စိုင်းနော်ခမ်း..ထားခဲ့တဲ့တွေးစရာ…

thureinmaungMarch 2, 20131min31820

မြန်မာနိုင်ငံသားရှမ်းတိုင်းရင်းသားစိုင်းနော်ခမ်းကို တရုတ်ကသေဒါဏ်ပေးလိုက်တဲ့သတင်းကို
ဒီနေ့ ကမ္ဘာ့မီဒီယာပေါ်အားလုံးမြင်တွေ့လိုက်ရပါပြီ…
စိုင်းနော်ခမ်း အပြစ်ရှိတာ၊မရှိတာဒီနေရာမှာအငြင်းမပွားလိုပါ..
သူသေသွားပြီးနောက်မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့တွေးစရာတွေအများကြီးကျန်ခဲ့ပါပြီ..
တရုတ်အာဏာပိုင်တွေရှေ့မှောက်မှာ ဒူးထောက်ခိုင်းတာတွေ၊သေဒါဏ်ပေးတဲ့နေရာနား
အထိတီဗီရိုက်ပြီးထုတ်လွှင့်ပြသသွားတာတွေဟာ လူသားတစ်ဦးရဲ့ဂုဏ်သိက္ခာ၊တစ်နည်း
အားဖြင့်မြန်မာနိုင်သားရဲ့ဂုဏ်သိက္ခာကိုတရုတ်နိုင်ငံကရည်ရွယ်ချက်ရှိရှိစော်ကားလိုက်
သလိုအဓိပ္ပါယ်သက်ရောက်စေပါတယ်…တစ်ဆက်တည်းမှာမေးခွန်းတွေလည်းတန်းစီပြီး
ခေါင်းထဲရောက်လာပါတယ်…
သူတို့နိုင်ငံသားကိုသေဒါဏ်စီရင်တာတောင်ဒီလိုသေခါနီးအထိမီဒီယာတွေမှာထုတ်လွှင့်
ပြသခြင်းတစ်ခါမှမရှိခဲ့ဘဲနဲ့ဘာကြောင့်မြန်မာနိုင်ငံသားတစ်ဦးကိုဒီလိုလုပ်ခဲ့တာလဲ…
ပြစ်ဒါဏ်ကိုယူနန်ပြည်နယ်တရားရုံးကသေဒါဏ်ချလိုက်တဲ့အချိန်အထိကိုယ့်နိုင်ငံသား
တရားခံကိုသံတမန်နည်းလမ်းအရတောင်းဆိုပြီးကိုယ့်နိုင်ငံရဲ့တရားဥပဒေအောက်မှာ
တရားရင်ဆိုင်ပြီးစီရင်ချက်ချလို့ရအောင်အစိုးရဘာလို့မလုပ်နိုင်ခဲ့တာလဲ…
နောက်ကွယ်ကအကြောင်းရင်းတွေကပိုပြီးစိတ်ဝင်စားစရာကောင်းလာပါပြီ…
လူသတ်မှုနဲ့စွဲဆိုထားတဲ့အခင်းဖြစ်ပွားတဲ့နေရာကလည်းလာအိုနဲ့မြန်မာနိုင်ငံနယ်နိမိတ်
မျဉ်းကြောင်းပေါ်ကမဲခေါင်မြစ်နဲ့မြန်မာနိုင်ငံပိုင်နက်တောတောင်ထဲမှာဘဲဖြစ်ခဲ့တာပါ…
မြန်မာနိုင်ငံဟာအချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံစစ်စစ်ဖြစ်တယ်၊တရားဥပဒေစိုးမိုးတဲ့တိုင်း
ပြည်ဖြစ်တယ်ဆိုရင်မိမိနိုင်ငံသားတစ်ဦးကိုခုခံကာကွယ်ခွင့်မရှိ တဲ့တိုင်းတစ်ပါးမှာဘာ
ကြောင့်အညိုးကြီးကြီးနဲ့စီရင်ချက်ချလိုက်တာကိုဒီတိုင်းကြည့်နေလိုက်ရတာလဲ၊
ဒါဆိုရင်မြန်မာနိုင်ငံသားဖြစ်တဲ့ကျွန်တော်တို့အားလုံးကိုအစိုးရရဲ့ကာကွယ်ပေးနိုင်မှု
လှုံခြုံရေးပေးနိုင်မှုကိုမေးခွန်းထုတ်ရတော့မှာပါ…
တနည်းအားဖြင့် ကျွန်တော်တို့ဟာ အချုပ်အခြားအာဏာပိုင်နိုင်ငံတစ်ခုရဲ့ နိုင်ငံသားတွေဖြစ်
ပါရက်နဲ့ နိုင်ငံမဲ့ ကလေကချေလိုု စစ်ချင်တဲ့ နိုင်ငံ ၊စစ်ချင်တဲ့ တရားရုံးကစစ်ဆေး၊ ပေးချင်တဲ့
ပြစ်ဒဏ်ပေး နေတာကိုဒီတိုင်းခေါင်းငုံ့ခံခဲ့ရတာပါ…
ဒီလုပ်ရပ်ဟာ…
မြန်မာနိုင်ငံကိုတရုတ်က ဂရုမစိုက်ဘူးဆိုတာဖေါ်ပြလိုက်သလိုဖြစ်ပါတယ်..
တရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံအပေါ်ထားရှိတဲ့သဘောထားကိုလဲထင်ဟပ်နေပါတယ်..
ပြည်တွင်းနေတရုတ်လူမျိုးတွေကိုကျွန်တော်တို့မမုန်းပါဘူး…
မြန်မာနိုင်ငံသားတိုင်းရင်းသားတွေနိုးနိုးကြားကြားသတိရှိဘို့လိုအပ်နေပါပြီ…
စိုင်းနော်ခမ်းအပြစ်ရှိခြင်းမရှိခြင်းကိုကြည့်တာထက်၊ စိုင်းနော်ခမ်းအပေါ်ပြုမှုဆက်ဆံ
သွားတဲ့တရုတ်အစိုးရရဲ့သဘောထားနဲ့တရားစီရင်ရေးပုံစံတွေဟာကျွန်တော်တို့ကိုစိန်ခေါ်
နေပြီးတရုတ်ဆန့်ကျင်တဲ့စိတ်ဓါတ်ကိုပိုဆွပေးလိုက်သလိုဖြစ်သွားစေပါတယ်….

