“ချစ်စရာ လွမ်းစရာ ကြည်နူးစရာ မန္တလေး”

1 မြောက်ကျုံးဒေါင့် နံနက်ခင်းအလှ
1 မြောက်ကျုံးဒေါင့် နံနက်ခင်းအလှ

“ချစ်စရာ လွမ်းစရာ  ကြည်နူးစရာ မန္တလေး”

အောင်ကျော်ချမ်းအေး မန္တလေး။

အုတ်ကျစ်ကျော်အေး မန္တလေး။

ရတနာပုံ ဆိုတဲ့  ရွှေမန္တလေး ။

 

အသက်ကလေးရယ်ရှည်စေဘို့

တောင်ရိပ်ခိုတဲ့  မန္တလေး။

 

2 အဝေးမှ အဝေးသို့
2 အဝေးမှ အဝေးသို့

 

3သစ်ရွက်ဝါများကြားမှ မြိုရိုးနီနီ
3သစ်ရွက်ဝါများကြားမှ မြိုရိုးနီနီ

 

ရှမ်းရိုးမနဲ့ မဝ်းဝံ

အတွင်းကိုဝင်နေတဲ့မန္တလေး၊

 

အလျံဝင်းပြောင်ရန်ကင်းတောင်

အောင်ပင်လယ်ရဲ့မန္တလေး။

 

မဟာမုနိရုပ်ရှင်တော်

ကိန်းစက်ပျော်တဲ့မန္တလေး။

 

4လွမ်းအောင်
4လွမ်းအောင်
5 စိန်ပန်းနီလွင် မြိုရိုး နီညို
5 စိန်ပန်းနီလွင်လွင်  မြိုရိုး နီညိုယဉ်

 

ဧရာမြစ်မင်းရင်ခွင်တွင်း

သက်ဆင်းနေတဲ့မန္တလေး။

 

 

မင်းတုန်းအစ သီပေါအဆုံး

အုံးအုံးကြွက်ကြွက်

ပြည်ပျက်ခဲ့တဲ့မန္တလေး။

 

၁၃၀ဝမှာအာဇာနည်တွေပေါ်လာခဲ့တဲ့မန္တလေး။

အိမ်တော်ရာဘုရားဈေးနဲ့ အင်္ဂလိပ်ကိုအာခံခဲ့တဲ့မန္တလေး။

6ပြာစိမ်းနီ ရောင်စုံမန္တလေး
6ပြာစိမ်းနီ ရောင်စုံမန္တလေး
7 တဆုံးးးးးးးးးးးးးးးးး
7 တဆုံးးးးးးးးးးးးးးးးး

စိန်ဗေဒါ နေခဲ့တဲ့ မန္တလေး။

မမြရင်နေခဲ့တဲ့မန္တလေး

 

ဆရာတင် နေခဲ့တဲ့ မန္တလေး

မြမျိုးလွင် နေခဲ့တဲ့ မန္တလေး

 

မြို့မညိမ်း နေခဲ့တဲ့ မန္တလေး

ရွှေမန်းတင်မောင် နေခဲ့တဲ့ မန္တလေး

 

အမေမာ နေခဲ့တဲ့ မန္တလေး။

သေချာတာနှစ်တစ်ရာ့ငါးဆယ်ပြည့်ခဲ့တဲ့မန္တလေး။

 

8ကြိုကြိုကြားကြား
8ကြိုကြိုကြားကြား

 

9ပြီးပြည့်စုံသော
9ပြီးပြည့်စုံသော

 

 

ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံးခြေရာတွေကျန်ခဲ့တဲ့မန္တလေး။

တစိမ်းတွေကြားမှာ အဆင်ပြေအောင်နေ နေရတဲ့မန္တလေး။

 

အတိတ်ခြေရာတွေကြောင့်လွမ်းစရာကောင်းနေတဲ့မန္တလေး။

အဝေးရောက်နေသူတွှေအတွက် တသသလွမ်းစရာမန္တလေး။

 

မီးရေရှား ခြင်များကိုက်ဖုံထူ နေကလဲပူတဲ့မန္တလေး။

သို့ပေသိ မွေးဇာတိမို့ ချစ်မဝတဲ့မန္တလေး။

 

ကြည်နူးစရာကောင်းလိုက်ပါတဲ့မန္တလေး။

ကျုံးရေပြင်စိမ်းမှောင်

နန်းမြို့ရိုးနီညိုရောင်

အိုုအိုဟောင်း

အတိတ်ကိုလွမ်းသယောင်ယောင်။

 

အော် …………………

မန္တလေး မန္တလေး မန္တလေး

 

