ကျွန်တော့် အက္ခရာများနှင့် ပက်သက်၍………..

alinsettMarch 1, 20132min22516

ပထမဆုံး.ပြောချင်တာကတော့….

အဟမ်း….အဟမ်း….

ကျွန်တော်..အစဉ်လိုက် ရေးသား..တင်ပြ ခဲ့တဲ ့ အက္ခရာပိုစ့်တွေကို… အဆက်မပြတ်.. ဖတ်ရှု ခံစား..အားပေးခဲ့ကြတဲ ့

ကျွန်တော်..ချစ်သော.. မိတ်ဆွေများကို.. ကျေးဇူး အများကြီး..တင်ပါကြောင်း..အရင်ဆုံး.ပြောပါရစေခင်ဗျ ။

ကျွန်တော့် အက္ခရာ အစဉ်လိုက်တွေနဲ ့.ရောက်တတ်ရာရာ စာမူတွေက်ို… ရေးသား ဖန်တီးရတာဟာ…

စာရေးဖြစ်ဖို ့ ဆိုရင်.. အတော်လေးကို..ကြိုးစား အားထုတ်ရတတ်တဲ ့ ကျွန်တော့်ကို ကျွန်တော်… တွန်းအားပေးရာလည်းရောက်ပါတယ် ။

က = ပြီးရင်….

ခ = ရေးကိုရေးရမှာဆိုတော့… ရေးချင်ချင်..မရေးချင်ချင်…. ရေးကိုရေးရပါတယ် ။ တွေးကိုတွေးရပါတယ် ။

ကိုယ် စ တဲ ့ဇာတ် ကိုယ့်ဘာသာ ဆုံးအောင် ကရမယ်..ပေါ့ဗျာ ။

တစ်ဝက် တစ်ပျက် ရပ်မသွားဖို ့… ကြိုးစားပမ်းစားရေးရ / တွေးရလို ့..ဇွဲလည်း..နည်းနည်း ပိုကောင်းလာပါတယ် ။

အဲဒါတွေ အပြင်…..

အကြောင်းအရာမျိုးစုံ ကိုလည်း..ကြုံရာကျရာ… ရေးနိုင် သွားပါတယ် ။

ဘာရေး ရမှန်း မသိချိန်တွေမှာ…တောင်…“ ရပ်ထားလို့တော့မရဘူး.. ” ဆိုတဲ ့ စိတ်နဲ ့ ရေးစရာ အကြာင်းအရာကို…( အက္ခရာနဲ ့လည်း.ကိုက်ညီမှု ရှိအောင် )

မရမက..ဖျစ်ညှစ် စဉ်းစား ဖော်ထုတ်တတ်သွားပါတယ် ။

နောက်ပြီး…

စာတွေ အစဉ်မပြတ်ရေးဖြစ်သွားတဲ ့အတွက်… ရွာနဲ ့လည်း.အဆက်မပြတ်တော့တဲ ့အပြင်…

စာရေးလေ့ကျင့်မှု တစ်ခု အနေနဲ ့လည်း…. ကျွန်တော့် အတါက် တော်တော်လေးကို..အကျိုးရှိပါတယ် ။

အဲဒီ အချက်တွေကြောင့်…..

အက္ခရာ အစဉ်လိုက် ပိုစ့်တွေ ရေးရတာကို.. ကျွန်တော်… ကျေနပ် ပျော်ရွှင်ခဲ့ပါတယ် ။.

(ကျွန်တော့်ရဲ ့အက္ခရာ ပိုစ့် ခရီးစဉ် တလျှောက်မှာ…စာချစ်သူတွေက.. လိုက်ပါ ခံစား..အားပေးကြလို့လည်း… ပိုပြီး..ကျေနပ် ပျော်ရွှင်ခဲ့ပါတယ် ။)

က / ခ / ဂ / ဃ / င ……

စတဲ ့အက္ခရာတွေ က…

အ = မှာ အဆုံးသတ်ပြီးစီး သွားပြီ..ဆိုတော့….. ခက်ခဲလှတဲ ့…. အရာတစ်ခု….ဖြစ်မြောက် အောင်မြင်အောင်…

ဖန်တီးဆောင်ရွက်လိုက်နိုင်လို ့….. ရတဲ ့ကျေနပ် မှု / ပီတိကိုလည်း… သေသေချာချာ ရလိုက်လို ့…

ကျွန်တော်…..အားအင်တွေ.. ပြန်ရလာပြန်ပါတယ် ။

—————————————

အခု……..