20 comments

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 2, 2013 at 2:42 am

    ဖတ်ရှု့လေ့လာလိုက်ပါတယ်ခင်ဗျ………
    ညကြီးမင်းကြီးမှ တင်လိုက်တာပဲနော……….

  • နေသူရိန်

    March 2, 2013 at 6:32 am

    စိုင်းနော်ခမ်း လို ဘိန်းရာဇာကို အစိုးရကို ကယ်ခိုင်းပြီးတော့ ပြည်တွင်းမှာ ဘိန်းဖြန့်ခိုင်းမလို့လား။ ဘိန်းရာဇာ တပည့်သားချင်းများဖြစ်နေလေရော့သလားပဲ။

  • ကိုနိုင်

    March 2, 2013 at 6:46 am

    အစိုးရမှာ ဒီထက်အရေးကြီးတဲ့လုပ်စရာတွေအများကြီးရှိတယ်။ ဘိန်းဂိုဏ်းခေါင်းဆောင် ဓမြကိုကယ်ဖို့က ဘာမှအရေးမကြီးဘူးကွ။

    • thureinmaung

      March 2, 2013 at 9:21 am

      စိုင်းနော်ခမ်းကိုအစိုးရကကယ်တင်၊ဒီနိုင်ငံမှာပြန်လွှတ်ပေးပြီးဒုစရိုက်ထပ်လုပ်ခိုင်းဘို့
      ရေးထားတဲ့ပုံစံမျိုးလုံးဝမရှိပါဘူးခင်ဗျ…
      နိုင်ငံတစ်နိုင်ငံရဲ့အချုပ်အခြာအာဏာ၊နိုင်ငံတစ်နိုင်ငံရဲ့လွတ်လပ်တဲ့တရားစီရင်ပိုင်ခွင့်
      အကြောင်းကိုဒီ case အပေါ်မှာအခြေခံပြီးကိုယ်တွေးမိသလိုဆွေးနွေးထားတာဘဲဖြစ်ပါတယ်..
      တရုတ်နိုင်ငံထဲမှာမြန်မာနိုင်ငံသားကိုသတ်သွားတဲ့တရုတ်လူသတ်သမားကိုမြန်မာပြည်ထဲ
      ကတရားရုံးတစ်ရုံးမှာအမှုစွဲဆိုပြီးသေဒါဏ်ပေးဘို့တရားစီရင်မယ်ဆိုရင်တရုတ်နိုင်ငံက
      လက်ခံမယ်ထင်သလား..
      အစိုးရဆိုတာနိုင်ငံသားတွေအားလုံးကိုကိုယ်စားပြုတဲ့အတွက်နိုင်ငံသားအားလုံးရဲ့အရေး
      ကိစ္စကိုတာဝန်ယူဘို့လိုသလို၊ လူတွေအာရုဏ်စိုက်တဲ့ ၊ပြီးတော့နှစ်နိုင်ငံဆက်ဆံရေးနဲ့
      သက်ဆိုင်တဲ့ဒီလိုနာမည်ကြီး caseမျိုးကိုပိုပြီးကိုင်တွယ်သင့်တယ်လို့ကျွန်တော်က
      ထင်ပါတယ်…ဒါကအစိုးရရဲ့ဂုဏ်သိကါနဲ့လည်းဆိုင်တယ်..
      အဲဒါဘဲအာရုံစိုက်လုပ်နေပြီးတခြားအရေးကြီးတဲ့ဟာတွေလုပ်ဘို့လစ်ဟင်းသွားမယ်
