စဉ်းစားကြစေလိုပါတယ် ( ၄၉ ) ( စိုင်းနော်ခမ်း )

Foreign ResidentMarch 2, 20132min38656

စဉ်းစားကြစေလိုပါတယ် ( ၄၉ )

( စိုင်းနော်ခမ်း )

 

ဒီ Post ကတော့ ၊

thurein maung ရေးတဲ့ ၊

” စိုင်းနော်ခမ်း..

ထားခဲ့တဲ့တွေးစရာ… “

ဆိုတဲ့ Post လေးကနေ ၊

ဖြန့်ထွက်တွေးလိုက်တာပါ ။

 

အဲဒီ Post မှာ ၊

တရုတ် နိုင်ငံရဲ့ လုပ်ရပ်ကို အပြစ်တင်တဲ့ပုံ ရေးနေကြလို့ ဝင်သုံးသပ်ကြည့်တာပါ ။

တရုတ် နိုင်ငံ ရဲ့ လုပ်ရပ်က ဘာ တစ်ခု မှ မမှားပါဘူး ။

 

အမှန်တော့ ၊ တရုတ်အစိုးရက ၊

သူတို့ တရားဥပဒေကြောင်း အရ ၊ သူတို့ အလုပ် သူတို့ လုပ်သွားတာပါ ။

 

၁ ။ သူ့နိုင်ငံသား ၁၃ ယောက် ၊ နယ်ခြားမြစ်မှာ အသတ်ခံရတယ် ။

၂ ။ သူ့နိုင်ငံသား တွေ အသတ်ခံရတော့ လူသတ်မှု အနေနှင့် စုံစမ်းရတယ် ။

 

၃ ။ သတ်တဲ့ တရားခံတွေ ကို လော နိုင်ငံ ထဲမှာ ၊ လော အစိုးရ က မိတယ် ။

၄ ။ သတ်တဲ့ တရားခံတွေ က မြန်မာ ၊ လော ၊ ထိုင်း လူမျိုး တွေ ။

၅ ။ သတ်တဲ့ တရားခံတွေ ကို ၊ လော နိုင်ငံ က တရုတ် နိုင်ငံ ကို လွှဲပေးလိုက်တယ် ။

( လော နိုင်ငံ နှင့် တရုတ် နိုင်ငံ ကြားမှာ တရားခံ လွှဲပြောင်းရေး Agreement ရှိပုံ ရတယ် )

 

၆ ။ သူတို့ တရုတ် နိုင်ငံ ထဲကို သတ်တဲ့ တရားခံတွေ ရောက်လာပြီ ဆိုတော့ကာ ၊

သတ်တဲ့ တရားခံတွေ ကို သူတို့ တရုတ် တရား ဥပဒေ အတိုင်း တရားစီရင်လိုက်တယ် ။

 

အင်းးးးးး ၊ သူ့ နိုင်ငံသားတွေ ကို သွားသတ်ပြီး ၊ တရားခံ ကို ဖမ်းမိသွားရင်တော့ ၊

တရုတ် မှ မဟုတ်ဘူး ၊ အမေရိကန် လည်း ဥပဒေ အရ အရေးယူမှာပဲလေ ။

 

ဒါပါပဲ ၊ ဘာမှ သိပ်ထူးဆန်းတာ မပါပါဘူး ။ ရိုးရိုး ရှင်းရှင်း လေးပါ ။

ဒီ ကိစ္စမှာ တရုတ် နိုင်ငံ ရဲ့ လုပ်ရပ်က ဘာ တစ်ခု မှ မမှားပါဘူး ။

 

ဆင်းရဲတဲ့ ၊ မျက်နှာမရှိရှာတဲ့ မြန်မာ နိုင်ငံသားတွေ ခမျာ မှာသာ ၊

အငုံ့စိတ် လက်ခံလေးကြောင့် ၊ ဘာလေးပဲ ဖြစ်လိုက်  ဖြစ်လိုက် ၊

ငါတို့ကို ၊ မြန်မာ မို့လို့ နှိမ်တယ်လို့ ၊ ထင်နေရရှာတာပါ ။

အငုံ့ စိတ် ( Inferior Complex ) ပါ ။

( မှတ်ချက် ။  ။ အဲဒီ အငုံ့ စိတ် ကို ဖျောက်နိုင်ရပါမယ် )

 

၁ ။

မြန်မာ လူမျိုး မို့လို့ ကွက်ပြီး သေဒါဏ် ပေးလိုက်တာ မဟုတ်ပါဘူး ။

သေဒါဏ် စီရင်ခံရတဲ့ အထဲမှာ  မြန်မာ နိုင်ငံသား တစ်မျိုးတည်း မဟုတ်ပါဘူး ။

ထိုင်း နိုင်ငံသား ၊ လော  နိုင်ငံသား တွေလည်း ပါပါတယ် ။

 

အခု ကိစ္စမှာ ၊ လော နိုင်ငံ ၊ ထိုင်း နိုင်ငံ တွေက လဲ ၊ ဘာသံမှ မထွက် ပါဘူး ။

ဘယ် ထွက်မလဲ ၊ ကိုယ့်လူက မှားနေတာကိုး ။

 

ရာဇဝတ်မှု ၊ အကြမ်းဖက်မှု တစ်ခု ၊ နိုင်ငံ နယ်နမိတ်တွေကို ဖြတ်ကျော်ပြီး ဖြစ်ခဲ့တာပါ ။

ဘာမှ သိပ်ထူးဆန်းလှတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ။

 

ပြောရမယ် ဆိုရင် ၊

အမေရိကန် လဲ သူ့နိုင်ငံသားတွေကို သတ်သွားတဲ့ ဘင်လာဒင်ကို ၊

သူများနိုင်ငံ ( ပါကစ္စတန် ) ထဲ အထိတောင် ဝင်ပြီး လိုက်သတ်တာပဲ ။

ဘင်လာဒင် ရဲ့ နိုင်ငံ ဆော်ဒီ က ဘာမှ မပြောပါဘူး ။

ကိုယ့်လူက မှားနေတာကိုး ၊ ဘာ အထွန့်တက်လို့ ရမလဲ ။

 

၂ ။

နောက်ပြီး ၊ မြန်မာ အစိုးရက ၊  မြန်မာ့ နယ်နမိတ် ထဲမှာ မိပြီး ၊

တရုတ် အစိုးရ ကို လွှဲပေးလိုက်တာမှ မဟုတ်တာ ။

 

သူ့ကို လာအို နိုင်ငံ နယ်နမိတ် ထဲမှာ မိပြီး ၊

လာအို အစိုးရက တရုတ်ကို လွှဲပေးလိုက်တာ လေ ။

( လော နိုင်ငံ နှင့် တရုတ် နိုင်ငံ ကြားမှာ တရားခံ လွှဲပြောင်းရေး Agreement ရှိပုံ ရတယ် )

 

တစ်ချက် ထောက်ပြချင်တာက ၊

စိုင်းနော်ခမ်း ရဲ့ လက်ထောက် ရှမ်းလူမျိုး ( မြန်မာ နိုင်ငံသား ) လည်း ၊

စိုင်းနော်ခမ်း အမှု အတွက် ၊ တရုတ်ပြည်မှာ သက်သေ သွားထွက်ဆို ခဲ့ပါတယ် ။

 

ဒါပေမယ့် ၊ အဲဒီ လက်ထောက် ရှမ်းလူမျိုး ( မြန်မာ နိုင်ငံသား ) ကိုတော့ ၊

တရုတ် နိုင်ငံ ကို ၊ မြန်မာ နိုင်ငံ က တရားစီရင်ခွင့် မပေးခဲ့ပါဘူး ။

( မြန်မာ နိုင်ငံ နှင့် တရုတ် နိုင်ငံ ကြားမှာ တရားခံ လွှဲပြောင်းရေး Agreement မရှိပါ )

 

အဲဒီတော့ကာ ၊  အခုကိစ္စမှာ မြန်မာ အစိုးရ ရဲ့ လုပ်ပုံ ကိုင်ပုံ က မမှားခဲ့ပါဘူး ။

 

၃ ။

အဓိက က ကိုယ့်နိုင်ငံက ၊ သတ္တိ မရှိလို့ မအော်ရဲ ဘူးလို့ ထင်နေကြတယ်ပေါ့နော် ။

 

ကိုယ့်နိုင်ငံသားက မှားနေတော့ ရှက်လို့ ၊ မအော်တာလဲ ဖြစ်နိုင်ပါတယ်လေ ။

 

ဒါမှမဟုတ် မြန်မာ အစိုးရ က ၊ တရုတ် အစိုးရ ကို ( အတွင်းကြိတ် ပြီး ) ၊

တောင်းဆိုမှုတွေ ၊ ကန့်ကွက်မှုတွေ ၊ တိုက်တွန်းမှုတွေ လည်း ရှိချင် ရှိမှာပေါ့လေ ။

ဒါပေမယ့် ၊ မြန်မာ အစိုးရ က အဲ့ဒါတွေ ကို တရားဝင် ထုတ်ဖေါ်ပြောကြားလေ့မှ မရှိတာ ။

အဲဒီ အပိုင်းကတော့ ၊ ကိုယ်လဲ မသိရတဲ့ အပိုင်းဆိုတော့ မပြောတော့ပါဘူး ။

 

ဩဇီ တို့ ၊ US တို့ တောင် သူ့နိုင်ငံသား မှန်နေရင် ၊ အသေအလဲ ကာကွယ်ပေးပေမယ့် ၊

သူ့နိုင်ငံသား ကိုယ်တိုင်က မှားနေမှန်း သေချာနေရင်တော့ ၊

အခြေခံ လူ့အခွင့်အရေးတွေ ရအောင် လုပ်ပေးရုံကလွဲလို့ ( ဥပမာ ။ ။ ရှေ့နေ ငှားပေးမယ် ) ၊

လိုက်တော့ စုံစမ်း ၊ ကူညီပေးပေမယ့် ၊ အကာအကွယ် မပေး ၊ မအော် ပါဘူး ။

 

အကာအကွယ် ပေးပိုင်ခွင့်လဲ မရှိပါဘူး ။

ကိုယ့်နိုင်ငံသား မှားနေမှန်း သိသိကြီးနှင့် ၊

အတင်း လိုက်ပြီး ( မတရား ) ကာကွယ်ပေးနေရင် ၊

အဲဒီ အစိုးရ လည်း ၊ ဂုဏ်သိက္ခာ ကျဆင်းပါတယ် ။

( မှားမှား မှန်မှန် ၊ ငါ့ လူမျိုးဖက်ကပဲ နေမယ် ဆိုတဲ့ စိတ်ဓါတ်ဟာ ၊

အဘ အမြင်မှာတော့ ၊ တော်တော် အောက်တန်းကျပါတယ် )

 

အားလုံး ခြုံပြောရရင်တော့ ၊

အဘ တို့ လည်း ၊ ကမာ္ဘပတ်နေတဲ့ သင်္ဘောသား ဆိုတော့ကာ ၊

မြန်မာ လူမျိုးတွေ အနှိမ်ခံရ ၊ မျက်နှာငယ်ရတာကို ၊

တရုတ် တစ်ခုတည်းသာမက ၊ ကမာ္ဘ အနှံ့မှာပါ ခံစားခဲ့ရတာပါ ။

 

Emotion စိတ်ခံစားမှု နှင့်သာ လိုက် ခံစားနေရင် ၊

ကမာ္ဘ့ လူမျိုး ပေါင်းစုံ နှင့် လှည့်ပြီး ရန်ဖြစ်နေရမှာပေါ့ ။

ရန်ဖြစ်နေတာနှင့်ထင် အချိန်တွေ ကုန်ပြီး ၊

ကိုယ် တကယ် တိုးတက်ဖို့ အတွက် ဘာ အလုပ်မှ လုပ်ချိန် မရပဲ နေမှာပေါ့ ။

 

ဒီတော့ကာ ၊ ကိုယ့်လူမျိုး ၊ ကိုယ့်နိုင်ငံ ရဲ့ လက်ရှိ ရောက်နေရတဲ့ ၊

အောက်တန်း နောက်တန်းကျနေရတဲ့ ဘဝ ကို မှန်မှန်ကန်ကန် နားလည် လက်ခံ ၊

ကိုယ့်လူမျိုး ရဲ့ အားနည်းချက် ၊ အားသာချက် ကို ယထာဘူတ ကျကျ သုံးသပ် ပြီး ၊

( ရောင့်ရဲတယ် ၊ မနာလိုစိတ် ကြီးတယ် ၊ မစည်းလုံးဘူး ၊ ယထာဘူတ ကျကျ မ သုံးသပ်နိုင်ဘူး )

တိုးတက် ချမ်းသာအောင် သာ ကျားကုတ် ကျားခဲ ( ကျားကုတ် ကျားခဲ ) ကြိုးစားကြစေချင်ပါတယ် ။

 

မမေ့နှင့်နော် ၊ အဘ ရဲ့ ဘိုးဘေး တရုတ်တွေ မြန်မာနိုင်ငံထဲကို ၊

အဝတ် တစ်ထည် ၊ ကိုယ်တစ်ခု နှင့် ၊ ဘာ ဥစ္စာဓနမှ မပါပဲ စစ်ပြေးလာခဲ့ကြတာပါ ။

မြန်မာနိုင်ငံ ထဲမှာလည်း ၊ တရုတ် သွေးစပ်လို့ ဆိုပြီး ၊

အခွင့် အရေး ပိုရတယ် ဆိုတာ မရှိပါဘူး ။ နှိမ်တာပဲ ရှိပါတယ် ။

အဲဒီကြားထဲက တရုတ် အများစု က ချမ်းသာလာကြတယ် ဆိုတော့ကာ ၊

မြန်မာနိုင်ငံ ထဲမှာ ၊ မြန်မာတွေလည်း မှန်မှန်ကန်ကန်သာ ကြိုးစားကြရင် ၊

ချမ်းသာလာကြမှာ မြေကြီး လက်ခတ် မလွဲပါဘူး ။

 

ချမ်းသာ လာတဲ့အခါကျရင် ၊ ကျွဲကူး ရေပါ ၊ ရေမြင့် ကြာတင့် ဆိုသလိုပဲ ၊

ကျန်တာတွေ အကုန်လုံး ၊ အလိုလို မြင့်လာမှာပါ ။ သေချာပါတယ် ။

ကြိုးစားကြဖို့ပဲ လိုတာပါ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

56 comments

  • ရာမည

    March 2, 2013 at 9:43 am

    လုပ်ပြန်ပြီ ဒီအဘကတော ့
    တရုတ်ချမ်းသာတဲ ့အကြောင်းမပါပဲ ပြောပါလားဗျာ ။
    ပို ့စ်ရဲ ့လမ်းကြောင်း လွဲမှာစိုးလို ့ပါ ။
    လွန်ခဲ ့တဲ (8)နှစ်ခန် ့ကထင်ပါတယ် နယ်စပ်မှာ ဘိန်းကုန်ကူးတဲ ့တရုတ်တွေကို
    ဖမ်းမိတော ့ တရုတ်နိုင်ငံကိုလွှဲမယ်ပေါ ့ ။ အဲ ့မှာ တရုတ်ကောင်တွေက မြန်မာနိုင်ငံသား
    မှတ်ပုံတင်တွေထုတ်ပြတာပဲ ။ တရုတ်ကစီရင် တဲ ့အခါ သတ်မှာကိုး ဗျ ။
    ဦးခင်ညွန် ့ခေတ်က ဝ တွေကိုမှတ်ပုံတင်ပေးရင်းနဲ ့ ရောပြီး ရခဲ ့ပုံပါ ။
    ဆိုတော ့….. စိုင်း ဆိုတဲ ့နာမည်တွေ့တိုင်းလည်း တိုင်းရင်းသားစစ်စစ်လို ့
    မထင်ကြပါနဲ ့ဦး ။ အဲ ့ လူရဲ ့ရာဇဝင်လည်း ပြန်ကြည် ့ကြပါဦး ။
    မြန်မာပြည်မှာ ဘိန်းနဲ ့ချမ်းသာတာတော်တော်များတယ်နော ။

    • Foreign Resident

      March 2, 2013 at 3:02 pm

      ” ချမ်းသာတဲ ့ အကြောင်း မပါပဲ ”

      ကိုရင် ရာမည ရဲ့ ။

      ဘယ် ကိစ္စ မဆို ထဲထဲဝင်ဝင် အဆုံးထိ လိုက်လိုက်ရင် ၊
      နောက်ဆုံးမှာ ဆင်းရဲ / ချမ်းသာ ( or ) အုပ်ချုပ်ရေး / နိုင်ငံရေး
      ၂ ခုထဲက ၁ ခုခုမှာ ဆုံးတာများတယ်ကွယ့် ။

      ဒီတော့ ချမ်းသာဘို့ အကြောင်းကတော့ ၊
      အကွက်ဆိုက်တိုင်း ထည့်ပြောသင့်တယ် ထင်တာပဲ ။

