ဆန္ဒပြ

padonmarMarch 3, 20131min37140
ဟံသာဝတီကားပွဲစားတန်းရဲ့ ဆန္ဒပြပွဲ
ဟံသာဝတီကားပွဲစားတန်းရဲ့ ဆန္ဒပြပွဲ

သတင်းဆန်းတော့မဟုတ်ပါဘူး။

မတ်လ ၁ရက်နေ့က ဟံသာဝတီလမ်းကဖြတ်ရင်း ဟံသာဝတီကားပွဲစားတန်းကို သီရိမင်္ဂလာဈေး မရွှေ့ချင်လို့

ဒုတိယနေ့ ဆန္ဒပြနေကြတာ လက်ဆော့လာတာလေးပါ။

အမျိုးထဲလည်း ကားပွဲစားမရှိ၊ရွှေ့လို့ပြောင်းလို့လွယ်တဲ့ သူတို့က ဘာလို့ မပြောင်းချင်မှန်းလည်းမသိ။

အဲဒီနေရာမှာ အလုပ်လုပ်မယ့်ကမ်ပနီကိုလည်း မသိ၊ဘာတွေလုပ်မယ်မှန်းလည်းမသိ။

အဲဒီလို မြို့လည်နေရာ အများပြည်သူပိုင် သင်တန်းကျောင်း၊တက္ကသိုလ်၊ဆေးရုံ ဆောက်လို့ရမရလည်းမသိ။

ဆောက်ပေးချင်တဲ့ ကမ်ပနီတွေ ရှိမရှိလည်းမသိ။

ကိုယ်သိတာ ဘာမှမရှိပါဘူး။

(ကိုဆာမိပြောသလို ဘာဘာ ဘာမှမသိပါဘူး)

ဒါပေမယ့် အဘဖေါရဲ့ စိုင်းနော်ခမ်းမှာ မန့်ထားတာတွေ ဖတ်ပြီး

လက်ပံတောင်းက သေသူတွေပြန်ရှင်ပြီး အမှာစကားပြောတဲ့ သရုပ်ပြပွဲတို့၊မီးလောင်ဗုံးရေမြှပ်ပစ်တဲ့ သရုပ်ပြပွဲတို့၊

လှိုင်သာယာက ဝါးကပ်တွေလာချပေးတယ်တို့၊

ဈေးတွေကလည်း ပိတ်ရက်မရှိဘူးဆိုလို့ ဆန္ဒပြတယ်တဲ့။

ဖွင့်ရက်ကို ပိတ်ရင်လည်း စည်းကမ်းချက်တွေလာမှာမို့လို့တဲ့။

(စည်းကမ်းက ဘာလာမယ်မှန်းမသိသေးဘူး၊ဘာလာလာ ကြိုပြီး မကြိုက်ဘူးအော်ကြတာပဲနော်၊

အမှန်တော့ ပိတ်တဲ့သူများလူညီရင် ဝယ်သူက အလိုလိုမလာတော့ပါဘူး၊ကိုယ့်ဖာသာ ဝီရိယကောင်းရင် လာဖွင့်ရောင်းပေါ့နော်၊)

အဲဒီ သတင်းတွေနဲ့ ဆက်စပ်ပြီး အတွေးတွေပြန့်။

ဂျာနယ်တစ်ခုမှာပါတဲ့ ဗကပ အိုဂျီဆိုတာလေးလည်း ခေါင်းထဲ ဘာမှန်းမသိရောက်။

ကားပွဲစားဆိုသူတွေကလည်း ခေါင်းမှာ အနီတွေ ပတ်။ဒို့အရေးအော်။

အော်ဆန္ဒပြတယ်ဆိုတာ ခေါင်းမှာ အနီတွေပတ်ကိုပတ်ရမယ်ထင်ရဲ့။

ဘာဖြစ်ဖြစ် ဒို့အရေးအော်တာကိုပြောတာဖြစ်မှာပဲလို့ တွေးမိ။

သူတို့ ဆန္ဒတွေပြနေကြရင် စားဝတ်နေရေးတွက် ဘယ်လိုလုပ်ကြမလဲလို့လည်း တွေးပူမိ။

ပေါက်တတ်ကရ အတွေးတွေ သည်းခံဖတ်နေရတာ ခွေးလွှတ်ကြပါ။

40 comments

  • အိုပါးလျှောက်ပူ

    March 3, 2013 at 9:39 am

    ကျွန်တော်လည်း ဆန်ဒ ပြ မလို့ ။။ အန်တီပဒုမ္မာ ပါမလား ။ သူကြီးကိုပြကြရအောင် ။။ တူများတွေ လခ တိုးပေးဖို့ လွှတ်တော် အုတ်ကထ ကတောင် ပြောနေပြီ။။
    သူကြီး က ဘာမှ တိုး မပေးသေးလို့ ..
    ဘယ်သူတွေ ပါမလဲ ..ပါမဲ့သူ … အိမ်သာ ရှာပါ ။ :harr:
    အိုပါးလျှောက်ပူ

