ဗမာတယောက် နိုဗယ်ဆုရတော့မည်….

kaiFebruary 19, 20101min39643

“ဗမာတယောက် နိုဗယ်ဆုရတော့မည်။”
အဲဒီလိုဆိုရမှာပဲ။ ဘယ်နှယ် …အောက်ကသတင်းဖတ်ကြည့်ပါလား။ နိုဗယ်ဆုတင်မဟုတ်..။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်နိုင်ကြောင်းပါ။
ဒါတင်လည်းမဟုတ်..။ နိုင်ငံတိုင်းရဲ့ခေါင်းဆောင်တွေ ခေါ်တွေ့မေးရမဲ့သူဖြစ်သွားနိုင်ကြောင်းပါ။ ဆိုတော့ …ဒီကမ္ဘာမှာ အကျော်ကြားဆုံးသူ ဖြစ်ဦးမယ်ဆိုပါတော့…။

သတင်းက အင်တာနက်ထဲလိုက်နှီုက်ရင်း တွေ့တာပါ။ သုံးသတ်ချက်တွေကတော့ ဖိုရမ်တွေ၊ ဘလော့ဂ်တွေမှာလည်းတက်နေပါပြီ။
ကျုပ်တို့က အမေရိကနေတဲ့ မီဒီယာဆိုတော့ တကယ်သာဟုတ်ခဲ့ရင် အရိုးအရင်းလေးကိုက်ရလိုကိုက်ရငြား…အကူအညီပေးချင်လို ့ဆိုပါတော့။
အဲဒီပညာရှင်(ဦးစိုင်းသန့်ဇင်)ကိုလည်း ဘယ်လိုဆက်သွယ်ရမှန်းမသိတော့ ဒိကပဲ ရေးလိုက်ပါတယ်။
မူပိုင်ခွင့်၊ မှတ်ပုံတင်တာ။ ကမ္ဘာအဆင့်မှတ်ပုံတင်တာ။ နိုဗယ်ဆုတင်ပေးတာတွေ အားလုံး မန္တလေးဂေဇက်ကလုပ်ပေးနိုင်တယ်လို ့ပါ..လို့။

ပြောရရင် ကျုပ်လည်း လောကဓါတ်ပညာ နည်းနည်းပါးပါးတီးခေါက်မိတော့ အခုဖြစ်စဉ်ကြီးက သိပ်ပံဥပဒေသတွေ ချီုးဖေါက်နေတာမျိုးလို ့ထင်မိပါတယ်။
အခုဟာက ရွက်သဘောင်္ပေါ် ပန်ကာကြီးတင်ပြီး ပန်ကာလေနဲ့ ရွက်လွှင့်သလိုမျိုး ဖြစ်နေသလားပါပဲ။ စွမ်းအင်ကို စိုက်ထုတ်ပေးလိုက်တာထက် အလိုအလျှောက်အပိုထွက်နေတော့လေ။
သတ္ထုတမျိုးမျီုးကနေ စွမ်းအင်ယူနေရင်တော့ မပြောတတ်ပါဘူး။ သတ္ထုက ယူရေနီယံတော ့ မဟုတ်လောက်ဖူးထင်ပါရဲ့။
ဆိုတော့..။
အရှေ ့အလယ်ပိုင်းက ရေနံထုတ်သူတွေလည်း ငတ်ကိန်းပဲ။ အိုဘားမားလည်း အခုဆောက်တော့မယ် ဘီလီယန်ချီတန်တဲ့ နူစွမ်းအင်စက်ရုံစီမံကိန်းတွေ ပိတ်ပစ်ပေတော့ပဲ..။

လွန်ခဲ့တဲ့ ၂၅နှစ်လောက်က သာမိုဒိုင်ဒနမစ်ရဲ့ ဇီးရိုးလောကို ဆန့်ကျင်တဲ့ နည်းပညာတခု ဆိုဗီယက်(အခုရုရှား) ကတွေ့ဖူးတယ်။
အဲဒါက သံလိုက်မှုန်တွေကို အရည်တမျိုးထဲထည့်ပြီး မွှေပေးလိုက်တယ်ဆိုပါစို့။  ရုံးကန်ရင်း မရပ်မနားလှုပ်ရှားနေရောတဲ့။ သံလိုက်က အချင်းချင်းတိုးတွန်းတော့ အပူထွက်တယ်။အဲဒီအပူကို စွမ်းအင်အဖြစ်သုံးတာမျီုးပဲ။
ကားအင်ဂျင်နေရာထားလိုက်ရင် လောင်စာထည့်စရာမလိုတဲ့ စွမ်းအင်ထုတ်အင်ဂျင်တခုရမယ်ပေါ့။
အဲဒီနည်းပညာနဲ့ ဗမာပြည်ကတောင် ဒေါက်တာဘွဲ ့ရခဲ့သူရှိသေးတယ်။ နောက်တော့လည်း ဘာကဘယ်လိုဖြစ်တယ်မသိ။ အသံမကြားရတော့ပါဘူး။အဲဒီဒေါက်တာဘွဲ့ရထားတဲ့ ဆရာမလည်း အခု ဆန်ဖရမ်စစ်စကိုမှာရှိတယ်လို ့ကြားပါတယ်။