      ဆိုတာဟာ အစိုးရကလူတစ်ယောက်မဟုတ်တဲ့အတွက်ကြောင့်မဖြစ်နိုင်ပါဘူး..
      ရာဇဝတ်သားမို့လို့ကြိုက်တဲ့နေရာမှာစီရင်ကြိုက်တဲ့နေရာပြစ်ဒါဏ်ပေးလို့ရတယ်ဆိုရင်
      မြန်မာနိုင်ငံသားတွေကိုအနာဂါတ်မှာတရုတ်နိုင်ငံအပြင်အခြားအိမ်နီးချင်းနိုင်ငံတွေက
      ဘယ်လိုသဘောထားသွားနိုင်မလဲ..
      သူတို့နိုင်ငံသားကိုသေဒါဏ်ပေးတာတောင်ဒီလိုအာဏာပိုင်တွေရှေ့မှာဒူးထောက်ခိုင်း
      သေရမယ့်နေရာနားအထိရုပ်ကိုသေသေချာချာရိုက်ပြတာအရင်ကလုံးဝမလုပ်ခဲ့ဘူး
      ဆိုတာလည်းစဉ်းစားစရာဘဲ…
      သူတို့ရဲ့ လူမှုရေးကွန်ယက်ပေါ်မှာတောင်မှဒီလုပ်ရပ်ကိုမကြိုက်တဲ့တဲ့တရုတ်နိုင်ငံသား
      တွေအများကြီးရှိပါတယ်….
      အခုတရားစွဲဆိုပြီးသေဒါဏ်ချလိုက်တဲ့ပြစ်မှုကမြန်မာနိုင်ငံနယ်နိမိတ်ထဲမှာဖြစ်ပွားခဲ့တာနော်…
      အစိုးရကကိုယ့်နိုင်ငံသားပြစ်မှုကျူးလွန်သူကို ကိုယ့်တရားရုံးမှာသေဒါဏ်ပေးဘို့စွမ်း
      ဆောင်နိုင်ခဲ့ရင်တောင်အစိုးရဂုဏ်တက်နိုင်တဲ့ကိစ္စလည်းဖြစ်တယ်လို့မြင်ပါတယ်..
      ဘိန်းရာဇာတပည့်သားချင်းဖြစ်လို့ဒီဝေါလ်ပေါ်မှာတက်ရေးပြီးအစိုးရကိုလုပ်ခိုင်းနေရင်
      အချိန်ကုန်မှာဘဲဖြစ်ပါတယ်ခင်ဗျ..
      သူသေသွားပြီးမှဒီအတွေးကဖြစ်ပေါ်လာတာပါ..သူပြန်လွတ်ဘို့မျှော်လင့်ပြီးရေးတယ်
      ဆိုရင်ကျွန်တော်ဦးနှောက်မရှိတဲ့သူဖြစ်မှာပါခင်ဗျ….
      ဒီမှာရှိတဲ့ရွာသူရွာသားတွေဟာစာဖတ်အားကောင်းပြီးပညာတတ်လို့၊ ကျယ်ပြန့်ပြီးရေရှည်
      အတွက် critical thinking, analytical thinking ရှိတဲ့သူတွေဖြစ်တာကြောင့်ဒီ case study
      တစ်ခုအပေါ်မှာမူတည်ပြီးကွဲပြားတဲ့အတွေးအခေါ်တွေရှိမယ်ဆိုတာကျွန်တော်နားလည်
      ပါတယ်၊ဒါကြောင့်ခေါင်းစဉ်ကိုကတွေးစရာ လို့ ပေးထားတာပါခင်ဗျာ…
      ကျေးဇူးတင်ပါတယ်…

