါင်းများစွာကိုပိုင်ဆိုင်ထားသူပေါ့။
ကြုံလို့ပြောလိုက်ရအုံးမယ်ဆိုရင် အမေဖြစ်သူက အရမ်းကိုနာမယ်ကြီးတယ် ဟိုအရင်စတီရီယိုပေါ်စကနေပြီ
ဝိုင်းဝိုင်းစက်စက်ဝလုံးကိုရေးလို့အမေ့ကျောင်းကိုခေါ်ခဲ့ပေမဲ့ အမေ့သားကတော့ တစ်နှစ်သုံးလေး ငါးလေးတစ်ကောင်ဖမ်းမိတယ်ကနေတက်မလာနိုင်သလို
ညီမဖြစ်သူကလဲ ရှင်ဘုရင်လေးနဲ့ပဲကျေနပ်လိုက်ရသူတွေကတော့ နွဲ့ယဉ်ဝင်းရဲ့ သားမျိုးမျိုးနဲ့သံသာဝင်းပါ။
သီချင်းအေးအေးလေးတွေဆိုစဉ်ကလူသိပ်မသိပေမဲ့ ပိုလာဘာလီပိုင်ရှင်ကမွေးဖွားပေးလိုက်တဲ့သူကလေးကတော့
(သည်မိုးတိမ် စိတ်ဒဇဆန်တဲ့ သည်မိုးများ………………………ငါချမ်းလို့တုန်………….ဆိုတဲ့သီချင်းလေးကိုအတူဆိုရင်း
အခုတော့ သေပြီဆရာအော်လိုအော် အိုးလေးလှုပ်ပါဟေ့လို့အော်လို့အော် နှစ်ယောက်တွဲလို့လူသိများလာခဲ့တဲ့
ကံစပ်တဲ့ဂီတမောင်နှမ…………………………………………………………………………………

One comment

  • Ba Gyi Taw

    July 22, 2010 at 6:01 am

    ကောင်းတယ်ကွယ့် ၊

Leave a Reply