အခုကတော့ နည်းပညာအရာမှာ နောက်တန်းအရောက်လွန်လို ့နောက်ကတွက်ရင် နံပါတ်၁ဝထဲချိတ်နေတဲ့ ဗမာပြည်ကတွေ့ရှိချက်ဆိုတော့ကာ…
ဘာပြောရမှန်းကို မသိတော့လို ့အခုလိုပဲ …ကူညီလုပ်ကိုင်ပေးနိုင်ဖို ့လေသံပစ်လိုက်ရတာပါပဲ။ ပါမောက္ခတယောက်ရဲ့ နာမယ်ပါပါနေတော့..အရင်တွေ့ရှိထားတဲ့ တွေ့ရှိချက်ဟောင်းမဟုတ်ပဲ..အသစ်တွေ့ရှိချက်လို ့..သေချာတဲ့ဖက်က တွက်ကြည့်မိပါတယ်။
အဲဒါမျီုးကို သေချာရင် ကမ္ဘာအဆင့် မှတ်ပုံတင်ဖို ့ဆိုတာက..ငွေကြေးတော်တော်ကုန်ပါတယ်။ သူများမခိုးယူနိုင်အောင် မီဒီယာတွေမှာ အရင်လွှင့်တင်ရတာပါ။
အဲ..အဲဒီလို မီဒီယာတွေမှာတင်ရင် ရှေ့က တွေ့ဖူးသူတွေ ဘာတွေထွက်လာတတ်သမို ့..လုပ်သင့်တာလုပ်ရတာလို ့လည်း မြင်ပါတယ်။
ဘာဖြစ်လို ့လည်းဆိုတော့ ..မူပိုင်ခွင့်တင်ရင်လည်း ပန်းဒင်း(စောင့်ရန်) ဆိုတာကြီးနဲ့ နှစ်ရှည်စောင့်ရပြီး မူရင်းထီထွင်ထားသူရှိမရှိ။ ကန့်ကွက်မဲ့သူရှိမရှိ စောင့်ကြရတာမဟုတ်ပါလား..။

အောက်မှာ မူရင်းသတင်းကော်ပီကူးတင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်ပြီး ရှယ်ယာပါချင်ရင် ဆက်သွယ်လိုက်ကြပါဦး။

လျှပ်စစ်နည်းပညာသစ်တစ်ခု တီထွင်အောင်မြင်

မန်းသားလေး
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၄)
တီထွင်အောင်မြင်ခဲ့သည့် လောင်စာမဲ့ လျှပ်စစ်ထုတ်လုပ်မှုကို ဦးစိုင်းသန့်ဇင်က လက်တွေ့စမ်းသပ်ပြနေစဉ်။ ဓာတ်ပုံ- မန်းသားလေး
တီထွင်အောင်မြင်ခဲ့သည့် လောင်စာမဲ့ လျှပ်စစ်ထုတ်လုပ်မှုကို ဦးစိုင်းသန့်ဇင်က လက်တွေ့စမ်းသပ်ပြနေစဉ်။
ဓာတ်ပုံ- မန်းသားလေး

အိုဇုန်းလွှာပျက်စီးခြင်း၊ ကမ္ဘာ့ရေနံ နှင့် လောင်စာဆီရှားပါးမှုပြဿနာကို ကာကွယ်ရန် လောင်စာမဲ့ လျှပ်စစ်နည်း ပညာသစ်ကို တီထွင်အောင်မြင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ယင်းနည်းပညာကို တီထွင်ခဲ့သော ဦးစိုင်းသန့်ဇင် က ဇန်နဝါရီလ ၂၅ရက်နေ့တွင် ပြောသည်။

“ဒီနည်းပညာက ဘယ်သူမှ မတီထွင် နိုင်သေးပါဘူး။ ကျွန်တော်လည်း နှစ်ပေါင်း ၂၅ နှစ်ကျော် ကြာအောင် ငွေကုန်ခံ၊ လူပင်ပန်းခံ၊ မိသားစုကို စွန့်လွှတ်ပြီး ရှာဖွေ တီထွင်ခဲ့တာပါ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေရဲ့ လျှပ်စစ်လိုအပ်ချက်ကို ပြည့်သွားရုံ တင်မကဘဲ ပိုတောင်ပိုပါသေးတယ်” ဟု ၎င်းက ပြောသည်။

လောင်စာမဲ့လျှပ်စစ်နည်းပညာသစ် ဆိုသည်မှာ လျှပ်စစ်အနည်းငယ်မှ လျှပ်စစ်များစွာကို ချဲ့ထွင်ပြီး ဘွိုင်လာ၊ တာဘိုင်၊ ဂျင်နရေတာနှင့် တွဲဖက် အသုံးပြုကာ စွမ်းအားပမာဏ ကြီးမားစွာ ထုတ်လုပ်နိုင်သော လျှပ်စစ်ထုတ်စက်ကို တီထွင်အသုံးပြုခြင်း ဖြစ်သည်။

အဆိုပါ နည်းစနစ်အတွက် မည်သည့် လောင်စာမှ အသုံးပြုခြင်း မရှိပေ။

ဘွိုင်လာကို ဆူစေပြီး တာဘိုင်နှင့် တွဲကာဂျင်နရေတာတပ်လျှင် မီးစက် ဖြစ်သည်။

ထိုဂျင်နရေတာကို ပန်ကာ တပ်လျှင် သဘောင်္ ပြန်ဖြစ်သွားသည်။

ထို့ကြောင့် ထိုစနစ်နှင့် လောင်စာမဲ့ သဘောင်္များ သွားလာနိုင်သည်။

တစ်ချိန်က အသုံးပြုခဲ့သော မီးသဘောင်္များ အတိုင်း သွားလာ နိုင်သည်။

လောင်စာမဲ့ ဆိုသည့်အတွက် ထိုသဘောင်္တွင် မည်သည့် လောင်စာကိုမှ တင်စရာ မလိုတော့သည့်အတွက် ဝန်အား သက်သာ သွားမည်။ ကုန်ကျစရိတ်သက်သာပြီး လုပ်ငန်းပိုမို အဆင်ပြေမည် ဖြစ်သည်။ မီးရထားတွင်လည်း ကျောက်မီးသွေး စက်ခေါင်းကဲ့သို့ ဘွိုင်လာစက်ခေါင်း အဖြစ်ပြန်တပ်ဆင် အသုံးချနိုင်သည်။