      • garuda

        March 3, 2013 at 7:19 pm

        အဘရေ….ဆင်းရဲ/ချမ်းသာ…မုန်းတီးခြင်း/ချစ်ခြင်း….အုပ်ချုပ်ရေး/နိုင်ငံရေး ဘယ်ဟာဖြစ်ဖြစ် တဖက်သတ်ကျခြင်း ဟာ မကောင်းပါဘူး။ လူတွေကိုချမ်းသာအောင်လုပ်လို့ ပြောမယ်ဆိုရင်တော့ ရူးသွပ်ခြင်းသက်သက် သာဖြစ်ပါလိမ့်မယ်။ နော်ခမ်းကိစ္စနဲ့ အဘပြောနေတဲ့ အငုံ့စိတ်နဲ့ ဘာမှတော့သက်ဆိုင်မှုမရှိ ပါဘူး။ ဒါဟာ ဘာမှမသိတဲ့ လူတွေကို မြှောက်ထိုးပင့်ကော် လုပ်ပေးနေတဲ့ လူတွေရှိနေလို့ပါ။ တစ်ချို့ ကလည်း ရခိုင်ကိစ္စကို လူတွေ အာရုံမစိုက်တော့အောင် ကျုူးကျော်သူများက တမင်သက်သက်လုပ်ဆောင်ခြင်းလို့လည်း ပြောနေကြပါတယ်။ အခုအချိန်က တူရကီအပါအဝင် တစ်ခြား ပြည်ပအဖွဲ့ အစည်းများက ရခိုင်မှာ ခြေကုပ်ယူဖို့ကြိုးစားနေကြတာ ဖြစ်ပါတယ်။ အဲဒီတော့ ယုံလွယ် ရိုးသားတဲ့သူတွေကို တစ်ခြား တစ်ဖက်ကိုအာရုံလွှဲတဲ့ သဘော လို့ထင်ပါတယ်။ လူအများရဲ့မသိမှု၊ ရိုးသားမှုကို အခွင့်ကောင်းယူခြင်းသက်သက် သာဖြစ်တယ်လို့ ယူဆပါတယ်။

        • Foreign Resident

          March 3, 2013 at 9:31 pm

          ” တစ်ချို့ ကလည်း ရခိုင်ကိစ္စကို လူတွေ အာရုံမစိုက်တော့အောင်
          ကျုူးကျော်သူများက တမင်သက်သက်လုပ်ဆောင်ခြင်းလို့လည်း ပြောနေကြပါတယ် ”

          အဲဒါလည်း ဖြစ်လောက်ပါတယ် ။
          အမှန်က နော်ခမ်း ကိစ္စက ဒီလောက်ဖြစ်စရာ ကိစ္စမှ မဟုတ်တာ ။
          သက်သက် လိုက်ဖွနေတာလို့ ထင်ပါတယ် ။

  • ကထူးဆန်း

    March 2, 2013 at 9:46 am

    ( မြန်မာ နိုင်ငံ နှင့် တရုတ် နိုင်ငံ ကြားမှာ တရားခံ လွှဲပြောင်းရေး Agreement မရှိပါ )
    ရှိတယ် လို့ထင်ပါတယ် ။ တရားခံ လွှဲပြောင်းတာ ဖတ်ဖူးပါသည်။
    တရုတ် မုန်းတီးရေး လှုှုံ့ ဆော်ချင်စိတ်လည်းပါမည်ထင်ပါသည် ။

    ဘရာကြော်ပါ ဘဖော ။
    ကျွန်တော်လည်း ဘဖော လို ဘဲ ထပ်တူ ခံစားမိပါသည် ။

  • Foreign Resident

    March 2, 2013 at 10:59 am

    ” ရှိတယ် လို့ထင်ပါတယ် ။ တရားခံ လွှဲပြောင်းတာ ဖတ်ဖူးပါသည် ”

    ကထူးဆန်း ရဲ့ ၊
    တရားခံ လွှဲပြောင်းရေး Agreement ဆိုတာက အဆင့် အမျိုးမျိုး ရှိတာကိုး ။

    တရုတ် ပြည် ကနေ မြန်မာ ပြည်ထဲကို ထွက်ပြေးလာတဲ့ ၊
    တရုတ် နိုင်ငံသား တရားခံပြေးတွေကို တရုတ် နိုင်ငံ ကို ပြန်အပ်တာကို တွေ့ဖူးတယ် ။

    မြန်မာ ပြည် ကနေ တရုတ် ပြည် ထဲကို ထွက်ပြေးသွားတဲ့ ၊
    မြန်မာ နိုင်ငံသား တရားခံပြေးတွေကို မြန်မာ နိုင်ငံ ကို ပြန်အပ်တာကို တွေ့ဖူးတယ် ။
    ( တရုတ် နိုင်ငံသား ကို တရုတ် နိုင်ငံ ကို ၊ မြန်မာ နိုင်ငံသား ကို မြန်မာ နိုင်ငံ ကို ၊ လေ )

    အခု ကိစ္စ ကတော့ ၊
    တရုတ် ပြည်သားတွေကို ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ ၊
    မြန်မာ နိုင်ငံသား တရားခံ ကို တရုတ် ပြည် ကို အပ်ရမယ့် ကိစ္စ လေ ။ မတူဘူးဗျ ။
    ( မြန်မာ နိုင်ငံသား ကို တရုတ် ပြည် ကို )

    DVB က TV News ထဲမှာတော့ ၊ ရဲမှူးကြီးဟောင်း တစ်ဦးက ၊
    မြန်မာ နိုင်ငံသား ကို တရုတ် ပြည် ကို အပ်ရမယ့် Agreement မထိုးထားဘူး ပြောတယ် ။

    ” တရုတ် မုန်းတီးရေး လှုှုံ့ ဆော်ချင်စိတ်လည်း ပါမည်ထင်ပါသည် ”

    ကျနော် ကတော့ ” တရုတ် မုန်းတီးရေး ” အဲလောက်တင် မကဘူး ထင်တယ် ။
    တရုတ် ကော ၊ ကုလား ကော ၊ ဘာသာရေး ကော ၊ လယ်သမား ကော ၊
    အစစ အရာရာ ၊ ဘက်ပေါင်းစုံ ကနေ ၊ ဒုက္ခ သုက္ခ တွေပေးပြီး ၊
    လက်ရှိ အစိုးရ နှင့် အမေစု ကို တိုင်းပြည် တိုးတက် တည်ငြိမ်အောင် လုပ်လို့ မရအောင် ၊
    လိုက် ဖွ ၊ ဆွ ပြီး တမင် လုပ်နေတယ်လို့ ထင်တာပဲ ။

    အဲဒီ ကိစ္စတွေကို ၊ ငွေကြေး ထောက်ပံ့နေတဲ့ အဖွဲ့တွေလည်း ရှိနေတယ်ဗျ ။
    ( ဥပမာ ။ ။ လှိုင်သာယာ က ကျူးကျော်တွေကို ၊ မစခင်မှာ လူစု ပေးပြီး ၊
    ဝါးလုံး ဝါးကပ် ကို ကားလိုက် လာချပေးတာတွေ ရှိနေတယ်ဗျ )

    အဲဒီတော့ကာ ၊ နောက်ကွယ်မှာ အဖွဲ့ တစ်ခုခုတော့ ရှိနေတာတော့ သေချာနေပြီဗျ ။
    နောက်ကွယ်မှာ ဘယ်အဖွဲ့ရှိမလဲ လို့ပဲ ၊ စဉ်းစားရမယ့် အချိန် ဖြစ်နေပြီ ။
    စဉ်းစား ကြည့်ရအောင် ။

    ၁ ။ သွားလေသူကြီး တို့ နှင့် အပေါင်း အပါ တွေက ၊
    စစ်တပ် ကို အာဏာ ပြန်သိမ်းစေချင်နေပြီလား ။

    ၂ ။ နိုင်ငံတကာက အထောက် အပံ့ စားတွေက ၊
    တိုင်းပြည် မငြိမ်သက်မှသာ ၊ အထောက်အပံ့ တောင်းလို့ ရတာမို့လို့ ၊
    တိုင်းပြည် မငြိမ်သက်အောင် ၊ တမင်များ ထောက်ပံ့ပြီး ဆွပေးနေသလား ။

    ၃ ။ တရုတ်ကြီး နှင့် မြန်မာ ပြည် ဆက်ဆံရေးကို အပြီး ပြိုလဲသွားအောင် ၊
    အမေရိကန်ကြီးက တမင်များ ထောက်ပံ့ပြီး ဆွပေးနေသလား ။

    ၄ ။ ဒီမို အတိုက်အခံတွေဖက်ကပဲ ၊ နာမည်ကြီး အောင် ၊
    နေရာရ အောင် တစ်သီးပုဂ္ဂလိက ဆန်ဆန် လုပ်ရင်း လုပ်ရင်း နှင့် လက်လွန်လာပြီး ၊
    အမေစု ပဲ သူ့လူ ၊ ဒီမို ဖက်တော်သား တွေ ကို ထိန်းမနိုင်တော့တာလား ။

    မသိတော့ပါဘူးဗျာ ။
    အကျိုးဆက်ကတော့ ၊ တိုင်းပြည် စည်းလုံး ညီညွတ်မှု ပျက်ပြီး ၊ ဆင်းရဲမပေါ့ ဗျာ ။

    အင်းးးး ၊ အကောင်းဖက်က လှည့်တွေးရင်တော့ ၊
    သာမီးလေးတွေ ဈေးကျလိမ့်မပေါ့ဗျာ ၊ ဟီ ဟိ ။
    Good, Good…

  • thureinmaung

    March 2, 2013 at 11:00 am

    အဘကကမ္ဘာပါတ်နေတဲ့သူဆိုတော့ အပြင်ကဘဲကြည့်နိုင်ပြီးအတွင်းမှာဖြစ်ပျက်နေတာတွေကို လက်တွေ့မမြင်ရတော့ဒီအပိုင်းမှာနဲနဲလစ်ဟင်းသွားမယ်ထင်ပါတယ်…
    ရှေးတုန်းက ရောက်လာတဲ့တရုတ်တွေရဲ့ကြီးပွားးချမ်းသာမှုတွေအပေါ်ဘယ်မြန်မာလူမျိုးက
    စောဒကတက်ပြီးမကျေမနပ်မဖြစ်ကြပါဘူး..
    အခုဒီစိတ်ဓါတ်တွေကြီးထွားနေတယ်ဆိုတာလဲ အကြောင်းရှိလို့ အကျိုးကဖြစ်လာရချည်းပါ..
    ကမ္ဘာပါတ်ပြီးတော့လဲမြန်မာတွေရန်မဖြစ်ပါဘူးခင်ဗျာ..နေ့တိုင်းရင်ဆိုင်နေရတဲ့အတွေ့ကြုံ
    ကနေရလာတဲ့သင်ခန်းစာအပေါ်မှာမူတည်ပြီးတော့ခံစားချက်တွေကဖြစ်ပေါ်လာခြင်းဖြစ်သလို
    နယ်နိမိတ်ခြင်းထိစပ်နေတဲ့နိုင်ငံတွေထဲကလူပါးဝတဲ့နိုင်ငံနဲ့ဘဲလက်တွေ့ကျကျဖြစ်နေတာပါ …
    အဝေးကနိုင်ငံမပြောပါနဲ့အုံးတခြားအိမ်နီးချင်းလာအို၊ထိုင်းနဲ့ အိနိယနဲ့လည်းမဖြစ်ပါဘူး
    ဒါကလည်းကိုယ့်မြေပေါ်မှာနေ့တိုင်းရုန်းကန်နေရတဲ့မြန်မာနိုင်ငံသားတွေရဲ့ခါးသက်တဲ့
    အတွေ့အကြုံတွေကနေဖြစ်ပေါ်လာတဲ့ခံစားချက်တွေမို့လို့အပြစ်ပြောလို့မရပါဘူး…
    ရန်ကုန်မြို့တော်ပါတ်ပါတ်လည်အပြင်ရန်ကုန်မြစ်တစ်ဘက်ကမ်းကိုငှက်စီးပြီးမြန်မာ
    စကားလုံးတစ်လုံးမှမတတ်ဘဲကွိစိကွစ ပြောပြီးတော့လက်ညိုးထိုးမြေကွက်တွေဝယ်ဈေး
    ကစားမြေဈေးတွေကြီးအောင်လုပ်နေတာလည်း မြန်မာနိုင်ငံထဲမှာရိုးရိုးသားသားကြီးပွား
    ချမ်းသာလာအောင်ကြိုးစားတဲ့ခေတ်သစ်လူတွေမို့လို့ မြန်မာတွေမနာလိုကင်းကင်းနဲ့
    အားကျအတုယူရလောက်အောင်တော့ အကြံမပေးပါနဲ့လားခင်ဗျာ.
    ဒါတောင် နိုင်ငံအချက်အချာရန်ကုန်မြို့ မှာ မြေကွက်နဲ့ပတ်သက်တဲ့စီးပွားရေးတစ်ခုဘဲ
    ရှိသေးတာနော်…
    မန်းလေးနဲ့နယ်နိမိတ်ထိစပ်နေတဲ့နယ်မြေအားလုံးမှာဘယ်လိုဖြစ်နေတာလည်းဆိုတာကို
    အဘလက်တွေ့ကျကျလာရောက်လေ့လာစေချင်ပါသေးတယ်..
    မြန်မာလူမျိုးတွေခံစားချက်ကိုဦးစားပေးတယ်ဆိုတာမှန်ပါတယ်..ဒါပေမယ့်တစ်ခြားနိုင်ငံက
    တစ်ခြားလူမျိုးတွေကော ခံစားချက်မရှိဘူးလား.မေးချင်ပါတယ်..
    ထိုင်းနဲ့လာအိုလူမျိုးတွေမပြောရဲဘူးဆိုတာအဘအာမခံပါသလား၊ကျွန်တော်တို့ သူတို့
    ဘာသာစကားကို နားမလည်လို့ သူတို့ဘာသံမှမထွက်ဘူးထင်ရင်မှားသွားပါလိမ့်မယ်..
    သူတို့မှာမြန်မာနိုင်ငံထက်အားကောင်းတဲ့ social network ,social media ရှိပါတယ်..
    တရားခံလွှဲပြောင်းရေး သဘောတူစာချုပ်မထိုးထားဘူးဆိုတာ အစတည်းကနားလည်
    ထားပါတယ်…ဒါပေမယ့်နဲနဲကွန့်ချင်တာက တရုတ်နိုင်ငံသားတစ်ဦး မြန်မာနိုင်ငံအပေါ်
    အလားတူပြစ်မှုကျူးလွန်မယ်ဆိုရင် မြန်မာအနေနဲ့ တရုတ်လိုမျိုးစီရင်တာကိုတရုတ်က
    ကြည့်နေမှာလားဆိုတာပါဘဲ…
    တရုတ်အစိုးရရဲ့လုပ်ရပ်အားလုံးမှားတယ်မဆိုလိုပါဘူးခင်ဗျာသူ့တရားစီရင်ရေးစံနစ်
    နဲ့သူ့ဟာသူစီရင်သွားတာသူ့အပိုင်းပါ..ဒါပေမယ့်
    တရားခံကိုမီဒီယာတွေရှေ့မှာအာဏာပိုင်တွေရှေ့မှာဘာဖြစ်လို့ဒူးထောက်ပြခိုင်းရတာလဲ
    သေခါနီးနားအထိကိုဘာဖြစ်လို့မျက်နှာအနီးကပ်ရိုက်ပြီးကမ္ဘာကိုပြတာလဲ၊
    သေဒါဏ်ကျခံရတဲ့သူ့နိုင်ငံသားတောင်မှအယင်ကဒီလိုလုပ်တဲ့ထုံးစံမရှိဘူးလေ..
    ဘင်လာဒင်နဲ့နော်ခမ်းကိုအဘနှိုင်းယှဉ်တယ်ဆိုရင်..ဘင်လာဒင်ကိုသုတ်သင်တုန်းက
    အမေရိကန်တွေဗီဒီယိုရိုက်ထားတာတောင်ကမ္ဘာကိုဒီလိုထုတ်ပြခဲ့ပါသလား….
    လူသတ်တာခြင်းတူပေမယ့် ဘင်လာဒင် နဲ့ နော်ခမ်းတို့လုပ်ရပ်ခြင်း၊အခြေအနေခြင်း
    ကမတူတဲ့အတွက်အမေရိကန်ပြည်ထောင်စုရဲ့တုံ့ပြန်ပုံနဲ့နှိုင်းယှဉ်လို့လဲမရနိုင်ပါဘူး
    (ဒီလိုပြောလိုက်လို့စိုင်းနော်ခမ်းဘက်ပါတယ်ထင်နေအုံးမယ်)
    မြန်မာအစိုးရကိုအတင်းလိုက်ပြီးကာကွယ်ပေးဖို့ရေးသားတိုက်တွန်းထားတာမရှိပါဘူး
    ကိုယ့်နိုင်ငံမှာတရားစီရင်ဘို့ဘဲဖြစ်သင့်တယ်လို့ရေးသားထားတာပါ…(ဒါကတော့
    ကျွန်တော့်အမြင်သက်သက်ဘဲဖြစ်ပါတယ်)
    အစိုးရကြောက်လို့ဒီ case မှာဝင်မပါရဲဘူးလို့လူတွေထင်တာအကြောင်းမဲ့မဟုတ်ပါဘူး
    ဝန်ကြီးတစ်ပါးရဲ့ပြောစကားကပြည်သူတွေနားထဲကမထွက်သေးလို့ ၊ပြီးတော့.
    အခြားလုပ်ရပ်တွေကလည်းမြင်တွေ့ကြားသိခဲ့ရတာတွေလဲရှိလို့ဒီလိုထင်တာ
    မဆန်းပါဘူး…
    ခုခံကာကွယ်ခွင့်၊ရှေ့နေငှါးခွင့်တွေအသာထားလိုက်ပါအုံး၊လူ့အခွင့်အရေးစကားလုံး
    ကြီးကြီးကျယ်ကျယ်ပြောရမယ်ဆိုရင်..
    ကူမင်းမြို့မှာရှိတဲ့တရားခံကိုမိသားစု(ညီမ)ဖြစ်သူကတွေ့ဆုံခွင့်စကားပြောခွင့်တောင်
    မရခဲ့တာကရောဘယ်အစိုးရဘက်ကတာဝန်ပျက်ကွက်ခဲ့ပါသလဲ…