  • ကထူးဆန်း

    March 3, 2013 at 9:42 am

    ချိသေးတယ် ။။ အထု အောက်မှာ ကွန်မန့်ကိုဖောဖောသီသီပေးလို့ ရနေတယ် ။
    အီးမဲ လည်းထည့် စရာမလိုတော့ နံမည် ပြောင်သုံးလို့ ရတယ် .. အဲဒါလည်း ဆန်ဒ ပြမလို့ ။။။
    နောက်တာ် ။။ အခုလည်း စမ်းကြည့်တာ ။။

    • ကထူးဆန်း

      March 3, 2013 at 2:44 pm

      ဟင် ကထူးဆန်း တွေ များလှချည်လား ။
      မင်းက ၊ ဘယ်က ကထူးဆန်း လဲ ။
      ငါက ၊ အရမ်းတော်တဲ့ ကထူးဆန်း ကွ ။
      အော် ၊ ငါကတော့ အရမ်းချောတဲ့ ကထူးဆန်း လေ ။

      ကွိ ကွိ ။
      နောက်ထှာ ။

      • ကထူးဆန်း

        March 3, 2013 at 6:17 pm

        ဟိုက် .. ကိုယ့် အတတ် ကိုယ်ဆူးပြီ… အပေါ်နှစ်ခု က အမှန်အကန် ..ကထူးဆန်း
        အောက်ဆုံးကတော့ သိဘူး ..

        • kai

          March 4, 2013 at 3:38 pm

          အံ့ဩစရာနော..
          အိုင်ပီလိပ်စာနဲ့.. လော့ဂ်ကွန်ပျူတာ အမျိုးအစားကတူတူကြီးပဲ..
          သရဲများခြောက်နေသလား မသိ..:kwi:

        • ကထူးဆန်း

          March 4, 2013 at 5:25 pm

          မြတ်ခြွာဖုရား .. ကထူးဆန်း တွေ များလှချည်လားဆိုတာ တဂယ်ကြီးကို ကျွန်တော် ဟုတ်ဘူးဗျ … ကယ်ကြပါဦး .. :eee:

          သတိပေးစာ ရေးရမလိုဖြစ်နေပြီ။

          ကထူးဆန်း အစစ်အမှန်သည် ကြယ်နှစ်ပွင့် ပါပြီး ဂဏန်း ကောင် နှင့်ပုံဖြစ်ပါသည် ။ မန့်ထားသော အရေအတွက်များပါ ပါမည် ။
          နောင်ကို ယခုလို ကထူးဆန်း နံမည်ဖြင့် ဘာကြယ်မှ မပါ တက်လာလျှင် ကထူးဆန်း ဟု မယူဆ ကြပါကုန် သော် …… ဒူဝေဝေ ……. :hee:

  • ခိုင်ဇာ

    March 3, 2013 at 9:58 am

    ဆန်ဒ၊ ဆန်ဒ၊ ပြ ပြ၊
    ဒဘိတ် ဒဘိတ် မောက်၊ မောက်
    ဒိုု့ အရေး၊ ဒိုု့အရေး။
    ၂ တန်း လောက်က ဘုုမသိ ဘမသိ ပျော်ပျော်ကြီး အော်ခဲ့ တာရယ်။
    ခုု ကိုုယ်ကစားသံ ထက်ညံ တဲ့ အော်သံတွေ တပုုံကြီး၊ အွန်လိုုင်းမှာရောပဲ၊။။။။. :mrgreen:

  • MaMa

    March 3, 2013 at 10:00 am

    ခေတ်မီသူတိုင်း ဆန္ဒပြကြသည် လို့ ဆောင်ပုဒ်လေး အဆစ်ပေးလိုက်မယ် အန်တီပဒုမ္မာရေ……. :kwi:

  • ပိုးဟတ်ဖြူ

    March 3, 2013 at 10:00 am

    အီးမေး မလိုဘူးဆိုလို ့စမ်းကြည် ့တာ
    ဒီလိုသာဆိုရင်
    ရွာထဲကနံမည်တွေသုံးပြီးပေါက်ကရတွေရေးရင် …..သေပြီဆရာ
    သဂျီးရေ ဒါဗမာပြည်နော်

  • Ghi Ghi ThE KiD

    March 3, 2013 at 11:24 am

    ကျော်တောင် အခန်းတံခါးမှောင်မှောင် မီးခလုပ်စမ်းပြီးဝင်နေရတဲ့အတွက် အနီပတ်ပြီး စန်ဒါပြမလား စင်းဇားနေပါတယ်

    အာ ဟိ

    :harr:

  • ရွှေ ကြည်

    March 3, 2013 at 12:56 pm

    ရာသီပေါ်ရောဂါပါပဲဗျာ သိပ်ပျံ့နှံ့လွယ် ကူးစက်လွယ်ပြီး အမျိုးတောင်ပြုတ်နိုင်တယ် ထင်မိတယ်။
    မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူးလို့လဲထင်မိတယ် ဥပဒေဘောင်တွင်းကနေမှန်ကန်ကန် ဆောင်ရွက်ကြစေချင်တာပါပဲ။
    ဆိုးဝါးတဲ့ ဆုံးရှုံးမှု တိုင်းပြည်အတွက်နစ်နာနိုင်တဲ့
    အမျိုး ကိုထိခိုက်မယ့်လုပ်ရပ်မျိုးမဟုတ်သေးရင်စိတ်ရှည်စေချင်တာပါပဲလေ။

  • ရာမည

    March 3, 2013 at 1:04 pm

    ရှေးတုန်းကလို ဟစ်တိုင်များရှိရင်
    အသံမစဲ မဟာဟစ်ပွဲ ဖြစ်သွားမယ်

  • ကထူးဆန်း

    March 3, 2013 at 2:40 pm

    ဟင် ကထူးဆန်း တွေ များလှချည်လား ။
    မင်းက ၊ ဘယ်က ကထူးဆန်း လဲ ။
    ငါက ၊ အရမ်းတော်တဲ့ ကထူးဆန်း ကွ ။
    အော် ၊ ငါကတော့ အရမ်းချောတဲ့ ကထူးဆန်း လေ ။

    ကွိ ကွိ ။ နောက်ထှာ ။

  • ကိုရင်စည်သူ

    March 3, 2013 at 3:00 pm

    အန်တီပုဒုမ္မာ .. စာဖတ်ပြီးမှ… ကျော့်တောင် ရွာပြန်ရင်..
    DMA ရှေ့သွားပီး.. ဆန်ဒပြရမယ်…
    ဘောဘောပေါ်.. ရည်းစားခေါ်တင်ခွင့်ရရေး..
    ဒို့အရေး.. ဒို့အရေး..
    ပြသမျှ ရကြေးဆိုရင်ဘော့နော်… 😳 :kwi:

  • Mr. MarGa

    March 3, 2013 at 4:53 pm

    တိုင်းပြည်က အရှိန်ယူဆဲ
    နောက်ပြန်ဆွဲနေတာက ဆန္ဒပြပွဲတွေ
    ဖြစ်သင့်လို့ လုပ်ကြတာတွေ ရှိသလို ပေါ်လစီ လိုက်ကြသူတွေကလဲမနည်း
    ဘယ်လိုပဲဖြစ်ဖြစ်
    နောက်ပြန်မလှည့်ဖို့ ဆုတောင်းနေပါကြောင်းးးးးးးးးးးးးး

    • MaMa

      March 3, 2013 at 5:04 pm

      ဘာကွ!
      နောက်ပြန်မလှည့်ဖို့ ဟုတ်လား။
      ဘယ်ကို ရောက်နေလို့လဲ။
      သွားမှ မသွားရသေးဘူး ဆိုလားးးးးးးးးးးး
      ကြေးမုံဦးဝင်းတင် ပြောသွားတာ…. :kwi:

      • Mr. MarGa

        March 3, 2013 at 5:08 pm

        အွမ်
        ဲဟံသာဝတီ ဦးဝင်းတင် မဟုတ်ဘူးလား
        ဘယ်မှ မသွားရသေးရင်လဲ ရပါတယ်
        လက်ရှိ ရောက်ရာကနေ နောက်ပြန်မလှည့်ရင် တော်ပါပြီ
        (အဲလိုပြောလို့ ရှေ့မတိုးရင်လဲ အခက်)
        :kwi:

        • MaMa

          March 3, 2013 at 7:35 pm

          သကြားမင်းကို ဝါးချလို့ မရဘူးပဲ။
          သတင်းစာတော့ သတင်းစာပဲ။
          နာမည် စဉ်းစားမရလို့ ဝါးချလိုက်တာ။ :harr:

        • Mr. MarGa

          March 4, 2013 at 6:14 pm

          အဟိ
          သိကြားကို ဝါးစရာလားဗျ
          ဒီအတိုင်း သောက်လို့ရနေတာကို

  • မောင်ထက်ကြီး(မုံရွာ)

    March 3, 2013 at 5:19 pm

    တစ်ယောက်လုပ်တိုင်း အကုန်လျှောက်လုပ်တာ စိတ်ပျက်စရာကြီး
    (ခေတ်မှီသူတိုင်း ဆန္တပြကြသည်) ပေါ့ အဲလိုဖြစ်နေဒယ်ဗျာ…
    လုပ်သင့်ရင်တော.လုပ်ပေါ့
    လောလောဆယ်တော့ သိကြားမင်း လာပြီး သမ္မတ လုပ်ရင်တောင် အဆင်ပြေမှာမဟုတ်ဘူး။။။

  • မောင် ပေ

    March 3, 2013 at 7:30 pm

    စန္ဒာပြရင်တော့
    ဝင်းပပညချမ်းမှာ
    အိုကွယ်…
    လွမ်းစရာ…. ရွှတ်
    (မှတ်ချက်… မည်သည့်အဖွဲ ့အစည်းကိုမှ တိုက်ခိုက်သည့်သဘောမပါ ။ ကိုယ့်ဟာကိုယ် ပျင်းလို ့ ခံစားရေးဖွဲ ့ခြင်း ၁၀၀% ဖြစ်သည် ။ ကူးချင်ရင် ချောင်းထဲမြောင်းထဲသွားကူးပါ)

  • lele

    March 3, 2013 at 7:44 pm

    ကျမ ကိုယ့်ကိုကိုယ် သတိပေးတဲ့ အချက် ၄ချက်ရှိတယ်. 4F ပေါ့. ကိုရီးကား F4 မဟုတ်ဘူးနော်. ဟီးဟီး..
    – Freedom of speech, Freedom of worship, Freedom from want & Freedom from Fear
    – [The first is freedom of speech and expression—everywhere in the world. The second is freedom of every person to worship God in his own way—everywhere in the world. The third is freedom from want—which, translated into world terms, means economic understandings which will secure to every nation a healthy peacetime life for its inhabitants—everywhere in the world. The fourth is freedom from fear—which, translated into world terms, means a world-wide reduction of armaments to such a point and in such a thorough fashion that no nation will be in a position to commit an act of physical aggression against any neighbour—anywhere in the world]
    ကျမသိပ်မရှင်းတဲ့ အချက်က “Freedom from want” ပါပဲ… Post န ဲ့တော ့သိပ်မဆိုင်ပါဘူး. ဒါပေမဲ့ ဒီဆောင်ပုဒ်တွေ နည်းနည်းလောက် ဂရုပြုဆွေးနွေးစေချင်မိလို ့ပါ.
    Ref: http://en.wikipedia.org/wiki/Four_Freedoms
    And Credit to သူကြီး…

    • kai

      March 4, 2013 at 3:33 pm

      “Freedom from want”
      လူမှာရှိရမယ့်..Basic human wants and needs ကနေလာတယ်လို့ထင်မိတယ်..
      ပုံကတော့.. အဖိုးအဖွားက.. ကြက်ဆင်ဝကြီးနဲ့.. ကျွေးမွေးနေပုံပေါ့..