“လျှပ်စစ်မီးထွက်ဖို့ လောင်စာအနေနဲ့ ဘာလောင်စာဆီမှ မလိုပါဘူး။ ဓာတ်ဆီ၊ ဒီဇယ်၊ ကျောက်မီးသွေးနဲ့ ဂက်စ်တွေ အသုံးပြုစရာ မလိုဘဲ ကျွန်တော်တီထွင်ထားတဲ့ နည်းပညာထဲကနေ ထွက်တာနဲ့ လျှပ်စစ်တွေဟာ လိုချင်သလောက် ရနိုင်ပါတယ်။ ဒီနည်းပညာကို အခုထိတော့ နာမည် မပေးရသေးဘူး။ လောလောဆယ်တော့ ကျွန်တော်က လောင်စာမဲ့ လျှပ်စစ်စွမ်းအင်နည်းပညာလို့ ပေးထား ပါတယ်” ဟု ဦးစိုင်းသန့်ဇင်က ဆိုသည်။

ဦးစိုင်းသန့်ဇင်သည် ယင်းနည်း ပညာကို၎င်း၏ဆရာဖြစ်သူဦးကျော်ဝင်း ထံမှ အမွေဆက်ခံခဲ့ခြင်းဖြစ်သည်။

ဦးကျော်ဝင်းသည် လွန်ခဲ့ သည့် နှစ်၃ဝ ကျော်ချိန်ကတည်းက အဆိုပါနည်း ပညာကို စမ်းသပ်တီထွင်ခဲ့ကာ လိုအပ်သည့် အချက် လက်များကို ပြန်လည် ဖြည့် ဆည်းနေချိန် ၂၀၀၁ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

“ဆရာနဲ့ကျွန်တော် စလက်တွဲတုန်းက ၁၉၉၃ခုနှစ်ကပါ။အဲဒီအချိန်တုန်းက ဆရာမှာ တပည့်မရှိသေးပါဘူး။ ဆရာ အဲဒီစက်ကို တီထွင် နေတုန်းပဲ။ ကျွန်တော့်ကိုလည်း သုံးနှစ်လောက် လေ့လာပြီးမှ ဆရာက သူ့အနားကပ် ခွင့်ပေးတာ။ အဲဒီအချိန်ထိ ကျွန်တော်ဟာ ဆရာ့ဆီက နည်းပညာတွေကို အကုန်မရခဲ့သေးပါဘူး။ ဆရာ့နည်း ပညာကိုလည်း ကျွန်တော်လုပ်စားဖို့ စိတ်မဝင်စားခဲ့ဘူး။ ဆရာ့ ပညာကိုလည်း ကျွန်တော်လိုက်မမီပါဘူး။ ဆရာဆုံးတော့ ဆရာ့ပညာကို အမွေဆက်ခံမယ့် လူမရှိတာနဲ့ ကျွန်တော်အရဲစွန့်ပြီး လုပ်ခဲ့ တာ။ကျွန်တော် ထင်မထားပေမဲ့ အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်” ဟု ဦးစိုင်းသန့်ဇင်က ပြောသည်။

“ကျွန်တော် ဆရာ့ဆီမှာ လုပ်ကတည်းက ဆရာက နည်းပညာတွေ ပြောပြတယ်။ ကျွန်တော်က တပ်ဆင်ပေးရတယ်။ နောက်ပိုင်း ဒီနည်းစနစ်ရဲ့ လုပ်နည်းလုပ်ဟန်တွေကို ကျွန်တော် အကုန်သိ နားလည်တယ်။ ဝှက်ဖဲတွေကိုလည်း သိလာတယ်။ ဆရာမရှိတော့ ပေမယ့်လည်း နောက်ပိုင်းကိုယ့်ဘာသာ ကိုယ်ဆင်လိုက်တာ လေးလုံးမြှောက်မှာ မီးထွက်တယ်။ အဲ ၁၉၉၉ခုနှစ်ကတော့ လျှပ်စစ် မီးထွက်တယ်။ ဒါပေမဲ့ အသုံးပြုတဲ့ ပစ္စည်းတွေက သူ့ဟာနဲ့ သူမဟုတ်တော့ မီးထွက်မမှန်ဘူး။ ဒါကို နည်းပညာတစ်ခုနဲ့ထပ်ပြီး စမ်းသပ်တာရယ် ငွေမရှိတာတွေကြောင့် ပိုကြာ သွားတာပါ” ဟု ရှင်းပြသည်။

“ဓနအင်အားပြည့်စုံတဲ့လူကသာ မတည်ရင်းနှီးငွေ ထည့်မယ်ဆိုရင် ဒီ လောင်စာမဲ့လျှပ်စစ်နည်းပညာသစ်ကို အခြေခံပြီး နောက်ထပ် နည်းပညာများ ထပ်မံပေါ်ထွန်းလာဦးမှာပါ” ဟု ၎င်း က ပြောသေးသည်။

ဦးစိုင်းသန့်ဇင်သည် ကျိုင်းတုံ ဇာတိ ဖြစ်ပြီး အသက်၅၃နှစ်ရှိပြီ ဖြစ်သည်။ ငယ်စဉ်ကတည်းက စက်မှုနည်းပညာ ကို စိတ်ဝင်စားပြီး ကားများ၏စက်ပိုင်း ဆိုင်ရာကို တာဝန်ယူပြုပြင်ခဲ့ရသည်။ ကိုယ်ပိုင်ဂျစ်ကားများမှ ဂျစ်ဘီလူးအထိ တီထွင်ထုတ်လုပ်နိုင်ခဲ့သည်။

ယခင်က ကျောက်တွင်း ၄၅တွင်းနှင့် စိုက်ခင်း ဧက၂၀ဝကျော်ကို ပိုင်ဆိုင်ထားသော ကုမ္ပဏီ ပိုင်ရှင်တစ်ဦး ဖြစ်သည်။

