မောရှမ်းမြေသို့ အလည်တစ်ခေါက်… ( ကုံလုံ၊ ပင်းတယ-၁)

we R oneMarch 1, 20132min19210

၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ကမာ္ဘပျက်မည့် ညမှ ကျွန်မတို့ ခရီးထွကခဲ့ကြတယ်..။ ကိုယ်သွားချင်းတဲ့ ခရီးမို့ အားလုံးက စိတ်လှုပ်ရှုားစွာ ပျော်ရွှင်နေကြတယ်..။ နောက်နေ့ မနက် ၈ နာရီလောက် ကလော ကို ရောက်ပေမယ့်မဲ့ ကလောမှာ မနားပဲ အောင်ပန်းကို ဆက်လက် ချီတက်ခဲ့ကြပါတယ်..။ အောင်ပန်းမှာ မျက်နှာသစ် မနက်စာစား ပြီး တည်းခိုမယ့် ဟိုတယ်ကို တန်းမသွားပဲ ပင်းတယနဲ ကုံလုံကို ခရီး ဆက်ခဲ့ကြပါတယ်..။ ပင်းတယ ၊ ကုံလုံ ကို သွား လမ်းတလျောက်မှာ မြင်တွေ့ရတဲ့ မြင်ကွင်းတွေက ပုံမှန် မြင်နေကြမဟုတ်ပဲ တမျိုးလေး ဆန်းကြယ်နေတယ်..။ ရွာလေးတွေကလည်း နေချင်စရာလေးတွေ..။  ရုံမှ ဒါ့ပုံဆြာကြီး တွေက တော့ ဟိုနေရာ ရောက်ရင် ရိုက်မယ် ဒိနေရာရောက်ရင် ရိုက်မယ်နဲ ကင်မရာ တပြင်ပြင်နဲပေါ့..။ တကယ်တမ်း ဓါတ်ပုံ ရိုက်ဖြစ်တဲ့ နေရာ က ပင်းတယ ကို အသွား လမ်းက နေကြာခင်းရယ်..၊ ကုံလုံ နဲ ပင်းတယ လှိုင်ဂူတွေ မှာ ပါပဲ..။

ပန်းနေကြာ
ပန်းနေကြာ
ကုံလုံ က နှင်းဆီ -၁
ကုံလုံ က နှင်းဆီ -၁
ကုံလုံ က နှင်းဆီ -၂
ကုံလုံ က နှင်းဆီ -၂
ကုံလုံ က နှင်းဆီ -၃
ကုံလုံ က နှင်းဆီ -၃
ကုံလုံဆရာတော် ဘုးရား ရဲ့ ရုပ်ကလပ် ရှိရာ ကျောင်းဆောင်
ကုံလုံဆရာတော် ဘုးရား ရဲ့ ရုပ်ကလပ် ရှိရာ ကျောင်းဆောင်
ကုံလုံ ဆရာတော်ရဲ့ ရုပ်ကလပ်
ကုံလုံ ဆရာတော်ရဲ့ ရုပ်ကလပ်

6

10 comments

  • ခိုင်ဇာ

    March 1, 2013 at 4:39 pm

    ဟယ်။ ဟုတ်ပါ့။
    အဲ့ဒီဘက်မှာ နှင်းဆီပန်းရောင်လေးတွေ သိပ်လှတာရယ်။
    အဲဒီ ပန်းရောင်က ဘယ်လိုပြောရမလည်း မသိ။ ပန်းရောင် ငြိမ်ငြိမ်လေး။
    :hee:

    ကုံလုံကို ဆရာတော် ပျံလွန်တော်မမူခင်က ရောက်ဖူးလိုက်တယ်။

  • ခင်ခ

    March 1, 2013 at 4:40 pm

    ကမ္ဘာမပျက်လို့ ဒီဓာတ်ပုံတွေ တင်နိုင်တာပေါ့နော်။
    ကမ္ဘာပျက်မယ့် ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ကမာ္ဘပျက်မည့် ညမှ ကျွန်မတို့ ခရီးထွက်ခဲ့ကြတယ်..
    ဆိုတော့ကာ။
    အားပေးသွားပါတယ်ဗျ။