  • Foreign Resident

    March 2, 2013 at 9:17 am

    ကို thurein maung ရေ ၊

    ဒီ စိုင်းနော်ခမ်း ကိစ္စ နှင့် ပါတ်သက်ပြီး ၊
    အဘ ရဲ့ ” စဉ်းစားကြစေလိုပါတယ် ( ၄၉ ) ( စိုင်းနော်ခမ်း ) ” Post မှာ ၊
    နဲနဲ တို့ထိထားတယ်နော် ၊ အားပေးပါအုန်း ။

  • ကထူးဆန်း

    March 2, 2013 at 10:06 am

    တရုတ် မုန်းတီးရေး လှုံ့ဆော်မှု အတွက် အကွက်ကောင်းတော့ ရသွားတယ်ထင်ပါတယ် ။

    တစ်ခါတစ်လေ စံပြလုပ်ပြရတာ တွေ ရှိတဲ့ အခါမှာ စိုင်း နော်ခမ်း ဖြစ်သွာတာရယ်၊ မြန်မာဖြစ်သွားတာ ရယ်တိုက်ဆိုင်မှုလောက် အနေနဲ့ ဘဲ တွေးမိပါတယ် ။

    တကယ်လို့ ခေါင်းဆောင် က လာအိုနိုင်ငံသား (သို့) ထိုင်းနိုင်ငံသားဖြစ်နေရင်လည်း ဒီလိုဘဲ လုပ်လိမ့်မယ်လို့ ရိုးသားစွာ ယုံကြည်မိပါတယ်။ အခုတော့ မြန်မာနိုင်ငံသား အဖြစ် မြင်ပြီး ခံစား ကြတယ်လို့လဲတဘက်ကနေ စာနာ နားလည်မိပါတယ် ။

    ကျွန်တော့်ကတော့ ဘယ်နိုင်ငံသားအဖြစ် မခံစားဘဲ ရာဇဝတ်မှု တစ်ခု ကြူးလွန် လို့ ခံရတယ်လို့ဘဲ မြင်မိပါတယ် ။ စိတ်တော့ မကောင်းပါ ။

    စိတ်မကောင်းတဲ့ အထဲမှာ သူ့လိုဘဲ ရာဇဝတ် မှုတွေ ကျူးလွန်ရက်နဲ့ လွတ်နေသူတွေ ၊ အကာအကွယ် ပေးခံထားရတဲ့ သူတွေ ရှိနေတာလည်းတစ်ခုပါ ပါတယ် ။

    အစိုးရ အနေနဲ့လည်း တောင်းဆိုခွင့် အနေနဲ့ အပြစ်ဒါဏ် လျှော့ပေါ့ ပေးဖို့ တောင်းဆိုပေးနိုင်ရုံ အပြင် မရှိပါဘူး ။ ဒါပေမဲ့ကျွန်တော်တို့ သာမာန် ပြည်သူပြည်သားတွေ မသိတဲ့ အချက်တွေ ဘယ်လောက် ရှိသေးသလဲ မသိတော့ မဝေဖန်လိုပါဘူး။