အဆိုပါပိုင်ဆိုင်မှုများကို အဆုံးရှုံးခံကာ ဤနည်းပညာကို ဇွဲ၊ လုံ့လ၊ တို့ဖြင့် အနစ်နာခံ တီထွင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် အဓိကအားဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်သော နည်းပညာ(၅)မျိုးရှိသည့်အနက် ယခု လက်ရှိတွင် နိုင်ငံတော်တော် များများ အသုံးပြုနေသော ရေဖိအားသုံး တာဘိုင်စက်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည်ရေရှည်တွင်ကုန်ကျ စရိတ် သက်သာ ထိရောက် သော်လည်း စတင်တည်ဆောက်ချိန်တွင် တည် ဆောက်စရိတ် အလွန်ကြီးမားသည်။

လောင်စာအတွက် အခက်ခဲမရှိ သော်လည်း ရေရင်းမြစ်ပေါကြွယ်ဝသည့် သဘာဝမြစ်၊ချောင်း၊ ရေတံခွန် များရှိနေရမည့်အပြင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မည့် ရေမြေသဘာဝ ပထဝီအနေထား ကန့်သတ်ချက်များ၊ ရေအားလျှပ်စစ်ထုတ်လုပ်မည့် နေရာနှင့် မိုင်ပေါင်းများစွာ ကွာဝေးမှုကြောင့် တည်ဆောက်ထားသည့် နေရာနှင့် အနီးဝန်းကျင် မြို့များသာ ပိုမိုသုံးစွဲနိုင်သည်။

အချို့မြို့များကို လျှပ်စစ်ပေးရာတွင် မိုင်ပေါင်းများစွာ ဝေးကွာမှုကြောင့်တည်ဆောက်စရိတ်ကြီးမားကာ လိုသလောက် မရနိုင်ပေ။

လောင်စာမဲ့လျှပ်စစ်ထုတ်လုပ်ခြင်းသည် သဘာဝဘေးဆိုးများ၊ သဘာဝ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုနှင့် ဆူညံမှုတို့ဘေးမှ ကင်းဝေးသည်။

ယခုလောင်စာမဲ့လျှပ်စစ်မှာ အဆိုပါ နည်းစနစ်များထက် ငွေကုန်ကြေးကျ သက်သာကာ မည်သည့်အားနည်းချက် မျှမရှိပေ။ ပေ ၁၀ဝ ထ ၅ဝ ရှိသည့် နေရာတွင် လျှပ်စစ်ထုတ်ကာ တစ်မြို့လုံးကို ၂၄နာရီ ပတ်လုံး မီးအလင်းပေးနိုင်သည်။ ၁မဂ္ဂါဝပ်တွင်ဝပ်တစ်သန်းရှိ သည့်အတွက် ဝပ်သန်းနှစ်ဆယ် ဆိုပါက မြို့လေးတစ်မြို့ကို မီးအလင်းပေး နိုင်သည်။

အဆိုပါစက်မှာ ရှိရင်းစွဲပင်ရင်းမှ ထွက်လာသောအားကို ၁ဝဆပို ထုတ်လုပ်မည်ဖြစ်သည်။ ဥပမာ ၁၂ကီလိုဝပ် ရှိ မီးစက်အင်ဂျင်မှ ရှိရင်းစွဲလျှပ်စစ်ကို ယူပြီး ၁ဝဆပွားလိုက်လျှင် ကီလိုဝပ် ၁၂ဝ ထွက်သည်။ ဝပ်အားဖြင့် တွက်လျှင် ရှိရင်းစွဲ ဝပ်၁၂,၀၀ဝကနေ ဝပ် ၁၂၀,၀၀ဝ ထွက်သည်။ ထိုထဲမှ ဝပ် ၅၀,၀၀ဝကို ကောင်းကောင်း အသုံးပြု နိုင်သည်။

ယခုလက်ရှိ နမူနာတပ်ဆင်ထားသော လျှပ်စစ်ထုတ်လုပ်သည့် စက်မှာ Nichrome (နီကရုန်း)ကြိုးများ တပ်ဆင်ထားသည်။

ယင်းကြိုးများမှာ တစ်ကြိုးလျှင် လျှပ်စစ်ဓာတ်အား ၃,၆၀ဝမှ ၄,၈၀ဝအတွင်း ထွက်ရှိသည်။ အဆိုပါ ကြိုးမျိုး ၁၂ချောင်း ဆင်ထား သည်။ ထိုအတွက် လိုအပ်သည့် လျှပ်စစ်ကို 12KV ရှိသည့် မီးစက်မှအားကို ဖန်တီးယူထားခြင်း ဖြစ်သည်။

12KV မီးစက်ကိုနှိုးပြီး တီထွင်ထားသည့် နည်းပညာပုံးထဲမှ ဖြတ်ကာ ဘွိုင်လာ၏ လိုအပ်သည့် နီကရုန်း ကြိုးများဆီသို့ ပေးပို့မည် ဖြစ်သည်။

ဥပမာ ဘွိုင်လာမှ နီကရုန်းကြိုး အချောင်း၁၀ဝလိုလျှင် အချောင်း ၁၅ဝ ဆင်ထားမည် ဖြစ်သည်။ တစ်ချောင်း ပျက်လျှင် ထို၅ဝထဲမှ တစ်ချောင်းကို On လိုက်မည် ဖြစ်သည်။ ထို့အတွက် စက်ကို ရပ်ဖို့ မလိုတော့ပေ။

ဘွိုင်လာရှိ PSI ဘားက အရှိန် ၁၂ဝ ရောက်မှ ယန္တရားလည်မည်ဆိုပါက ၁၂ဝ လွှတ်ပြီး ၂၀ဝနှင့်မှ ရုန်းပါက ၂၀ဝလွှတ်မည်ဖြစ်သည်။ ဘားပွင့်မှသာ ရေနွေးငွေ့ တာဘိုင်လည်မည်ဖြစ် ပြီး ဖိအားဖြင့် ဒလက်များလည်စေကာ လျှပ်စစ်ထုတ်ယူမည်ဖြစ်သည်။

“ပထမလျှပ်စစ်ပေးထားတဲ့ 12KV ကိုလည်း ယန္တရားကြီး လည်သွားတာ နဲ့အနားပေးလို့ရပါပြီ။ Recycle ပြန် သုံးတဲ့သဘောပါ”ဟု ဦးစိုင်းသန့်ဇင် က ၎င်းလုပ်ငန်းခွင်ကို ရှင်းပြသည်။