အက္ခရာ ပိုစ့်တွေ အပြီးမှာ…….

စာရေးခြင်းမှာ…တော်တော် ပျင်းတဲ ့….. ကျွန်တော့်ကိုကျွန်တော်……

မရပ်မနား…မောင်းနှင်တဲ ့အနေနဲ ့…..

စဉ်ဆက်မပြတ်….တွဲဆက်ပြီး….ရေးသားတင်ပြသွားရမယ့်…..ကိစ္စတစ်ခုကို….. စ…တင်….ပါ့မယ် ။

ကျွန်တော့်ကို ကျွန်တော် မောင်းနှင် ဖြစ်ဖို ့တွန်းအားပေးတဲ ့..အချက်ကလည်း..ရှိပါတယ် ။

———————————————————————

အင်မတန် စိတ်ဝင်စားစရာကောင်းတဲ ့… စာပေးဖန်တီးမှု တစ်ခု မို ့…. တိမ်မြုပ်မနေစေချင်ပဲ…

သိပြီးသား လူတွေ….ပြန် သတိရဖို ့….

မသိသေးသူတွေ..သိဖို ့…

ပြန်ခံစားမိကြဖို ့….

ဝေမျှတင်ပြချင်လာတာပါ ။

အဲဒါကတော့…….

မြန်မာ့ စာပေလောကမှာ….

ထူးထူးခြားခြား..ရေးသား…..ဖန်တီထားခဲ့တဲ ့… စာအုပ်တစ်အုပ်ကို…

ကျွန်တော့် ခံစားချက်တွေ…/ ကျွန်တော့်အတွေးတွေ….

ကျွန်တော့် ဝေဖန်ချက်..အမြင်လေးတွေနဲ့ ့အတူ..တွဲဖက်..ပြီး…တင်ပြမှာပါ ။

သူ ့အရေး တစ်ပိုဒ် ..ကျွန်တော့်အတွေး..အရေး…တစ်ပိုဒ်နဲ ့…ပေါ့ ။

အပိုင်းလိုက်..အကန့်လိုက်… တစ်ပိုင်းပြီးတစ်ပိုင်း..တင်ပြသွားရမှာပါ ။

————————————-

အဲဒီ စာအုပ်ကလေးကတော့………….

1997 ခုနှစ် ၊ နိုဝင်ဘာလလောက်က… ထွက်ရှိခဲ့တဲ ့…..စာအုပ်ကောင်း တစ်အုပ်ပါ ။

တိမ်မြုပ်သလိုလို ဖြစ်နေတဲ ့…. စာပေအလှတရား တစ်ခုမို ့…. ကျွန်တော်က…

ပြန်လည်…. တူးဖော်ပေးပြီး… ထပ်ဆင့် ခံစားကြည့်မှာပါ ။

ကဲ……..

ဘယ်သူရေးခဲ့တဲ ့……..

ဘာစာအုပ်လဲ……

ဆိုတာတော့…….

မကြာမီ……….

လာမည်……….

မျှော်…………

:kwi:

:kwi:

——————————————————–

အားလုံးကို…..

ကျေးဇူးတင်ပါတယ် ။

လေးစားစွာဖြင့်…

အလင်းဆက်

1 .3 .2013 .

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

အလင်းဆက်နှင့် အက္ခရာများ

အ = အားနာလွန်းလို ့….. အလိမ်ခံလိုက်ရတဲ ့ ……..အလင်းဆက်ရဲ ့ အဖြစ်တွေ

ဠ = ဠ လား… သူ …. မှားနေတယ်

ဟ = ဟန်ဆောင်တတ်သော အလင်းဆက်တို ့ သားအမိ

သ = သူ ့မှာတမ်း နှင့် ကိုယ့် စာ အလွမ်း …

ဝ = ဝါသနာ မပါဘူး လို ့. … မပြောပါနဲ ့….။

လ = လွတ်လပ်ရေး နှင့် ကျွန်တော် လျှောက်သော လမ်း

ရ = ရသင့်တာလေးတွေတောင်…… မရ ကြ သေးလို ့

ယ = ယိမ်း …. က ကြမည့် ……လက်တို ့ ၏ ရာဇဝင်

မ = မိန်းမလိုချင်တဲ ့အလင်းဆက်နှင့် အလင်းဆက် လိုချင်တဲ ့မိန်းမ

ဘ = ဘယ်သူ ဘာသာပြန်ထားတဲ ့ ဘာစာလဲ.. သိချင်ရင် ဖတ်ကြည့်ပါ ။

ဗ = ဗိုက်ဆာ လို ့ ခိုးတဲ ့သူနဲ ့…… ဗိုက်… ဆာ တာထက် ဆိုးတဲ ့အရာ

ဖ = ဖခင်တစ်ယောက် ရဲ ့ဘဝ….