    • ရွှေ ကြည်

      March 2, 2013 at 11:39 am

      ကိုထူးဆန်းပြောတာကို ထောက်ခံပါတယ် ဒါပေမယ့် မြန်မာအစိုးရဟာ နိုင်ငံသားတွေအပေါ်စောင့်ရှောက်မှုအလေးထားမှုဟာ မရှိသလောက်ဖြစ်နေတာကိုတော့ နည်းနည်း စိတ်ထဲဘဝင်မကျဘူးဗျာ သူတို့တိုင်းပြည်မှာဖြစ်ခဲ့တာဆိုတမျိုးပေါ့။
      ကိုသူရိန်မောင်ပြောတာကိုလက်ခံပါတယ်။ အမေရိကန်(ရေးတာမမှန်ရင်ခွှင့်လွှတ်ပေးပါသူကြီးရေ) ဝေါလ်ထရိတ် လိုခံလိုက်ရတာမျိုးဆိုရင်တော့ ကန်တွေလုပ်သလို ဘယ်နေရာရောက်ရောက် လိုက်သာသတ်ဗျာ ကူတောင်ရှာပေးဦးမယ်။ အခုလည်းစိုင်းနော်ခမ်းလွတ်စေချင်တာမဟုတ်ပါဘူး။ လက်လွတ်စပါယ်နိုင်နေတယ် ထင်မိလို့ပါ။ စိန်ခေါ်မှုလို့ထင်နေတယ်။ ပြစ်ဒါဏ်မခံခင် ခံစားခွင့်တခုခု တောင်းဆိုပေးတာမျိုးလေးများ ဒို့အစိုးရကမလုပ်ပေးနိုင်ဘူးလားပေါ့ စဉ်းစားနေမိတယ်။ ဘိန်းရာဇာပေါင်းမြောက်များစွာရှိနေသေးတယ်ဗျာ တရုတ်အစိုးရကလူသားအားလုံးကောင်းဖို့အတွက် ရှာဖွေဖေါ်ထုတ်သတ်ပေးနိုင်ပါစေလို့ပဲ…

      • thureinmaung

        March 2, 2013 at 12:32 pm

        ဟုတ်တယ်ကိုရွှေကြည်..
        စိန်ခေါ်မှုအနေနဲ့ကျွန်တော်လဲမြင်ပါတယ်..
        ပြစ်ဒါဏ်မခံရခင် အခွင့်အရေးတစ်ခုလည်းပေးသင့်တယ်ဆိုတာလည်းမှန်တယ်
        သူ့အမေကိုတောင်တွေ့ခွင့်မရသွားဘူး..မိသားစုနဲ့တွေ့ဆုံဘို့စီစဉ်ပေးလို့ရ
        နိုင်တဲ့အခွင့်အလမ်းလဲရှိခဲ့ပါတယ်..အစိုးရကငွေကုန်ခံစရာမလိုပါဘူး၊သွားရောက်မယ့်သူ
        ရဲ့လှုံခြုံရေးကိုတရုတ်နဲ့နားလည်မှုယူပေးပြီးသူတို့အတွက်မေတာရပ်ခံလိုက်ရင်ကိုရပါတယ်..
        ခုတော့ကိုရွှေကြည်ပြောသလိုနဲနဲပစ်စလက်ခတ်နိုင်သလိုမြင်မိလို့ပါ…
        (ရာဇဝတ်သားဘက်ပါတာမဟုတ်၊လူလူချင်းကိုယ်ချင်းစာတဲ့စိတ်နဲ့ဘဲရိုးရိုးသားသားပြောတာပါ)
        မြန်မာပြည်ထဲမှာလွှတ်နေတဲ့နော်ခမ်းလိုလူတွေရှိတယ်ဆိုတာလဲ
        ကိုရွှေကြည်ရေ့ ကျွန်တော်မပြောရဲတော့ပါဘူး. 🙂 .သေသွားပြီးသားလူနဲ့ဆိုင်တာဘဲပြောမိတာပါဗျာ…

        • ရွှေ ကြည်

          March 2, 2013 at 12:57 pm

          ကိုသူရိန်မောင်ရေ ကိုရွှေကြည်မဟုတ်ပါ 😆 မရွှေကြည်ပါ အသုံးအနှုန်းတွေက တခါတလေ အဲ့လိုရေးရတာ ပိုအားရလို့ပါရှင်။

  • May

    March 2, 2013 at 11:00 am

    TV ကနေတိုက်ရိုက်မပြသင့်ဘူးလို ့ထင်တယ်
    ဒီလို ပြတာတယုတ်တွေလူပါဝတာ။

  • thureinmaung

    March 2, 2013 at 11:26 am

    ကထူးဆန်းရဲ့သုံးသပ်ချက်ကဖြစ်နိုင်ခြေအများကြီးရှိပါတယ်..