မူလပင်ရင်း ရှိရင်းစွဲမှ 12KV မှ ဝပ် အား၁၂,၀၀ဝသာ ရှိသည်။ ထို မီးစက် အင်ဂျင်မှ မူလ လျှပ်စစ်ကို ဝပ်၁၀,၀၀ဝ လောက်ယူပြီး ဖန်တီးထားသောစက်ထဲ ထည့်ကာ ဆင့်ပွားနည်းပညာဖြင့် ပြန်လည် ထုတ်လုပ်လိုက်သည့်အခါ မီးများမှာ အဆိုပါ နီခရုန်း ကြိုး၁၂ ချောင်းမှ တစ်ချောင်းလျှင် ဝပ် ၃,၆၀ဝနှင့် ကြိုး ပေါင်း ၁၂ချောင်း စုစုပေါင်း ဝပ် ၄၃,၀၀ဝအား ပြန်လည် ထုတ်လုပ်နိုင်ကြောင်း သိရသည်။

“မကြာခင်မှာ ကျွန်တော် စက်ရုံထောင်မယ်။ ဒီနည်းပညာနဲ့ ကမ္ဘာ့မူ ပိုင်ခွင့်ကို လှမ်းမယ်။ မြန်မာနိုင်ငံကို အကျိုးပြုမယ်။ ဒါဆို ကျွန်တော့် အခန်း ကဏ္ဍတွေ ပြီးဆုံးသွားပြီ။ ဒီထက်ပို ကောင်းအောင်တော့ နောင်လာနောင်သားတွေကိုဘဲ အားထားရတော့မှာပါ” ဟု ဦးစိုင်းသန့်ဇင်ကဆိုသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ လျှပ်စစ် ဓာတ်အားသုံးစွဲမှုမှာမဂ္ဂါဝပ်၁,၅၀ဝရှိပြီး အနည်းဆုံး မဂ္ဂါဝပ် ၁,၂၀ဝလောက် ရရှိလျှင် အဆင်ပြေ သည်ဟု သိရသည်။

ယခုလက်ရှိတွင် မြန်မာနိုင်ငံတွင် အမှန် တကယ်လျှပ်စစ်ရရှိမှုမှာ အနည်းဆုံး ၃၅ဝမဂ္ဂါဝပ်မှ အများဆုံး ၅၈ဝမဂ္ဂါဝပ် ထိသာရှိသည်။ ထို့ကြောင့် မြန်မာ တစ်နိုင်ငံလုံး လိုအပ်သည့်မဂ္ဂါဝပ်ထက် အမှန်တကယ် သုံးစွဲမှုမှာ သုံးပုံ တစ်ပုံ သာရှိသည်။

လောင်စာမဲ့လျှပ်စစ်နည်းပညာဖြင့် ထုတ်လုပ်မည်ဆိုလျှင် မြို့တစ်မြို့တွင် မဂ္ဂါဝပ် ၄ဝ လိုသည် ဆိုပါက ပေ၁၀ဝ ဝန်းကျင်ခန့်ရှိသည့် နေရာတွင် ၂မဂ္ဂါ ဝပ်ရှိသည့် စက်အလုံး၂ဝတပ်ဆင်ထားပါက ၄ဝမဂ္ဂါဝပ်ရရှိမည်။

သို့ဆိုလျှင် မြန်မာတစ်နိုင်ငံလုံး လို အပ်နေသည့် လျှပ်စစ်ကို ယခုကဲ့သို့ တီထွင် ဆပွားရင်း အသုံးပြုသွားမည် ဟုဆိုသည်။

ယင်းနည်းပညာ၏ အောင်မြင်မှု အခြေအနေကိုမှ ပရော်ဖက်ဆာ ဒေါက်တာစိန်မြင့်တို့ အဖွဲ့က ဇန်နဝါရီ လ၁၉ရက်နေ့တွင် လာရောက် လေ့လာပြီး နည်းပညာမှန်ကန်သဖြင့် ဦးစိုင်းသန့်ဇင်နှင့် ပူးပေါင်းလိုကြောင်း ကမ်းလှမ်းထားသည်။

“ဒီပညာရှင် လောကမှာ ဘယ်လိုမှ မဖြစ်နိုင်တာကို ဖန်တီးနိုင်ခဲ့တယ်။ လျှပ်စစ်မှာလော့စ်ရှိတယ်။ ကျွန်တော်တို့က သီအိုရီ သဘော အရဆို သူ့ကို ဘယ်လိုမှ လက်ခံလို့ မရဘူး။ ဒါကလည်း သူတီထွင်ထားတာ အောင်မြင်ခဲ့လို့သာ။ သူအခုချိန်မှာ ဒီလို လုပ်ချင်ပါ တယ်လို့ ပြောရင် သူ့ကို စိတ်မှ ကောင်းသေးလားလို့ လူတွေ အထင်သေးကြမှာ အမှန်ဘဲ။ သူလည်း မအောင်မြင်တုန်းကတော့ ကြုံခဲ့မှာပါ။ အခုတော့ သူဒီနည်းပညာကို အောင်မြင်သွားပြီ” ဟု တရုတ်ပညာရှင် တစ်ဦးက ပြောသည်။

http://www.myanmar.mmtimes.com/2010/upper/454/upper01.html??????????