      အစိုးရက.. လူထုက.. အခြေခံလိုအပ်ချက်တွေ ဖြည့်ပေးရမယ်..။ လူထုက ဆန္ဒတွေပြပြီးတောင်းနေရမှာ မလိုရဖူးဆိုတဲ.့.. သဘောများဖြစ်မလားမသိ… :kwi:

      • padonmar

        March 5, 2013 at 9:53 pm

        အဲ ..သဂျီးကယ်ပေလို့ပေါ့။
        ရှဲ့ရှဲ့ သိုင်းကျူးအကြီးကြီးပါ သဂျီးရေ။


  • သူတို့ ဆန္ဒတွေပြနေကြရင်
    စားဝတ်နေရေးတွက်
    ဘယ်လိုလုပ်ကြမလဲလို့လည်း တွေးပူမိ။

    ဆိုတော့ကာ ….။ (ကျီးကျီးကျယ်ကျယ် … :mrgreen: )
    တားတားလည်း တရုတ် သိုင်းကားတွေ ကျိပြီး
    အိုက်ဒီ ထဲက သိုင်းလောက သားတွေ
    ပိုက်ပိုက် ဘီလို ရှာဂျဒုန်းလို့ စဉ်းစားနေဒါဂျ …
    ဘာမှဒေါ့ ဆိုင်ဝူးးပေါ့ဂျာ .. တူပုံလေး နည်းနည်း ပေါကျိဒါ .. ဟီး .. :mrgreen:

    • padonmar

      March 5, 2013 at 10:01 pm

      မောင်အံ တွေးသလိုပဲ အန်တီလည်း သိုင်းကားတွေ ကြည့်ရင် တွေးပူမိတယ်။
      ဒို့ တူအရီးက မွေးနေ့ချင်းနီးလို့ ကြောင်ကွက်ချင်းတူတာဖြစ်မယ်။
      ပြီးတော့ ရှိရှိသမျှ ပစ္စည်းလက်နက်ပုန်းဖြစ်၊
      ခုခေတ်ဆိုရင် ကီးဘုတ် လက်နက်ပုန်း၊မောက်စ် လက်နက်ပုန်း၊တက်ဘလက် လက်နက်ပုန်း ၊အိုင်ပက် လက်နက်ပုန်းတွေများသုံးကြမလားမသိ။
      လေရှည်ရင် ဘေးရောက်ကုန်ပြီ။
      ကဲ အတင်းဆွဲစိလိုက်မယ်။
      ရှေးက သိုင်းသမားတွေ ထမင်းစားဖို့ ငွေရှာစရာမလိုပဲ တွေ့သမျှ လက်နက်ပုန်းဖြစ်သလို
      ခုခေတ်လည်း ထမင်းစားဖို့ ငွေရှာစရာမလိုပဲ တွေ့သမျှ ဒို့အရေးဖြစ်လာပါပြီ။

  • padonmar

    March 4, 2013 at 12:12 am

    လီလီ မရှင်းတဲ့ freedom from want—which, translated into world terms, means economic understandings which will secure to every nation a healthy peacetime life for its inhabitants—everywhere in the world. ကိ ုရမ်းသန်းပြီး ဘာသာပြန်ကြည့်အုံးမယ်။
    want ကို အလိုဆန္ဒ (မျှော်လင့်တောင့်တမှု ဆိုရင် ပိုကောင်းမလားမသိဘူး)လို့ပြန်ချင်တယ်။
    အလိုဆန္ဒတွေကနေ လွတ်မြောက်ခြင်းပေါ့။
    အလိုဆန္ဒမှ လွတ်မြောက်ခြင်းဆိုတာကို ကမာ္ဘသုံးဝေါဟာရနဲ့ ပြန်ဆိုလိုက်ရင် ကမာ္ဘတလွှားမှာရှိရှိသမျှ နိုင်ငံတိုင်းဟာ သူ့နိုင်ငံတွင်း မှီတင်းနေထိုင်နေကြတဲ့ နိုင်ငံသားတွေအတွက် ကျန်းမာခြင်းနဲ့ပြည့်စုံပြီး ငြိမ်းချမ်းသောအချိန်တွေ ပိုင်ဆိုင်ရမယ့် ဘဝလုံခြုံမှုတွေကို ပေးစွမ်းနိုင်တဲ့ စီးပွားရေးဆိုင်ရာ နားလည်ပေးနိုင်မှုတွေပါပဲ။

    လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊လွတ်လပ်စွာကိုးကွယ်ခွင့်၊
    မျှော်လင့်တောင့်တမှုမှ လွတ်မြောက်ခွင့်၊
    စိုးရိမ်သောကမှ လွတ်မြောက်ခွင့် လို့ ရမ်းပြန်လိုက်ပါတယ်။

    (တီချာကြီးနဲ့ ပြုံးရေ ကယ်ကြပါအုံး)