ပ = ပဒုမ္မာ ပန်းလို..လှတဲ ့ ပပဝတီရဲ ့အလှမျိုးကို အားကျတယ် / နှင့် အခြား စာပိုဒ်များ

န = နည်းနည်းလေးတော့ လွဲသွားတယ် ။ ( တိုင်းပြည်အကြောင်း နည်းနည်းပြောကြည့်ဦးမယ်။)

ဓ = ဓါးသွားပေါ်မှာ..လမ်းလျှောက်ခြင်း… ( ဓါး…. အက်ဆေး )

ဒ = ဒီလိုအရွယ်မို ့.. ဒီလိုစာတွေလည်း.ရေးမိသေးတယ် ။

ထ = ထိန်းထားတဲ့ ကြားက. ပြောမိတဲ ့စကား.( တိုင်းပြည်အကြောင်း နည်းနည်းပြောဦးမယ်)

တ = တုပ ထားတဲ့ စာ

ည = ညအခါ..လ သာသာ…

ဈ = ဈေးတော့ ကြီးတယ်.. ဒါပေမယ့်……………

ဇ = ဇိမ် ရှိရှိ ..မနေရတဲ့ လုူတွေ…အကြောင်း..( တိုင်းပြည်အကြောင်း နည်းနည်းပြောပါရစေ..)

ဆ = ဆရာမ ဝင့်ပြုံးမြင့် အတွက် surrealism လက်ဆောင်လေး

စ = စိတ်ကူးအဓိက အနုပညာ ဝါဒ ( CONCEPTUALISM )နှင့် စာပေသဘောတရား

င = ငယ်စဉ်ကလို..နှလုံးသား

ဃ =ဃနာနို့ဆွမ်း လှူခွင့်ရသလိုမျိုး

ဂ = ဂိမ်း ကစားခြင်းကိုမှ ချစ်သလား…

ခ = ခက်ခဲလှတဲ ့ အရာတွေ….

က = က , သာ.. ကပါ…။

16 comments

  • MaMa

    March 1, 2013 at 8:44 pm

    ကိုရီးယားဇာတ်လမ်းကြည့်ရဖို့အတွက် ကြော်ငြာတွေကို စိတ်ရှည်လက်ရှည်ကြည့်ပြီး စောင့်ရတာ ကျင့်သားရနေပြီမို့…..
    မျှော်…… နေပါကြောင်းးးးးးး :harr:

  • အလင်းဆက်

    March 1, 2013 at 8:52 pm

    :kwi:

    ကြော်ငြာထားရသေးတယ်လေ ။
    လူကို သ်ိပ်မကြော်ငြာရဲတော့ဘူး..ဆိုတော့…
    စာကိုပဲ..ကြော်ငြာတော့မယ် ။

    အဲ…ကြော်ငြာတယ်…ဆိုလို ့….
    တစ်လက်စတည်း.ပြောလိုက်ချင်သေးတာကတော့….

    အခု..ဆက် လက် တင်ပြမယ့်…စာအုပ်ဆိုတာက
    ကျွန်တော် ကြော်ငြာပေးနေတာလို့ ့ ( တချို ့ ) ထင်နေတဲ ့ ဆရာဝင့်ပြုံးမြင့် ရဲ ့စာအုပ်…လုံးဝ (လုံးဝ )
    မဟုတ်ပါဘူး..လို ့…။

    နာမည်ကြီးစာရေးဆရာတစ်ယောက်ရဲ ့ စာအုပ်ပါပဲ ။

    အခု ပို့စ်ထဲမှာ..ပဲ..အဲဒီ စာအုပ်ရဲ ့ခေါင်းစဉ်….မှာ ပါတဲ ့ စကားလုံးလေးထည့်သုံးထားသေးတယ် ။
    အဟက်…အဟက်…
    ပဟေဠိလေး…ဖြေကြည့်နော် ။

    :kwi:

    အန်တီမမရေ….
    မျှော်နေမယ်ဆိုလို ့…
    ကျေးဇူးပါ ။
    နောက် ရက်တွေမှာ..
    တင်နိုင်အောင်..ကြိုးစားမယ်နော် ။