 မန္တလေး မန္တလေး

 

 မန္တလေး

န္တ

လေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

 

 

 

ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ။

(3-3-2013)

 

 

 

 

 

26 comments

  • MaMa

    March 3, 2013 at 9:46 am

    ကြိုကြိုကြားကြား ပုံကို အကြိုက်ဆုံးပဲ။

    (မီးရေရှား ခြင်များကိုက်ဖုံထူ နေကလဲပူတဲ့မန္တလေး။
    သို့ပေသိ မွေးဇာတိမို့ ချစ်မဝတဲ့မန္တလေး။)
    ဆိုတာကို ထောက်ခံပါတယ်။ :hee:

    • မီးရေရှားတာကို ထောက်ခံတာလား

      မွေးဇာတိမို့ချစ်တယ်ဆိုတာကိုထောက်ခံတာလား ကွဲပြားအောင်ဖြေဆိုပါ။

  • ခိုင်ဇာ

    March 3, 2013 at 9:50 am

    :byae:

    :byae:

  • နေဝန်းနီ

    March 3, 2013 at 12:43 pm

    ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံးခြေရာတွေကျန်ခဲ့တဲ့မန္တလေး။

    တစိမ်းတွေကြားမှာ အဆင်ပြေအောင်နေ နေရတဲ့မန္တလေး။
    ဆိုတော့ကာ သိပ်ပြီးသိပ်ငယ်နေပြီလားမန္တလေးရယ် မရောက်တာလဲ ကြာေ ပါ့

  • ရွှေ ကြည်

    March 3, 2013 at 12:47 pm

    မန်း ဆိုတာ မြန်မာပြည်သားတွေ အလေးထားရတဲ့ ဒေသတခုပါ အခုတော့ မန်းခမျာ သူစိမ်းတွေကြားမှာအဆင်ပြေအောင်နေ နေ ရရှာပြီပေါ့။ နိုးထကြလော့ တို့မြန်မာတွေ ဒေါသ မောဟ တွေကြားတွေဝေမနေပဲ ရိုးသားကြိုးစားကြပါစို့။
    ဒါ့ပုံတွေအရမ်းကြိုက်တယ် စိန်ပန်းတွေဝေနေပြီပေါ့..။

    • ရွှေ ကြည်

      March 3, 2013 at 6:27 pm

      သိဘူးလေ လေးလေးကစိန်ပန်းရေးထားလို့ ရွှေကြည်တောင်သေချာကြည့်မိသေး မျက်စိမှားတယ်ထင်နေတာ :harr:

      • အေးဟ ငါမှားတာ လက်ပံရေးတာ ဘယ်နှယ်စိန်ပန်းဖြစ်သွားတယ်မသိ။
        တော်ပြိ ပြင်တော့ဘူးအေ့

  • lele

    March 3, 2013 at 5:00 pm

    မန ္တလေး က ချစ်စရာကောင်းပြီး ရာဇဝင်များနဲ ့ဂုဏ်ယူစရာမြို ့တော်ပါ..ရွှေကျောင်းနဲ ့ဗားကရာကျောင်း ကြီးကိုကြိုက်တယ်. ဒီနှစ် နားရက်မှာ မန ္တလေး ကိုသွားလည်ခဲ ့တယ်. ပထမ ဆုံး မန ္တလေး ရောက်ဖူး ခြင်းပဲ.

  • Mr. MarGa

    March 3, 2013 at 5:18 pm

    မန္တလေး
    ဂုဏ်ပုဒ်တွေ အမျိုးမျိုးနဲ့ မန္တလေး
    ဘယ်တော့တွေးတွေး မရိုးတဲ့ မန္တလေး
    ဘယ်အချိန်ကြည့်ကြည့် ဆန်းသစ်မြဲ မန္တလေး
    ဘယ်လိုဖြစ်ဖြစ် ချစ်နေဆဲ မန္တလေး
    :hee:

  • မောင် ပေ

    March 3, 2013 at 8:36 pm

    သားစိုး ကတော့
    မန်းတလေးက အလွမ်းတေးတွေ ကျွန်တော်မကြားခဲ့ပါ… တဲ့
    မန်းတလေးက လမ်းမပေါ်မှာ မှာစူပါကပ်စီး … တဲ့

  • ငါ လာချင်တဲ့ မန္တလေး ….
    ငါ ရောက်ချင်တဲ့ မန္တလေး ….
    ငါ သွားချင်တဲ့ မန္တလေး ….
    အခွင့်မကြုံသေးတဲ့ မန္တလေး ….
    ဘော်ဘော်တွေ အားဂျီးရှိတဲ့ မန္တလေး ….
    ငါ လာရင် ရှောင်လို့ပြေးမှာ တွေးပူမိတဲ့ မန္တလေး …. :mrgreen:
    မန္တလေး သူလေး တစ်ယောက်လောက် ရှာပေး .. ဝေးးး ဟေးး ဟေးး :mrgreen:

    ဖေပေါက်ဂျီး ….
    ပုံတွေနဲ့ အတွေးကဗျာနဲ့ လိုက်ဖက်ပါပေ့ဗျာ …
    ရှယ်ပဲဗျို့ …..