43 comments

  • ဝီရစိုးသူ

    February 19, 2010 at 7:24 am

    ကမာ္ဘရဲ့ အသိအမှတ်ပြုလောက်တဲ့အခြေနေမျိုးရောက်သွားရင်တော့ အတိုင်းထက်အလွန်ပေါ့.. အကောင်းဘက်က ကြိုဆိုပါတယ်.. အဲဒီအတိုင်းသာအကြီးကြီးအကောင် ထည်ဖော်ဆောင်နိုင်ရင်တော့ ဦးစိုင်းလည်း Edison of 21 Century ဖြစ်သွားမလားပဲ…
    ကြိုဆိုပါတယ်…

  • kyaw

    February 22, 2010 at 6:21 am

    ဗမာတစ်ယောက် ထက် မြန်မာဆိုရင် ပိုမှန် လိမ့်မယ် ဒါထက် ရှမ်းလူမျိုးဆိုရင် အသင့်တော်ဆုံးပဲ။

  • voter

    February 22, 2010 at 6:52 am

    May be a ground-breaking finding.Very glad to hear that a Myanmar is successful in electrical technology which had been largely dominated by Westerners.If it is true,it could be a solution to all problems due to global energy shortage.

  • kaungkinlay

    February 22, 2010 at 8:26 am

    ခုလို အောင်မြင်သွားတာ အရမ်းဂုဏ် ယူမိပါတယ် ဒီလိုအောင်မြင်ဖို့အတွက် ဘယ်လောက်တောင်ပေးဆပ်ခဲ့ရတယ်ဆိုတာ မသိပေမဲ့ ကမာ္ဘ့ အလယ်မှာ
    ကိုယ်တစ်ယောက်ထဲအတွက်မဟုတ်ပဲ နိုင်ငံသားတွေရဲ့ ဂုဏ်ကိုပါ
    ဆောင်နိုင်ခဲ့တဲ့ ဦးစိုင်း ကို အရမ်းလေးစားပါတယ်… ဂုဏ်ပြုပါတယ် ဦးစိုင်း
    ဦးစိုင်း ဒီထက်မက အောင်မြင်ပါစေ ……

  • aung aung

    February 22, 2010 at 5:42 pm

    Sorry, I can not believe.

    • sai zaw

      February 24, 2010 at 3:44 am

      ဟိတ်ကောင်
      သူတောင်းစား
      မင်းလိုကောင်မျိ ူးမြန်မာပြည်မှာမရှိတာပဲကောင်းတယ်
      ငါတို ့မြန်မာပြည်သားတွေဂုဏ်ယူဝမ်းမြောက်နေတဲ့အချိန်မှာမင်းလိုမျိ ုးမစစ်တဲ့ကောင်ကမယုံလည်း

      လီးလီးလီးလီး
      အေးလီးပဲကွာအောင်အောင်
      ဟိတ်ကောင်မင်းညီမကိုပြောင်ကြီးချတာငါတို ့ယုံတယ်
      မင်းယုံလား
      အေးမင်းမယုံလည်း
      လီးပဲဟိတ်ကောင်
      အဲ့ဒါအဖြစ်မှန်ကွ
      အေးငါရန်ကင်းမှာနေတယ်
      ကြိုက်တဲ့အချိန်ဆက်သွယ်လိုက်

      • ds

        April 25, 2010 at 1:38 pm

        sai fri ဒီကောင် ပိန်းတာလား ဝေးတာလား တော့မသိဘူး
        ဖြစ်နိုင်ရင် ” ချာတိတ်တွေ မဖတ်ရန် ” လို့တင်ထားရမယ်

    • ds

      April 25, 2010 at 1:35 pm

      မင်းတော်တော် ပိန်းတာပဲ

  • MNW

    February 22, 2010 at 11:45 pm

    Hi
    Good new for world but take care everything,can not see the feature.
    But really hope truly arise.

    MNW

  • kozaw

    February 23, 2010 at 5:49 am

    တရုတ်ပညာရှင်တွေကိုသွားပြနေပြန်ပြီ၊ ကော်ပီးကူးပြီး မူပိုင်စီးတွားအုံးမယ်။ ဝှက်ထား ဝှက်ထား…
    သန်းရွှေအိမ်ကိုပေးနေတဲ့ လျှပ်စစ်မီးကို ဒီစက်ခံပြီးအဆ ၁၀ဝ လောက်တင်ပေးလိုက်ပါလားလို့… ဒါမှသူတို့မိသားစုတွေ မီးဖုတ်ပြီးသားဖြစ်သွားအောင်၊
    ပြီးရင်အဲဒီအဖုတ်(လူမီးဖုတ်) တွေကို တိနာခေါင်းရှောင်ကြီးစားရအောင် တရုတ်ပြည်ကို အစ်စပို့လုပ်လိုက်…

  • than htike

    February 23, 2010 at 8:12 am

    လျှစ်စစ်ပညာကိုကျွန်တော်တို့မြန်မာနိုင်ငံကတီထွင်နိုင်တာအရမ်းဂုဏ်ယူတယ်ဗျာ အောင်မြင်ပါစေ ဦးစိုင်း

  • pyae

    February 23, 2010 at 11:22 pm

    We are really Myanmar.We trust our aim and our target will successful in one day.This is our spirit.Congratulation to U SAI.

  • Than Htike San

    February 24, 2010 at 3:34 am

    ကျွန်တော် သိပ်မရှင်းလို့ပါ။
    ဘွိုင်လာကိုဆူစေတယ်ဆိုတော့ ဘွိုင်လာကို ဘာနဲ့ဆူတာလဲ။
    ဘွိုင်လာဆူဖို့ လောင်စာတစ်ခုခုတော့ လိုမှာပဲမလား။

  • ngatetpyar

    February 24, 2010 at 6:00 am

    so poor…wasting your time and money for this invention…

  • tonmgmg

    February 24, 2010 at 7:43 am

    နည်းပညာ ပိုင်းမို့ အားလုံးမရေးပဲချန်ထားလား တော့ မသိဘူးနော်။ အခု ရေးထားတဲ့ အတိုင်းသာ ဆိုရင် ဖြစ်နိုင်ဖွယ်မရှိဘူးနော်။။။။ ဖြစ်သွားရင်လဲ တော်တော် လေးကို တော်လို့ ပဲဗျ။ စွမ်းအင်နိယာမတွေ တော့ လွှတ်ပစ်ရတော့မယ်။ သီအိုရီတွေ အကုန်မှားသွားလဲ ငါလိုချင်တာ မီးရဖို့ပဲ 😛

