မယုံမရှိလေနဲ့

naywoon niMarch 2, 20131min1075

အမှားတဲ့…..
ကားကနဲပဲ
ကျည်သင့်သွားတဲ့သားကောင်တစ်ကောင်လို
“ဘုန်း” ကနဲလဲကျ
သွားပြန်ပြီ………။
“ ကျွန်တော်တို့ မှားခဲ့ပါတယ် ” တဲ့
ပြောလိုက်တဲ့စကားတစ်ခွန်းအောက်မှာ
နလန်ပြန်မထူနိုင်တဲ့ သတ္တဝါတွေက အတုန်းအရုန်း
အဲဒိလိုပြောခဲ့ပြီးတဲ့နောက် ………
နောက်တပ်အမှားတွေ ကျူးလွန်ဖို့ပြင်ဆင်နေလေရဲ့..။
ဒါနဲ့ပဲ
တစ်ချိန်က နာမယ်ကြီးခဲ့တဲ့
ဆရာမောင်သစ်မင်းရဲ့ သီးချင်းစာသားလေးရေရွတ်ရင်း…………
“ လူဆိုတာ xxxx အမှားအယွင်းအားလို့ပေါင်းစပ်ထားတဲ့အရာ………
ပိုင်ဆိုင်ရာ ပညတ်ချက်က ရုပ်ဝတ္ထုမျှသာ”
အောင်မလေး ဆရာသစ်မင်းရယ်
ဆရာရေးခဲ့တဲ့သီချင်း
ဘယ်သူတွေကိုများ ကြည့်ပြီးရေးခဲ့သလဲဗျာ
အခုလည်း……….
ရုပ်ဝတ္ထုတွေ ပိုင်ဆိုင်ဖို့အတွက်နဲ့
အမှားအယွင်းတွေပေါင်းစပ်ထားတဲ့ သတ္တဝါတစ်စု
အမှားခံ သတ္တဝါတွေကို စတေးနေဆဲ………..။
ငယ်ငယ်တုန်းက
“စုန်းဆိုတာကိုမယုံဘူး”
ကဝေ ဆိုတာကို ‘ဟင့်အင်း’
သွေးစုပ်တဲ့ဖုတ်ကောင်
မရှိနိုင်ပါဘူးလို့ယုံထားခဲ့တာ
တစ်ကယ်တော့
အဲဒိအမှားအယွင်းတွေနဲ့သတ္တဝါတွေက
မယုံခဲ့တဲ့ ‘စုန်း’တွေ
ငြင်းပယ်ခဲ့တဲ့‘ကဝေ’
ရှိနေခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်တွေ ဖြစ်နေပါရောလား ………..။
နေဝန်းနီ

5 comments

  • မောင် ပေ

    March 3, 2013 at 7:41 pm

    မယုံမရှိ
    ဗုံဗုံငပိ
    တုံတုံမချိ
    ဆုံဆုံတစ်ဇိ
    ကြုံကြုံအကြည့်
    နုံနုံမသိ

  • ယုံတယ် .. ယုံတယ် …
    နားပါးလည်း ဝ ခဲ့တယ် …
    မျက်မြင်လည်း ဖြစ်ခဲ့တယ် …
    အရမ်းကြီး မဆိုးပေမယ့် ကိုယ့်တွေ့တွေရောပဲ ….
    ဒီတော့ .. ယုံဘာဒယ် ဥနေ ရယ်လို့ …

  • ဦးကြောင်ကြီး

    March 4, 2013 at 10:16 am

    မယုံမရှိ
    ဒဂုံငပိ
    ဂဠုန်ကဝိ
    သူပုန်စတိ။

  • kai

    March 4, 2013 at 4:32 pm

    “ ကျွန်တော်တို့ မှားခဲ့ပါတယ် ” တဲ့
    ပြောသူကတော်သေး
    အမှားသိရင် အမှန်ရှိဖို့ မဝေးတာမို့ပဲ
    တချို့က.. အမှားကိုမသိ..
    တချို့က.. သိလျှက်နဲ့ဟန်ဆောင်
    ခွာမယောင်နဲ့ သံနဲ့နှက်စွဲတဲ့မျက်နှာဖုံး
    အပြုံးကလေးတောင်ဆင့်လို့
    အိုဟဲ့..
    ဒဿဂီရိရဲ့.. ရာမမျက်နှာဖုံး… ။

    • နေဝန်းနီ

      March 5, 2013 at 9:13 pm

      တစ်ချို့များ ဒဿဂီရိရဲ့.. ရာမမျက်နှာဖုံး… တောင်မှမစွပ်နိုင်ဘူး ” မင်းကဘာကောင်လဲ ငါက ဘာ…….” ဆိုတဲ့ အပြောမျိုးနဲ့ ဗြောင် ဘီးလူးဇတ်ခင်းနေတာ များ ဒီလိုလူမျိုးတွေနဲ့များနိုင်ငံတော်ကြီး ကို ဘယ်လိုများ ပြုပြင်ပြောင်းလဲမှာတဲ့လဲ စဉ်းစားရင် ရင်မောစရာ

Leave a Reply