    ချစ်သော…
    အလက်ဆင်း

  • ရွှေတင်မောင်

    March 1, 2013 at 10:14 pm

    ရေးမှာဖြင့်လည်း မြန်မြန်ရေး …
    ဟန်ရေးပြမနေနဲ့ …
    ဒါဘဲ ….
    နင့်ကို အားကျပီး နာလည်း ဇာတ်လမ်းတွဲလေး ဘာလေး ရေးအုံးမှဘဲ …
    :kwi:

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 2, 2013 at 2:26 am

    အော်လက်စသတ်တော့ ဒီလူဂ ဒါမျိုးရေးနေဒါဂိုဗျ………
    ကျုပ်မဖက်လိုက်ရတဲ့ ပိုစ်လေးတွေကို လင့်ခ်လေးတွေကနေတစ်ဆင့်
    ဝင်ရောက်အားပေးလိုက်ပါ့အုံးမယ်…………..
    မြန်မာ အက်ခရာလေးတွေ ပြီးသွားရင် အင်္ဂအက်ခရာ အေဂနေ အိုင်တို့ ဒီတို့ အက်စ်တို့
    ဘာတို့ ရေးပါအုံးဗျ…………………….

  • ခိုင်ဇာ

    March 2, 2013 at 6:22 am

    စာ ညွှန်းရေးမဲ့သဘောပေါ့နော့။
    အားပေးပါတယ်။ ရေးပါဗျို့။
    ရေးပြီးတိုင်း လာ အားပေး ကော်မန့်ရေးတဲ့သူတွေကို အဲ့ဒီ စာအုပ်လေး တစ်အုပ်စီ လက်ဆောင်ပေးမဲ့
    အစီအစဉ်ပါ ပါရင်ကောင်းမယ်နော်။
    :kwi:

  • ဗုံဗုံ

    March 2, 2013 at 11:24 am

    အက္ခရာတွေရှည်သလို သံသရာကလည်းရှည်လှပါပြီကွယ် မ= မိန်းမရသွားသော အလင်းဆက်ဆိုတာကို ဘယ်တော့များမှ ဖတ်ရပါမလိမ့်ကွယ် မျှော်နေတယ် မျှော်နေတယ် မျှော်နေမိတယ် :kwi:

  • Mr. MarGa

    March 2, 2013 at 7:39 pm

    ရေးမယ်ဆိုတော့ကာ
    ဖတ်ရဦးမှာပေါ့လေ
    ဘယ်သူရေးရေး
    ဘာစာအုပ်ပဲဖြစ်ဖြစ်
    စိတ်ဝင်စားမိပါကြောင်း
    ပတ်သက်၍ ဆိုတဲ့ ခေါင်းစဉ်ပါတဲ့ စာအုပ်နာမည်ကို တွေးတောနေပါကြောင်း

  • အလင်းဆက်

    March 2, 2013 at 8:05 pm

    အားပေး..ဖတ်ရှု ကြမယ်..ဆိုလို ့…ကျေးဇူးတင်ပါတယ် ။

    နောက်တစ်ရက် နှစ်ရက်အတွင်းမှာ..တင်ပြ နိုင်အောင် ကြိုးစားနေပါတယ်ခည.။

    :kwi:

  • အလင်းဆက်

    March 2, 2013 at 8:36 pm

    အပြူသဘောဆောင်တဲ ့ ဟိုလူကြီး
    အေတို ့အိုင်..တို ့..ဒီ တို့ အက်စ်တို့ရေးရင်….
    ခညားအကြောင်းတွေ ဖြစ်ကုန်မှာပေါ့ ။

    အဟက် ။
    စတာနော်..
    ဟဲဟဲဟဲ..