    • ပေါင်တိုဒါဂျီးဒေါ့ ကျိုက်ဝူးးး
      ခပ်ချောချောလေး အိမ်မှု နိုင်သူလေးမှ ကျိုက်မှာ ..
      ချာထားပေးဘာ ဖေပေါက်ဂျီးရာ .. နော့ဂျ .. :mrgreen:

  • uncle gyi

    March 3, 2013 at 11:20 pm

    မန်းလေးသားပြီသပါပေ့ဗျာ
    မန်းလေးသားဆိုတာဒါပဲ
    ကိုယ့်ဒေသဘယ်လောက်မကောင်းမကောင်းဘယ်သူပြောပြောမကြိုက်
    မရှိရှိတာကြံဖန်အမွန်းတင်တတ်တဲ့မန်းလေးသူမန်းလေးသားတွေ
    အခုတော့လည်းပြိုင်ငြင်းနိင်သူအတော်တောင်နည်းသွားပါ့

    • မှန်ပါ့ အန်ကယ်ဂျီးရေ
      မန်းလေးသူမန်းလေးသားတိုင်းလောက်က ဇာတိမြေကိုချစ်တာ သေချာပါတယ်။

      ကိုယ်အိမ်ကိုယ်ချစ်တတ်မှသာ
      ကိုယ့်ရပ်ကွက်
      ကိုယ်မြို့ကိုယ့်ရွာ ကိုယ်နိုင်ငံ ချစ်တဲ့စိတ်အလိုလိုကိန်းအောင်းလာမှာအသေအချာပါဘဲ။

  • padonmar

    March 3, 2013 at 11:51 pm

    မွေးဇာတိ မဟုတ်ပေမယ့် ချစ်ခင်ရသူတွေ အများကြီးရှိတဲ့ မန်းလေးကို ချစ်ပါတယ်။

    • မန်းလေးသည်ချစ်စရာကောင်းသော မြို့တစ်မြို့လို့ ပြော၍ ကျေးဇူးတင်ပါ၏။
      တစ်ဆက်ထဲပြောရရင် ဒီပိုစ်လေး ရေးဖြစ်အောင် အစဖော်သော
      ဇွဲမာန်(အင်းဝ)ကိုလည်းကျေးဇူးတင်ပါ၏။

  • aye.kk

    March 4, 2013 at 7:41 am

    ကိုယ့်ထီးကိုယ့်ကြငှန်းနဲ ့စံမြန်းပျော်ခဲ့ဘူးတဲ့…မန္တလေး။
    ရောက်ဖူးချင်သည့်….မန္တလေး။
    တစ်ခါတစ်ခေါက်တော့အရောက်လာမယ်လေး။။

  • aye.kk

    March 4, 2013 at 7:48 am

    ကိုပေါက်ရေ
    လက်ရာတွေလှလှ၊စာသားတွေကြွကြွရွရွ
    အရောက်သာပြေးလို ့လာခဲ့ချင်ပါတယ်မန္တလေးကို။။

  • we R one

    March 4, 2013 at 11:32 am

    မန်းလေး ကို ဘုရားစူးရောက် ဖူးတယ်..။ ပြင်ဦးလွင်က နေ မနက်ဆင်းလာတယ်..။ မေလ ကြီးဆိုတော့ နေပူလွန်းလို့ အိမ်ထဲက အိမ်ပြင်မထွက်ရဘူး..။ ညနေ ရ နာရီလောက် ကားဂိတ်လာပြီး ကားစီး ပြီးရန်ကုန်ပြန်လာတယ်..။ ဟီး… တကယ်ရောက်ဖူးတာ ပါ.. မန်းလေးကို….။ 😛
    အခုလည်း ကိုပေါက် ဒါ့ပုံတွေ ကြီး ပြီး.. သွားချင်လိုက်တာ……။

  • Anonymous

    March 5, 2013 at 8:34 am

    ကိုပေါက်။
    ဓါတ်ပုံတွေကြည့်ပြီးမန္တလေးလာချင်မိတယ်။။

Leave a Reply