  • ူlaithang

    February 24, 2010 at 8:47 am

    အဆိုပါ နည်းစနစ်အတွက် မည်သည့် လောင်စာမှ အသုံးပြုခြင်း မရှိပေ။

    ဘွိုင်လာကို ဆူစေပြီး တာဘိုင်နှင့် တွဲကာဂျင်နရေတာတပ်လျှင် မီးစက် ဖြစ်သည်။

    ထိုဂျင်နရေတာကို ပန်ကာ တပ်လျှင် သဘောင်္ ပြန်ဖြစ်သွားသည်။

    ဘွိုင်လာကိုဘာနဲ့အပူပေးဒါလဲလို့မေးပေးပါ

    • YEYINT

      February 25, 2010 at 8:04 am

      aww boiler ko su pho nichrome wire pae` shi tar .

  • kai

    February 24, 2010 at 12:32 pm

    အခုပဲ သတင်းတခုတက်လာပါတယ်..။
    ဂျီအီးက ထုတ်တောင်ထုတ်လိုက်ပါပြီ။ ဈေးက ကုမဏီကြီးတွေအတွက်ဆိုရင် ရသိန်းကနေ ၈သိန်းဆိုပါတယ်။ ဒေါ်လှ..နော်..ဒေါ်လှ
    ==================

    Is Bloom Energy the next GE?
    Feb 23, 2010 15:55 EST
    green business | Tech

    sridhar

    Updated on Feb 24.

    The blogosphere is rumbling with anticipation of the “Bloom Box”, a pint-sized “power plant” that could change the way we power our homes and offices forever.

    The buzz began Sunday when 60 minutes aired an exclusive profile of the alternative energy fuel cell developed by startup Bloom Energy and its CEO K.R. Sridhar (a former rocket scientist) in Silicon Valley. After eight years in the making, the power plant in a box is set to be released Wednesday with California governor Arnold Schwarzenegger and former Joint Chiefs of Staff chairman Colin Powell on hand.

    “You’ll generate your own electricity with the box and it’ll be wireless. The idea is to one day replace the big power plants and transmission line grid, the way the laptop moved in on the desktop and cell phones supplanted landlines,” reports CNet News.

    What makes this claim to the perfect, zero-emission energy source different? For starters, backing from Walmart, eBay, Google, Staples, FedEx, and hundreds of millions of dollars in investments.

    And, the World Economic Forum names Bloom Energy as one of 26 top 2010 Technology Pioneers: Energy and Environment.

    But the Bloom Box isn’t cheap. The Daily Tech reports: “Well, $700,000 to $800,000 will buy you a ‘corporate sized’ unit… To get a view of the cost and benefits, eBay installed 5 of the boxes nine months ago. It says it has saved $100,000 USD on energy since.”

    In the 60 Minutes interview, Sridhar says his goal is for the price to come down to about $3,000 for a U.S. household within a few years.

    The hype is not new. Since at least 2006, tech industry watchers have kept an eye on Bloom — which has been working on the fuel cell box for more than 8 years.

    60 Minutes also ran this Skeptic’s video.

  • Loki Loki

    February 25, 2010 at 7:58 am

    ar` dar gyi sure success phit twar yin
    electric flight tway lote pe tot
    ar` dar ko flight paw tin pe use lite mal so yin
    world fastest flight phit lar lain. mal
    pee tot electric car lae` ar` de lo pae` ya lain. mal

  • Loki Loki

    February 25, 2010 at 8:03 am

    u sai lote tha lo thar sure ya mal so yin
    brunei ka kabar paw mhar poor sone phit twar pe
    brunei ka ရေနံ boss tway
    ကျောက်မီးသွေး boss tway tot cry ya tot mal

  • Gwe Htoo

    February 26, 2010 at 12:35 am

    U Sai Thant Zin,
    I like to give one suggestion to you. If you are sure about that, you should register at the register office for you invented. Otherwise some body will steal your invented.

  • drmrboss

    February 26, 2010 at 7:02 am

    Energy cannot be created or Destroyed!!!!!

  • Truth Seeker

    February 27, 2010 at 5:30 am

    That’s a great new.
    When I read,
    “ယခုလက်ရှိ နမူနာတပ်ဆင်ထားသော လျှပ်စစ်ထုတ်လုပ်သည့် စက်မှာ Nichrome (နီကရုန်း)ကြိုးများ တပ်ဆင်ထားသည်။ …………………………… စုစုပေါင်း ဝပ် ၄၃,၀၀ဝအား ပြန်လည် ထုတ်လုပ်နိုင်ကြောင်း သိရသည်။”
    I got an idea to draw a diagram. So, I just try to draw a sample diagram of his brilliant innovation by using XMind (Free Mind_Mapping Software).
    Please check out the diagram image below.

    Diagram

  • bohein

    February 27, 2010 at 8:46 am

    ကောင်းပါတယ်…
    ဘာတွေကိုတီထွင်တယ်ဆိုတာရှင်းလင်းအောင်ရေးပြီး နည်းပညာတွေလက်ဆင်ကမ်းပေးပါ..

  • kyaw san win

    February 28, 2010 at 1:18 am

    အရမ်းကောင်းပါတယ်။ စွမ်းအင်ကိုမြန်မာတွေအားလုုံးအစားရှာဖွေပေးနိုင်တာကိုအရမ်းကျေဇုူးတင်ပါတယ်။
    ဆက်လက်ပြီးတော့အနှောင့်အရှက်ကင်းကင်းနဲ့လျှောက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ၊၊

  • kyaw

    February 28, 2010 at 4:22 am

    ဒီမှာတင်ထားတယ် လောင်စာမဲ့စွမ်းအင် အကြောင်းhttp://www.shanrefugeemalaysia.tk/

  • ko4chan

    March 2, 2010 at 2:08 am

    ဝမ်းသာစရာ ကောင်းပါတယ်ခင်ဗျာ ။ နည်းပညာသစ်တွေ ကို ကျွန်တော် တို. ဆီကနေ ထွက်တာဆိုတာ ဂုဏ်ယူစရာ ပါ

  • MIN KO KO

    March 3, 2010 at 6:49 am

    Dear Saya Kyaw Win& Sai Thant Zin !
    I would like to thank your strong believe mission and all of these aspect of your things. GOD BLESS you and your nice JOB. We hope that it can bring to global trend with your JOB not just your win but Myanmar also had already reborn with your Job . Saya Sai you can win that because you already made with special spirit and every scholar will listen your nice song any corner of the world . This is why we will pray for your Job.