  • ကိုရင်စည်သူ

    March 2, 2013 at 11:30 am

    အဘရေ.. မှန်ချက်ကတော့ လျှံထွက်ပါတယ်ဗျာ…
    မျက်ကန်းမျိုးချစ်တွေက Inferior Complex နဲ့ ဆိုတော့
    ဖွဘုတ်မှာ တရားခံကို အပြစ်ပေးတာကိုတောင် အဲ့စိတ်နဲ့
    ဖွနေတာမြင်တော့ စိတ်ပျက်မိပါဒယ်…။ နအဖ ရိုက်သွင်းလိုက်တဲ့
    အမြုံစိတ်တွေဆိုတော့ ကျနော် ကိုယ်တိုင်တောင် ရှိနေတယ်လို့
    ဝန်ခံရပါမယ်။ ပြသနာတစ်ခုကို ဆင်ခြင်တုံတရားနဲ့ မသုံးသပ်ပဲ
    ဝုန်းဝုန်းခနဲ့ ကောက်ရိုးအလားကြွတတ်တဲ့ စိတ်တွေကို ထိန်းရပါ့မယ်…။
    ဖြစ်ခဲ့သမျှ အမှားတွေကို သင်ခန်းစာယူရပါမယ်… ကိုယ့်နိုင်ငံလူမျိုးတိုးတက်ဖို့ဆို
    တရုတ်က ကောင်းတာလည်း အတုခိုးတတ်ရမယ်.. လူဖြူတွေ ကောင်းကွက်လည်း
    အတုယူတတ်ရမယ်..။ ကမာ္ဘပတ်ပြီး မျက်နှာငယ်ရတဲ့ထဲ သင်္ဘောသီးတွေလည်း
    ထိပ်ဆုံးတစ်နေရာထဲပါပါတယ်…။ အခုတော့ နဂါးနီသီချင်းလေးဖွင့်ပြီးပဲ…အိပ်တော့မယ်.. အဘရေ…
    (( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ခပ်သိမ်းပြီ…
    လူမွဲတွေက သူငှေးဖြစ်မည်… မနှေးဖြစ်တော့မည်… အိုဘယ့် ဒို့ဗမာ.. ) 🙂 🙂

  • ရွှေ ကြည်

    March 2, 2013 at 12:01 pm

    ကိုသူရိန်မောင်နဲ့ သဘောထားတူပါတယ်။ ဒါပေမယ့် တခုပဲကိုယ့်နိုင်ငံမှာစီရင်ခွင့်ပေးမပေးဆိုတာထက် တခုခုပေါ့လေ တောင်းဆိုပေးတာမျိုးပေါ့။ ကျန်တာတွေတော့နားမလည်ဘူးဗျာ။
    ( မှားမှား မှန်မှန် ၊ ငါ့ လူမျိုးဖက်ကပဲ နေမယ် ဆိုတဲ့ စိတ်ဓါတ်ဟာ ၊
    အဘ အမြင်မှာတော့ ၊ တော်တော် အောက်တန်းကျပါတယ် )
    အဘပြောတဲ့စကားကိုအပြည့်အဝထောက်ခံပါတယ် ဒါပေမယ့် စိုင်းနော်ခမ်းမှန်ပါတယ် လွှတ်ပေးပါလို့တော့ မပြောကြဘူးလို့ထင်မိပါတယ်။ ရာဇဝတ်သားဟာ ရာဇဝတ်ဒါဏ်ခံရတာ ခံသင့်ပါတယ် ဒါပေမယ့်ပေါ့ဗျာ…။ ပြည်သူတွေဟာ မိဘရင်ငွေ့ကိုတမ်းတနေတဲ့ မိဘမဲ့တွေလိုဖြစ်နေတာမို့ ဒီလိုခံစားရတာကို လည်း အပြစ်မတင်ပါနဲ့ဗျာ။ မိဘမဲ့ကလေးမောင်နှမ အစ်ကိုကခိုးလို့ ရပ်ကွက်ကဆုံးမပေမယ့် ညီမကနားမလည်သလိုပေါ့ဗျာ။ တရုတ်အစိုးရမှန်တယ်ဆိုတော့လည်းမှန်တယ်ပေါ့။ ဥပဒေတွေနားမလည်ဘူးဗျာ။ ကိုထူးဆန်းပြောသလိုပဲ ကြားကနေ ယောင်တောင် ပေါင်တောင် ဆရာသမားတွေရဲ့ တရုတ်မုန်းတီးရေး ဝါဒဖြန့်ချင်သူတွေကတော့ အကွက်ကောင်းပေါ့ဗျာ..။ မောတယ်ဗျို့ ရင်လေးတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 2, 2013 at 12:23 pm

    အဲ့သည် စိုင်းဘာဒဲ့လဲ အဲ့သည်လူနေရာမှာ
    အမေဒိဂန် နိုင်ငံက ကောင်ဖြစ်နေရင်
    ဘယ်လိုဖြစ်မယ်လို့ ခင်ဗျားတို့
    ချိန်ထိုးကျိဂျဇမ်း
    ပြောလို့ပြောတာ ကိုယ့်ရွာကကောင်က သူများရွာမှာ ကိုယ့်ရွာမှာနယ်လှည့်ပြီး
    မဒိန်းဖတ်ကင်းဆပ်ကင်းလူသတ်ပစ္စည်းယူမယ်
    အဲ့ငည်လူကို သူများရွာမှာ ဖမ်းမိလို့ သူများရွာက ဝိုင်းပြီးရိုက်သတ်လိုက်တဲ့သဘောတစ်ခုကိုမြင်ကျိဂျဇမ်း
    အင်တာနေရှင်နယ်အမြင်နဲ့ကတစ်မျိုးသွားတယ်
    သဘောအရ အဲ့သည်လူကတော့ ဝရမ်းထုတ်ထားတဲ့လူပေါ့
    လက်ရှိအစိုးရအခြေနေနှင့်တော့ ဒီလိုဘဲသေသွားတာကောင်းတယ် သွားကူညီရင် ကိုယ့်ဖင်ထဲကိုယ်
    သတ်ရိုက်သွင်းသလိုဖြစ်သွားမယ်
    ဆိုခြင်တာက လက်ရှိခွေးမသားစစ်အစိုးရက ကျုပ်လောက်အဂတိကင်းတာမဟုတ်ဘူး
    ကျုပ်သံမဒဖြစ်တဲ့အခါကျရင်တော့ ကျုပ်နိုင်ငံသားတွေကို ဒီလိုလုပ်ရင် ဥဘဒေဘောင်ထဲကနေ
    ဖြစ်အောင်ကူညီမယ်
    ကျုပ်များသံမဒဖြစ်လို့ကတော့
    ဘုရားတွေလည်းရွှေချပေးဦးမှာ
    ဘုရားတိုင်းမှာ အလှူခံပုံးနဲ့ ဂေါဘဂ တွေလည်းစီစဉ်ပေးဦးမှာ
    လူစည်ကားရာအရပ်တိုင်းလည်း ချီးပါသေးပေါက်လွယ်အောင် အိ်မ်သာတွေဆောက်ပေးဦးမှာ
    အုံးမှာ
    အုံးမှာ
    အုံးမှာ
    အုံးမှာ
    အုံးမှာ
    အုံးမှာ
    အုံးမှာ
    အုံးမှာ
    အုံးမှာ
    အုံးမှာ
    အုံးမှာ
    အုံးမှာ
    အုံးအွမ် အုံးအွမ် အုံးအွမ်

    • ရွှေ ကြည်

      March 2, 2013 at 12:29 pm

      သံရုံးဝန်ထမ်းတွေကိုလည်းသေချာလေးလေ့ကျင့်သင်ကြားပေးနော ဘပု..။
      စင်း တယောက်တော့ မြန်မာသံရုံးကို စိတ်ပျက်လို့တဲ့ အဖြူတယောက်ကတော့ ကျနော် ပတ်စ်ပို့စ်စာအုပ်သွားထုတ်တုန်းက သံရုံးထဲကနေ ဆဲပြီးထွက်လာသဗျ ဘာတွေဖြစ်လဲတော့သိဘူးရယ် 😆

  • Foreign Resident

    March 2, 2013 at 1:45 pm

    ” ကိုယ့် နိုင်ငံ မှာ တရား စီရင်ဘို့ဘဲ ဖြစ်သင့်တယ်လို့ ရေးသားထားတာပါ ”

    ကို thureinmaung ရေ ၊ အဓိက အကျဆုံး အချက်ကို အရင် ပြောပါမယ် ။

    အဲဒီ ကိစ္စ က နိုင်ငံတကာ ဥပဒေကို နဲနဲ လေ့လာဘူးသူတွေ သိပါတယ် ။
    လိုရင်း ကို ၊ ရှင်းရှင်း ပြောရရင် ၊ လုံးဝ မဖြစ်နိုင် ၊ မဖြစ်သင့်ပါဘူး ။

    OK ၊ နိုင်ငံတကာ ဥပဒေ ရဲ့ သဘောကို နဲနဲ ရှင်းပြပါမယ် ။

    ၁ ။ ၂ နိုင်ငံ နယ်ခြားမှာ ဖြစ်ခဲ့တဲ့အတွက် ၊ ၂ နိုင်ငံ စလုံးရဲ့ ဥပဒေ နှင့် အကြုံး ဝင် တယ် ။

    ၂ ။ အသတ်ခံရသူဟာ တရုတ် နိုင်ငံသား ဖြစ်တဲ့အတွက် ၊ တရုတ် အစိုးရမှာ တရား စွဲဆိုပိုင်ခွင့် ရှိတယ် ။

    ၃ ။ အခင်းဖြစ်ပွားရာ နေရာဟာ တရုတ်အလံလွင့်ထားတဲ့ ကုန်တင် သင်္ဘော ပေါ်မှာ ဖြစ်တဲ့အတွက် ၊
    အဲဒီ သင်္ဘောဟာ ရန်ကုန် မြစ်လယ်ကောင်မှာ လာရပ်ထားရင်တောင်မှ ၊
    အဲဒီ သင်္ဘော ပေါ်မှာ တရုတ် နိုင်ငံ ရဲ့ ပိုင်နက် ၊ အချုပ်အခြာ အာဏာ သက်ရောက်ပါတယ် ။
    ဆိုလိုတာက အခင်းဖြစ်ပွားရာ နေရာဟာ တရုတ် နိုင်ငံ ရဲ့ ပိုင်နက်ထဲမှာဆိုတာ သိစေလိုပါတယ် ။

    နိုင်ငံတကာ ဥပဒေ ( UNCLOS, United Nation Convention for Law of the Sea ) အရ ။
    ကုန်တင် သင်္ဘောတွေဟာ သက်ဆိုင်ရာ နိုင်ငံ ရဲ့ ကျွန်း မျော တွေလို့ သတ်မှတ်ပါတယ် ။

    ဥပမာ ။ ။ ဟော်မုတ်ဇ် ရေလက်ကြားမှာ အီရန်က ရေနံတင် သင်္ဘောတွေကို နှောက်ယှက်တော့ ၊
    ပထမ ဦးဆုံး အဲဒီ ရေနံတင် သင်္ဘောတွေကို အမေရိကန် နိုင်ငံမှာ မှတ်ပုံတင်လိုက်ရပါတယ် ။
    အဲလို အမေရိကန်မှာ မှတ်ပုံတင်လိုက်တဲ့ ရေနံတင် သင်္ဘောတွေဟာ ၊
    အမေရိကန် နိုင်ငံ ရဲ့ ကျွန်း မျော တွေ ဖြစ်သွားတဲ့ အခါမှသာ ၊
    အမေရိကန် စစ် သင်္ဘောတွေက အဲဒီ အမေရိကန် မှတ်ပုံတင် သင်္ဘောတွေကို လိုက် စောင့်ရှောက်ပါတယ် ။

    ၄ ။ သတ်တဲ့ တရားခံဟာ ၊ မြန်မာ နိုင်ငံသား ဖြစ်တဲ့အတွက် မြန်မာ အစိုးရမှာလဲ တရား စွဲဆိုပိုင်ခွင့် ရှိတယ် ။

    ၅ ။ အမှု တစ်ခုအတွက် တရားခံဟာ ၂ ခါ ပြစ်ဒါဏ်ကျခံခွင့် မရှိစေရ ဆိုသော်ငြားလည်း ၊
    အချုပ် အခြာ အာဏာပိုင် နိုင်ငံ ၂ ခု ပါတ်သက်နေပါက ၊ သီးခြား တရားစွဲဆိုပိုင်ခွင့် ရှိပါတယ် ။

    ဥပမာ ။ ။ Wikileak ရဲ့ ပိုင်ရှင် J. Assan ဟာ မုဒိန်းမှု နှင့် ဆွီဒင်မှာ တရားစွဲဆိုခံထားရတာကို ၊
    ဩဇီ အစိုးရက ၊ ဩဇီ နိုင်ငံသား J. Assan က ၊ အပြစ်ကျူးလွန်တာ ဖြစ်လို့ ၊
    ဩဇီ နိုင်ငံ က တရားရုံးမှာလည်း ၊ တရားစွဲဆိုခွင့် ရှိတယ် ။
    အဲဒီ မုဒိန်းမှု အတွက် ၊ J. Assan ကို ၊ ဩဇီ နိုင်ငံ တရားရုံးမှာ အပြစ် ချခွင့်လည်း ရှိတယ် ။

    သို့သော် ၊ အဲဒီ မုဒိန်းမှု တစ်ခုတည်း အတွက်ကိုပဲ ၊
    သီးခြား အချုပ် အခြာ အာဏာပိုင် ဆွီဒင် နိုင်ငံမှာလည်း ထပ် တရားစွဲဆိုပိုင်ခွင့် ရှိနေတယ် ။

    နို့မို့ဆိုရင် ၊ ဩဇီ အစိုးရက ၊ ကိုယ့် ဩဇီ နိုင်ငံသား J. Assan ဘက်ကနေ ပင်းပြီး ၊
    ဩဇီ နိုင်ငံ တရားရုံး ကနေ ငွေဒါဏ်လောက်နှင့် ပြီးသွားနိုင်တယ် ။
    အရင် ကလည်း အဲဒီလို သာဓကတွေ ရှိခဲ့ဘူးတယ် ။

    အဲဒီတော့ ၊ မြန်မာ နိုင်ငံ အစိုးရမှာ လည်း ၊
    မြန်မာ နိုင်ငံသား တရားခံ စိုင်းနော်ခမ်း ကို ၊
    ဆက်လက် တရား စီရင်ပိုင်ခွင့် ရှိပါသေးတယ် ။
    အဲဒီ ၊ မြန်မာ နိုင်ငံ အစိုးရ ရဲ့ တရားစွဲဆိုပိုင်ခွင့်ကိုလည်း ၊ မ ငြင်းပယ်ပါဘူး ။

    တရားခံ စိုင်းနော်ခမ်း ရဲ့ အလောင်း ပြန်ရောက်လာရင် ၊
    အဲဒီ တရားခံ စိုင်းနော်ခမ်း ရဲ့ အလောင်းကောင်ကို ဆက်ပြီး တရား စီရင်ရပါမယ် ။
    နောက်တာ မဟုတ်ဘူး ၊ အဲဒါ Procedure အမှန်ပဲ ။

    ၆ ။ ဘယ် အစိုးရက အရင် တရားစွဲဆိုပိုင်ခွင့် ရှိသလဲ ဆိုတာကတော့ ၊
    ဘယ် အစိုးရက တရားခံ စိုင်းနော်ခမ်း ကို အရင် မိသလဲဆိုတာပေါ်မှာ လုံးလုံးတည်မှီပါတယ် ။

    အခု ကိစ္စမှာ ၊ တရားခံ စိုင်းနော်ခမ်း ကို လာအို မှာမိပြီး ၊
    လာအို အစိုးရက ၊ တရုတ် နိုင်ငံ ကို ( ဖားပြီး ) အရင် အပ်လိုက်တဲ့အတွက် ၊
    တရုတ် နိုင်ငံ အစိုးရက ၊ တရားခံ စိုင်းနော်ခမ်း ကို အရင် တရားစွဲဆိုပိုင်ခွင့် ရသွားတာပါ ။

    လာအို အစိုးရက ၊ မြန်မာ နိုင်ငံ ကို အရင် မ အပ်ပဲ ၊
    တရုတ် နိုင်ငံ ကို အရင် အပ်လိုက်တဲ့အတွက် ၊ မ ကျေနပ်ကြရင်တော့ ၊
    လာအို သံရုံး ရှေ့မှာ ဆန္ဒသွားပြကြပေါ့ ။

    ဒါမှမဟုတ်လဲ ၊ ဒီလောက်တောင် ဆင်းရဲ မွဲပြာကျပြီး ၊
    နိုင်ငံတကာ အလယ်မှာ ၊ လူရာ အသွင်းမခံရလောက်အောင် မျက်နှာမွဲလှတဲ့ ၊
    အမိ မြန်မာ နိုင်ငံတော်ကြီးရဲ့ ဘဝ အတွက် ၊ လာအို သံရုံး ရှေ့က အုတ်နံရံ မှာ ၊
    ခေါင်း နှင့် ဆောင့်ဆောင့်ပြီးသာ ငိုကြပေတော့ ။

