အရင်က မရခဲ့တာအခုရနေတာအမှန်ပါဘဲ

1 ဘီယာစက်ရုံတွေအသစ်ဖွင့်တဲ့သတင်း
1 ဘီယာစက်ရုံတွေအသစ်ဖွင့်တဲ့သတင်း လူငယ်တွေစာရိတ္တပျက်စေတာကိုဘာလို့ အားပေးရတယ်မသိဘူးဗျာ

အရင်က မရခဲ့တာအခုရနေတာအမှန်ပါဘဲ

 

 

ဟိုအရင်ကျနော်တို့ခပ်ငယ်ငယ် မဟေသီ မဂ္ဂဇင်း မှာထင်ပါတယ်

မြန်မာရုပ်ရှင်လောက က အနုပညာကဝေလို့တင်စားခံရတဲ့ မို့မို့မြင့်အောင်ပုံ

ပါတဲ့ လ အပိတ်ခံလိုက်ရတယ်။

ထွက်ပြီးမှ ပြန်လိုက်သိမ်းတာပါ။

မှတ်မှတ်ရရ ဖိနပ်ငုံ့ပြီးချွတ်နေတဲ့ပုံလေးလား မသိ။

အမျုးိသားယဉ်ကျေးမူ့နဲ့မကိုက်ညီလို့တဲ့။

နောက် ဂျာနယ်တွေစာစောင်တွေ မဂ္ဂဇင်းမှာလဲ ငွေမှင်နဲ့ပိတ်လိုပိတ်။

အမဲရောင်နဲ့ပိတ်လို့ပိတ်။

အမျုးိသားယဉ်ကျေးမူ့နဲ့ဆန့်ကျင့်လိုပါတဲ့။

 

 

 

 

 

 

 

2 ဆိုင်ကယ်တစ်ရက်နှစ်စီးတဲ့ဗျာ
2 ဆိုင်ကယ်တစ်ရက်နှစ်စီးတဲ့ဗျာ

 

အခုတော့ ညို့မဂ္ဂဇင်းထဲကပုံတွေတို့ ဂျာနယ်ထဲကပုံတွေ ကားကြော်ငြာတဲ့ပုံတွေ

အားကစားစာစောင်တွေမှာလဲ ပါတဲ့နိုင်ငံခြားက နဲ့မြန်မာပြည်က မော်ဒယ်ပုံလေးတွေမြင်ရတော့

အင်းအရင်က မရခဲ့တာတွေ့ အခု ရနေပြိဆိုတာ သိလိုက်ရပါတယ်။

ဟိုအရင်က မြန်မာပြည်မှာဆိုရင် ပုံနှိပ်လောကရော တီဗွီမှာပါ

ဆေးလိပ်အရက်ဘီယာ ကြော်ငြာလို့မရပါဘူး။

အဲဒါတွေကြော်ငြာချင်ရင် ပုံပြောင်းရတော့တာပေါ့။

ရေသန့်လိုလို ဘာလိုလိုနဲ့ပေါ့။

အခုခေတ်မှာတော့ အရက်သမားတောင်မှ ဂုဏ်ရှိလာတယ်ထင်ရအောင်

ကားမဲပေါက်တဲ့သူက ပြုံးပြုံးကြီးနဲ့ဓါတ်ပုံအရိုက်ခံနေတဲ့ ကြော်ငြာတွေကို

ဂျာနယ်တွေမှာမြင်နေရတာ။

တကယ်ကိုအားကျစရာ။

အရင်တုံးကဆို ဒါမျိုးတွေဘယ်မြင်ရမလဲဗျာ။

3လန်းတာအေ မျိုးကြီးလေးချစ်စရာကောင်းလိုက်တာ
3လန်းတာအေ မျိုးကြီးလေးချစ်စရာကောင်းလိုက်တာ
4 ပြုံးပြုံးကြီး
4 ပြုံးပြုံးကြီး
5 အင်းကားဝယ်မစီးနိုင်လဲပူစရာမလို အရက်ဝယ်သောက်ရင ်ပေါက်မှာသေချာတယ်
5 အင်းကားဝယ်မစီးနိုင်လဲပူစရာမလို အရက်ဝယ်သောက်ရင ်ပေါက်မှာသေချာတယ်

 

အရင်တုံးကဆိုရင် အရက်ဘီယာစက်ရုံမပြောနဲ့ စည်ဘီယာဆိုင်လေးဖွင့်ဘို့တောင်ခက်ပါတယ်။

တစ်လမ်း ထဲမှာဘီယာစတေးရှင်း နှစ်ဆိုင်မဖွင့်ရဘူး ပါမစ်မပေးဘူးကြားမိတာပါဘဲ။

အခုတော့ တစ်ဆိုင်နဲ့တစ်ဆိုင်သိပ်မကွာဘဲဖွင့်ထားလိုက်ကြတာဗောင်းလံနေတာပါဘဲ။

မနေ့ကလက်ဖက်ရည်ဆိုင်ထိုင်ရင်း ပျင်းတာနဲ့ဂျာနယ်ကောက်ဖတ်လိုက်မိပါတယ်။

ဟောအခု တော့ ဘီယာစက်ရုံ စီးကရက်စက်ရုံတောင်အသစ်ဖွင့်ခွင့်ပြုလိုက်သတဲ့။

အရင်အစိုးရလက်ထက်က ခွင့်မပြုတာအခုခွင့်ပြုသတဲ့။

လူငယ်တွေအကျင့်စာရိတ္တပျက်စေတဲ့ ကိစ္စတွေကိုဘာလို့များ အားပေးလိုက်သလဲမသိပါဘူး။

စိုးရိမ်စရာကောင်းတာ။

မီဒီယာတွေက  ဒီလိုကိစ္စမျုးိကို အခုလိုပွင့်ပွင့်လင်းလင်းဖော်ပြေပေးတာ ကောင်းတယ်။

ဒါမှ အားလုံးသိသွားမှာလေ။

ဟုတ်တယ် အရက်ဘီယာတွေက လူငယ်တွေကို ပျက်စီးစေတာ ကို မီဒီယာအစွမ်းနဲ့

သိအောင်လုပ်ကြတာ သိပ်ကောင်းတယ်ဗျာ။

ဒါပေမယ့် ခက်တာက ဂျာနယ်မှာပါလာတဲ့ ကြော်ငြာတွေကိုဆက်ကြည့်လိုက်မိတော့

………………………….

