ပွင့်ပွင့်လင်းလင်းနဲ့မြင်သာအောင် ပြောပြမယ်

naywoon niMarch 1, 20131min1179

မတန်ရင်ကာနဲ့
အသက်ကသာ လေးဆယ်ကျော်လာခဲ့တယ်
ကျုပ်ဘဝက ဝို့တိုးဝါးတားရယ်လေ…….။
ဟိုနေရာလည်း ဝါးတားတား
ဒီနေရာက ဒီလိုမဟုတ်လား
ဟိုကိစ္စက အဲဒိလိုမဟုတ်ဘူး
ဒီလိုလေး ဖြစ်ရင်ကောင်းမယ်နဲ့တူရဲ့
ဒါလေးကတော့ ဒီလိုမဟုတ်လားနဲ့
သေသေချာချာ ပြန်မေးလာရင်ဖြင့်
ရေရာသိ ဆိုတာက မရှိပြန်ဘူး ……။
ဘဝမှာ
လုံလောက်တဲ့သင်ကြားမှုနဲ့
ပြည့်ဝတဲ့လေ့ကျင့်မှုဆိုတာ မရှိဘဲ
ရှေ့ကိုပဲ အတင်းတက်လာခဲ့ရတာဆိုတော့
အမှောင်ထဲမှာလမ်းလျှောက်နေရတာမဟုတ်ပေမဲ့
တိမ်တွေကြားထဲသွားနေရသလို
မြူတွေကြားထဲက ခရီးသည်လို
အမြင်တွေမကြည်မလင်နဲ့
ဝိုးတစ်ဝါးအသိနဲ့
ကာလတစ်လျှောက်လုံးဖြတ်သန်းလာခဲ့ရတာ မောပါ့………။
ကျုပ်တို့ဘဝသင်ရိုးမှာဖြင့်
ဘာတွေသင်ကြားခဲ့သလဲဆိုတာ
ဘာတွေတတ်မြောက်ခဲ့သလဲဆိုတာ
ပြန်စဉ်းစားလိုက်တော့လည်း
ဝါးတားတားရယ်လေ……….။
နေဝန်းနီ

9 comments

  • ရွှေတင်မောင်

    March 1, 2013 at 10:30 pm

    ဒါလေးများ ဗမာဆေးစား ပျောက်ရော ..
    အဲ .. မဟုတ်ဘူး …
    ဒီလို ဝါးနေတယ်ဆိုရင်တော့ ..
    ညက်မှန်ကြီးကြီး တပ်သင့်ဒယ်လို့ အကျံပုချင်ဘာလယ် …

  • ရွှေ ကြည်

    March 1, 2013 at 11:00 pm

    ဟိုက်ရော ကိုနေဝန်းနီရေ လန်းတယ်ဗျို့။ ဒေါ်ရွှေကြည့်ရင်ကိုတိုက်ရိုက်ထိတယ် (အသက်ကလွဲလို့ :mrgreen: )

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 2, 2013 at 2:05 am

    ဒီပို့စ်လေးကို ဖတ်လိုက်မှ ကျုပ်မက်ချိဒေါင်
    ဝါးချင်သလိုလို ဖစ်လာပီ……………..
    နေဝန်းပြာရေ အားပေးသွားပါ၏……..

    • ရွှေ ကြည်

      March 2, 2013 at 9:13 am

      ပဲပင်ပေါက် ဗူးသီးကြော် အပြုသဘောဆောင်တဲ့ ရွေ့လျား ဆိုပါကလား :mrgreen:

  • ခိုင်ဇာ

    March 2, 2013 at 6:39 am

    ဟုတ်ကဲ့။
    ကိုနေဝန်းနီ က ပွင့်ပွင့်လင်းလင်းနဲ့ မြင်သာအောင် မြင်သာအောင် ပြောပြလိုက်မှပဲ
    ကျနော်တို့ကိုယ်တိုင်ကလည်း ဝါးတားတားပါတကား လို့ အမြင်မှန်ရသွားပြီ။

    :hee:

    (မျက်မှန် ပါဝါ တိုးပြီ ထင်ပါရဲ့လေ)

    :harr:

  • ဗုံဗုံ

    March 2, 2013 at 12:39 pm

    နောက်လှည့်ကြည့်တော့ ဝေဝေဝါးဝါး
    ရှေ့လှမ်းကြည့်တော့ ဝိုးတိုးဝါးတား
    ဘေးကြည့်လိုက်တော့ ဝါးတားတား :mrgreen:

  • သိတယ်ဆို ထိလဲထိ
    ညိလဲညိ ဆိုသဟာကြောင့်
    သိရက်နဲ့ မသိယောင်ဆောင်နေရင်းက
    အသိတွေဝေဝါး
    ဘာဆိုဘာမှ မသိတဲ့ကြောင်တောင်ကန်းကြီးဖြစ်နေခဲ့တာ
    ကြာပေါ့
    ကြာပေါ့
    ကြာပေါ့ ကိုယ့်လူရေ

  • နေဝန်းနီ

    March 2, 2013 at 8:58 pm

    အင်းနိပ်ဟ! ဝါးတားတားက ငါတစ်ယောက်ထဲမဟုတ်ပေဘူးပဲ…..။ သူကြီးမင်းရဲ့နှစ်တစ်ထောင်ကျိမ်စာ

  • မောင် ပေ

    March 2, 2013 at 9:03 pm

    လန် ့စရာတွေ ့ပေမယ့် မအော်ရဲ
    မတရားတာတွေ ့ပေမယ့် မပြောရဲ
    ဝူးတူးဝါးတား အောလဝေးကွဲ

Leave a Reply