    ရ ။ တကယ်လို့ ၊ တရားခံ စိုင်းနော်ခမ်း ကို မြန်မာ နိုင်ငံ အစိုးရ က အရင်မိလို့ ၊
    မြန်မာ နိုင်ငံ အစိုးရ က အရင် တရားစီရင်ပိုင်ခွင့် ရရင်တောင်မှ ၊
    တရား စီရင်မှုကို တရုတ် နိုင်ငံ က မ ကျေနပ်ရင် ၊
    ( လူ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ နိုင်ငံဖြတ်ကျော် မူခင်းဖြစ်တဲ့အတွက် )
    သက်သေ အခိုင် အလုံ နှင့် Interpol ကတဆင့် တောင်းရင် ၊
    နောက်ဆုံးမှာ ၊ တရားခံ စိုင်းနော်ခမ်း ကို လွှဲပေးရမှာပါပဲ ။

    ဘိန်းဘုရင် ခွန်ဆာ ကိုကျတော့ လွှဲ မပေးတာက လက်နက်ချတဲ့ အချိန်မှာ ၊
    စစ် အစိုးရ နှင့် Agreement ယူထားလို့ပါ ။
    ဒါတောင် နောက် ဒီမို အစိုးရ တက်ရင် ၊ လွှဲပေးနိုင်ပါသေးတယ် ။

    အကျဉ်းချုပ် ပြောရရင် ၊
    ကိုယ့် နိုင်ငံသား ကို ၊ ကိုယ့် နိုင်ငံ မြေပေါ်မှာ ၊ ကိုယ်က ဖမ်းမိ ရင်တော့ ၊
    သူ့ နိုင်ငံ ကို မပေးပဲ ၊ ကိုယ့် နိုင်ငံ မှာပဲ တရားစီရင်ခွင့် ရမှာ ပေါ့လေ ။

    သို့ပေမယ့် ၊ သူ့ နိုင်ငံ ရဲ့ မြေပေါ်မှာ ၊ သူက အရင် ဖမ်းမိ ရင်တော့ ၊
    သူ့ နိုင်ငံ ကပဲ ၊ သူ့ နိုင်ငံ ရဲ့ တရားဥပဒေ နှင့် တရားစီရင်ပါလိမ့်မယ် ။
    ဒါက နိုင်ငံတကာ ထုံးစံပဲလေ ။

    ဥပမာ ။ ။ အဘ က ဩဇီ မှာ ပြစ်မှု ကျူးလွန်ရင် ၊
    အဘ ကို ဩဇီ အစိုးရကဘဲ ဩဇီ ဥပဒေ နှင့် တရားစီရင်မှာပါ ။
    အဘ ကို မြန်မာ နိုင်ငံသား ဆိုပြီး ၊ မြန်မာ နိုင်ငံ မှာ ၊ မြန်မာ ဥပဒေ နှင့် တရား မစီရင်ပါဘူး ။

    ဒီလောက်ဆို ၊ နိုင်ငံတကာ ဥပဒေ ရဲ့ သဘောကို နဲနဲ သိလောက်ပါပြီ ။

  • Foreign Resident

    March 2, 2013 at 2:05 pm

    ” တရုတ်နိုင်ငံသားတစ်ဦး မြန်မာနိုင်ငံအပေါ် အလားတူပြစ်မှုကျူးလွန်မယ်ဆိုရင်
    မြန်မာအနေနဲ့ တရုတ်လိုမျိုးစီရင်တာကိုတရုတ်က ကြည့်နေမှာလားဆိုတာပါဘဲ ”

    အဲဒီ အခါကျရင် ၊ တရုတ်က ကြည့် မ နေနိုင်လို့ ၊
    သူ့ တရုတ်နိုင်ငံသားတွေ ထောက်ခံ အောင် ၊
    မျက်နှာလို အားရ လျှောက် အော် နေလဲ ဘာမှမထူးပါဘူး ။

    အဲဒါ ၊ မြန်မာ အစိုးရရဲ့ အချုပ်အခြာ အာဏာ နှင့်
    မြန်မာ့ တရားဥပဒေ ရဲ့ စီရင်ပိုင်ခွင့် ပါပဲ ။

    ခပ်ရိုင်းရိုင်း ပြောရရင် ၊
    အဲဒီလို အခြေအနေမျိုး ဖြစ်လာခဲ့ရင် ၊
    တရုတ်ကြီး က ကြည့် မ နေနိုင်ရင် ၊ လဲသေလိုက် ဆိုပြီး
    ပြန်ပြောလိုက်လို့တောင် ရပါသေးတယ် ။

    အဲဒီ အချိန်မျိုးမှာမှ အဲလို ပြန် မပြော မဆိုရဲရင် ၊
    အဘ ကိုယ်တိုင် မြန်မာ အစိုးရကို ဝင် ရှုံ့ချပေးပါ့မယ် ။

  • Foreign Resident

    March 2, 2013 at 2:21 pm

    ” တရားခံကို မီဒီယာတွေရှေ့မှာ အာဏာပိုင်တွေရှေ့မှာ ဘာဖြစ်လို့ ဒူးထောက်ပြခိုင်း ရတာလဲ
    သေခါနီးနား အထိကို ဘာဖြစ်လို့ မျက်နှာ အနီးကပ်ရိုက်ပြီး ကမာ္ဘကို ပြတာလဲ ”

    တရုတ် အစိုးရ ရဲ့ လူ့အခွင့် အရေး အားနည်းမှု ကိုတော့ အဘ လဲ မကြိုက်ပါဘူး ။
    ကွန်မြူနစ် အစိုးရ ကိုး ၊ ဘာပြောလို့ ရမှာလည်း ။

    ” သူ့ နိုင်ငံသားတောင်မှ အယင်က ဒီလိုလုပ်တဲ့ ထုံးစံ မရှိဘူးလေ ”

    အဲဒါကတော့ ၊ မဟုတ်ပါဘူး ။
    သူ့ နိုင်ငံသား ၊ လာဘ်စားတဲ့ မြို့တော်ဝန်လို လူတွေကိုတောင် ၊
    လူလယ်ကောင်မှာ ၊ ဂုန်နီ ကြိုးနှင့်တုပ်ပြီး ၊
    နောက်ကျောကို သေနတ်နှင့်တေ့ပြီး ပစ်သတ်တဲ့ VDO တွေ ၊
    You Tube မှာ ပြည့်နေတာပဲ ။ ဒါတွေက သိပ်မကြာလှ သေးပါဘူး ။

    စိုင်းနော်ခမ်း က ကံကောင်းလို့ ၊ ဒီဖက်ခေတ် ရောက်နေလို့ ၊
    ဆေးထိုးပြီး အသတ်ခံရတာပါ ။

    သူတို့ တရုတ် နိုင်ငံမှာ ရာဇဝတ်သားတွေကို အရေးယူတာ ၊
    တော်တော်လေး ကြမ်းပါတယ် ။ သူတို့ ထုံးစံ ၊ သူတို့ ဥပဒေ ပါပဲ ။

  • pazflor

    March 2, 2013 at 2:29 pm

    အဘရဲ့ ထပ်ဆင့်ရှင်းပြမှူ ့တွေကြောင့် ဒီကိစ္စဟာ မီဒီယာနဲ့ (မျက်ကန်းမျိုးချစ်လို့ဘဲခေါ်ရမလား)သူတို့တွေရဲ ့ ဖွချက်ဆိုတာပိုရှင်းလာပါတယ်။
    ကျနော်အပါအဝင် မြန်မာလူမျိုးတွေရဲ ့အဆိုးဆုံး အားနည်းချက်က လူနဲ့ မူကို ခွဲခြားမမြင်တတ်တာလို ဆိုရမလို ဖြစ်နေပါတယ်။
    မအူပင်မှာ ဖြစ်သွားတဲ့ ကိစ္စမျိုးကို ကြည့်ရင် သိသာပါတယ်။ ဖြစ်လာတဲ့ ပြဿနာအရပ်ရပ်ကို တရားဥပဒေအတွင်းကနေ မရှင်းတတ်ကြဘဲ မိုက်ရူးရဲလုပ်ချင်နေကြတာများပါတယ်။ မြောက်ပေးနေကြတဲ့ လူတစ်စုလည်း ရှိဟန်တူပါတယ်။
    ဒီလိုပုံစံ စိတ်ဓါတ်အတွေးအခေါ်မျိုးတွေနဲ့တော့ (သူတို့ဖြစ်သွားမှာကြောက်တဲ့) တရုတ်လက်အောက်ခံဘဝ မျိုးကနေ လွတ်ဖို့ မလွယ်ပါဘူး။

  • Foreign Resident

    March 2, 2013 at 2:33 pm

    ” ကူမင်းမြို့မှာရှိတဲ့ တရားခံကို မိသားစု( ညီမ ) ဖြစ်သူက တွေ့ဆုံခွင့် စကားပြောခွင့်တောင်
    မရခဲ့တာကရော ဘယ်အစိုးရဘက်က တာဝန် ပျက်ကွက်ခဲ့ပါသလဲ ”

    တရုတ် အစိုးရက တရားဝင် ရှင်းလင်းတဲ့ အထဲမှာတော့ ၊
    သက်ဆိုင်ရာ သံရုံး အသီးသီး ကနေ တဆင့် ၊
    နောက်ဆုံး အချိန်မှာ အနီးကပ်ဆုံး ဆွေမျိုးတွေ နှင့် ၊
    တွေ့ခွင့် ပေးခဲ့တယ်လို့ ပါရှိပါတယ် ။

    ညီမ ဆိုရင်တော့ အနီးကပ်ဆုံး ဆွေမျိုး လို့ မသတ်မှတ်ပါဘူး ။
    မိန်းမ ၊ သားသမီး ၊ မိဘ လောက်ပဲ သတ်မှတ်မှာပါ ။

    ခက်တာက အနီးကပ်ဆုံး ဆွေမျိုးတွေ ကလည်း ၊
    ရှောင်ပုန်းနေကြတယ်လို့ ကြားပါတယ် ။

    အဲဒီ ကိစ္စ ကတော့ မြန်မာ သံရုံးက စီစဉ်တာ ဖြစ်လိမ့်မယ် ထင်တယ် ။

    • ဒီနော်ခမ်းကို မြန်မာ မြန်မာ နဲ့ပြောနေကြတယ်
      နိုင်ငံသားအဖြစ် သူခံယူထားတဲ့ နိုင်ငံ ( လာအို ၊ထို်င်း၊တရုတ်)
      ဘယ်နှစ် နှိုင်ငံရှိလဲလို့ ပြန်လည်စစ်ဆေးကြည့်ကြပါအုံးလား။
      နောက်တစ်ချက် ကျနော်အမြင် သူဘယ်နိုင်ငံသားဖြစ်ဖြစ်
      လူသားအချင်းချင်းပေါ်မှာ ညှာတာမူ့မရှိခဲ့တဲ့လူတစ်ယောက်
      သူ့ပေးတာတွေကို သူပြန်ယူသွားတယ်လို့ဘဲ
      ခံယူလိုက်တယ်ဆိုရင် ဘယ်သူ့ကြောင့်မှ မဟုတ်တော့ ဘူး။
      သူလုပ်လို့သူခံလိုက်ရတာကို ရှာကြံပြီး အုံးမစားချင်တော့ဘူးဗျို့။
      နောက်လုပ်စရာအလုပ်တွေ အများကြီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

      • Foreign Resident

        March 2, 2013 at 5:08 pm

        ” လုပ်စရာအလုပ်တွေက အများကြီး ”

        မှန်ပါ့ ကိုပေါက်ရေ ။

  • kai

    March 2, 2013 at 2:37 pm

    စကားလုံးတွေနဲ့.. လှည့်ပါတ်ရန်ဖြစ်..ရန်ရှာနေတတ်တဲ့..မြန်မာတွေလို့ပဲမြင်ပါတယ်..
    ဒါကိုကျမ်းကြေနေသူတွေက.. ဒါတွေနဲ့.. လှည့်ပါတ်ရန်တိုက်နေတယ်လို့.. မြင်မိပါတယ်..
    Divide and Rule လုပ်ခဲ့..လုပ်နေ.. လုပ်ဆဲပါ..။

    ဆိုလိုတာက..
    တရုတ်ဆိုတာ.. မြန်မာပြည်ထဲမွေးတဲ့.. မြန်မာတွေကိုခေါ်တာဖြစ်ပြီး..
    .. တရုတ်ဆိုတာကပဲ.. ချိုင်းနားမှာမွေး.. ချိုင်းနားမှာနေတဲ့ ချိုင်းနီးစ်တွေကိုခေါ်နေတာဆိုတဲ့ပြဿနာပါ..။
    ပြသနာက.. မသေးပါဘူး..။ လူ..သိန်း..သန်းချီသေတဲ့.. ပြည်တွင်းစစ်ကြီးဖြစ်သွားနိုင်ပါတယ်..။

    ဆိုတော့…
    သခင်မျိုးဟေ့.. ဒို့ဘားမင်န်း..
    မြန်မာပြည်တွင်မွေးသူသည်.. မြန်မာဖြစ်သည်/ဖြစ်ရမည်။
    စိန(စိန့်)တိုင်း… ဂန္ဓာလရာဇ်ပြည်.. China တွင် မွေးသူများကို.. စိနတိုင်းသား.. Chinese ဟုခေါ်မည်..။ :kwi:

    Problem Solved

    • garuda

      March 3, 2013 at 6:38 pm

      Problem က မ Solved ဘူးဆရာရေ… ဩစတြေးလျမှာ မွေးရင် ဩစတြေးလျံ ဖြစ်မယ်။ အမေရိကားမှာ မွေးရင် အမေရိကန်ဖြစ်ပေမယ့်။ မြန်မာနိုင်ငံလို အခုအချိန်မှာ မျက်နှာမွဲ ဖြစ်နေတဲ့ နိုင်ငံမှာ ကုလား/တရုတ်ဖြစ်ရတာ ဂုဏ်မယူတဲ့ သူတွေဟာ အများစု မဟုတ်ပေမဲ့ တော်တော်လေးများပါတယ်။

  • thureinmaung

    March 2, 2013 at 3:07 pm

    စိတ်ရှည်လက်ရှည်ရှင်းပြပေးတဲ့အဘကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ…
    ကျွန်တော် assignment အကြွေးပေးရမှာကိုခဏထားပြီး အဘရဲ့ စာတွေကို
    ထိုင်စောင့်ဖတ်နေတာပါ…
    လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ရင်ထဲမှာရှိနေပေမယ့် အဘပြောတဲ့ ကွန်မြူနစ်နိုင်ငံကိုး.
    ဆိုတာကိုဖတ်မိတော့မပြောတော့ပါဘူး…
    အယင်က တရုတ်နိုင်ငံသားမူးယစ်ဆေးဝါးကုန်ကူးသူတစ်ဦးကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးလိုက်
    တာတော့တွေ့ဖူးပါတယ်.ဘာအကြောင်းကြောင့်လွှဲပေးရတာလဲဆိုတာသေချာတော့မသိခဲ့
    လိုက်ဘူး..အထောက်အထားပြန်တွေ့ရင်တော့ တင်ပြပေးပါ့မယ်ခင်ဗျာ..
    သူ့အမေ ရှမ်းပြည်နယ် အရှေ့ပိုင်းတာချီလိတ်မြို့မှာငုတ်တုတ်ရှိနေတာတော့ကိုယ်တိုင်တွေ့
    ဖူးပါတယ်ရှောင်ပြေးနေတာတော့မဖြစ်နိုင်ဘူးထင်တယ်နောက်ပိုင်းအခြေအနေတော့မပြော
    တတ်ဘူး..
    ဘာကြောင့်အနီးကပ်ဆုံးဆွေမျိုးကိုဘဲတွေ့ခွင့်ပေးတယ်ဆိုတာတော့ကျွန်တော်နားမလည်ပါဘူး..
    ကျွန်တော်တို့တွေအယင်တည်းကခံစားလာရတဲ့ခံစားချက်တွေက လဲရှိနေတာတစ်ကြောင်း
    နောက်ပြီး သူတို့ရဲ့ တရားခံအပေါ်ပြုမူဆက်ဆံတဲ့ရုပ်ပုံတွေကိုအားလုံးတွေ့အောင်ပြနေတာ
    တစ်ကြောင်း ကြောင့် နဂိုတည်းက တရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံအပေါ်ပြုမူဆက်ဆံပုံတွေကို
    သိပ်မနှစ်မြို့တဲ့အခံလည်းရှိထားတော့ အမျိုးမျိးအဓိပါယ်ကောက်ပြီးတွေးလို့ရသွားပါတယ်..
    သူတို့ရည်ရွယ်ချက်ရှိရှိမြန်မာနိုင်ငံအစိုးရနဲ့မြန်မာပြည်သူတွေကိုလုပ်ပြနေတာမဟုတ်ဘူး
    လို့လဲကျွန်တော်တို့ ပြောလို့မရနိုင်သေးပါဘူး..
    နဂိုတည်းကကျွန်တော်တို့အစိုးရဟာတရုတ်အစိုးရရှေ့မှာဆိုရင်မျက်နှာငယ်ရပြီးသားပါ.
    (လာအိုသံရုံးရှေ့ခေါင်းဆောင့်ပြီးငိုခိုင်းတာတော့အဘခံစားချက်နဲ့ရေးလိုက်တာဖြစ်မယ်ထင်
    တယ် ) 🙂
    ဘာဘဲဖြစ်ဖြစ်.ရှင်းပြပေးမှုအတွက်ကျေးဇူးတင်ပါတယ်လို့ထပ်ပြောပါရစေ….