  • ခင်ခ

    March 1, 2013 at 4:41 pm

    ကမ္ဘာမပျက်လို့ ဒီဓာတ်ပုံတွေ တင်နိုင်တာပေါ့နော်။
    ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ကမာ္ဘပျက်မည့် ညမှ ကျွန်မတို့ ခရီးထွက်ခဲ့ကြတယ်..
    ဆိုတော့ကာ။
    အားပေးသွားပါတယ်ဗျ။

  • Wow

    March 1, 2013 at 5:26 pm

    ကမ္ဘာပျက်မဲ့ညမှာ ခရီးထွက်ကြတယ်ဆိုတော့ ဗရာကြော်ပါ… :hee:
    ကုံလုံဆရာတော်အလောင်းက ဆေးစိမ်ထားတာလားဟင်…
    ကြည့်ရတာ တစ်မျိုးကြီးနော်…

  • ဗုံဗုံ

    March 1, 2013 at 5:28 pm

    နှင်းဆီပန်းလေးတွေက လှလိုက်တာ ပန်းရောင်လေးက တစ်မျိုးဘဲ အားပေးသွားပါတယ်ရှင့် 🙂

  • မောင် ပေ

    March 1, 2013 at 7:26 pm

    ကုံလုံဆရာတော်ကြီးရဲ ့ကျောင်းနားမှာ
    မနက်ခင်းပိုင်း ရောင်းကြတဲ့
    ခေါပုတ် ပူပူနွေးနွေးကို နှမ်းနဲ ့ထောင်းရောင်းတာ
    ထန်းညှက်မှုံဖြူးရောင်းတာ
    အရမ်းစားလို ့ကောင်းတယ်

  • MaMa

    March 1, 2013 at 8:50 pm

    ဝီအာဝမ်းရဲ့ နေကြာပန်းနဲ့ နှင်းဆီ လို့ မူပိုင်ပေးလိုက်တယ်။
    သူ့ဖာသာရိုးရိုးလေးနေတဲ့ပန်းကို ဆန်းဆန်းလေး လှသွားအောင် ရိုက်နိုင်လို့။ :hee:

  • ရွှေတင်မောင်

    March 1, 2013 at 10:36 pm

    ဂျီးဒေါ်ရေ …
    ကျုပ်လည်း လာအားပေးသွားပါတယ်ဗျ …
    ကဘာပျက်မယ့်နေ့မှာ ထွက်ဒါ ဆိုလားဘာလား …
    အတော် သတ်တိ ကောင်းဒဲ့ လူဒွေနော့ …
    ဒါဒွေ အယုံအကြည် မရှိဒဲ့ နေရာမှာလည်း …
    ကျုပ်နဲ့ သဂျီးနဲ့ နင်လား ငါလားလို့ ပေါလို့ ရလေမလားဘဲ …

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 2, 2013 at 2:58 am

    ပန်းပွင့်လေးတွေလှတယ်
    ကူးယူထားလိုက်တယ်……..
    ကျုပ်တော့ဖြင့် အဲ့ဂီဖက်တွေကို တစ်ခါမှရောက်ဖူးသေးဘူးရယ်….
    နောက်များမှာ သွားမယ်ဆိုရင်ဖြင့် ကျုပ်ကိုခေါ်ပါ့အုံးဗျာ……
    လမ်းစရိတ်နဲ့ စားစရိတ် ပြီးရင် အပြန်လမ်းစရိတ်ပါ ကူညီပေးမယ်ဆိုရင်ဖြင့်
    ကျုပ်လိုက်ချင်ဗါဒယ်…………….

    • we R one

      March 4, 2013 at 9:42 am

      อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile ရယ်.. ကျွန်မ တောင် ရုံးက စရိတ်ငြိမ်း လိုက်ပို့လို့ သွားတာ..။ သူများ ကိုစရိတ်ခံ ပြီး ခေါ်ဖို့ မပြောနဲ ကိုယ့်ဟာကိုယ်တောင် မသွားဘူး.. ဟီး… 😛

Leave a Reply