  • thureinmaung

    March 2, 2013 at 1:10 pm

    ဆောရီး ကိုရွှေကြည်မဟုတ်တဲ့ မရွှေကြည် ခင်ဗျာ.
    ဟိုအယင် ရုပ်ရှင်ကားတစ်ကားကြည့်ဖူးခဲ့တာကိုသွားသတိရမိလိုက်တယ်
    ဘဝပေးအခြေအနေအရ မို့မို့မြင့်အောင်က ယောင်္ကျာလေးလိုဝတ်စားနေထိုင်
    ပြီးအလုပ်လုပ်နေရတာကို ကျော်သူကယောင်္ကျားအစစ်မှတ်ပြီးပြောဆိုဆက်ဆံခဲ့တာ
    ကိုမဆီမဆိုင်သွားအမှတ်ရမိတယ်…ဟီးဟီး..
    တောင်းပန်ပါတယ်.ခင်ဗျာ..
    🙂 🙂

  • နေဝန်းနီ

    March 2, 2013 at 9:43 pm

    မဆီမဆိုင် ကာတွန်းအောပီကျယ် စာပေဟောပြောပွဲတွေမှာ ပြောသွားတာလေးအမှတ်ရတယ်…..။
    ” ဟေ့ဟေ့ အဲဒါတို့ မြန်မာ အဲဒိမှာအဲဒိမှာ ” ဆိုတာလေးပါ….။

  • koaung

    March 3, 2013 at 12:37 am

    မကောင်းတဲ့လူက သူ့လမ်းသူရွေးသွားတာကို ကိုယ်ကအရေးတယူလုဎ်ပြီး’ စဉ်းစားနေရင် ကိုယ့်အတွက်အိပ်ရေပျက်တာကလွဲလို့ ဘာမှအဖတ်မတင်နိုင်ဘူးလို့ထင်မိတယ်

  • ဦးဦးပါလေရာ

    March 3, 2013 at 1:35 am

    အဲဒိအမှု့ကို သိပ်ကောင်းကောင်းမသိပါဘူး…
    အင်တာနက်အပေါ်မှာ မြင်ရကြားရသလောက်ပဲ သိပါတယ်။
    သေချာတာက အဲဒါ အကုန် မဟုတ်ပါဘူး..။

    တရားခံကို သူ့တိုင်းပြည်ဥပဒေအတိုင်းစီရင်တာမို့ ဘာမှ ပြောစရာမရှိပါဘူး…။

    စီရင်ပုံလေးတော့ မကြိုက်ပါဘူး…။ ဒါပေမယ့်လဲ မကြိုက်လဲ ဘာတတ်နိုင်မှာလဲ…။

    ကျုပ်အမြင်တော့-
    ကမ္ဘာပေါ်က တိုင်းပြည်တွေအားလုံး တနိုင်ငံနဲ့တနိုင်ငံ လေးစားမှု့ချင်း အရေးထားမှု့ချင်း မတူပါဘူး။
    တူလဲ မတူနိုင်ပါဘူး…။

  • သီဟ

    March 3, 2013 at 10:53 am

    ကိုသူရိန်မောင်ရေ ဖွနေတဲ့သူတွေရှိတယ်ဗျာ။

  • ဆလိမ် ဆရာကြီး

    March 3, 2013 at 11:21 am

    မင်းတို့ကောင်တွေ ကြည့်ရတာ စိုင်းနော်ခမ်းအတွက် သနားနေသလိုလို
    ကိုယ်ချင်းစာစိတ်ကြီးသူတွေလိုလို နဲ့
    သိပ်ပြီး သနားတတ်နေရင် သနားစရာလူတွေ မင်းတို့နေတဲ့ လမ်းထဲမှာ ရပ်ကွက်ထဲမှာ မြို့ထဲမှာ အများကြီးပဲကွ
    အဲဒါတွေကို အရင်သနားကြပါဦး
    တရုတ်ကွန်မြူနစ် အရိုင်းအစိုင်း အစိုးရကလဲ human rights ဆိုတာကို နားမလည်ဘူး။
    အခု ကိစ္စမှာ မြန်မာအစိုးရ ငြိမ်နေတာဟာ အကြောင်းရှိလိမ့်မယ်
    ပြီးခဲ့တဲ့ တရုတ်နှစ်ကူးပွဲတုန်းက တရုတ်သံအမတ်က ရဲချုပ်ဆီမှာ တရုတ်ဘိန်းရောင်းတွေ လွှတ်ပေးဖို့ ကပ်တိုး တောင်းထားတာရှိတယ်
    အဲဒီဟာကို ရှင်းလာရင် ပျော်စရာပဲ

  • marga thagyar

    March 3, 2013 at 3:19 pm

    Myanmar and china relation is unilateral in every issue.China is always upper hand.