    • Foreign Resident

      March 2, 2013 at 3:32 pm

      ကို thureinmaung နှင့် ရွာသူား အားလုံးကို ၊
      အဘ က အကြံကောင်း တစ်ခုပေးပါမယ် ။

      ဒီမိုကရေစီ ကျကျ အကြံပါ ။
      တရုတ် ကို မုန်းလျှင် တရုတ် ပစ္စည်း ကို ဝယ်မသုံးပါနှင့် ။
      ကုလား ကို မုန်းလျှင် ကုလား ပစ္စည်း ကို ဝယ်မသုံးပါနှင့် ။
      အဲဒါသည် အထိရောက်ဆုံး နှင့် ဒီမိုကရေစီ အကျဆုံး အကြံပါ ။

      On Line ပေါ်က ဆဲနေလျှင် ၊ ရိုင်းတာသာ အဖတ်တင်ပါသည် ။

      တရုတ် ပစ္စည်း ၊ အညံ့စားများကို ၊ မသုံးကြ ၊ လက်မခံကြ ၊ သပိတ်မှောက်ကြ လျှင် ၊
      အမေရိကန် ပစ္စည်း ၊ အကောင်းစားများ ရောက်လာမည် ဖြစ်သည် ။
      ကောင်းလေစွ ၊ ကောင်းလေစွ ။

      တစ်ခုတော့ ရှိသည် ။
      တရုတ် ကော ၊ ကုလား ပါ နှစ်မျိုးစလုံးနှင့်ပါ ရန်ဖြစ်ချင်ရင် တော့ ၊
      ဗမာတွေ ကိုယ့်ဖာသာကိုယ် အဲဒီလောက် အင်အားရှိရဲ့လား ၊ အဲဒီလောက် စည်းလုံးရဲ့လား ။
      ဗမာတွေ လိုချင်တာ ၊ တိုင်းပြည် တိုးတက် ချမ်းသာ ဖို့လား ၊ စစ်ပွဲလား ပြန် စဉ်းစားကြပေါ့ကွယ် ။

      • ရွှေ ကြည်

        March 2, 2013 at 3:50 pm

        လောလောဆယ် အခြေခံအောက်ခြေလူတန်းစားတွေကတော့ တရုတ်ထုတ်ကုန်တွေကို ပုန်မကန်ရဲသေးပါဘူး အဘရေ :mrgreen:

  • lele

    March 2, 2013 at 3:30 pm

    ကျမ တိုု ့ဘာကြောင့် လူမျိုးခွဲခြားဆက်ဆံနေကြတာလဲ။ သူကြီးပြောသလိုုပဲ သခင်မျိုးဟေ့ ဒိုုဘာမင် ဟီးဟီး။ ပြီးတော့ မြန်မာနိုုင်ငံသားဖြစ်ရတာ မျက်နှာငယ်စရာလဲမရှိပါဘူး။ ကျမ တိုု ့ရဲ ့ အပြုအမူ လုုပ်ဆောင်ချက်တွေ ဟာ အရေးအကြီးဆုုံးပါ။ ကျမ လူမျိုးခြားတော်တော်များများနဲ ့အလုုပ်သဘောအရဆက်ဆံဘူးပါတယ်။ Client project manager က အစ လေးလေးစားစား ဆက်ဆံပါတယ်။ လူငယ် တော်တော် များများ open mind ဖြစ်ကြပါတယ်။

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 2, 2013 at 8:10 pm

    ပို့စ်ရော ကွန်မန်းများရော ဖတ်ရှု့လေ့လာရတာ အင်မတန်မှ ဗဟုသုတဖြစ်စေပါတယ်…….
    ဘကြီးဖော ရဲ့ပို့စ်လေးကို ဖတ်ရတာကြိုက်လွန်းလို့ ကူးယူထားလိုက်ပါတယ်……
    အတွေးအခေါ်ပိုင်းလေးတွေရော ဗဟုသုတများပါ အင်မတန်ပါနေလို့ပါ……….
    ++++++++++++
    ဒါနဲ့ စကားမစပ် ဟိုတစ်လောက ဘကြီးဖော ကျနော်ကို ရွာရဲ့စည်းကမ်းချက်လေးနဲ့ ပတ်သတ်ပြီး
    သတိပေးမှုလေးလုပ် ထောက်ပြခဲ့တဲ့အတွက် ကျေးဇူးတင်ပါကြောင်းလေး ပြောချင်ပါတယ်…….

    • Foreign Resident

      March 2, 2013 at 8:35 pm

      ” ဟိုတစ်လောက ဘကြီးဖော ကျနော့်ကို
      ရွာရဲ့ စည်းကမ်းချက်လေးနဲ့ ပတ်သတ်ပြီး
      သတိပေးမှုလေးလုပ် ထောက်ပြခဲ့တဲ့အတွက်
      ကျေးဇူးတင်ပါကြောင်းလေး ပြောချင်ပါတယ် ”

      ထောက်ပြတာကို လက်ခံနိုင်တယ် စိတ်မကွက်ဘူး ဆိုရင်ကိုပဲ ၊
      အဘ ကလဲ မောင် Mobile ကို ကျေးဇူးတင်လှပါပြီကွယ် ။

  • Foreign Resident

    March 2, 2013 at 8:21 pm

    FB ပေါ်က နော်ခမ်း အကြောင်း သတင်း တစ်ခု ပါ ။
    ပုံစံကတော့ နဲနဲလေးမှ သနားစရာ မကောင်းတဲ့သူပါပဲ ။

    နော်ခမ်း က ”ဘယ်သူမပြု မိမိမှု ” ဆိုုတဲ့အတိုုင်း သူ ့လမ်းသူရွေးချယ်သွားတာပါ ။
    ဇာတ်လမ်းကတော့ ရှုပ်တယ်။
    အရင်က ခွန်ဆာရဲ့ MTA မှာ ဆက်ကြေးကောက်တာဝန်ခံအဆင့်ပဲရှိပါတယ်။
    နောက် ခွန်ဆာအလင်းဝင်တော့ သူလည်းပါလာပြီး တာချိလိတ်မှာအခြေချခဲ့တာ..
    နောက်တော့ သူ ့အဖွဲ ့ငယ်လေးဖွဲ ့ပြီး တောပြန်ခိုု၊
    တာချိလိတ် နဲ ့မဲခေါင်မြစ်ရုိုးတလျှောက် လှုပ်ရှားသောင်းကြမ်းခဲ့တယ်။
    အထူးသဖြင့်တော့ မူးယစ်ဆေးဝါးမှောင်ခိုုနဲ ့ ဆက်ကြေးကောက်စားတဲ့ ဒါးပြဂုိုဏ်းသာသာပါပဲ။

    နောက်ပိုုင်းဆိုုးလာတာကတော့ မြန်မာ ကနေ လာအိုု၊
    အဲဒီကမှ ထုိုင်း၊ ဗီယက်နမ်၊ ဟောင်ကောင်၊ တရုုတ်
    မူးယစ်ဆေးဝါးအဓိကလမ်းကြောင်း လုုပ်လာတော့
    မြန်မာရော၊ လာအိုုရော၊ ထုိုင်းရော အလိုုရှိသူဖြစ်လာတယ်။

    စိတ်ကြွဆေးတွေ သန်းနဲ ့ချီပြီး လာအိုုကိုုဖြတ်၊
    ထုိုင်းထဲပြန်ပတ်ဝင်တဲ့လမ်းကြောင်းမှာ ထုိုင်နေတော့
    နယ်မြေဖြတ်သန်းခ အခွန်တွေကောက်ခဲ့တယ်။
    ပြီးတော့ လာအိုုမှာ ဖွင့်ထားတဲ့ ကာစီနိုုကြီး (မကာအိုု ပိုုင်) ကိုုလည်း ဆက်ကြေးကောက်တယ်။

    ပြသနာ စလာတာကတော့ မြန်မာနိုု်င်ငံမူးယစ်အထုူးအဖွဲ ့တွေ
    မဲခေါင်မြစ်ထဲ လုုံခြုံ ရေးကင်းလှည့်တဲ့ မော်တော်ဘုုတ်ကိုု
    ကမ်းစပ်ကနေစောင့်ခြုံခိုုတုိုက်ခဲ့တာ၊ မူးယစ်က ၄ ယောက်ကျဆုုံးသွားတယ်။
    တစ်ချို ့အလောင်းတွေ မဲခေါင်ထဲမျောပါသွားလုို ့ ပြန်မရတော့ဘူး။
    (မိသားစုုနဲ ့သင်းဂြိုလ်တော့ ကျနော် တာချီလိတ်မှာရှိနေတာ မှတ်မိတယ်)

    နော်ခမ်းကိုု သဲသဲမဲမဲ လုိုက်တော့ သူ လာအိုုရွာတစ်ရွာမှာခိုုအောင်းနေတယ်။
    ပြီးတော့ မဲခေါင်မြစ်ရေကျရင်ပေါ်နေတဲ့ ကျွန်းတွေမှာ လှုပ်ရှားခုိုအောင်းတယ်။

    နယ်မြေနဲ ့ရွာတွေမှာ terrorize လုပ်တဲ့အနေနဲ ့
    စကားနားမထောင်တဲ့ ရွာသားတွေ ခေါင်းဖြတ်သတ်တယ်။
    ရွာလယ်မှာ ခေါင်းကိုု တရွာလုုံးမြင်အောင် ထားထားတယ်။

    တပ်နဲ ့ရဲနဲ ့တခါလုိုက်ရှင်းတော့လည်း တိုုက်ပွဲမှာ
    ရဲ (၈) ယောက်၊ အရပ်သား ၅ ယောက် ကျဆုုံးခဲ့တယ်။
    သူလည်းအထိနာတယ်။

    ဒီလုိုနဲ ့နောက်ပိုုင်း တရုုတ်သင်းဘောတွေကိုု အခွန်မပေးရင် ပစ်ခတ်လေ့ရှိတယ်။
    လုုံခြုံရေးနဲ ့သွားရတဲ့အဆင့်ရောက်သွားတယ်။
    ထိုုင်း၊ လာအိုု နဲ ့မြန်မာ ပူးပေါင်းကင်းလှည့်ဖိုု ့အစီအမံတွေလုုပ်ကြပေမဲ ့ မအောင်မြင်ခဲ့ဘူး။
    ထုိုင်း၊ တရုုတ်က ကင်းလှည့် မော်တော်တွေပေးတယ်..
    အလကား၊ ဒီကဆီဘိုုးမတတ်နိုုင်ဘူး။
    ဒီတော့ မဲခေါင်ကိုု နော်ခမ်းပဲ ကြီးစုိုးနေတာ ဖမ်းမမိဘူး။

    နောက်ဆုုံးတရုုတ်သင်းဘောကိုု စီးပြီး သဘောသားတွေကိုု လက်ပြန်ကြိုးတုုပ်၊
    ပစ်သတ်ပြီး မျောချလုိုက်တာ ၄ နိုုင်ငံကသည်းခံနိုုင်တဲ့ အတိုု်င်းအတာကျော်သွားတယ်ပေါ့ဗျာ။

    အဲဒါလည်း အတည်မပြုနိုုင်တဲ့သတင်းတွေက
    လာအိုုကာစီနိုု နဲ ့တရုုတ်သင်းဘောတွေ သူ ့ကိုုဆက်ကြေးမပးတဲ့ပြသနာတွေပဲ လုို ့ကြားရတယ်။

    နောက်ဆုုံး လာအိုုမှာခိုုအောင်းနေတုုန်း လာအိုု သတင်းပေးတွေကြောင့်
    လာအိုုရဲတွေဖမ်းမိသွားတာပဲ။
    မကောင်းမှုကတော့ တာရှည်မခံဘူး၊ ခွေးရူးကောင်းစား တစ်မွန်းတည့် ဆိုုသလိုုပေါ့။

    ဖမ်းမိပြီး မြန်မာကပြန်မတောင်းတာက အကြောင်းအမျိုး မျိုး ရှိမယ်ထင်ပါတယ်။
    တရုုတ်ဆီကပြန်တောင်းရင် ပေးမယ်လိုု ့ထင်ပါတယ်။
    ပြန်ပေးခဲ့တဲ့ အစဉ်အလာတွေလည်းအများကြီးပဲ။
    တရားခံအပြန်အလှန်လဲလှယ်ကြတာ မနည်းပါဘူး။

    မှတ်မိသလောက် ကျနော်တိုု ့အရမ်းအလုိုရှိနေတဲ့ တစ်ယောက်ဆိုုရင်
    ရှာပေးဖိုု ့ပြောပြီး ၂ ပါတ်အတွင်း ရှန်ဟုိုင်းမှာ ဖမ်းပေးတယ်။ ကူမင်းမှာသွားခေါ်ယူတယ်။
    နောက်တစ်ယောက် ကအခုုလိုုပဲ လာအိုုထဲပြေးတယ်..
    ဗီယက်နမ်နယ်စပ်တောင်ရောက်နေပြီ၊ လာအိုုရဲကဖမ်းပေးတယ်။
    ဗီယန်ရှင်းမှာ သွားခေါ်တယ်။
    နောက်ကျတော့ တရုုတ်နိုုင်ငံသားဖြစ်နေတယ်။
    ဟုိုမှာလည်း ပြစ်မှုကျူးလွန်ထားတာမနည်းဘူး။ သူတိုု ့ပြန်တောင်းတယ်။
    အင်းစိန်ကနေထုုတ်ပြီး ပြန်ပေးတယ်။ အထူးလေယာဉ်နဲ ့ကိုု လာခေါ်သွားတယ်။
    အလားတူပဲ ထုိုင်းအလိုုရှိမူးယစ်ဆေးဝါးသမားတစ်ယောက် ကျနော်တိုု ့ဖမ်းပေးတယ်။
    သူတိုု ့အထုုးလေယာဉ်နဲ ့လာခေါ်ခဲ ့တယ်။
    ကျနော်တိုု ့အလိုုရှိတဲ့တစ်ယောက်ကိုု DEA,ထုိုင်းမူးယစ်နဲ ့ပေါင်းပြီး
    သူအမျိုုးသမီး အမေရိကန်ကအလာ ဘန်ကောက်လေဆိပ်မှာဖမ်း ပြီး
    နောက်တနေ ့မှာပဲ ခရိးသည်တင်လေယာဉ်နဲ ့ရန်ကုုန်ပြန်ခေါ်ခဲ့ပါတယ်။

    ဒါတွေကျနော်ပြောနေတာ အထောက်အထားနဲ ့ပါ။
    သတင်းစာထဲလည်းပါပါတယ်။ အဲဒီတုုန်းက သတင်းစာရှင်းလင်းပွဲတွေမှာ ရှင်းခဲ့ဘူးတယ်။
    ပြန်မတောင်းတာလည်းအများကြီးပဲ။ case by case basis ပါပဲ။

    မူးယစ်ရဲအချင်းချင်း နုိုင်ငံကျော်၊ ဥပဒေခြားပေမဲ့
    ပူးပေါင်းဆောင်ရွက်မှုကတော့ အရမ်းကောင်းပါတယ်။

    ဒီလိုု ပူးပေါင်းဆောင်ရွက်နိုုင်ဖိုု ့လည်း
    1988 UN Convention Against Illicit Traffic in
    Narcotic Drug and Psychotropic Substances ကိုု
    ဒီနိုု်င်ငံတွေအားလုုံး လက်မှတ်ရေးထုိုးကြပါတယ်။

    ဒါပေမဲ့ မြန်မာနိုုင်ငံက တရားခံလဲလှယ်ခြင်း ဆိုုတဲ့ article ကိုု ခြွင်းချက် reservation နဲ ့ထုိုးခဲ့တာပါ။
    International Court of Justice (ICJ) ရဲ့
    အဆုုံးအဖြတ်ကိုုရယူမည် ဆိုုတာလည်း reservation ထားခဲ့တယ်။

    ဒါကြောင့်လည်း အနောက်နိုု်င်ငံတွေက အလိုုရှိ ဆုုငွေ ဒေါ်လာ သန်းနဲ ့ချီထုုတ်ထားတဲ့ ခွန်ဆာတိုု ့၊
    ဝ ခေါင်းဆောင်တွေ ကိုု မြန်မာနိုုင်ငံက လုုံးဝမပေးဘူး။
    ခွန်ဆာကတော့အကြွင်းမဲ့လက်နက်ချထားလိုု ့၊
    တခြားလည်းငြိမ်းချမ်းရေးယူထားတဲ့အဖွဲ ့အစည်းတွေပဲ။

    ဒီတော့ နော်ခမ်း ကုိုပြန်တောင်းသင့်မသင့် ဆိုုတာ
    အကျုိုုးအပြစ် အားသာချက် အားနည်းချက် စဉ်းစားချင့်ချိန်ကြည့်ပေါ့လေ။

    ကျနော်တိုု ့နုိုင်ငံရဲ့ မူး.ယစ်ဥပဒေလည်း သေဒဏ်ပါပြီး ပြင်းထန်တဲ့ဥပဒေပါ။ ခ
    င်မင်တဲ့ တားဆီးနှိမ်နှင်းရေးအရာရှိတွေအချင်းချင်းမှာ
    တခါတခါ မင်းတိုု ့ဥပဒေနဲ ့ပဲကောင်းပါတယ်တဲ့..
    ဒိုု ့ဥပဒေနဲ ့ဆိုုရင် ၄=၅ နှစ်နဲ ့ပြန်ထွက်လာ၊ ပြန်လုုပ်ကြတာပဲ တဲ့။
    မနည်းဖမ်းထားရတာတောင် အားမနာဘူးတဲ့။

    ဘာပြောပြောပါ ကျနော်လည်း Capital punishment
    သေဒဏ်ပေးတာကိုုတော့ မကြိုက်ဘူးဗျာ..
    တရုုတ်တွေလိုု လူထုုရှေ့မှာ သေနတ်နဲ ့ပစ်သတ်တာလည်း ဆန် ့ကျင်ပါတယ်။
    လူပဲ..လူဆန်ဆန်ပဲ သူ ့ပြစ်ဒဏ်သူပေးရင် တော်ပါပြီ။