  • padonmar

    March 4, 2013 at 12:24 am

    ဆန္ဒပြနေတဲ့သူတွေရဲ့ ဘေးမှာရပ်စောင့်နေကြတဲ့ ရဲတွေကလည်း မြို့ပေါ်ဆိုတော့ အေးအေးဆေးဆေးပါပဲ။
    ဆန္ဒပြစရာရှိတာပြ၊စောင့်စရာရှိတာစောင့်၊ကိုယ့်တာဝန်ကိုယ်ကျေနေကြတာ သဘောတော့ကျစရာပါပဲ။
    လိုက်လျောဖို့ သင့်တာတွေကျတော့လည်း လိုက်လျောပေါ့။
    မသင့်တာတွေကျတော့လည်း မောရင် ရပ်သွားမှာပေါ့။
    နောက်က သွေးထိုးလှုံ့ဆော်မှုတွေ မရှိရင် အချိန်တန်တော့ ပြေလည်သွားမှာပါ။

    ဈေးပိတ်ချင်ပါတယ် အော်ကြတဲ့သူတွေကို ကြည့်ရတော့
    ကျမတို့ နယ်မြို့လေးကို သတိရမိတယ်။
    ဈေးရုံကြီးမှာ ဝင်းတံခါးရှိတဲ့ ရုံထဲက ဆိုင်တွေက တနင်္ဂနွေ/ဝါတွင်းဆို ဥပုသ်နေ့ပိတ်တယ်။
    ဝင်းအပြင်ရုံက ဆိုင်တွေက ပိတ်ရက်မရှိ၊ပိတ်ချင်တဲ့သူက ကိုယ့်ဆိုင်မဖွင့်နဲ့။
    ရှေးကတည်းက လွတ်လပ်ရေးအပြည့်၊ဒီမိုကရေစီအပြည့်ရထားတဲ့ ကျမတို့မြို့။
    ဒီ သတင်းတွေပြန့်ရင် ဝင်းအပြင်က ဆိုင်တွေက ဒို့လည်း တနင်္ဂနွေ ဆိုင်ပိတ်ရေး ဒို့အရေး အော်ကြအုံးမလားလို့ တွေးပူမိပါကြောင်း။

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 4, 2013 at 1:42 am

    ဝင်ရောက်လေ့လာသွားလေသတည်း………………………..
    ဘာမှအထွေအထူး ပြောစရာမရှိလို ဒလောက်ပါပဲ……………….

  • Wow

    March 4, 2013 at 12:31 pm

    တစ်ချို့ရပ်ကွက်ထဲက အလုပ်လက်မဲ့တွေ နေ့စားနဲ့ ဆန္ဒပြကြတယ်ဆိုပဲ…
    လွတ်တော်ထဲမှာတယောထိုး.. အပြင်မှာက ဇတ်က.. အင်း ဟုတ်တော့နေဘီ.. :mrgreen:

  • uncle gyi

    March 4, 2013 at 10:35 pm

    ဆိုင်းတီးတာလိုက်နားထောင်တဲ့လူတွေရှိတယ်
    ဆိုင်းဝါသနာပါတဲ့သူတွေလေ
    ပလို့ လို့တီးပြီးတာနဲ့အနောက်က ဂျိ ဆိုပြီးတီးတာသူတို့ကသိတယ်
    ဆိုတော့ သူ့လိုင်းနဲ့သူ့ကျွမ်းကျင်မှုနဲ့သူတတ်သိတဲ့သူတွေရှိတယ်ဆိုတာလက်ခံထားပါတယ်ဗျာ

  • ဦးဦးပါလေရာအတု

    March 5, 2013 at 12:34 am

    ဟင့် ….
    ကားပွဲစားတွေဘက်ကတော့ ဘဒူမှ ဝင်မပြောကြဖူး…
    ပွဲစားတွေကို မေတ္တာထားတယ်..လာ့ …..
    :byae:

    ဒီမှာ.. ဒီမှာ…
    သင်္ချိုင်းကုန်းကို မြေယဉ်အောင်လုပ်ပေးပြီးပြီဆိုတော့
    နောက်သင်္ချိုင်းဟောင်းတစ်ခုဆီ ပြောင်းရမယ်မှန်း ပွဲစားတွေသိကြပါတယ်…။
    အခုဟာက အပေါ်မှာ ဘယ်လိုအလောတစ်ကြီးရိုက်လိုက်မှန်းမသိပဲ-
    ဖေဖေါ်ဝါရီလကုန်မှာဖယ်ဖို့ကို လလည်ကျမှကပ်ပြောတော့
    ဒါ ခွေးမောင်းသလို မောင်းထုတ်တာမျိုးမို့ သူတို့ မကျေမချမ်းဖြစ်ကြတာပါ။
    တကယ်တော့ လူသုံးသောင်းလောက် အခြေတကျမီခိုစားသောက်နေတဲ့ နေရာတစ်ခုကိုဖယ်ခိုင်းချင်ရင်
    လ နဲ့ချီပြီး (ဥပမာ ခြောက်လကြိုပြီး) သတိပေး အသိပေးသင့်တာပါ။

    အဲဒါဖြစ်ပစေပေါ့- ဘယ်တတ်နိုင်မလဲ…
    စည်ပင်နဲ့ စာချုပ်ချုပ်ငှားရမ်းကြရတဲ့အခါ အမြဲပါတတ်တဲ့ကွန်ဒီရှင်တခုက-
    စည်ပင်ကလိုချင်ရင် ( ချက်ချင်းနီးပါး) ဖယ်ပေးရမယ်ဆိုတဲ့
    အာဏာရှင်လေသံအပြည့်ပါတဲ့ တဖက်စောင်းနင်းစည်းကမ်းချက်ကြီးရှိပြီးသားဟာကို…။
    ကိုယ့်တုန်းကလဲ ကြံတော နာနတ်တော သချင်္ိုင်းက ပြိတ္တာသရဲတွေကို
    ဒီလိုပဲ ကားနဲ့ကြိတ်ပြီး မောင်းထုတ်ခဲ့တာ မလား…။
    ဝဋ်မှအမြဲ ငရဲမှအပတဲ့..
    ဟွင်း.. ဟွင်း…

  • ဦးဦးပါလေရာကလုန်း

    March 5, 2013 at 12:45 am

    အပေါ်က ဦးဦးပါလေရာအတုဆိုသူပြောသွားတာ
    ပိုစ့်ရဲ့ ဆိုလိုရင်းနဲ့ လွဲနေပါတယ်..။
    ဒီပိုစ့်က ဆန္ဒပြတယ်/ဆန္ဒဖေါ်ထုတ်တယ် ဆိုတာတွေ ဖေါဖေါသီသီ နေတရာတကာလုပ်နေတာကို
    ညွန်ပြတာပါ..။
    ဥပမာလေးတစ်ခုအနေနဲ့ ဟံသာဝတီ မော်တော်ယာဉ်ရောင်းဝယ်ရေးစခန်းက ဆန္ဒဖေါ်ထုတ်တာလေး ခေါင်းတပ်ရေးတာကို-
    လက်သည်းဆိတ် လက်ထိပ်နာ ဆိုသလို
    အိုးမလုံအုံပွင့်ပြီုး
    ငိုချင်ရက်လက်တို့ဖြစ်သွားတာများလား…

    :kwi:

    • padonmar

      March 5, 2013 at 10:03 pm

      အတု/ကလုန်းများ ပပျောက်ရေး ဒို့အရေး။
      အရီးဒေါ်ပုံ အောင်ရမည်။

  • အလင်းဆက်

    March 5, 2013 at 10:00 am

    ဟိုနေရာ ဒီနေရာ…
    ဆန္ဒပြတာတွေလည်း.များနေပါပေါ့ ။

  • မိုက်ကယ်ဂျော်နီအောင်ပု အော်လဂျင်နယ်

    March 5, 2013 at 3:05 pm

    ဟ !!!!!!!!!!!!!!
    ဒီလိုပြမှရမှာပေါ့ဗျ
    ဟုတ်သော်ရှိမဟုတ်သော်ရှိ ဆန်ဒပြဒယ်ဆိုတာ မမှန်မကန်အလုပ်ခံရတဲ့အပေါ်မှာအခြေခံပြီး ပြဂျဒါဘဲ
    သူ့ဖါသာ နိုင်ငံရေးသမားတွေဝင်လာတာက သတ်သတ်ဘဲ
    အတွေ့ကြုံတောင်ရသေးတယ်
    အကောင်းဖက်ကမြင်ဂျဇမ်းဘာ
    ခင်ဗျားတို့ထမင်းဝတိုင်းဖင်ဂေါင်းသိပ်မကျယ်ဂျဘာနဲ့ဗျ
    ဒီအတွက်ရလာမယ့်အကြိုးမြတ်က
    နောင်ဆိုရင် ဘယ်ကောင်မှ မမှန်မကန်ကိစ္စကို လွယ်လွယ်လုပ်လို့မရမှာ
    လုပ်ဘို့ကြောက်လာမှာ
    ဒီလိုဆန်ဒပြလို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု့တွေနောက်လန်နိုင်ဒယ်တို့ ဘာလို့ပြောပြောနေတဲ့
    ဟို သင်္ဘောဒရိုင်ဘာရယ် :mrgreen:
    ဟို မြှောက်ထိုးပင်ကော်ချွန်တွန်း သဂျီးရယ် :mrgreen: ပြောတာကိုခင်ဗျားတို့သိပ်မယုံနဲ့
    အဲ့သည်လူတွေက အလကား ဆယ်တန်းအောင်လို့ကြွကြွ ကြွကြွ ဖြစ်နေတာ
    လောက်စာလုံးတောင်လုံးတတ်တာမဟုတ်ဘူး
    ပြဂျ ဆန်ဒ
    ဒီလိုသူတို့လုပ်ခြင်တာလုပ်တာကို ဘယ်သူမှဆန်ဒမပြဂျဘဲ မှိန်းနေရင်ဘာဖြစ်သွားမယ်ခင်ဗျားတို့မှတ်သလဲ 👿
    ဒါမှ လက်ရှိတိုင်းပြည်ထဲမှာ တကယ်ခံနေရတာကို ကမ္ဘာက တကယ်သိမှာ
    ဒါနဲ့ ဇဂါးမစပ်
    ကျုပ် မိုက်ကယ်ဂျော်နီအောင်ပု အော်လဂျင်နယ် ဆိုတာကို ယုံဂျသလား

  • kai

    March 5, 2013 at 3:48 pm

    ဆန္ဒပြရင်..
    အဲဒီဆိုင်းဘုတ်တွေက.. စနစ်တကျပရင့်ထုတ်ထားတာတွေများတယ်နော..
    ဆိုတော့.. ကြိုတင..စနစ်တကျကြံစည်တာပါတယ်..။

    ယူအက်စ်ဆန္ဒပြတာတချို့က.. အရေးပေါ်လက်ရေးနဲ့တွေ့တဲ့ စက္ကူမှာကောက်ရေးတာကို သုံးတာတွေရှိတယ်..။များတယ်..
    သတင်းသမားကတော့.. အဲဒါမျိုးဦးစားပေး ဓါတ်ပုံရိုက်တာ..

    ဆိုတော့..
    ဆန္ဒတွေပြတာများတော့.. ရဲတွေအလုပ်ရှိ.. အလုပ်ရတာဝမ်းသာပါတယ်..။
    ဆန္ဒပြသူတွေကိုစောင့်ရှောက်.. စီမံကြီးကြပ်ရတာတွေအတွက်.. ဆိုင်ရာအစိုးရ..အုပ်ချုပ်သူတွေရဲ့… ကုန်ကျမဲ့.. ဘက်ဂျက်ဘယ်ကုန်ကျခံပေးရသလည်းဆိုတော့..
    အဲဒီမြို့က.. လူထုပေါ့…

    အဲလိုလေး.. တွေးကြည့်ကြောင်း..။

  • Char Too Lan

    March 5, 2013 at 4:30 pm

    ဒို့အရေး…..
    တို့အယေး……
    တို့အယေးးးး…….
    ဘားမှမကျိတော့ဝူး ဆန္ဒပြ ဆိုလို့ ဝင်အော်တာ… ဟိဟိ :mrgreen:
    သဂျီးပြောသလို အိမ်ပြန်ပီး ဟန်းမိတ်ဆိုင်းဘုတ်သွားရေးအုံးမယ် ပီးရင်ပြန်လာအော်မယ်
    ပျော်ထှာ .. 😀

  • pooch

    March 5, 2013 at 10:21 pm

    ကျမလည်း အိမ်မှာ ဆန္ဒပြနေတာ ဒေါ်ဒေါ်ရေ ခေတ်ကို အမှီလိုက်တာ 😛

    အရေးတော်ပုံ အောင်ရမည် …

    အောင်မအောင်တော့ မသိဘူး အထုပ်ပစ်ပြီး လှေကားက ခေါင်းနဲ့ ဆင်းဖို့တော့ နီးနေပြီ :mrgreen:

Leave a Reply