    အဲင်္ဒီ အေဘီင်္စီဒီတွေနဲ ့ ပက်သက်ပြီးလည်း.ရေးဖို ့..တွေးထားသေးတယ် ။ဒါပေမယ့်…
    ရေးချင်စိတ်ကသာ များနေပြီး.အတွေးက မလိုက်နိုင်သေးဘူး ။
    အေ ဘီ စီ ဒီတွေက်ိုတော့..
    သီချင်း ခံစားမှု တွေ .ရုပ်ရှင်ခံစားမှုတွေ..ရေးချင်ပါတယ် ။
    နောက်မှ…ပေါ့ ။
    🙂

    ————————
    မမခိုင်ဇာကြီး.ပြောသလို…
    စာအုပ်တွေတစ်အုပ်စီ..ဆိုတာကတော့…
    မဖြစ်နိုင်ရေးချ..မဖြစ်နိုင်သေးပါကြောင်း..
    🙂
    ဘာလို့လဲဆိုတော့..
    အဲဒီ စာအုပ် ကို..
    ကျွန်တော် ပန်းဆိုးတန်း စာအုပ်အဟောင်းဆိုင်က…ရှားရှားပါးပါး.ရှာ ဝယ်လိုက်မိ်လို ့သာ…
    တွေ ့ရပါတယ် ။
    ဆိုင်တွေမှာ.. လုံးဝ ကို..မရှိတော့တဲ ့ စာအုပ်ပါ ။
    ထပ် ထုတ် တာလည်း မတွေ့မိသေးပါကြောင်း…

    အကယ်၍.. အဲဒီစာအုပ်ကလေး..နောက်တစ်ကြိမ် ထုတ်ဝေတာနဲ ့ကြုံ ရင်…
    ပြီးတော့….
    အလင်းဆက်လည်း.. ထီဆုလေး ဘာလေးပေါက်ရင်….
    ခင်မင်တွယ်တာရသူတွေဆီ..ဝေမျှ ပေးချင်ပါကြောင်း…
    🙂

    ————————

    မိဗုံရေ..
    မ = မိန်းမ ရသွားသော အလင်းဆက်ကတော့…..
    လာမည်..ကြာမည်..ပေါ့ကွယ်… ။
    အမြင်မတော်ရင်တော့..
    ဝိုင်းဝန်းပြီး..စီစဉ်ပေးတော်မူကြပါကုန်…..

    ဟက်ဟက်
    🙂

    —————————–

    အူးမာဂ..ရေ..
    ဒီ ပိုစ့်ခေါင်းစဉ်မှာပါတဲ ့ ပက်သက်၍ …စာသားကို မစဉ်းစားနဲ ့နော် ။ မှားမယ် ။
    အဟိ ။
    ကျွန်တော်ပြောတဲ ့… စာသားက….

    တူးဖော်…….

    အဲဒီစာသားနဲ ့ ပက်သက်တဲ ့ စာအုပ်..။
    ဒါဆိုရင်တော့… လွယ်သွားပါပြီ…
    🙂

  • padonmar

    March 2, 2013 at 10:56 pm

    တူးဖော်ဆိုရင်တော့
    နှလုံးသားမြို့ဟောင်းတူးဖော်ချက် နောက်ဆုံးအစီရင်ခံစာ (ငြိမ်းကျော်)ပဲသိတယ်။
    ဒါပေမယ့် ၁၉၉ရ ဆိုတော့ မဟုတ်လောက်ပြန်ဘူး။
    အင်း….တွေးရခက်ကြီးပါ။

  • အလင်းဆက်

    March 3, 2013 at 8:58 pm

    အန်တီ ပဒုမ္မာရေ..
    အဲဒီ စာအုပ် မဟုတ်ပါဘူးခညာ..။
    :kwi:

  • ဦးကြောင်ကြီး

    March 6, 2013 at 11:34 am

    ရတနာမိုင်လေးရဲ့ ပဖဘဗမ သီချင်းခေါင်းစဉ် စာသားခိုးထားတာ လုံးဝကျေနပ်ဝူး…။ မိုင်လေးကိုယ်စား တရားစွဲမယ်…..။

  • နေဝန်းနီ

    March 6, 2013 at 9:49 pm

    ဒီ အလင်း ဆက်လေးကတော့ စဉ်းစားရ အောင်လုပ်ချလိုက်ပြန်ပြီ

  • နေဝန်းနီ

    March 7, 2013 at 9:26 pm

    ချစ်ဦးညိုရဲ့ လောကဓံနဲ့ လမ်းလျှောက်အတူထွက်ခြင်းဆိုတဲ့စာအုပ်အကြောင်းပြောမလို့လား မှားသွားရင်တော့ ဆော်ဒီးနော်

  • အလင်းဆက်

    March 8, 2013 at 7:46 pm

    အမှန်ကတော့…
    အဟိ ။
    တာရာမင်းဝေ..ရဲ ့
    ကျွန်တော်တူးဖော်ခဲ့သော မြေစိုင်မြေခဲများအကြောင်း
    🙂

Leave a Reply