  • မောင် ပေ

    March 2, 2013 at 8:39 pm

    အရင်ပို ့စ်တွေ မှာ လုံးဝ ဆန် ့ကျင် ခဲ့ပေမယ့်
    ဒီပို ့စ်မှာတော့
    ရေငံပိုင် ဦးဖောကြီး ကို သဘောတူပါတယ်
    ဘယ်နှယ့်ဗျာ
    ဘိန်းရောင်းစားတဲ့ကောင်
    တစ်ကမ်ဘာလုံး လူညွန် ့တုံးစေတဲ့အရာကို ၊ ကိုယ်ကျိုးစီးပွားအတွက် ရောင်းဝယ်ဖောက်ကားတဲ့ကောင်
    လူသတ်ကောင်
    သေတာ မဆန်းပါဘူး
    ဆလမ်ပတ်တော ဦးဖော

  • M လုလင်

    March 2, 2013 at 9:10 pm

    စိုုင်းနော်ခမ်း အလောင်းကိုု ပြန်တောင်းပါ။ ရှမ်းပြည်မှာရုုပ်ထုုထုုထားပါ။ လက်ပတောင်းတောင်က လယ်သမားများစွာရဲ ့ဘဝကုိုသတ်သွားသူတွေနဲ ့စာရင်။
    တရုုပ်ဖဲသမား ၁၃ ယောက်ကိုု သတ်တာ သူမှာအပြစ်မရှိပါ။ သူဟာ တရုုပ်ရဲ ့မြန်မာ ပြည်အပေါ်မှာဗိုုလ်ကျလွမ်းမိုုးမှုကိုု ခေတ်မမှီတဲ့နည်းနဲ့ဆန်ကျင်သွားတာသာဖြစ်တယ်။ကိုုယ်နည်းကိုုယ်ဟန်နဲ ့ဆန်ကျင်သူသာဖြစ်တယ်။ သေဒဏ်ကိုုမျက်နာတချက်မပျက်ခံသွားတာ
    မြန်မာပြည်သား တယောက်ရဲ ့ သတိ္တကိုု ပြတာပဲ။ရွှေတြိဂံနယ်မှာ လာအိုုဖက်မှာ တရုုပ်က ကာစီနိုု ရုုံတွေကိုု ထောင်ထားတယ်။တရုုပ်တွေ မဲခေါင်မြစ်အတိုုင်း ဖဲလာကစားကြတာပါ။ စိုုင်နော်ခမ်းလိုုပဲ ဒီဒေသတဝိုုက်ကလူငယ်တွေကိုု ဖျက်ဆီးကြတဲ့အထဲမှာ တရုုပ်၊ မြန်မာစစ်အုုပ်စုုနဲ ့ လာအိုု ့အစိုုးရမှာ တာဝန်အရှိဆုုံးပဲ။ စိုုင်းနော်ခမ်းဟာ အင်္ဂလိပ်ခေတ်က မင်းလောင်း မောင်သန် ့ဘဝ ပါ။ စစ်အုုပ်စုု မြန်မာတမျိုးသားလုုံးကိုု တရုုပ်က စောကားလိုုက်တာဖြစ်တယ်။လက်ပတောင်းတောင်က တရုုပ်ကြေးနီးမိုုင်းကိုုမောင်းထုုတ်ကြပါစိုု။

    စိုုင်းနော်ခမ်း ကိုု ဂုုဏ်ပြုကြ။
    တရုုပ်အစိုုးရကျဆုုံးပါစေ။
    မြန်မာ စစ် အုုပ်စုု ကျဆုုံးပါစေ။

    • Mလုလင်

      March 2, 2013 at 9:17 pm

      အဲ့ စကားတွေက . . ကျုပ်ပြောတာ မဟုတ်ဘူး နော် . . မိုးသီးဇွန် ပြောတာ ကို ကူးပြတာ။

    • အရီးခင်လတ်

      March 2, 2013 at 9:54 pm

      {{{ “စိုုင်းနော်ခမ်းဟာ အင်္ဂလိပ်ခေတ်က မင်းလောင်း မောင်သန် ့ဘဝ ပါ။” }}}
      ဟောဒီမှာ အတိတ်ဘဝ ကြီး ကို ကိုယ်ခွဲပြီး ပြောနေပါတယ် သူကြီးမင်းရေ။
      ကိုမိုးသီးကို တရားပြလိုက်ပါဦး။
      😆

  • captainamerica

    March 2, 2013 at 9:45 pm

    စကားမစပ် အဘဖောရေ အဘတော်ကီတစ်ချို.ကို FB သုံးချင်လို.ပြန် Share ခွင့်ပြုပါ

  • အရီးခင်လတ်

    March 2, 2013 at 9:54 pm

    ရှင်းပြချက်လေးတွေ က ဘက်မျှ ပါတယ် ကိုအဘဖောရှင့်။

    (1) လူ့အခွင့်အရေးကို အရင်ကထဲက ဂရုမစိုက်တဲ့ နိုင်ငံ အစိုးရရယ်၊
    (2) ကိုယ့်နိုင်ငံသား အပြစ်မဲ့ လူကောင်းတစ်ယောက် တစ်ခြားနိုင်ငံမှာ ဒုက္ခတွေ့နေတာကိုတောင် ဝင်ပြီး ကူညီရကောင်းမှန်း အရင်ကထဲက မသိတဲ့ နိုင်ငံ အစိုးရရယ်၊
    (3) ငွေကလွဲလို့ ဘာကိုမှ ဂရုမစိုက်ဘဲ သူများ အသက်ကို စာနာစိတ်နဲ့ တန်ဖိုးမထားတတ်ခဲ့တဲ့ ဘဝ အသိမှားစွာ ကျင့်ကြံ ခဲ့တဲ့ လူတစ်ချို့ရယ်။
    (4) ထစ်ကနဲ ဆိုရင် အများပြည်သူ အကျိုး အတွက်ထက် ကိုယ့် ဒေါသ၊ မောဟ တွေ အတွက် အမှုအသေး ကိုမကြီးကြီးအောင် ဖွဖို့ ကြိုးစားနေသူ တစ်ချို့ရယ်။

    ဒီဇာတ်လမ်းမှာ အားလုံးက သူ့ဟာသူ သရုပ်မှန် အတိုင်းဘဲ ဖြစ်နေတာမို့ ဘာမှ မထူးဆန်းဘူးလို့ဘဲ ထင်ပါတယ်။

  • captainamerica

    March 2, 2013 at 9:58 pm

    FB မှာ မဟားဒရားတွေလှုံဆော်နေတာမြင်တော့စိတ်တစ်အားပျက်မိလို.ပါ ကျွန်တော်တို.လူမျိုးတွေ
    ရဲ့အတွေးအခေါ်တွေက အဲ့သလောက်နိမ့်ကျ ကုန်ကြဘီလား ??? အဘဖောစဂါးတွေက ကျွန်တော်လိုချင်တဲ့အဖြေမျိုးပဲ ကွက်တိပဲ လူတွေဟာဒီမိုကရေစီ ဒီမိုကရေစီသာအော်နေဂျတာ
    အနှစ်သာရကဘာလဲဆိုတာတောင်သေချာ နားမလည်သေးပူးပဲ အဆင်ပြေမယ်ဆိုရင် လစ်ဘရယ်
    ဒီမိုကရေစီအကြောင်းလေးသိချင်တယ် အဘဖော..

  • padonmar

    March 2, 2013 at 11:41 pm

    ကျမမြင်ဖူးတဲ့ တရုတ်နိုင်ငံသားတစ်ယောက် မြန်မာပြည်မှာ အကောက်ခွန်မဲ့ ပစ္စည်းတွေ မှောင်ခိုသွင်းမှုနဲ့ ဖမ်းခံရပါတယ်။
    မြန်မာအစိုးရက ထောင် ၁ဝနှစ်ချပါတယ်။၂ နှစ်ကြာတော့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါပြီး လွတ်ပါတယ်။
    ထောင်က လွတ်လွတ်ချင်း လေယာဉ်နဲ့ တရုတ်ပြည်ကို ပြန်ပို့ပစ်လိုက်ပါတယ်။
    အဲတော့ တရားစီရင်ပိုင်ခွင့်က ရောက်နေတဲ့ တိုင်းပြည်နဲ့ပဲ ဆိုင်တယ်လို့ သိထားပါတယ်။
    (နယ်စပ်ဖြတ်ကျာ်မှုခင်း ဆိုပြီး ဥပဒေတွေ သတင်းစာထဲပါတာတွေ့ဖူးသား၊နားမလည်လို့ ဆုံးအောင်မဖတ်မိဘူး။)
    ….
    အဲဒါထက် ယက်တောကြီးကျတော့ အမေရိကန်သံရုံးက ပြန်တောင်းသွားတယ်နော်။
    …….
    (တရုတ် ကို မုန်းလျှင် တရုတ် ပစ္စည်း ကို ဝယ်မသုံးပါနှင့် ။
    ကုလား ကို မုန်းလျှင် ကုလား ပစ္စည်း ကို ဝယ်မသုံးပါနှင့် ။)
    အဲဒါလေးတော့ သဘောကျသား၊မုန်းတယ်ပြောပြီး လွတ်အောင်မနေတာ ကျမတို့ပါပဲ။
    အသီးအနှံတောင် ယိုးဒယားဒူးရင်းသီး၊ထိုင်ဝမ်သခွားမွှေး၊အမေရိကန် စပျစ်သီး မှစားတယ်တဲ့။
    အဝတ်အစားကျတော့ ထိုင်းစစ်၊အိန္ဒိယရှန်၊ဆွစ်ဇာလန်ဇာ မှ ပွဲတိုးတယ်တဲ့။
    ကွမ်းယာတောင် အိန္ဒိယကလာတဲ့ အာမွှေးနဲ့ယာပါတဲ့။
    သခင်မျိုးဟေ့ ဒို့ဘားမန်း။

  • ဦးဦးပါလေရာ

    March 3, 2013 at 1:44 am

    အခု ဒီအမှု့နဲ့ပတ်သက်ပြီး မကျေမချမ်း ပြောဆိုကြတာတွေမှာ အဓိက ကတော့-
    တရုတ်နိုင်ငံက မြန်မာတွေကို (မြန်မာနိုင်ငံကို) သိပ်အလေးမထား မလေးစားဘူးလို့ ပြောဆိုချင်တဲ့သဘောလို့ ထင်ပါတယ်။

    ဒီအမှု့နဲ့ပတ်သက်ရင်တော့ အဲသလို ဟုတ်မယ်မထင်ပါဘူး…။

    သို့သော်-
    တကယ်တော့လဲ ကျုပ်တို့နိုင်ငံ ကျုပ်တို့လူမျိုးကို ဘယ်သူကမှ
    အလေးမထား မလေးစားပါဘူး နော….
    အင်း… ဘင်္ဂလားဒေ့ရှ် လို နိုင်ငံမျိုးက အစ ပေါ့…။
    အဲဒါ ဘယ်သူမပြု မိမိမှု့ ….ပါ
    ကိုယ်ကမှ မတော် ပဲ..
    ကိုယ်ကမှ အားမရှိ ပဲ…
    ကိုယ်ကမှ မစည်းလုံး ပဲ….

    • Foreign Resident

      March 3, 2013 at 1:47 pm

      ” တကယ်တော့လဲ ကျုပ်တို့နိုင်ငံ ကျုပ်တို့လူမျိုးကို
      ဘယ်သူကမှ အလေး မထား မ လေးစားပါဘူး နော ”

      ဦးပါ ရယ် ၊
      ကျနော့် အသိ ( သူ က ဩဇီ မှာ Refugee ခံထားတဲ့ ဩဇီ နိုင်ငံသား ) ၊
      သူ့ မိန်းမ ( အရင် ဩဇီ နိုင်ငံသူ မဖြစ်ခင် မြန်မာ နိုင်ငံသူ ဘဝ တုန်းက )

      မလေးရှား KL လေဆိပ်မှာ Immigration ကောင်တာ ဖြတ်တုန်း ကလေ ၊
      ( သူ့ရှေ့က စာအုပ် အနီကိုင် မြန်မာတွေက စာအုပ်ထဲ 20$ ညှပ်ပေးကြတယ်လေ )
      အဲဒါကို အဲဒီ အမျိုးသမီးက မသိလေတော့ကာ ၊
      သူ့ရဲ့ မြန်မာ Passport အနီလေးကို ဒီအတိုင်း ထိုးပေးလိုက်တာ ။

      စာအုပ် ထဲမှာ ပိုက်ဆံ မပါတာလည်း တွေ့ရော ၊
      Immigration Officer မလေးမ က ၊
      သူ့ရဲ့ မြန်မာ Passport အနီလေးကို ကြမ်းပေါ် လွှင့်ပြစ်လိုက်တာဗျ ။

      အဲဒီ အမျိုးသမီး ခမျာ ၊ ဩဇီ နိုင်ငံသား အသိတွေလဲ ပါလာတော့ ၊
      ရှက်ရှာလွန်းလို့ ဆိုပြီး ၊ အဲဒီရှေ့မှာတင် ထိုင်ငိုရှာတာဗျ ။
      အဲဒီမှာ ၊ ကျနော့် အသိ ဩဇီ နိုင်ငံသား က ၊ ဒေါသ ပေါက်ကွဲပြီး ၊
      ငါက ဩဇီ နိုင်ငံသား ၊ သူက ငါ လက်ထပ်မယ့် ၊ ငါ့ အမျိုးသမီး ။

      နင်က ဘာဖြစ်လို့ သူ့ Passport ကို ကြမ်းပေါ် လွှင့်ပြစ်ရတာလဲ ။
      အခု ၊ ချက်ချင်း ပြန်ကောက် ၊ ရိုရိုသေသေ ပြန်ပေးပြီး ၊ တောင်းပန်ပာ ။
      နို့မို့ဆိုရင် ၊ နင့်ကို ငါ တိုင် လည်း တိုင်မယ် ၊ တရားလည်း ဆွဲမယ် ဆိုမှ ၊

      ဩဇီ နိုင်ငံသား Passport ကို ပါ မြင်သွားမှ လန့်ဖြတ်ပြီး ၊
      မလေးမ က ပြန်ကောက် ၊ ပြန်ပေးပြီး ၊ တောင်းပန် တော့တယ် ။

      အဲဒီလို အဖြစ်အပျက်တွေဟာ ၊ တကယ်ကို ဖြစ်ခဲ့တာတွေပါ ။

      ပြောရရင် မကောင်းဘူးဗျာ ။
      အခု ၊ ကျနော် ယိုးဒယား ရောက်နေတယ် ။
      ယိုးဒယား မှာလည်း မြန်မာတစ်ယောက် သေလို့ကတော့ ၊
      ခွေးတစ်ကောင် သေသလောက်တောင် ဂရုမစိုက်တဲ့ အလေ့အထ ကို ၊
      တကယ့် ကိုယ်တွေ့ တွေ့ရတာ ပါဗျာ ။

      ဆက်ပြောရင် ကျနော့် Identity တွေ ပေါ်လာတော့မယ် ။

      စိတ် မကောင်းဘူး ဗျာ ။
      အဲဒါကြောင့် ၊ နိုင်ငံခြား မရောက်ဖူသေးတဲ့ သူတွေက ၊
      တစ်ခါတစ်လေ ၊ သခင်မျိုးဟေ့ ဒို့ဘာမန် ဆိုပြီး ထလုပ်တာတွေ တွေ့ရရင် ၊
      ကျနော် ပြုံးမိတယ် ။

      • kai

        March 4, 2013 at 3:59 pm

        အဘဖောပြောမှ သတိတချက်လင်းသွားတယ်..
        ကျုပ်ဆိုလိုတဲ့.. “သခင်မျိုးဟေ့.. ဒို့ဘားမန်င်း”က.. မြန်မာအချင်းချင်း လူတန်းစား(ဇတ်) ခွဲ.. ကျွန်/သခင်လို ဆက်ဆံနေတဲ့.. လူနေမှုစနစ်ကို (အဓိက)သရော်တာ.. တွန်းအားပေး..အသိပေးတာဖြစ်ပေမယ့်.. ဒါကို.. လူမျိုး/နိုင်ငံခြားမှာ သုံးနေနိုင်တာကို သတိပြုမိလို့ပါ…

        အနိစ္စ… :kwi:

      • Foreign Resident

        March 4, 2013 at 4:40 pm

        သူကြီး ကို သရော်တာ မဟုတ်ပါဘူး သူကြီး ရယ် ။
        သူကြီး စာသားလေးက စိတ်ထဲ စွဲနေလို့ လွယ်လွယ် ယူသုံးလိုက်တာပါ ။

        ပြောလိုရင်းက ၊ ကျနော်တို့ ပြည်ပ ထွက်နေတဲ့ သူတွေခမျာ ၊
        တရုတ်ကြီး ရယ်မှ မဟုတ်ပါဘူး ၊ နိုင်ငံပေါင်းစုံမှာ ၊ ဗမာဆိုရင်ကို ၊
        အထင်သေး ဖိနှိပ် နှိမ်ချခံရတာကို ၊ ခံလာရတာ ကြာလှပါပြီလေ ။

        အဲဒီ အခြေအနေတွေ ကြားထဲက ၊ အလိုက်ကန်းဆိုး မသိပဲ ၊
        ပြည်တွင်းကလူတွေက ၊ တစ်ခါတစ်လေ သာကီမျိုးကွ လို့ ထ အော်လိုက်ရင် ၊
        ရင်ထဲက ၊ စိတ်ကုန်တဲ့ Feeling တစ်မျိုးကို ခံစားလိုက်ရသလိုပဲ ။