…………………………….

……………………………………………ဘာပြောရမှန်းတောင်မသိဖြစ်သွားပါတယ်

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

 

 

11 comments

  • ရွှေ ကြည်

    March 2, 2013 at 5:31 pm

    လေးလေးရေ ဘီယာယဉ်ကျေးမှု စနေပြီလေးလေးရေ သောက်သောက်စားစားလူမင်းသားတဲ့။
    ပျော်ပျော်ကြီးသာသောက်ကြပေတော့။ ပြောချင်တော့ဘူးကွယ်။

  • Mr. MarGa

    March 2, 2013 at 6:02 pm

    လေးပေါက်ရေ
    လမ်းတွေတိုင်းမှာ ဘီယာဆိုင်တွေက ရှောင်မလွတ် ဖြစ်နေသလိုပဲ
    ဂျာနယ်တွေထဲမှာလဲ ဘဝပြောင်း ဘီယာတွေ၊ ဝီစကီတွေက မမြင်ချင်မှအဆုံး
    ကားတွေဆိုတာကလဲ ပေးလိုက်ကြတာ အားကျမခံ
    ဒါတွေကို ဘယ်လို ပြုပြင်ရမလဲ မသိဘူးနော်

  • မောင် ပေ

    March 2, 2013 at 8:01 pm

    ကျုပ် အသိတစ်ဗွေ ဆိုရင် အရက်တွေဖြန် ့ရင်း ကြီးပွားနေတာ
    သူ ့ကို ၊ ကံစမ်းမဲပေါက်မယ့် အရက်ပုလင်းတောင်းတာ ကို ၊ တစ်ကယ်ပေးရင် သူအရင်ယူမှာတဲ့
    အဲဒါ အဲဒါ

  • နေဝန်းနီ

    March 2, 2013 at 9:32 pm

    မပြောရဲပါဘူးကိုပေါက်ရယ် တော်ကြာနေလွှတ်တော်ထဲက ဒေါသကြီးတဲ့နေ့တစ်နေ့ဆိုပြီ းသစ်ထူးလွင်မှာပါလာဦးမယ်

  • မီဒီယာများကလဲ အရက်ဘာဖြစ်ညာဖြစ်
    လူငယ်တွေဘာဖြစ်ညာဖြစ်သာ
    အသံကောင်းဟစ်နေပါတယ်။
    မကောင်းပါဘူးဆိုတဲ့ အရက်ကြော်ငြာကို ထည့်ထားတာတော့ပြူးနေတာပါဘဲ။
    တကယ်မကောင်းမှန်းသိနေရင် ကြော်ငြာ လက်မခံနဲ့ပေါ့ဗျ.။
    အင်းအမျုးိသားရေးက အမျုုးိသားရေး။
    စီးပွားရေးက စီးပွားရေးပေါ့နော်။

  • padonmar

    March 2, 2013 at 10:46 pm

    ကိုပေါက်ရေ
    မို့မို့မြင့်အောင် ခြေတစ်ဖက်မြှောက်ပြီး ပင်ဆယ်ဟီးလေး ချွတ်နေတဲ့ပုံ မျက်နှာဖုံးက ဦးအောင်ပြည့် အယ်ဒီတာလုပ်တဲ့ ချယ်ရီမဂ္ဂဇင်းပါ။
    ပုံလေးအရမ်းလှလွန်းလို့ မှတ်မှတ်ရရ သတိရနေမိတာ။
    ရိုင်းလည်းမရိုင်းပဲ ပိတ်ခံရလို့ ကိုယ်တောင် ခံပြင်းမိသေးတယ်။
    ခုခေတ်ပုံတွေက ပျင်းတောင်ပျင်းသေးတယ် ပြောခံရမယ့် ဓာတ်ပုံပါ။

    • ကျေးဇူးပါ မမာရေ ကျနော်က မဟေသီစိတ်စွဲနေလို့ သေချာမမှတ်မိဘူးဖြစ်သွားပါတယ်။
      အမှန်ပြင်ပေးတာ ကျေးဇူးပါခင်ဗျာ။

  • ခိုင်ဇာ

    March 3, 2013 at 10:27 am

    ကျုပ်ဖြင့် အရင်က မရသေးတာ ခုုထိလည်းရသေးဘူးရယ်။
    :mrgreen:

    • နေဝန်းနီ

      March 3, 2013 at 12:06 pm

      ခိုင်ဇာက ဘာလိုချင်နေတာလဲ ပြောလေ…….
      ကိုပေါက်ရေ……… မြန်မာပြည်သားတွေ အိုတာမကြည့်ချင်လို့ မအိုဆေး ထုတ်နေတာ မတားတာနဲ့တူရဲ့ အဲဒိလိုပဲ တွေးကြည့်မိပါတယ်

Leave a Reply