    Sincerely,
    MIN KO KO

  • Mon Lay

    March 6, 2010 at 9:23 am

    Dear U Sai Thet Sin, I am so proud of you and esp with your effort and invention. I hope, you will enjoy the fruits of your success in return. With all due respect Uncle..If your invention comes to reality and was put into practice, please share with the right people who really look after our nation(Brumese). And, I wish there is no barriers along your way to uprise what our people really deserve.Wish you with all the best of luck, Uncle..
    Mon Lay..

  • kir@

    March 11, 2010 at 8:25 pm

    i want to know that where can i find this project at another website

  • Happyfun

    March 13, 2010 at 9:51 pm

    မယုံရခက်ယုံရခက်နဲ့ ယုံချင်ပါတယ် အားလုံးအတွက်။

  • ကလေးလေး

    March 13, 2010 at 11:58 pm

    ဂုဏ်ယူပါတယ်.. ဗျာ..
    တကယ်လည်း ဖြစ်လာပါစေလို့ ဆုတောင်းပါတယ်… 🙂

  • timothy

    March 14, 2010 at 7:55 am

    Good news for oppressed of Burma. If we can remove Than Shwe from power using superpower of this invention, fantastic. Burmese people in Burma had to stay in the dark as if they were punished by Than Shwe for disobedience. This machine can be solution for people in Burma. I will be very happy if Burmese people are liberated from the dark age of murderous Than Shwe.

  • thiha

    March 16, 2010 at 11:43 pm

    အများကြိးသမ်းသာပါတယ်ဗျာ။အနှောက်အယှက်ကင်းကင်းနဲ့ဒိထက်အောင်မြင်အောင်စွမ်းဆောင်နိုင်ပါစေလို့

  • susunosuki

    April 19, 2010 at 10:15 am

    ကျွန်တော်လည်းဖတ်လိုက်ရတယ်
    စိတ်ဝင်းစားနေမိတယ်
    အင်တာနက်သတင်းဆိုတာ မြန်ဖို့စိတ်ချရပေမယ့်မှန်ဖို့ဆိုတာ မလွယ်သေးတော့
    စဉ်းစားနေတာ

  • aungaung

    April 19, 2010 at 2:57 pm

    ဟုတ်မှဟုတ်ပါ့မလားဗျာ။

  • ချစ်ဆရာ

    April 19, 2010 at 6:19 pm

    မြန်မာ့ ရာဇဝင်မှာတော့ သူရဲကောင်းတွေ ဟာကျဆုံးခဲ့ရစမြဲပါနော် သူ ့ကိုသူရဲကောင်းလို ့ထင်ရင် နေရာပြောင်းပေးလိုက်ပေါ့ သူကောင်းစားသွားမှာပါ
    ဒီစကားကိုပြောရတာ အရမ်းဝမ်းနည်းမိပါတယ် ဘယ်သူ ့ကိုမှ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့

  • kir@

    April 25, 2010 at 12:54 am

    ဒီအကြောင်းအရာနဲ.ပါတ်သက်တဲ.ဘလောက်တွှေဖိုရမ်တွှေကိုသိချင်ပါတယ်.ကျေးဇူးပြုပြီးဖေါ်ပြပေးပါ

  • drmrboss

    May 14, 2010 at 1:45 am

    Anyone who is responsible for that shameful, nonsense thing should apologize the audience and remove that topic please!!!!

  • windtalker

    June 2, 2012 at 7:32 pm

    ၂၀၁ဝ ဆိုတော့.. ၊ ကျုပ်ဖြင့် မန်းဂေဇက် ရှိမှန်းကို မသိခဲ့သေးတဲ့အချိန် ၊ အခုမှပြန်ဖတ်ကြည့်မိတော့ ၊ လွတ်လပ်စွာ ဆဲခွင့် ပေးခဲ့တဲ့ အချိန်ပါကလား
    သဂျီး အူးကိုင်ရေ
    ဒီအချိန်လေးကို ကိုယ်မကြုံလိုက်ရပေမယ့်
    လွမ်းတယ်

  • မိုးတိမ်

    June 3, 2012 at 12:20 am

    အဟီးကြာပေါ့ဗျ…
    ဂယ်သာဖြစ်တယ်ဆိုရင် ဖယောင်းတိုင်ကိုင်ပြီးဆူးလေဘုရားနားသွားစရာမလိုဘူးနော။
    သူများနိုင်ငံက မီးစက်တွေဝယ်စရာမလိုလောက်ဘူးနော်။
    လျှပ်စစ်ဝန်ကြီးက ဟိုပြော ဒီပြော တောင်းပန်စရာမလိုလောက်ဘူးနော်။
    ခိခိ ရယ်ရတယ်ဗျဲ…………………..

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 3, 2012 at 12:27 pm

    ဪဖောရှောပါလားနော်….တကယ်သာဆိုရင်တော့တရုတ်တွေလျှပ်စစ်ကိုမဝယ်တော့မှာမို့
    မြန်မာ့နိုင်ငံခြားဝင်ငွေတွေနည်းသွားလောက်တယ်….ဟီဟီ…ရယ်ရတယ်…..
    လောင်းလောင်းအဂိုးကသတင်းဆိုပေမယ့်ရီရတယ်.

Leave a Reply