        ဆိုလိုရင်း က ၊ ပြည်တွင်းမှာပဲ အချင်းချင်း ၊
        ဘုတ် ကို ကျီး မြှောက် ၊ ကျီး ကို ဘုတ် မြှောက် သာကီမျိုးကွ လုပ်ရုံနှင့် ၊
        အမျိုးဂုဏ် ၊ ဇာတိဂုဏ် က တက်လာတာမှ မဟုတ်တာဗျာ ။
        နိုင်ငံတကာ မှာ ၊ အသိအမှတ် ပြုလာမှသာ အမျိုးဂုဏ် ၊ ဇာတိဂုဏ် က ၊
        တကယ်ရှိလာတာလေ ။

        အဲဒီတော့ကာ ၊ နိုင်ငံတကာ က အသိအမှတ် ပြုလာ အောင် ၊
        အမြန်ဆုံး ချမ်းသာ တိုးတက်လာအောင် ၊
        တော် ရုံ တန် ရုံ ကိစ္စတွေကို ၊
        သည်းညည်းခံပြီး ( သည်းညည်းခံပြီး ) ၊
        အနစ်နာခံပြီး ( အနစ်နာခံပြီး ) ၊
        ရှေ့ကိုသာ အရင် ( အရင် ) ရုန်းထွက်သင့်ပြီ ထင်တာပဲ ။

        ချမ်းသာ တိုးတက် တဲ့ အခြေအနေ မရောက်သေးဘဲ ၊
        အဖက်ဖက်ကို ၊ ပါတ်ရမ်း အော်ဟစ်နေတာဟာ ၊
        ပန်းတိုင် မရောက်ခင် တက်ထောင်ရင်း နှင့် အားကုန်နေပါ့မယ်လေ ။

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 3, 2013 at 2:05 am

    ကိုယ်ကမှ မတော် ပဲ..
    ကိုယ်ကမှ အားမရှိ ပဲ…
    ကိုယ်ကမှ မစည်းလုံး ပဲ….
    ဦးဦးပါလေရာပြောတဲ့ စဂါးတွေထဲမှာ အခုပြောတဲ့စဂါးကို အကြိုက်ဆုံးပဲ……

  • MaMa

    March 3, 2013 at 9:39 am

    မှား၏ မှန်၏ သေသေချာချာ ဂဃနဏ မသိပဲ သူများယောင်တိုင်း လိုက်ယောင် အမောင်တောင်မှန်း မြောက်မှန်း မသိ ဆိုသလို လုပ်နေကြသူတွေကလည်း အများသား။
    မီးလောင်ရာ လေပင့် လုပ်ရပ်တွေနဲ့ သူများယောင်တိုင်း လိုက်ယောင်နေကြသူတွေနဲ့ မိုးမီးလောင်မှာ ကြောက်မိပါတယ်။

    FRရဲ့ စဉ်းစားကြစေလိုပါတယ် ဆိုတဲ့ ပိုစ့်တိုင်းက ….
    ကိုယ်လို အကြားအမြင်ဗဟုသုတနည်းပါးသူအတွက်တော့ အသိအမြင်ကို ဖွင့်ပေးလိုက်သလိုပါပဲ။
    :hee:

  • Ghi Ghi ThE KiD

    March 3, 2013 at 9:46 am

    ဟိုလူဂျီးပြောတော့ တူဂ ဘိန်းစားတေ ကိုးကွယ်တဲ့နတ် ဖြစ်သွားပီ ဆို.

    အာ. ဟိ.

    • Foreign Resident

      March 3, 2013 at 1:16 pm

      ရုပ်ကလေးကတော့ မဆိုးရှာပါဘူး အေရယ် ။
      အသားလေး ကလည်း ဖွေဖွေးလေး နှင့် ၊
      တကယ့် နတ်ကတော်တွေ အကြိုက် နတ်လေး ဖြစ်ဦးမှာ ။
      😛

  • သီဟ

    March 3, 2013 at 10:50 am

    ” နောက်ကွယ်မှာ အဖွဲ့ တစ်ခုခုတော့ ရှိနေတာတော့ သေချာနေပြီဗျ ။
    နောက်ကွယ်မှာ ဘယ်အဖွဲ့ရှိမလဲ လို့ပဲ ၊ စဉ်းစားရမယ့် အချိန် ဖြစ်နေပြီ ။
    စဉ်းစား ကြည့်ရအောင် ။ ” အဲဒီစကားကိုတော့ကြိုက်တယ်ဗျာ။

  • ဆလိမ် ဆရာကြီး

    March 3, 2013 at 11:31 am

    စဉ်းစားပြီးရင် ဘိန်းဆက်စားပေါ့
    တရုတ်အစိုးရဘက်က စ စိန်ခေါ်လာပြီဆိုတော့ မြန်မာအစိုးရဘက်ကရော ဖမ်းမိထားတဲ့ တရုတ်ဘိန်းဝယ်ရောင်းတွေ ကို ဘယ်လိုတုံ့ပြန်မလဲ
    အဲဒါကမှ ဘိန်းမစားပဲ စဉ်းစားစရာ
    ဒါနဲ့ ဒီပိုစ့်ကိုရေးသူက တရုတ်ဒလန်ဖြစ်မယ်
    ဒီဆိုက်ကို မန်ဘာမဝင်ပဲ ဖတ်ခဲ့မိတဲ့ အချိန်တွေထဲမှာ
    တရုတ်ကိုထိတိုင်း ပိုစ့်ပိုင်ရှင် ပေါ်ပေါ်လာတယ်

    • Foreign Resident

      March 3, 2013 at 1:08 pm

      ” မြန်မာ အစိုးရ ဘက်ကရော ဖမ်းမိထားတဲ့ ၊
      တရုတ် ဘိန်းဝယ်ရောင်းတွေ ကို ဘယ်လိုတုံ့ပြန်မလဲ ”

      မြန်မာ အစိုးရဘက်က ဘယ်လိုမှ ထူးပြီးတုံ့ပြန်သွားမယ် မထင်ပါဘူး ။
      အရင် ကတည်းကလည်း ၊ မြန်မာ တရားဥပဒေ နှင့် အညီ စီရင်နေတာပဲဟာ ။

      ဘာဖြစ်လို့လဲ ဆိုတော့ ၊ အပေါ်မှာ ရှင်းပြထားသလိုပါပဲ ၊
      အခု ကိစ္စမှာ ၊ တရုတ် အစိုးရရဲ့ လုပ်ရပ်တွေဟာ ၊
      တရားလမ်းကြောင်း အရ မှန်ကန်နေတဲ့ အတွက်ပါ ။

      မြန်မာ ရဲမှူးကြီး ကိုယ်နှိုက်ကလည်း ပြောထားပြီးသားပါ ။
      လူသတ်သမား ဘိန်းဓါးပြ တရားခံ စိုင်းနော်ခမ်း ဟာ ၊
      နိုင်ငံ လေးခုစလုံးက အလိုရှိပြီး ဖမ်းဝရမ်း ထုတ်ထားတဲ့သူ ဖြစ်တဲ့ အတွက် ၊
      တရုတ် အစိုးရရဲ့ လုပ်ရပ်ကို ၊ တားဆီး ဆန့်ကျင်စရာ မလိုပါဘူး တဲ့ ။

      အဘ တစ်ယောက်တည်းရဲ့ ပုဂ္ဂလိက ခံယူချက်ကို ပြောရရင်တော့ ၊
      ဖမ်း ဝရမ်းထုတ်ထားတဲ့ မြန်မာ တရုတ် လာအို ထိုင်း ဘယ် အစိုးရက ဖြစ်ဖြစ် ၊
      လူသတ်သမား ဘိန်း ဓါးပြ တရားခံ စိုင်းနော်ခမ်း ကို ၊
      အခုလို တရား ဥပဒေ နှင့် အညီ ထိုက်တန်တဲ့ ပြစ်ဒါဏ် ပေးလိုက်တာကို ၊
      လှိုက်လှိုက် လဲလဲ ကို ကြိုဆို ထောက်ခံ ပါတယ် ။

      ( ဘိန်း ဓါးပြ လူသတ်သမား တွေကို ၊ ပြတ်ပြတ်သားသား စီရင်တတ်တဲ့ ၊
      တရုတ် အစိုးရ ရဲ့ လက်ထဲမှာမှ မိသွားတာကတော့ ၊
      စိုင်းနော်ခမ်း ရဲ့ ကံ လို့ပဲ ပြောရမှာပဲ )

      ( မြန်မာ နိုင်ငံ အစိုးရ ကိုယ်နှိုက်ကလည်း ၊
      သူ့ရဲ့ မူးယစ် အထူး ရဲ တပ်ဖွဲ့ဝင်တွေကို သတ်ထားတဲ့ စိုင်းနော်ခမ်း ကို ၊
      တရုတ် အစိုးရ က သေဒါဏ်ပေး တာကို ကြိတ်ပြီး နှစ်ထောင်းအားရ ဖြစ်နေမှာပါ )

      ( အဘ လို ဘာမှ မဆိုင်တဲ့ ဘေးက လူတောင် ၊
      ဒီ သေဒါဏ်ပေးတဲ့ ကိစ္စကို ဒီလောက်ကြိုဆိုနေရင် ၊
      တကယ် ခံစား ခဲ့ရတဲ့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ကတော့ ၊
      ဖရာဏ ပီတိ ဂွမ်း ဆီထိသလို နေမှာပဲ )

      ( တရုတ် အစိုးရ ရဲ့ ရာဇဝတ်ကောင်တွေ အပေါ်မှာ ၊
      နဲနဲ မ ညှာတာပုံရတဲ့ ၊ ဆက်ဆံပုံကိုတော့ သိပ် မကြိုက်လှဘူးပေါ့လေ )

      ” ဒါနဲ့ ဒီပိုစ့်ကိုရေးသူက တရုတ် ဒလန် ဖြစ်မယ် ၊
      ဒီဆိုက်ကို မန်ဘာ မဝင်ပဲ ဖတ်ခဲ့မိတဲ့ အချိန်တွေထဲမှာ ၊
      တရုတ်ကို ထိတိုင်း ပိုစ့် ပိုင်ရှင် ပေါ်ပေါ်လာတယ် ”

      အဘ ဟိုး အရင်ကတည်းက ခဏ ခဏ ပြောထားပြီးသားပါ ။
      အဘ က မွန် – တရုတ်စပ် ၊ မြန်မာ နိုင်ငံသား ပါ ။
      အဲဒီလို တရုတ် သွေးစပ်နေတဲ့အတွက်လည်း ၊
      ( အရမ်း ) ဂုဏ်ယူနေသူ တစ်ယောက်ပေါ့လေ ။

      တရုတ်ကို ထိတိုင်း ပေါ်ပေါ်လာတယ် ဆိုတာ ၊ မမှားပါဘူးကွယ် ။
      တိတိ ကျကျ ပြောရမယ် ဆိုရင်တော့ ၊
      ကိုယ့်ဖက်က မှားနေတာတွေ ကိုတော့ ၊ ကိုယ် မမြင်ပဲ ၊
      အဓိပ္ပါယ် မရှိ ၊ ကျိုးကြောင်း ခိုင်လုံမှု မရှိပဲ ၊
      အလကားနေရင်း တရုတ်တွေကို အပြစ်ပြောနေတဲ့ အခါတွေမှာ ၊
      အဘ က အမှန်တရားကို ပေါ်လွင်သွားအောင် ဝင်ပြောလေ့ ရှိပါတယ် ။

      ဒါပေမယ့် ၊ တရုတ် တစ်မျိုးထဲဘက်ကနေ ကာကွယ်နေတဲ့ ၊
      တရုတ် ဒလံ တော့ မဟုတ်ပါဘူး ။
      ဘင်္ဂါလီတွေ ဘက်ကလဲ ဝင်ပြောဘူးပါတယ် ။
      တိုင်းရင်းသားတွေ ဘက်ကလဲ ဝင်ပြောဘူးပါတယ် ။

      တွေးတာ ခေါ်တာတွေ ၊ တစ်ဖက်သတ် ဆန်လွန်းနေပြီ ၊
      လွဲချော်နေပြီ ၊ သိပ် မတရားတော့ဘူးလို့ထင်ရင် ၊
      အဘ မှန်တယ် ၊ တရားတယ် ထင်တာကို ဝင်ပြောလေ့ ရှိပါတယ် ။

      အဘ ရဲ့ အဓိက ယုံကြည်ချက် ၊ ခံယူချက် ကတော့ ၊
      လူ့ အခွင့်အရေး နှင့် ( တရား ) မျှတမှု / Fair Go ပါပဲ ။

      ဒါနှင့် ၊ စကားမစပ် ၊
      ဆလိမ် ဆရာကြီး ရေ ၊
      ကိုရင်က လူသစ်မို့လို့ မသိသေးတာဖြစ်လိမ့်မယ် ။
      ဒီ site မှာ ” ဘိန်းဆက်စား ပေါ့ ” စသဖြင့် ၊
      ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု / ဆဲ စာ ဆန်ဆန်တွေ ပြောခွင့် မရှိဘူး ကွယ့် ။

      ဒီ site မှာ ၊ အတွေးအခေါ် အယူအဆ ကို ၊
      အတွေးအခေါ် အယူအဆ နှင့်ပဲ ၊
      ပြန်လှန် ငြင်းခုံခွင့် ရှိတယ်ကွယ့် ။
      ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု ကို ခွင့် မပြုဘူး ကွယ့် ။

      နောင် ဆင်ခြင်လို့ ရအောင် ပြောပြတာပါဗျာ ။
      ဆလိမ် ဆရာကြီး ကို ဆရာကြီး လုပ်လိုက်တာ မဟုတ်ပါဘူး ။ ဟီ ဟိ ။

      • ကိုရင်စည်သူ

        March 3, 2013 at 2:53 pm

        လူတွေက ဘိန်းဆို တရုတ်ကြီးနဲ့ မဲခေါင်မြစ်ဝှမ်းတစ်ဝိုက်ကိုပဲ
        အာရုံစိုက်တတ်ကြတယ်.။ အဲ့ကထွက်တယ် အဲ့ကဖြန့်တယ်ပေါ။
        တရုတ်ဘိန်းစား ဆိုတဲ့ခေတ်က ကုန်ပြီး
        တရုတ်တွေလဲ စီပွားရေး ဖိလုပ်လို့ ချမ်းသာကုန်ပါပြီ။ ဘိန်းဆိုတာ
        တရုတ်မက မက္ကဆီကိုနဲ့ တခြား နိုင်ငံကြီးတွေမှာလည်း အဲ့အတွက်
        ပြသနာတွေဖြစ်ပစ်ကြခတ်ကြသတ်ကြတာတွေရှိပါတယ်..။ ဟိုတခါတုန်းက
        ကိုလံဘီယာဘက် ဆိပ်ကမ်းတစ်ခုနားရောက်တော့ ဘားတစ်ခုမှာ ကိုရင်လည်း ဘိန်းဆိုတာ ဘာလဲသိအောင်
        ရှူခဲ့ဖူးပါတယ်။ :mrgreen: သူ့နေရာနဲ့ သူ အလုပ်ဖြစ်နေတာပေါ့။ နှစ်ပေါင်းများစွာ
        ဘိန်းမှောင်ခိုတွေကို သုတ်သင်ချေမှုန်းနေတာတောင် ဘာလို့ရှိနေလဲဆိုတော့
        သူ့လမ်းကြောင်းလေးနဲ့ သူ ဖွင့်ပေးထားတာရှိနေလို့ပါ။ အမေလိကားကော တရုတ်ကော
        ချမ်းသာကြပါတယ်.. ဘာလို့ ချမ်းသာကြတာလဲ.. ရှင်းရှင်လေးပါ..
        လူလည်တွေမို့လို့ပါ။ နည်းလမ်း ကောင်းကောင်း ဖရိုဖရဲနိုင်ငံလေးတွေပေါ် အမြတ်ထုတ်တတ်ကြပါတယ်။
        အခုက အမေရိကားက မြန်မာတွေကို ချစ်လို့
        သနားလို့ ကူညီချင်လွန်းလွန်းလို့တော့ မထင်ပါဘူး။ သူတို့ဟာ ဗျူဟာတစ်ခုကို
        စိတ်ရှည်ရှည်နဲ့ ငွေကုန်းကြေးကျခံပြီး အောင်မြင်အောင် တည်ဆောက်တတ်တဲ့
        အလေ့အထကို သိလို့ပါ။။ အတိုချုပ်ရင်.. တရုတ်… ကုလား… အဖြူ…
        ဝါးတား ဖော်လို ဖစ်ဖော်လို နေရင်း အမျိုးသားအကျိုးစီးပွားအတွက်သာ ကြည့်ပါလို့…။ ။
        ဆမ ဆလာကြီး (ဘိုးတော်လားမသိ) က အဘဖောကို တရုတ်ဝ၀ရ ဆိုတော့.. တရုတ်ဝ၀ရ တောင် ဒီလောက်
        ချမ်းသာနေရင် ကိုရင်လည်း အမေလိကန်ဝ၀၉ (၉နဝင်းကျေရန်) လုပ်ချင်မိသား… သမီလေးတွေနဲ့.. ခွစ်
        စဉ်းလည်း ထပ်စားမယ်.. ဘိန်းတော့မစားနိုင်သေးဘူးး… ဈေးကြီးလို့..
        တရုတ်အာဘုလုအရက်တောက်ပီး အိပ်ပီဂျာ.. :kwi:

  • မင်းအောင်

    March 3, 2013 at 12:49 pm

    ဆွနေ ဖွနေတဲ့ ကိစ္စတွေက တရုတ် မုန်းတီးရေး အပြင် ကုလား မုန်းတီးရေးကိစ္စ တွေအပြင် အစိုးရကို အကျပ်ရိုက်အောင် လုပ်နေတာမို့ အမေရိကန်ကြီးကတော့ လုပ်နေသည်ဟုမထင်။

    • Ko out of...

