*************

1

*************

ကံတရားရယ်..
ဒဏ်ရာတွေပဲ ပေးနေလေသလား…

ဖွင့်သာမေးလိုက်ချင်တယ်..
ရင်နဲ့လည်း မဆန့်တော့ဘူး
မျှော်လင့်ချက်ဆိုတာ
စာရေးလို့ပဲ ကောင်းတာပါ..
မိန်းကလေးဆိုတဲ့ ခေါင်းစဉ်အောက်
ထွက်ပေါက်ပျောက်နေတဲ့ နှလုံးသား
နံရံပါးကြားမှာ မွန်းကျပ်နေပြီ…

ကိုယ့်ကိုကိုယ်မုန်းမိတယ်…
အပြုံးတွေကြား တိုးဝင်မိတာ..
စကားတွေကြား မျောပါမိတာ..
တည်ငြိမ်ကာစ ငါ့ဘ၀လေး
မထင်မှတ်ဘဲ လှုတ်ခတ်သွားတာ…
နေသားကျနေရင်းနဲ့
မနေတတ်တော့သလို ဖြစ်သွားတာ…

ကိုယ့်ကိုကိုယ် အမိန့်ပေးမိတယ်…
ဒီအတိုင်း ဆက်နေပါ..
တစ်ယောက်တည်း ရပ်တည်ပါ…
ဘယ်သူ့ကိုမှ မလိုအပ်နဲ့..
အပိုတွေ လျှောက်မတွေးနဲ့…
တွေဝေမှုတွေကို ရပ်လိုက်ပါ..

ပြီးတော့…တောင်းပန်ပါရစေ..
ကျေးဇူးပြုပြီး..
နင့်ဘက်ကလည်း ရပ်ထားပေးပါ
ငါမျှော်လင့်မိမယ့် အရာတွေ
ရေးရေးလေးတောင် မလိုချင်တော့လို့
ခဏတာပျော်ရွှင်မှုရဲ့ နောက်က
ခံစားရမယ့် ငါ့ဘဝ
အတော်လေး သနားမိနေလို့…
ကျေးဇူးပြုပြီး…
ရပ်ပစ်ပေးပါ…။ ။

**ဒီရက်ပိုင်း စာတွေ လက်စမသတ်ဖြစ်ဘဲ ကဗျာပဲ ရေးဖြစ်နေလို့ပါ… (ဘာရေးရမှန်း မသိတော့တာလည်း ပါတာပေါ့… :mrgreen:  ခံစားချက်တစ်ချို့နဲ့ စိတ်ကူးတစ်ချို့နဲ့ ပေါင်းပြီး ရေးထားတာပါ..အားပေးပါဦးနော်…

ချစ်တဲ့

မွန်မွန်

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 162 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010