  • uncle gyi

    March 4, 2013 at 12:23 am

    တရုတ်မှာဟိုးအရင်ကတည်းကအဲလိုမျိုးလူလယ်ကောင်သတ်ပြတာရှိပါတယ်
    မြန်မာဖြစ်နေလို့မဟုတ်ပါဖူး
    ဘာဖြစ်ဖြစ်သူ့ဇာတ်သူရေးသွားတာပါ

  • ဦးကြောင်ကြီး

    March 4, 2013 at 11:06 am

    စိုင်းနော်ခမ်းကို စီရင်ချက် ချလိုက်တော့ ထိုင်းက သူ့ဆီမှာသာ တရားစွဲမယ်ဆိုရင် သေဒဏ်ပေးဖို့ လုံလောက်တဲ့ သက်သေမရှိလို့ ပြောဖူးတယ်။ ဒါက ဥပဒေပိုင်းက စဉ်းစားဖို့…
    တရုတ်သင်္ဘောသား ၁၃ ယောက် အသတ်ခံရတာမှာ သာမန်ရိုးရိုး သင်္ဘောသားဆိုတာထက် သေသူတွေသည် တရုတ်စစ်သား ထောက်လှမ်းရေးများ ဖြစ်လို့ ဒီလောက်အထိ တရုတ်ကြီး ဒေါသူပုန် ထသွာတယ်လို့ ယူဆတယ်။ မြန်မာအစိုးရဖက်က သူ့အတွက် အရေးမကြီးလို့ အသာငြိမ်နေလိုက်တာပါ၊ ဘိန်းဘုရင် ခွန်ဆာတုံးကဆို အမေရိကန် အစိုးရက ဖမ်းဝရမ်းထုတ် တောင်းတာတောင် ပေးတာမှ မဟုတ်တာ။ တရုတ်က သူ့ကြွက်သားကို ညှစ်ပြလိုက်တာပါ။ မောင်းသူမဲ့ လေယဉ်ပျံနဲ့တောင် အသေဖမ်းဖို့ စီမံခဲ့တယ်ဆိုတာ တမင်ထုတ်ပြောတာ တနည်းအားဖြင် ့သူလိုချင်ရင် အင်အားသုံးဖို့ ဝန်မလေးလို့ သတိပေးတာပဲ။ ဒါက လုံခြံရေးနဲ့ ဆိုင်လို့ အနာဂတ်မှာ သိထားဖို့..။
    ဝမ်ပေါင်အရေးအခင်း အစီရင်ခံစာ ထွက်မလာနိုင်ဖြစ်နေတယ်၊ ဒီကြားထဲ လယ်သမား ပြသနာတွေ ထပ်ဖြစ်တယ်။ တရုတ် အကျိုးစီးပွား ထုနဲ့ထည်နဲ့ မြန်မာပြည်မှာ ရှိနေတယ်ဆိုတော့ အခုကိစ္စသည် နောင်အရှုပ်အရှင်း ပဋိပက္ခများ ရှိလာရင် သိပ်စိုးရိမ် စရာကောင်းနေပီ။ နှစ်နိုင်ငံခြင်း တဲ့ထိန်းမရနိုင်လို့ နိုင်ငံတကာ ဒေသတွင်း နိုင်ငံများ အကူအညီနဲ့ လေ့လာစောင့်ကြည့်ထားမှ တော်ရာကြမယ်။ ဥပဒေပညာရှင်များ သက်ဆိုင်ရာ လူဂျီးများကလည်း မပြေးသော် ကန်ရာရှိ အခုထဲက စကားဝိုင်းဖွဲ့ ဆွေးနွေးထားသင့်ပါပြီ။

Leave a Reply