      March 3, 2013 at 2:07 pm

      – လူတွေဟာ လူမျိုးစွဲ၊ဒေသစွဲ အသီးသီးရှိကြတယ်…ဥပမာ…ရန်ကုန်နဲ့ မန္တေလေး ဘောလုံးကန်မယ်ဆိုပါတော့…ရန်ကုန်ကလူလည်း…ရန်ကုန်ကို အားပေးမှာဘဲ..မန္တေလေးကလူလည်း …သူ့မန္တေလေးကို အားပေးမှာဘဲ…ဒါပေမဲ့ မြန်မာပြည်နဲ့ ယိုးဒယားကန်ကြည့်ပါလား? မြန်မာကိုအားပေးမှာဘဲ…အာရှနဲ့ ဥရောပကန်ကြည့်ပါလား …အာရှကို အာပေးမှာဘဲ….တကယ်တော့ လူမျိုး..နိုင်ငံကိုအားပေးတာ မဖြင့်သင့် သူ့ရဲ့လေ့ကျင့်မှု ကျွမ်းကျင်မှု..လုပ်ရပ်ကိုကြည့်ပြီး…ကိုယ်ရှုံးလည်းရှုံးသင့်တယ်..သူနိုင်လည်း…လေ့ကျင့်မှုတွေ အများကြီးလုပ်ထားလို့ သူနိုင်တာတရားတယ်လို့မြင်သင့်တယ်…..အခုလည်း စိုင်နော်ခမ်းဟာ မကောင်းတာလုပ်ခဲ့လို့ သူခံရတာလို့ မမြင့်သင့်ဘူး…သူဒီလိုလုပ်တာ လူကလုပ်တာမဟုတ်ဘူး…အစွဲကိလေသာကလုပ်တာ…အစွဲကိုသေချာချပြပြီး နောက်ထပ်မလုပ်အောင်သွန်သင်ရမှာ…အခုတော့ မဟုတ်ဘူး….ယားနာရောဂါဖြစ်တဲ့ နေရာကို ရောဂါပျောက်အောင် ကုသဖို့ မစဉ်းစားဘဲ…ရောဂါလည်းပျောက်…လက်လည်းအဖြတ်ခံရဆိုတာ…ဒီတရားစီရင်ရေးစနှစ်ဟာ…လူသားတွေ မယဉ်ကျေးသေးဘူးဆိုတဲ လက္ခဏာဘဲ….ဪရောဂါနဲ့ လူသာသေချာခွဲခြားနိုင်မယ်ဆိုရင် လူတွေဘယ်လောက်ယဉ်းကျေးကြမလဲ?????`……..

      • Foreign Resident

        March 3, 2013 at 9:22 pm

        ကျနော့်ရဲ့ အတွေးအခေါ် ဆန်ဆန် ၊ နိုင်ငံရေး ဆန်ဆန် Post ကို ၊
        ဘာသာရေး အမြင်နှင့်ပါ ပါဝင်အားဖြည့်ပေးတဲ့ ၊
        ရှားရှား ပါးပါး တွေ့ရခဲတဲ့ ” Ko out of… ” ကို ကျေးဇူးတင်ပါတယ် ။

        မိုးပြာ ပဲ ဖြစ်ဖြစ် ၊ ထေရဝါဒ ပဲ ဖြစ်ဖြစ်ပေါ့လေ ၊
        ဘာသာရေး အဆုံးအမ အတိုင်း တိတိကျကျ နေနိုင်ရင်တော့ ၊
        ကောင်းတာပေါ့ဗျာ ၊ အနဲဆုံး အေးချမ်းတာပေါ့ဗျာ ။

        သို့ပေမယ့်လဲ ၊ လောကီ ဘုံထဲမှာပဲ ကျင်လည် နေရသေးတဲ့ ၊
        ကျင်လည် နေချင်သေးတဲ့ ၊ လောကီ ဘုံသား လူသားတွေ အတွက်ကတော့ ၊
        လိုက်နာဖို့ မလွယ်သေးပါဘူးဗျာ ။

  • မင်းအောင်

    March 3, 2013 at 1:33 pm

    ဖေ့စ်ဘုတ်မှာ ခုတလောနာမည်ကြီးနေတဲ့သတင်းတွေ ဖတ်ပြီး share လိုက်တာပါ
    မိုးဇေညိမ်း

    ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဝန်ထမ်းတွေနဲ့ တပ်မတော်သား မိသားစုဝင်တွေအများစုနေထိုင်ရာ နေပြည်တော်က မဲဆန္ဒနယ်တွေမှာ NLD နိုင်ခဲ့တာမို့ ကျွန်တော် အံ့အားသင့်သွားပြီး ဇေယျာသီရိတပ်နယ်က သူငယ်ချင်း အရာရှိကြီး တစ်ယောက်ကို “မင်းတို့တပ်နယ်တွေများတဲ့ နေရာတွေမှာပါ NLD ကနိုင်သွားပါလားကွ”လို့ မေးမိပါတယ်။ ဒီတော့ သူက “ဟုတ်တယ်၊ လူထုရဲ့ ပကတိဆန္ဒကို သိရအောင်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဘာမှဝင်မစွက်ပဲဒီအတိုင်းပဲ ဆောင်ရွက်ခဲ့တာလေ။ ဒါမှ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့ပါတီရဲ့အခြေအနေကို သိချင်လို့ စမ်းသပ်ကြည့်တဲ့ သဘောပဲ” လို့ ပြောပါတယ်။ တကယ်တော့ ကြံ့ဖွံ့ပါတီက နိုင်စေချင်ရင် နိုင်အောင် လုပ်လို့ရတဲ့ အောက်လမ်းနည်းတွေ ရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အောက်လမ်းနည်းတွေ မသုံးပဲ ယှဉ်ပြိုင်ရမယ်ဆိုရင် ကြံ့ဖွံ့ပါတီအနေနဲ့ ခွက်ခွက်လန်အောင် ရှုံးနိုင်တယ်ဆိုတာကို ကြားဖြတ် ရွေးကောက်ပွဲ အခြေအနေကို ကြည့်ပြီး ကြံ့ဖွံ့က လူကြီးမင်းတွေ သုံးသပ်လို့ ရသွားခဲ့ပါတယ်။

    ကြားဖြတ်ရွေးကောက်ပွဲမှာ ပြီးတဲ့နောက်မှာ ကျွန်တော် စဉ်းစားနေမိတာတစ်ခုရှိတယ်။ အဲတာက လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့ဘက်က ဘာတွေစီစဉ်မလဲဆိုတာပါ။ ကိုယ့်ထမင်းကိုယ်စားပြီး ခေါင်းရှုပ်ခံစပ်စုမိတာပါ။ အဲ့သမှာ သူငယ်ချင်းတွေနဲ့ ဘီယာသောက်ကြရင်း ဦးကျော်ဆန်းနောက် တကောက်ကောက်လိုက်နေရတဲ့ သူငယ်ချင်း တစ်ယောက်ဆီက မူးပြီး စကားထွက်လာတယ်။ “ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုပြီး လက်လုပ် လက်စားတွေ၊ ဈေးသည်တွေကို ပိုက်ဆံတွေ လိုက်ချေးနေတာက ၂၀၁၅ မှာ ကြံ့ဖွံ့အတွက် မဲတွေရအောင်လို့” တဲ့။ ဒါပေမဲ့ အဲဒီ အစီအစဉ်က ထင်သလောက် မအောင်မြင်နိုင်ဘူးလို့ ကြံ့ဖွံ့က လူကြီးမင်းတွေက သုံးသပ်ကြပြန်ပါတယ်။ ဘာလို့လဲဆိုတော့ ငွေချေးယူသူတွေက ငွေယူစဉ်တုန်းကတော့ ကြံ့ဖွံ့ပါတီကြီးရဲ့ ကျေးဇူးကို မမေ့ပါဘူးလို့ ပြောကြပေမဲ့ တကယ်တမ်း မဲပေးရင်တော့ NLD ကိုပဲ ပေးချင်ပေးကြမှာလို့ တွေးမိကြလို့ပါ။

    ရခိုင်မှာ ပဋိပက္ခတွေဖြစ်တော့လည်း ဦးသိန်းစိန်ကို ပွဲထုတ်ပြီး စင်ပေါ်တင်ကြပါတယ်။ အလံရှုးတွေက ဒို့ သမ္မတကြီး လို့ ဘေးက ဝိုင်းအော်ပေးကြတော့ နောက်ကနေ ရောယောင်အော်ကြတဲ့သူတွေလည်း မနည်းပါဘူး။ ဦးသိန်းစိန် ဆိုတာ ကြံ့ဖွံ့ပါတီရဲ့ ပြယုဂ်ပဲလေ။ ဒါပေမဲ့ သူတို့ ဘယ်လိုမှ ကြိုမတွေးထားတဲ့ OIC ကိစ္စဝင်လာတော့ ခြေမကိုင် လက်မကိုင်မိဖြစ်ပြီး အကျပ်ရိုက်ကုန်ကြပါတယ်။ ဒီကြားထဲ ကြံ့ဖွံ့က လွှတ်တော်အမတ်တွေထဲမှာ ဘင်္ဂလီတွေပါနေတဲ့ ကိစ္စက သတင်းတွေထွက်လာပါတယ်။ အဲဒီ့မှာပဲ အလံရှုးတွေမြှောက်ပေးထားတဲ့ ဦးသိန်းစိန်ရဲ့ သိက္ခာလည်း နည်းနည်းကျသွားရှာပါတယ်။

    ဒီတော့ ၂၀၁၅ ခုနှစ်မှာ ကြံ့ဖွံ့ပါတီအနိုင်ရရေးအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ရအောင်၊ လုပ်စရာရှိတာ လုပ်ရအောင် ကြံ့ဖွံ့ပါတီရဲ့ မာစတာဘရိန်းတွေဖြစ်တဲ့ ဦးကျော်ဆန်း၊ ဦးဇော်မင်း၊ ဦးအောင်သောင်း … စသဖြင့် အဲဒီလူတွေကို ဝန်ကြီးတာဝန်တွေက နှုတ်ထွက်ခိုင်း၊ တာဝန်မများတဲ့ နေရာတွေကို ရွှေ့ခိုင်းပြီး ကြံ့ဖွံ့ပါတီအတွက် အချိန်ပေးလုပ်စေခဲ့ပါတယ်။ အဲတာကိုပဲ ပြည်သူတွေ အော်လို့၊ ဘာလို့၊ ညာလို့ ဝန်ကြီးတွေနားသွားရတာဆိုပြီး ဝမ်းသာနေကြတဲ့သူတွေ ရှိပါသေးတယ်။ အမှန်တော့ ကြံ့ဖွံ့ပါတီအတွက် အချိန်ပေးနိုင်ဖို့ သူတို့ဘာသာ စီစဉ်ကြတာပါ။ ပြည်သူတွေက မလိုလားတိုင်း အုပ်ချုပ်သူတွေက အသိစိတ်ဓာတ်ရှိရှိနဲ့ တာဝန်ကနုတ်ထွက်မယ်ဆိုရင် ဦးသန်းရွှေ ဂျောင်းသွားတာ ကြာပေါ့။

    ခုလတ်တလောမြင်နေရတဲ့ အခြေအနေတွေ သုံးသပ်ကြည့်တော့မှ NLD အပေါ်ထိုးစစ်ဆင်နေတဲ့ ကြံ့ဖွံ့ပါတီရဲ့ တိုက်ကွက်တွေကို သတိပြုလိုက်မိပါတယ်။ ၂၀၁၅ မှာ NLD ကိုထောက်ခံတဲ့လူတွေ တဖြည်းဖြည်း လျော့နည်းလာအောင်၊ အတိုက်အခံအုပ်စုတွေအချင်းချင်းကြားထဲမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာအောင်၊ အတိုက်အခံ နိုင်ငံရေးသမားတွေအပေါ် ပြည်သူတွေ စိတ်ပျက်လာအောင် စနစ်တကျအကွက်ချစီစဉ်ပြီး ဘက်ပေါင်းစုံက တိုက်နေပြီလို့ ယူဆရပါတယ်။ အတိုက်အခံနိုင်ငံရေးသမားတွေရဲ့ အပြစ်လေးကို မီဒီယာတွေ၊ လူမျိုးရေးတွေ၊ ဘာသာရေးတွေနဲ့ ခုတုံးလုပ်၊ ပုံကြီးချဲ့ပြီး ထောက်ခံသူတွေကို ဖြည်းဖြည်းချင်း ဖဲ့ထုတ်ဖို့ စီစဉ်ထားပုံရပါတယ်။ စစ်ဆင်ရေးသဘောတရားအရဆိုရင် နေရာပေါင်းစုံကနေ တိုက်ကွက်ဖော်၊ ရန်သူရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်၊ ရန်သူကို အင်အားနည်းအောင် အမှည့်ချွေချွေပြီး မလှုပ်ရှားနိုင်အောင် ထိန်းချုပ်တဲ့နည်းဗျူဟာပါပဲ။

    ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီကို ထောက်ခံသူတွေ ချည့်နဲ့လျော့ပါးသွားရေး မျှော်မှန်းပြီး လုပ်ဆောင်လာတဲ့ ကြံ့ဖွံ့ပါတီရဲ့ နောက်ထပ် တိုက်ကွက်တွေက ဘာတွေများဖြစ်မလဲလို့ စောင့်ကြည့်ရင်း NLD ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    Moe Zay Nyein

  • လေပြေ

    March 3, 2013 at 8:29 pm

    ဘာပဲ ဖြစ်ဖြစ် တရုပ်ကြီးက သူ့နိုင်ငံအတွင်းမှာလဲ ဒွိဟတွေဖြစ်သွားစေခဲ့တယ် ဗမာအစိုးရအတွက်က နိုင်ငံသားမဟုတ်တဲ့ တရုပ်တွေအတွက် လုပ်လို့ကောင်းသွားတာပေါ့. ဗမာလူမျိုးတွေအတွက် စည်းလုံးမှု့ သံစဉ်လေးပေါ့…ကျနော်ကတော့ သေဒဏ်ကိုမကြိုက်သလို ထောင်ဆိုတဲ့အစား ထိန်းသိမ်းရေးစခန်းသာ သင့်ပါတယ် ဘာကြောင့်လဲဆိုတော့ ကျနော့ အမြင်ပါ လူ့အဖွဲ့အစည်းတခုမှာ လူတယောက် ယဉ်ကျေးမလာပဲ ရိုင်းသွားတယ်ဆိုတာ အဲ့ဒီလူ့အဖွဲ့အစည်းနဲ့ အများကြီးဆက်နွယ်နေပါတယ် …

  • Mysterious

    March 3, 2013 at 9:48 pm

    အင်း … လူတစ်ကိုယ် စိတ်တစ်မျိုးစီပါပဲ။
    အမှန်အတိုင်းပြောရရင် ကျတော်ကတော့ ခေါင်းထဲကိုထည့်မထားခဲ့ပါကြောင်း။
    Cause and Effect လို့ မှတ်ယူထားကြရင် ပိုမကောင်းပေဘူးလားဗျာ။

    အဲ … ဒီနေ့ ဖွဘုတ်လေးလျှောက်ကြည့်ရင်းတွေ့တာပါ့။

    အာမီ ရမ်… သေ တောင်ဆေးထိုးခံရတယ်ဆိုတာ ဒါမျိုးပေါ့.. ဟိဟိ ပြောစမှတ်ဖြစ်တာပေါ့
    Friday at 12:08 · Like · 1

    Khant Ko … ဟုတ်ပ .. ဆေးထိုးကြမ်းချက်ဘဲကြတယ်
    Friday at 12:09 · Like

    ရဲ ဝင့် လင်း … worth it
    Friday at 12:17 · Like · 1

    Ñwaŷ Ñyi Lynñ … ဆေးထိုးပြီး သတ်တယ်ဆိုတာ ဘယ်လိုမျိုးလဲဟင်
    Friday at 12:31 · Like

    အာမီ ရမ် … First Boss ကို မ Down ခင် ဟန်တာက မြှားပစ်လို့ တံခါးပိတ်သွားတာမျိုး ဟိဟိ
    Friday at 12:35 · Like · 6

    Panpan Dk … ဟုတ်လောက်တယ်
    5 hours ago · Like

    Xenofier Whispx … BOneStorm မှာ Aspact of the Pack လေးဖွင့်ပေးတာမျိုး
    5 hours ago · Like · 2

  • uncle gyi

    March 3, 2013 at 11:53 pm

    မှတ်ပုံတင်သုံးခုနဲ့လူကိုဘယ်နိုင်ငံသားပါလို့သတ်မှတ်ပါမလဲ
    ကိုယ်ပြုထားတဲ့ကံကိုယ့်စီပြန်လာတာလို့ပဲယူလိုက်ပါတယ်
    ဒီလောက်မကောင်းမှုတွေစုံနေသူကိုတောင်မြန်မာနိုင်ငံသားပါလို့ဂုဏ်ယူစွာဘက်လိုက်ပြော
    နေတာတော်တော့မျိုးချစ်တွေမဟုတ်လောက်ဖူး
    ချီးမွမ်းလောက်ပါပေရဲ့

Leave a Reply