ငါ….

မျက်စိတစ်ဆုံး မျှော်ကြည့်တိုင်း
ဆုံးဖြတ်ချက်တွေက ယောင်ဝါးဝါးနဲ့
ဝိုးတ၀ါး အသိနဲ့ လူမရှိတဲ့ ကမ်းခြေမှာ
ရေနည်းငါးလို ကမ်းတင်နေတုန်း…

အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့
ခပ်သေးသေး ကံကြမ္မာအပေါ်ပုံချ
ငါ့ကိုယ်ငါ အားကိုးတက်ဖို့တောင်
မချင့်မရဲ ဖြစ်ကုန်ပြီ…

ဘာလိုလို နဲ့ ငယ်ငယ်က ရိုးရှင်းလှပတဲ့
ဖြူစင်ရိုးသားစိတ်ကို ပြန်လည် တမ်းတမိရင်း
လေးလံလှတဲ့ ပုခုံးထက်က ကိလေသာ တွေကို
ခါခါချရင်း အကြိမ်တစ်ရာမက
ငါ နောင်တ ရမိနေတုန်းပဲ….

တစ်ချိန်က ငါ့ကို နင်းချေခဲ့ဖူးတဲ့
မျက်ဝန်းတွေကို ခပ်စိမ်းစိမ်း နဲ့
ကျိန်စာတွေတိုက် မပြေတဲ့အညိုးတွေနဲ့
မိုးရေတွေ ရွာချရင်း
မည်းမှောင်တဲ့ အခန်းနက်ထဲ
အဲ့ဒီ မျက်ဝန်းတွေကို
ခဏလောက် ရိုက်သွင်းထားလိုက်တယ်
ငါ့ စိတ်ရိုင်း ၀င်နေသ၍ပေါ့…

အမာရွတ် အဟောင်းကို မြင်ရင်
ရန်သူဟောင်း ကို သတိရသလို
ငါ့နှလုံးသားက “ခြစ်“ ရာလေး တစ်ခုက
“ချစ်” မိလို့ ဖြစ်ခဲ့တာဆို သလိုပဲ
ငယ်ရည်းစား ကို သတိရမိတာ
သေရာပါအုံးတော့မယ်…

ဒုံးချာလည်ပတ် လောကကြီး
မဆုံး သ၍ ငါအသက်ရှုနေသ၍
အကုသိုလ် နဲ့ ကုသိုလ်
ဒွန်တွဲနေရင်း ဟောဒီ
လောက ဇတ်ခုံပေါ်မှာ
ခုံတက်ကလိုက်ချင်ပါသေးတယ်….

သစ်ဆန်းခန့်
mr.thitsankhant@gmail.com

About Thit San Khant

Thit San Khant has written 8 post in this Website..

ကျွန်တော့်ကြောင့် သစ်ဆန်းခန့် ဆိုတဲ့ လူကြောင့် တစ်စုံတစ်ယောက် ပျော်သွားရတယ် ဆိုရင်ဖြင့်.... ကျွန်တော် ပြုံးနေမှာပါ ပီတိတွေနဲ့ အတူပေါ့...