စဉ်းစားစရာလေးများ (၁၁)

Ko out of...March 2, 20131min763

၁။ အတုလံ “အတုမရှိ” ဆိုတာ သူများနဲ့ အမြင်မတူတာကိုပြောတာပါ…ဥပမာ မောင်မဲဟာသူများ ပစ္စည်းခိုးရင် လူအများကတော့ ခိုးသူကို မောင်မဲလို့ဘဲမြင်တယ်….ဘုရားကအဲလိုမမြင်ဘူး….မောင်မဲခိုးတာ မဟုတ်ဘူး…လူခိုးတာမဟုတ်ဘူးတဲ့…ကိလေသာခိုးတာ လို့ဘုရားမြင်တယ်…

၂။ ကံမှာ အကြောင်းလည်းရှိတယ်..အကျိုးလည်းရှိတယ်…ကံရဲ့အကြောင်းက ကိလေသာ…ကံရဲ့အကျိုးက ဝိပါက် ဖြစ်တယ်….

၃။ ကံကို ဝဋ်သုံးပါးလို့လည်းခေါ်တယ်…ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါက ဝဋ်ဆိုပြီးတော့လည်း ဟောပြန်တယ်…

၄။ အမှန်အကန်ကို သိတာဟာ တန်ခိုးဘဲ…

၅။ ကောင်းကောင်းမွန်မွန်နေရတာကိုကြည့်ပြီး ဒီလူကံကောင်းတယ်…ဆိုးဆိုးနဲ့ နေရတာကို ကံဆိုးတယ်လို့ပြောတာလောက်တော့ ကံကောင်းတယ်..ကံဆိုးတယ် လို့ပြောရင် မပြည့်စုံပါဘူး….

၆။ လိမ်ညာသည့်လုပ်ငန်းလုပ်ရင် လူလိမ်ဖြစ်တယ်…လိမ်တဲ့လူဟာ လိမ်တဲ့ အကျိုးကိုရတယ်..ခိုးတဲ့လူဟာ ကိုယ့်ရဲ့ပစ္စည်းပြန်အခိုးခံရတတ်တယ် အဲလိုမဟုတ်ဘူး..ကိုယ်ကသူခိုးဖြစ်သွားတာ…

၇။ လိမ်ညာတာ အားပျော့တဲ့ လူတွေရဲ့လက်နက်ဘဲ…

၈။ စိတ်ကူးတယ်ဆိုတာ သညာကို ပုံဖေါ်ရတယ်…သညာဖျက်တဲ့လုပ်ငန်းကို လုပ်တဲ့လူဟာ စိတ်မကူးတတ်တဲ့လူဘဲ…

၉။ ပညာဆိုတာ အလွတ်ကျက်မှတ်ဖို့ ချည်းချည်း မဟုတ်ဘူး…စိတ်ကူးပြီး စဉ်းစားတွေးခေါ်ဖို့ပါ…

၁၀။ ခံစားချက် အဆိုးကတော့ ကိုယ့်ရဲ့ သီလ၊ သမာဓိ၊ ပညာကို နုတ်ယူနေမှာဘဲ..
ကိုယ်က သတိ ပညာနဲ့ စောင့်ရှောက်ဖို့ဘဲလိုတယ်……ဒါမှ ပညာရဲ့ အရည်အချင်းကနေ အရည်အသွေး အဖြစ်ထွက်လာမှာပေါ့….

၁၁။ တရားဆိုတာ လူမှုရေး၊ စီးပွါးရေး၊ ပညာရေး၊ ရပ်ရေးရွှာရေးမှာ ဦးဆောင်လမ်းညွှန်အဖြစ် အသုံးပြုရမယ်…တရားဆိုတာ သီးခြားအသုံးပြုရမှာ မဟုတ်ပါဘူး….

၁၂။ တရားသိဖို့ဆိုရင် တရားဂုဏ်တော်နဲ့ မတိုင်းဘဲ ကိုယ်သိပြီးသားဘုရား…ခေါင်းထဲမှာ ရောက်နှင့်နေပြီးသား ဘုရားနဲ့ တိုင်းကြတာများတယ်….ဒါစဉ်းစားဖို့လိုတယ်….

3 comments

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 2, 2013 at 8:16 pm

    ဖတ်ရတာ သိပ်ပြီးနားမရှင်းသလို မျိုးလေးခံစားရတယ် ကိုအောက်အော့ ရေ……
    အသိဉာဏ်နုနယ်တဲ့ အပိုင်း တရာအကြောင်းကို သိပ်ပီး မလိုက်စားတဲ့ အပိုင်းကြောင့်လဲ
    ဖြစ်နိုင်ပါတယ်………….
    ဒီပို့စ်လေးကို ဖတ်ရတာ စဉ်းစားစရာလေးတွေတော့ ပေါ်လာခဲ့ရပါတယ်………..
    ထပ်ဖန်တလဲလဲ ပြန်ဖတ် ပြန်စဉ်းစားပြီး အဖြေရှာကြည့်ဖို့ ဆေ့ဗ်ထားလိုက်ပါ၏……

  • ဦးဦးပါလေရာ

    March 3, 2013 at 1:52 am

    မိုးပြာ ခေါ် ပစ္စုပ္ပန်ကမ္မဝါဒ ရဲ့ အယူအဆ (တရား) ကို သိခွင့်ရတာ ဗဟုသုတရပါတယ်။

    ကျုပ်ကိုးကွယ်ယုံကြည်တဲ့ မြန်မာပြည်ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ အယူအဆချင်း
    လုံးဝ လုံးဝ တစက်မှ မတူပေမယ့်
    စိတ်ဝင်စားစရာကောင်းပါတယ်။

  • koyinmaung

    March 4, 2013 at 7:20 pm

    လူအများပြောကြတာက ပုဆိုးဝတ်တယ်လို့ပြောကြတယ်….
    ပုဆိုးထဲကိုလူဝင်သွားတယ်လို့ပြောတာ ခပ်ရှားရှားနော့….

Leave a Reply